Pages

Monday, February 10, 2014

" လူတစ်ယောက်၏ တန်ဖိုး "



" လူတစ်ယောက်၏ တန်ဖိုး "
★★★★★★★★★★★★★★
 

★ လူတစ်ယောက်၏ တန်ဖိုးကို
ရာထူးဌာနန္တာရ၊ ငွေကြေးဥစ္စာ၊ ပညာ


အောင်မြင် ကျော်ကြားမှု၊ အခြံအရံများနှင့်
တိုင်းတာ၍ မရပါ။

★ သီလ၊ သမာဓိ၊ ပညာဟူသော

သိက္ခာသုံးပါးဖြင့်သာ တိုင်းတာရပါမည်။
သိက္ခာသုံးပါးဖြင့် ပြည့်စုံနေပါက
တန်ဖိုးရှိနေမည်သာ ဖြစ်သည်။

★ ရာထူးဌာနန္တာရ၊ ငွေကြေးဥစ္စာ၊ ပညာ

အောင်မြင် ကျော်ကြားမှု၊ အခြံအရံတွေတော့
ရှိပါရဲ့။ သိက္ခာသုံးပါး မရှိဘူးဆိုရင် တန်ဖိုး ရှိတယ်လို့ မဆိုနိုင်ပါဘူး။

★ ကိုယ့်မှာ ရာထူးဌာနန္တာရ၊ ငွေကြေးဥစ္စာ၊ ပညာ

အောင်မြင် ကျော်ကြားမှု၊ အခြံအရံတွေ မရှိပေမယ့် ဘာမှ အားငယ်စရာ မလိုပါဘူး။ ကိုယ့်ရင် ထဲမှာ သိက္ဓာသုံးပါး တည်နေရင် ကိုယ်ဟာ တန်ဖိုးရှိနေတာပါ။

★ဒါကြောင့် ကိုယ့်ကိုကိုယ် သိက္ခာသုံးပါး

တည်နေအောင် လုပ်လိုက် ရုံပါပဲ။
မနက် အိပ်ယာထ ကိုယ်လက် သန့်စင်ပြီးတာနဲ့
ဘုရားခန်းထဲ သွားလိုက်ပါ။

★ ပြီးတော့ ငါးပါးသီလယူလိုက်ပါ။

ဒါဆို သီလသိက္ခာ တည်သွားပါပြီ။
နောက် ဂုဏ်တော်ကို ငါးမိနစ်
မေတ္တာကို ငါးမိနစ် ပွားလိုက်ပါ။
ဒါဆို သမာဓိသိက္ခာ တည်သွားပါပြီ။

★ နောက်ဆက်ပြီး ဝိပဿနာကို

ငါးမိနစ် ပွားလိုက်ပါ။
ဒါဆိုရင် ပညာသိက္ခာ တည်သွားပါပြီ။
သိက္ခာသုံးပါး ကိုယ့် ရင် ထဲ ရောက်သွားတာနဲ့
ကိုယ်ဟာ တန်ဖိုးရှိတဲ့သူ ဖြစ်သွားပါပြီ။
ဆယ့်ငါးမိနစ်ပဲ အချိန်ပေးရပါတယ်။

★ ပြီးတော့ "ငါ့ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင်

ငါဟာတန်ဖိုးရှိနေတာပဲ" လို့ အသံထွက်ပြီး သုံးကြိမ်လောက်
ရွတ်လိုက်ပါ။

★ကိုယ့်ရင်ထဲကို သိက္ခာသုံးပါး ရောက်လာတာနဲ့ စိတ်ပါဝါစွမ်းအားတွေလည်း ရောက်လာတာပါ။

ကိုယ့်ကိုယ်ကို ကြည်ညိုလာတာပါ။
ဒါဆို ဘာမှ အားငယ်စရာ မလိုတော့ပါ။

★ တစ်စုံတစ်ယောက်က ကိုယ့်ကို မချစ်ဘူး။

ဘာဖြစ်လဲ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။
တစ်စုံတစ်ယောက်က ကိုယ့်ကို မုန်းနေတယ်။
ဘာဖြစ်လဲ။ သူ့ဟာသူ ကြိုက်သလောက်မုန်း။
ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။

★ ကိုယ့်မှာ အခြံအရံအသိုင်းအဝိုင်း မရှိဘူး။

ဘာဖြစ်လဲ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။
ကိုယ်က မအောင်မြင် ဘူး
ဘာဖြစ်လဲ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။
ကိုယ့်မှာ ကားမရှိဘူး။
ဘာဖြစ်လဲ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။
ကိုယ့်မှာ မကျန်းမာဘူး။
ဘာဖြစ်လဲ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။
ကိုယ့်မှာ ငွေကြေး မချမ်းသာဘူး။
ဘာဖြစ်လဲ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။

★ လူတစ်ယောက် ရဲ့ တန်ဖိုးကို အခြံအရံ

အသိုင်းအဝိုင်းတွေနဲ့ ဆုံးဖြတ်တာမှ မဟုတ်တာ။
သိက္ခာ သုံးပါးနဲ့ပဲ ဆုံးဖြတ်တာပဲ။
ကျန် ရှိနေတဲ့ သက်တမ်းလေးကို
သိက္ခာသုံးပါးနဲ့ နေသွားရုံပါပဲ။
ကိုယ့်ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင်
ကိုယ်ဟာ တန်ဖိုး ရှိနေတာပါပဲ။

{ အရှင် ရာဇိန္ဒ ရ ဝေနွယ် (အင်းမ) }


စိတ်ညစ် ရင် ရေချိုးပါ စာအုပ် မှ
ကောက်နှုတ် ကူးယူ ပူဇော်ပါသည်။

တန်ဖိုးရှိသောသူများ ဖြစ်စေဖို့

သိက္ခာသုံးပါး တည်အောင် ကြိုးစားကြပါစို့။


 MyawadyNews မှ ပြန်လည်မျှဝေသည်။

No comments:

Post a Comment