Pages

Thursday, August 28, 2014

ကွယ်လွန်ပြီးနောက် သရဏဂုံတင်တဲ့ရည်ရွယ်ချက်။

      
 ကွယ်လွန်ပြီးနောက် အလောင်းကို သရဏဂုံတင်မှုဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ထုံးစံတစ်ခုဖြစ်နေပါပြီ။ ဘယ်လောက်ပဲ ဆင်းရဲနိမ်းပါးပါစေ ကျန်ရစ်သူ မိသားစုတွေက သရဏဂုံတင်ဖြစ်
အောင် ကြိုးစားတတ်ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အလောင်းကို သရဏဂုံတင်ခွင့် မရလိုက်တဲ့ အခါမျိုးမှာ အင်မတန် ၀မ်းနည်းပက်လက် ဖြစ်တတ်ကြပါတယ်။

       
  တကယ်တော့ တစ်ဦးတစ်ယောက် ကွယ်လွန်တဲ့အခါ အသက်ရှင်စဉ်က သရဏဂုံ ယူထား
ခဲ့ရင်လည်း ပျက်ပြယ်သွားပါပြီ။ အလောင်းကောင်က ဘာမှမသိနိုင် မဆိုနိုင်တဲ့အတွက် သရဏဂုံ
တင်ပေးပေမဲ့ သရဏဂုံ မရနိုင်တော့ပါဘူး။ ဒါပေမဲ့ ကွယ်လွန်သူဟာ ပြိတ္တာအုပ်စုမှာ ပါဝင်တဲ့
တစ္ဆေ၊ သရဲ၊ မင်စာ၊ နတ်စိမ်း စတဲ့ ဘ၀မျိုးကို ရောက်နေခဲ့ရင် သရဏဂုံ ယူနိုင် ဆောက်တည်နိုင်
ပါတယ်။
        
 ဒါကြောင့်..တကယ်လို့များ ဒီလို ဘ၀မျိုးကို ရောက်နေခဲ့ရင် သရဏဂုံ ဆောက်တည်နိုင်ပါ
စေ၊ သရဏဂုံနှင့်စပ်တဲ့ အကျိုးတွေကို ခံစားနိုင်ပါစေဆိုတဲ့ ရည်ရွယ်ချက်။
        
 ..အနီးအနားမှာရှိတဲ့ အခြားတစ္ဆေ၊ သရဲစတဲ့ သရဏဂုံယူနိုင်သူတွေလည်း သရဏဂုံ ခံယူ
ဆောက်တည်ပြီး သရဏဂုံနှင့်စပ်တဲ့ အကျိုးတွေကို ရရှိခံစားနိုင်ကြပါစေဆိုတဲ့ ရည်ရွယ်ချက်။
        
 ..လက်ရှိဘ၀ ကျန်ရစ်သူမိသားစု ဆွေမျိုး၊ မိတ်ဆွေအပေါင်းအသင်းများလည်း သရဏဂုံ
ဆောက်တည်ပြီး သရဏဂုံနှင့်စပ်တဲ့ အကျိုးထူးတွေကို ရရှိနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်။
      
   ဒီလို မွန်မြတ်သန့်စင်တဲ့ ရည်ရွယ်ချက်တွေနှင့် ကွယ်လွန်ပြီးနောက် အလောင်းကို သရဏဂုံ
တင်ကြခြင်း ဖြစ်ပါတယ်။ ။

{အရှင်နန္ဒသေနာလင်္ကာရ(မဟာဓမ္မစရိယ၊ M,A)၏ ဓမ္မဗိမာန်-ဓမ္မစာပေ ပထမဆုရ “ဘာသာရေး
  အနှစ်သာရများ” မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}

 http://buddhismworld.ning.com/profiles/blog/show?id=6371237%3ABlogPost%3A442894

No comments:

Post a Comment