Pages

Tuesday, March 18, 2014

***** ဒုက္ခသစ္စာ နက်(၄) ဖြာ *****


>>>> သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ <<<<
ဒုက္ခသစ္စာ နက်(၄) ဖြာ
*******************
( ဤအချက်အလက်များကြောင့် ဤခန္ဓာသည်
ဒုက္ခသစ္စာ - ဆင်းရဲအမှန် - ဖြစ်ကြောင်းသိရပါ
ပြီ၊ အဘယ်သဘောအနက်ကြောင့် ဒုက္ခသစ္စာ
ဖြစ်ပုံကိုလည်း ပြောပြစေလိုပါသည်)

ဤအမေးအတွက် ဒုက္ခသစ္စာအနက်(၄)
ချက်ကို ဖော်ပြရပါမည်။ အကြင်တရားသဘော
သည် လက္ခဏာ (၄) ချက် - အနက် (၄) ပါးနှင့်
ပြည့်စုံ၏၊ ထိုတရားသဘောသည် ဒုက္ခသစ္စာ
ဖြစ်လေသည်။ အဘယ်သို့သော လက္ခဏာအ
နက်တို့နည်းဟူမူ ဒုက္ခသစ္စာဟူသော ရုပ်နာမ်
ခန္ဓာသည် -

၁။ "ပီဠနဋ္ဌ" ရုပ်နာမ်ခန္ဓာ ရသော- ရှိသော-ဖြစ်
သောသတ္တဝါကို နှိပ်စက်တတ် - နှိပ်စက်အပ် -
နှိပ်စက်ခြင်းဟူသော ပီဠနဋ္ဌ အနက်သဘော ။

၂။ "သင်္ခတဋ္ဌ" အကြောင်းတရား ( ၄) ပါးတို့
သည် အညီအညွတ်ပေါင်း၍ ပြုပြင်တတ်- ပြု
ပြင်အပ်- ပြုပြင်ခြင်းဟူသော သင်္ခတဋ္ဌ အနက်
သဘော ။

၃။ "သန္တာပဋ္ဌ" ကိလေသာမီး ပွားစီးမှုကြောင့်
ပူပန်စေတတ်- ပူပန်စေအပ်- ပူပန်ခြင်းဟူသော
သန္တာပဋ္ဌ အနက်သဘော ။

၎။ "ဝိပရိဏာမဋ္ဌ" ရင့်ခြင်းဇရာ- ပျက်ဆုံးခြင်း
မရဏ ဟူသော (၂)ပါးသော အပြားတို့ဖြင့် -
ဖောက်ပြန်တတ်သော ဝိပရိဏာမဋ္ဌ အနက်သ
ဘော ။

ဤသို့လျှင် ဒုက္ခသစ္စာဟူသော ရုပ်နာမ်
(၂)ပါး၏ ဒုက္ခသစ္စာအနက်သဘောဖြစ်ကုန်သေ
ဤ(၄)ပါးတို့သည် -

"တထာ" - မှန်ကန်ကုန်၏။
"အဝိတထာ" - မချွတ်မယွင်းကုန်။
"အနညထာ" - နှိပ်စက်တတ်- နှိပ်စက်အပ်-
နှိပ်စက်ခြင်းဟူသော ပီဠနဋ္ဌ သဘောမှတစ်ပါး
မနှိပ်စက်တတ် - မနှိပ်စက်အပ် - မနှိပ်စက်ခြင်း
ဟူသောသဘောမှ ကင်းကြကုန်၏ ။

ဤဒုက္ခသစ္စာ၏ အနက် ( ၄) ချက်တို့တွင်
"ပီဠနဋ္ဌ" နှိပ်စက်ခြင်းအနက်သဘောတစ်ခုသည်
သာ မူလပင်ရင်းအနက်သဘောဖြစ်၍၊ ကျန်အ
နက်(၃)ခုသည် ဤခန္ဓာဒုက္ခကိုနှိပ်စက်ရအောင်
အကူအညီပေးကြသော အခြင်းအရာ အနက်
သဘောများဖြစ်လေသည်။ ဖြစ်ပုံမှာ -

ဤခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် ပီဠ
နဋ္ဌ သဘောအားဖြင့် အဘယ်သို့နှိပ်စက်ပါသ
နည်းဆိုသော် -

"သင်္ခတဋ္ဌ" သဘောအားဖြင့် ရုပ်နာမ်ခန္ဓာ
သည် ဖြစ်ပျက်ဖြစ်ပျက် ပြုပြင်ချက်နှင့် အမြဲ
မပြတ် နှိပ်စက်တတ်၏ ။

"သန္တာပဋ္ဌ" သဘောအားဖြင့် ရုပ်နာမ်ခန္ဓာ
သည် ကိလေသာတို့၏ပွားစီးရာ ကိလေသာတို့
ခိုအောင်းရာ အိုနာသေမှု ဒုက္ခစုတို့ အမြဲမ
ပြတ် နှိပ်စက်အပ်၏ ။

"ဝိပရိဏာမဋ္ဌ" သဘောအားဖြင့် ရင့်ရော်အို
မင်း ယိုယွင်းပျက်စီး သေပျောက်ခြင်းတည်းဟူ
သောဆင်းရဲတို့ဖြင့် အမြဲမပြတ် နှိပ်စက်အပ်၏။

ဤသို့လျှင် နှိပ်စက်တတ်သောသဘော၊ ပူ ပန်စိုးရိမ် ကြောင့်ကြရသောသဘော၊ အိုနာသေ
ရေး ဒုက္ခဘေးဟု ဆိုအပ်သောသဘောတို့သည်
အမြဲတစေ ကပ်၍ မပြတ်နှိပ်စက်တတ်ရကား -
ဤရုပ်နာမ်ခန္ဓာရခြင်းသည် ဆင်းရဲအစစ်အမှန်
ဖြစ်လေသည် ။

( ဓမ္မစကြာပါဠိတော်တွင် ဒုက္ခသစ္စာဟု သာမည
မဟောပဲ "ဒုက္ခအရိယသစ္စာ" ဟု ဟောတော်မူပါ
သည်၊ မည်သို့ထူးခြားပါသနည်း)

ခန္ဓာပရမတ်၏ ပင်ရင်းအမှန်တရားသည်
"ဒုက္ခသစ္စာ" ဖြစ်ပါသည်။ ထိုဒုက္ခသစ္စာအမှန်သ
ဘောတရားတို့ကို အမှန်အတိုင်း သိနေမြင်နေ
သောဥာဏ်သည် အရိယာတို့သိသောဥာဏ်မျိုး
ဖြစ်သောကြောင့် "ဒုက္ခံ အရိယသစ္စံ" ဟု အသိ
ဥာဏ်ကို ဟောတော်မူသောကြောင့် ထူးခြားပါ
သည် ။

( ဓမ္မာစရိယ ဆရာကြီးဦးကြည်)

No comments:

Post a Comment