Pages
▼
အရှင်သြဘာသာဘိဝံသဆရောတော်ကြီးကပြားဗုဒ္ဓဘာသာ
အရှင်သြဘာသာဘိဝံသဆရောတော်ကြီးကပြားဗုဒ္ဓဘာသာ
ထေရဝါဒဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ရာသည် ရတနာသုံးပါးသာလျှင် ဖြစ်ပါ၏။ သရဏဂုံသည် ဗုဒ္ဓဘာသာဝင်တို့၏ အသက်လည်း ဖြစ်ပါ၏။
သရဏဂုံဆောက်တည်ပြီး ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူထားလျက် ဝေဖန်ဆန်းစစ်နိုင်သော
ဝိဘဇ္ဇဥာဏ်ကင်းမဲ့ကာ နတ် ဝိဇ္ဇာ ဘိုးတော် ဂိုဏ်းဆရာတို့ကို
ကိုးကွယ်နေသူများသည် ဗုဒ္ဓဘာသာဝင်စစ်စစ်မဟုတ်။ ကပြားဗုဒ္ဓဘာသာဖြစ်ကြောင်း -
အရှင်သြဘာသာဘိဝံသဆရာတော်ကြီးက ပြတ်ပြတ်သားသား ဆုံးမတော်မူခဲ့ပါ၏။
အင်း … ဘုရားကိုးကွယ်ဆည်းကပ်တဲ့ ဗုဒ္ဓဘာသာအမည်ခံ သူတစ်ယောက်က ကိုယ်
ဆည်းကပ်ကိုးစားတဲ့ဘုရားရဲ့ ယုံကြည်စရာလိုရင်းဖြစ်တဲ့ ဂုဏ်တော် ကျေးဇူးတော်
တန်ခိုးစွမ်းအင် သတ္တိတော်တို့ကို ပညာရှိဆရာသမားများထံမှ သင်ယူကာ
ကြားဖူးနားဝမှ တစ်ဆင့်တက်ပြီး ကိုယ်ပိုင်ဥာဏ်နဲ့ ကျကျနန ပိုင်းခြားဝေဖန်ကာ
အမှန်သိမြင်အောင် လုပ်မထားနိုင်သေးရင် ပြောတိုင်းယုံ ကြုံတိုင်းလိုက်
ခိုင်းတိုင်းလုပ် ဗုဒ္ဓဘာသာအစစ်မဟုတ်ဘဲ လူပြောသူပြောနဲ့ ယုံနေတဲ့ နတ် ဝိဇ္ဇာ
ဘိုးတော် ပထမံ အထက်ဆရာကြီးတို့ပါ ရောနှောထားတဲ့ ရောရိရောရာ ယောင်ဝါးဝါး
မှုန်ပြာပြာ ကပြားဗုဒ္ဓဘာသာ ဖြစ်နေတော့မှာပေါ့ ဒကာကြီးတို့ရ။
******************************
(မင်းနန်-မော်ကျွန်း)
No comments:
Post a Comment