ဗုဒ္ဓဘာသာအရ ကမ္ဘာတည်ပုံ
ဗုဒ္ဓဘာသာ စာပေများအရ ကမ္ဘာတည်ပုံကို သိရှိသည်မှာ အဇဋာတစ်ခွင် ကောင်းကင်ပြင်၌ စကြာဝဠာအနန္တ သတ္တဝါအနန္တရှိသည်။
ထိုစကြာဝဠာအနန္တအတွင်း၌ သက်ရှိများတည်သော ဘုံဌာနများကို အဆင့်အတန်းအရရော အမျိုးအစားအရပါ မတူညီသောကြောင့် (၃၁)ဘုံ (၃၁)ဌာနအဖြစ် ပိုင်းခြားသတ်မှတ်ထားသည်။ ၎င်းတို့မှာ အပါယ် ၄ဘုံ လူ့ဘုံ နတ်ပြည် ၆ထပ်နှင့် ရူပ အရူပ ဗြဟ္မာ့ပြည် ၂၀ တို့ဖြစ်သည်။

ဤ
၃၁ဘုံကိုလည်း ကျယ်ပြောလှသော ကောင်းကင်၌တည်ရှိသော အနေအထားအရ အထက် အောက်ဟု
မပိုင်းခြား မသတ်မှတ်နိုင်သော်လည်း ထိုထိုဘုံဌာန၌တည်ရှိသော
သက်ရှိသတ္တဝါတို့၏ အဆင့်အတန်းအရ အထက် အထက်ဘုံ အောက် အောက်ဘုံဟု
သတ်မှတ်ခဲ့သည်။ ဤလူ့ဘုံ ကမ္ဘာအပါဝင် စကြာဝဠာအနန္တတို့၏
ဖြစ်ပျက်စဉ်များသည်လည်း (အနာဒိအနန္တ) ဆုံးစမထင်သော ဖြစ်ပျက်ကြီးဖြစ်သည်။
ဤစကြဝဠာတစ်ခု သို့မဟုတ် ဤကမ္ဘာတစ်ခုပျက်လျှင် အခြားစကြာဝဠာတစ်ခု သို့မဟုတ် အခြားကမ္ဘာတစ်ခု အသစ်ထပ်မံ ဖြစ်ပေါ်လာမည်သာ ဖြစ်သည်။ ဤသို့ ဖြစ်လိုက် တည်လိုက် ပျက်လိုက်သော ဖြစ်တည်ပျက်စဉ်ကြီးတွင် ကျွန်ုပ်တို့၏ကမ္ဘာ စတင်ဖြစ်ပေါ်လာပုံမှာ ပထမ ကမ္ဘာပြုမိုး နှစ်ပေါင်းများစွာ ရွာ၏။ ထိုမိုးရေများသည် ကောင်းကင်ရှိလေထုကို မထိုးဖောက်နိုင်သဖြင့် လေထုအပေါ်တွင် ရေထုအဖြစ်တင်လျက်

နှစ်ပေါင်းများစွာတည်၏။
နှစ်ပေါင်းများစွာ ကြာသောအခါ
အထက်ပိုင်းရေအစုတို့သည် မြေသားအဖြစ်သို့ တစ်စတစ်စ ပြောင်းလဲသွားလေရာ ယူဇနာ
၂သိန်း ၄သောင်းအထု (အထူ)ရှိသောမြေကြီး ဖြစ်လာသည်။ မြေကြီး၏ အောက်ထပ်ဝယ်ကား
ကျောက်သားဖြစ်ပြီး အထက်ထပ်ဝယ်ကား မြေသားပကတိ ဖြစ်သည်။ ၎င်းမြေထုကိုခံသော
အောက်ပိုင်းရေထုကား ယူဇနာ၎သိန်း ၈သောင်း ရှိကြသည်။ ၎င်းရေထုကိုခံသော
ပတ်ဝန်းကျင်လေထုကား ယူဇနာ ၉သိန်း ၆သောင်း ရှိသည်။ ထိုလေထု၏ အထက်၌
အထက်အဇဋာကာသ (အထက်ကောင်းကင်) ,အောက်၌ အောက်အဇဋာကာသ (အောက်ကောင်းကင်)
တည်ရှိသည်ဟု သိရသည်။
ဗုဒ္ဓဘာသာအရ ကမ္ဘာပျက်ပုံနှင့် ပျက်ချိန်
တည်ရှိလာသော ဤကမ္ဘာအပါအဝင် စကြဝဠာသည်လည်း အချိန်ကြာလာသောအခါ ဖြစ်တည်ပျက် နိယာမတရားအရ တစ်နေ့တွင် ပျက်စီးဦးမည်သာ ဖြစ်သည်။ ဤကမ္ဘင်္ာံအပါအဝင် ဤစကြာဝဠာပျက်လျှင် စကြာဝဠာ ကုဋေ ၁ သိန်းပါ အတူတူလိုက်ပျက်ကြသည်။ ဘုံဌာနအားဖြင့် တတိယဈာန် ၃ဘုံအထိ စုစုပေါင်း ၂၀ဘုံ ပျက်စီးသည်။ ဖြစ်သောအခါလည်း အတူတူပြန်ဖြစ်လာကြသည်။ ရှေ့နောက်သာ ကွားခြားသည်။

