Pages
▼
* နက်ကျော် *
* နက်ကျော် *
* မလိမ္မာ မှားမိုက်မို့
ပါးရိုက်လို့ ပြုပြင် ၊
နားကိုက်ဖို့ အမှုမြင်သော်
သူ့အသွင် ခံပြင်း ၊
ဆတ်ဆတ်ထိ ငုံ့မခံပါတယ်
တုံ့ပြန်တာ ရိုင်းပြလေခြင်း ။
* ကြက်ခေါင်းဆိတ် အထိမခံပါတယ်
အသိဥာဏ်လွှာ ကွေကွင်း ၊
အဖိဒဏ်ရာ မဖြေရှင်းဘဲ
အသေတွင်း တူးကာ ၊
တစ်ဖက်လူ အသက်ရှူမှားစေဖို့
အခက်ထူပွား ဒေါသထန်မာ ။
* ပြောသမျှ အဆဲပါသည်
တလွဲမှာ ဆံပင်ကောင်းတာကြောင့်
အမြင်စောင်း မျက်သော်မပြေ
ပျက်ချော်သလေ ၊
အခက်ပေါ် လက်တော်ခြွေလျှင်
နက်ကျော်ရေ ငရဲသို့လေး ...။
ဓမ္မအလင်းကဗျာများ
ဓမ္မမိတ်ဆွေအပေါင်း
အစဉ်ချမ်းမြေ့ သာယာကြပါစေ ။
No comments:
Post a Comment