Pages

Thursday, July 24, 2014

မေ့မထားကြပါနဲ့။




မေ့မထားကြပါနဲ့။
●●●●●●●●●●

လူတွေက ဆင်းရဲတယ်လို့
ကိုယ့်ကိုယ်ကို
ထင် မိတတ်ကြတယ်။

  ဒါပေမယ့်…
  မျက်နှာကနေ
  အပြုံးတွေ
  ပေးဆပ်နေတဲ့အခါ
  ချမ်းသာနေတဲ့သူ
  ဖြစ်နေတာကို
  မေ့လျှော့နေတတ်ကြတယ်။

  ပါးစပ်ကနေ
  ချီးမွမ်းစကား
  ကောင်းတဲ့စကားတွေ 
  ပြောနေရင်းနဲ့
  ကြွယ်ဝတဲ့သူ
  ဖြစ်နေတာကို
  မေ့ထားတတ်ကြတယ်။

နှ   နှလုံးသားကနေ
  သူတပါးချမ်းသာကို
  ဝမ်းသာရွှင်ပျတဲ့စိတ်တွေ
  ထားရှိတဲ့အခါ ကြီးမြတ်တဲ့
  သူဖြစ်နေတယ် ဆိုတာကို
  မေ့ထားမိတတ်ကြတယ်။

  ကိုယ်ခန္ဓာနဲ့
  သူတပါးအကျိုး
  တတ်စွမ်းသမျှရွက်ဆောင်
  ပေးနေတဲ့အခါ..
  ကြီးမားတဲ့
  အားအင်တွေရှိနေတဲ့
  သူဖြစ်နေတာကို
  မေ့လျောနေမိတတ်ကြတယ်။

  တကယ်တော့ …
  လောကအတွက်
  တနည်းတဖုံ
  ပေးဆပ်နေသူတွေက
  ဘယ်တော့မှ ဆင်းရဲတဲ့
  စိတ်နှလုံးသားကို
  ပိုင်ဆိုင်ရမယ့်သူတွေ
  မဟုတ်ပါဘူး။

ေ လောကအတွက်ပေးဆပ်လေ
ချမ်းသာလေပါပဲ……။


ခိုင်(ငြိမ်းလဲ့)

ငြိမ်းလဲ့ Page မှ။
 

No comments:

Post a Comment