ဤကမ္ဘာနှင့်
စကြာဝဠာပျက်ရာ၌ မီး ရေ လေ ဖျက်ဆီးမှုကြောင့် ပျက်ရခြင်းဖြစ်သည်။ ဘုံ ၃၁
ဘုံရှိသည့်အနက် မီးကြောင့် ပထမဈာန် ၃ဘုံအထိ ရေကြောင့် ဒုတိယဈာန် ၃ဘုံအထိ
လေကြောင့် တတိယဈာန် ၃ဘုံအထိ စုစုပေါင်း အပါယ်၎ဘုံ လူ့ဘုံ နတ်ပြည်နှင့်
ဗြာဟ္မာ ၉ဘုံဟူသော ဘုံ၂၀တို့ ပျက်စီးကြရသည်။
ဤကမ္ဘာကြီးသည် မည်သည့်အချိန်တွင် ပျက်စီးမည်နည်းဟု မြတ်စွာဘုရားအား ရဟန်းတစ်ပါးက မေးခဲ့ဖူးသည်။ မြတ်စွာဘုရားက နှစ်ပိုင်းခြားနှင့်
ဤကမ္ဘာကြီးသည် မည်သည့်အချိန်တွင် ပျက်စီးမည်နည်းဟု မြတ်စွာဘုရားအား ရဟန်းတစ်ပါးက မေးခဲ့ဖူးသည်။ မြတ်စွာဘုရားက နှစ်ပိုင်းခြားနှင့်
ပြရန်မလွယ်
ဟုမိန့်ကြားပြီး ဥပမာဖြင့် ဟောပြတော်မူသည်။
အမြင့် တစ်ယူဇနာ အရှည် တစ်ယူဇနာ
အကျယ်တယူဇနာရှိသော ကျောက်တောင်ကြီးကို အလွန်နူးညံ့သော ကတ္တီပါစဖြင့် အနှစ်
၁၀၀ လျှင် တစ်ကြိမ်ကျ ပွတ်ပေးသည့်အတွက် ၎င်းကျောက်တောင် ကုန်သွားသော်လည်း
ဤကမ္ဘာကြီး မပျက်စီးသေးကြောင်း ။ ။
အမြင့်တစ်ယူဇနာ အရှည်တစ်ယူဇနာ
အကျယ်တစ်ယူဇနာရှိသည့် မြို့ရိုးကြီးနှင့်အပြည့် မုန်ညင်းစေ့ထည့်ထား၍
အနှစ်တစ်ရာကြာလျှင် တစ်လုံးကျဖြင့် ယူ၍ပစ်ထုတ်သောကြောင့်
မုန်ညင်းစေ့ကုန်သော်လည်း ဤကမ္ဘာကြီး မပျက်စီးသေးကြောင်း ဟောတော်မူသည်။
အဋ္ဌကထာ
ဋီကာဆရာများကမူ အန္တရကပ် ၆၄ ကပ် ကုန်ဆုံးသောအခါ ဤကမ္ဘာပျက်မည်ဟု
ရေးသားဖော်ပြကြသည်။ ပျက်စီးသောအခါလည်း ကမ္ဘာတည် သက်တမ်းတမျှ
ကောင်းကင်ကြီးအဖြစ် ဟာလာဟင်းလင်းဖြစ်နေပြီး ကမ္ဘာပြန်ဖြစ်သောအခါ၌လည်း
ကမ္ဘာသက်တမ်းတမျှ ပြန်ဖြစ်ရသည်ဟု ဆိုသည်။
(ဦးစိန်ထွန်း/သုတေသီ)များစွာသော ဗဟုသုတသည်စာအုပ်စာပေများမှ လာ၏။
(ဦးစိန်ထွန်း/သုတေသီ)များစွာသော ဗဟုသုတသည်စာအုပ်စာပေများမှ လာ၏။
No comments:
Post a Comment