Pages

Thursday, August 28, 2014

သုဇာတာသေဌေးကတော်။

     
  သုဇာတာသည်ဥရုဝေလတောအုပ်အနီး သေနနိဂုံးနေ
 သေနိယသေဌေးကြီး၏သမီး ဖြစ်သည်။ သူ၏သားမှာ ယသ သတိုးသားဖြစ်၏။ သူ၏ခင်ပွန်းမှာ ဗာရာဏသီသေဌေး ဖြစ်လေသည်။
သုဇာတာသေဌေးကတော်၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ==


       

  သုဇာတာသေဌေးကတော်သည် ဗုဒ္ဓအလောင်းတော်အား ညောင်စောင့်နတ်ထင်မှတ်၍ ရွှေ
ခွက်နှင့်တကွ နို့ဃနာဆွမ်းကို ဆက်ကပ်၏။ “ကျွန်ုပ်တို့၏ စိတ်နှလုံး အလိုဆန္ဒ ပြည့်ဝသကဲ့သို့  အ
ရှင်တို့၏ အလိုဆန္ဒလည်း ပြည့်ဝပါစေသတည်း” ဟု ဆုတောင်း၏၊ ဆုတောင်းပြည့်၍ သား “ယသ”
ကို ရ၏။


         နောင်အခါတွင် သုဇာတာ၏ခင်ပွန်းသေဌေးကြီးက ပင့်ဖိတ်၍ ဗုဒ္ဓမြတ်စွာသည် အရှင်ယသ
ကို နောက်ပါ ရဟန်းပြု၍ သုဇာတာသေဌေးကတော်အိမ်သို့ ဆွမ်းဘုဉ်းပေးကြွ၏။ မြတ်ဗုဒ္ဓ၏ ဟော
ကြားတော်မူသော ဓမ္မဒေသနာ ဆုံးသောအခါ သေဌေးကတော် သုဇာတာသည် သောတာပတ္တိဖိုလ်
၌ တည်၍ သောတာပန် အရိယာ ဖြစ်လေသည်။


         ဗုဒ္ဓမြတ်စွာသည် ရှေးဦးစွာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သော သရဏဂုံသို့ ရောက်
ကြသည့် ငါဘုရား၏ တပည့်မ သာဝိကာ ဥပလိကာတို့တွင် သေနိယသေဌေး၏သမီး သုဇာတာသည်
အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြင့်တော်မူလေသည်။ ။


{သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်းတစ်ယောက်မှ ရေးသားပူဇော်ပါသည်။}


    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်   ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)


 “ဆုတောင်းပတ္တနာ”


ဓမ္မဒါန၊ ဤပုညကြောင့်၊


ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊


ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊


အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊


လျင်စွာရစေ၊ တောင်းဆုခြွေသည်၊


မသွေပြည့်ဝပါစေသော်။ ။


     ဦးသိန်းဝေ။



           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment