Pages

Monday, July 14, 2014

သူတော်ကောင်းများဟာ ယုတ်ညံ့တဲ့သူ များကို ပေါင်းဖော်ခြင်း မပြုလုပ်ကြ




••• သူတော်ကောင်းများဟာ ယုတ်ညံ့တဲ့သူ

များကို ပေါင်းဖော်ခြင်း မပြုလုပ်ကြဘူး။ အ

သွားနှေးတဲ့ သန်းကြီးမဟာ ကြမ်းပိုးနဲ့ အ

ပေါင်းမှားမိတဲ့အတွက် အသတ်ခံရတဲ့

(ကြမ်းပိုးနဲ့ သန်းကြီးမ ပုံဝတ္ထု)

*** ဥာဏဗလဟာ ကာယဗလထက် သာ

လွန်မြင့်မြတ်တယ်။ အသိဥာဏ်ရှိသူသာ

လျှင် ခွန်အားဗလရှိသူ ဖြစ်တယ်။ အသိ

ဥာဏ်ကင်းမဲ့သူရဲ့ ခွန်အားဗလဟာ အချည်း

နှီးပင်ဖြစ်တယ်။ အသိဥာဏ်ပညာရှိသူဟာ

အသိဥာဏ်ပညာမဲ့သူကို ယုန်က ခြင်္သေ့ကို

နိုင်နည်းအတိုင်းနိုင်တယ်။

(ယုန်နှင့် ခြင်္သေ့) ပုံဝတ္ထု

••• ပညာရှိတဲ့ ပုဂ္ဂိုလ်ဟာ သေးငယ်တဲ့ အ

ရာဝတ္ထုအတွက် ကြီးကျယ်တဲ့ အရာဝတ္ထုကို

ဖျက်စီးမပစ်ဘူး။ သေးငယ်တဲ့အရာဝတ္ထုကို

စွန့်ပစ်ပြီး ကြီးကျယ်တဲ့အရာဝတ္ထုကို ကာ

ကွယ်စောင့်ရှောက်ခြင်းသာ ပညာရှိရဲ့ အ

လုပ်ဖြစ်တယ်။

(ဝဒ္ဓမာနကုန်သည်မှူးကြီးနှင့် သဉ္ဇီဝကနွား
ပုံဝတ္ထု)

** ကိုယ့်သဘာဝနှင့်မညီညွတ်တဲ့ လုပ်ငန်း

ဆောင်တာများကို ပြုလုပ်မိလို့ရှိရင် အမေ

ကျော်ပြီး ဒွေးဒေါ်ကို လွမ်းလို့ရှိရင် စဏ္ဍဝရ

တောခွေး ကြုံတွေ့ရတဲ့ ဒုက္ခမျိုးကို ကြုံတွေ့

ရလိမ့်မယ်။

(မဲနယ်ဆိုးသော တောခွေးပုံဝတ္ထု)

••• ကိုယ့်အကျိုးလိုလားတဲ့ သူရဲ့ ပြောစ

ကားကို နားမထောင်တဲ့လူဟာ တားမြစ်

ပိတ်ပင်ထားတဲ့ ကြားထဲက ပါးစပ်ကို ဟဖြစ်

အောင်ဟတဲ့ လိပ်လို သေကျေပျက်စီးရ

တတ်တယ်။

(နှုတ်မစောင့်သော လိပ်)ပုံဝတ္ထု

*** အသိပညာ ပြည့်စုံတဲ့လူတွေထဲမှာလဲ

ဘေးဥပဒ် မရောက်ခင်က ကြိုတင်ပြီးတော့

ဘေးရန်ကို ကာကွယ်ဖို့ နည်းဥပါယ်ကို ကြံ

ဆထားတဲ့ ပုဂ္ဂိုလ်များသာ အောင်မြင်မှု ရရှိ

ကြတယ်။ နောင်ခါလာ နောင်ခါဈေးလို့

ပြောသူများကတော့ ဆုံးရှုံးပျက်စီးရတတ်

တယ်။ (ငါးသုံးကောင် ပုံဝတ္ထု)

••• ငှက်ငယ်ကလေးများဟာ ကိုယ့်ထက်အ

ဆမတန် ကြီးမားတဲ့ တိရစ္ဆာန်ကြီးများကို

စည်းလုံးညီညာစွာနှင့် အနိုင်ယူခဲ့ဖူးတာ အ

ကြိမ်ကြိမ်ပါ။

(ငှက်ငယ်များနှင့်ဆင်ပြောင်ကြီးပုံဝတ္ထု)

*** လူမိုက်ကို အဆုံးအမ ဥပဒေသပေး

ခြင်းအားဖြင့် ပျော့ပျောင်းနူးညံ့မလာတဲ့အ

ပြင် ပိုမို၍ ခက်ထန်ကြမ်းတမ်းလာတယ်။

အဲဒီလို ပုဂ္ဂိုလ်မျိုးကို အဆုံးအမ ဥပဒေသ

ပေးခြင်းမှာ မိုက်မဲခြင်းမျှသာ ဖြစ်တယ်။

(မျောက်နှင့် ငှက် ပုံဝတ္ထု)

######################

••• ပါရဂူ ၏ ''ပဉ္စတန္တရ'' မှ

<> မသိရှိသေးသော ပုံဝတ္ထုများကို ရေး

သားပေးပါမည်။ ပုံဝတ္ထုများစွာကျန်ရှိနေပါ

သေးသည်။ မဖတ်ရှု့ ရသေးသောသူများ

ဝယ်ယူဆောင်ထားသင့်သော ပုံပြင် စာ

ကောင်းပေမွန်တစ်အုပ်ဖြစ်ပါသည်။

ဟိတောပဒေသ / ပဉ္စတန္တရ ပုံဝတ္ထု နှစ်ခု

လုံးပင် ကမ္ဘာ့ဂန္တဝင် စာရင်းထဲတွင်ပါဝင်၍

နှစ်ခုလုံးပင် ကမ္ဘာ့ဘာသာပေါင်းများစွာတို့

ဖြင့် ဘာသာ ပြန်ဆိုထားကြသည်။

••• ပဉ္စတန္တရကို ရေးသူမှာ အိန္ဒိယနိုင်ငံမှ

ဗြဟ္မဏ ပညာရှင်တစ်ဦးဖြစ်ပြီး သက္ကတ

ဘာသာဖြင့် ဤကျမ်းကိုရေးသားထားခဲ့

ေ    လေသည်။့
 

No comments:

Post a Comment