Pages

Friday, January 3, 2014

***** မှာတမ်း *****


"တရားကျင့်လတ်၊ ယောဂီမြတ်တို့၊ သိမှတ်ဖို့ရာ၊
အချက်မှာကား၊ မြတ်စွာဗုဒ္ဓ၊ သုံးလူ့ဘ၏၊
ဓမ္မရသာ၊ ရတနာသည်၊ လွန်စွာမျိုးမှန်၊ အဖိုးတန်၏။

မဂ်ဖိုလ်နိဗ္ဗာန်၊ အမြန်ရောက်လို၊ ယောဂီပျိုတို့၊
ဝန်တိုနည်းပါး၊ သဒ္ဓါများလျက်၊ စကားမပေါ၊
သဘောစဉ်ဖြူ၊ ငြူစူကင်းကွာ၊ အဘိဇ္ဈာဖြင့်၊
မ၀ါမကြွား၊ မပလွှားပဲ၊ တရားသက်ဝင်၊
အပြစ်စင်အောင်၊ ဆင်ခြင်တိုင်းထွာ၊ နေကြရာ၏။

လေ့လာတရား၊ မထင်ရှားပဲ၊ လူများရှေ့မှာ၊

ပါပိစ္ဆာဖြင့်၊(စိတ်ယုတ်မာဖြ
င့်)၊ ကြွားဝါလေပင့်၊ ဘ၀မြင့်လျက်၊
လာဘ်ပွင့်စေကြောင့် မပြောကောင်းရှင့်။

ကံကောင်းထောက်ပင့်၊ ပါရမီရင့်၍၊
ထိုက်သင့်သလောက်၊ အမြင်ပေါက်လည်း၊
စိန်ကျောက်ပမာ၊ လျှို့ဝှက်စွာဖြင့်၊ ပြောရာပြောသင့်၊
အခါခွင့်နှင့်၊ ပြောသင့်သူသာ၊ ပြောကြားရာ၏။

မြတ်စွာသေဉ်နင်း၊ တရားမင်းက၊ သားရင်းတို့ကို၊

သနားပို၍၊ မဂ်ဖိုလ်အနီး၊ အထင်ကြီးအောင်၊
ရီးတီးယားတား၊ ငါ့ချစ်သားတို့၊
ဝါကြွားလစ်ခြွေ၊ မပြောလေနှင့်၊
အဖေဗုဒ္ဓ၊ စက်ဆုပ်လှဟု၊ ၀ိနယပညတ်၊
သတိချပ်ဖို့၊ သိမှတ်စေရန်၊
မိန့်တော်ပြန်သည်…ဝေဖန်အကျယ
် သိလေတည်း။"

♣♣ ဒီကဗျာလေးက ကန္နီနည်း သမထ-၀ိပဿနာကျင့်စဉ်ကျမ်းထဲက
ကဗျာလေးပါ။ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေ၊ ရန်ကင်းအေးငြိမ်းရိပ်သာ ဆရာတော် အရှင်ကေလာသ(သာသနဓဇဓမ္မာစရိယ) ကမ္မဋ္ဌာနာစရိယ ပြုစုတော်မူတာပါ။

No comments:

Post a Comment