Pages

Tuesday, March 18, 2014

“ကိုယ့်ကိုယ်ကို ကာကွယ်ပါ”



“ကိုယ့်ကိုယ်ကို ကာကွယ်ပါ”
•••••••••••••••••••••••••

ကိုယ့်ကိုယ်ကို ကာကွယ်စောင့်ရှောက်ခြင်းဟာ အခြားသူတွေကိုလည်း ကာကွယ် စောင့်ရှောက် ရောက်ပါတယ်။



Protecting oneself, one protects others; protecting others, one protects oneself.
အခြားသူတွေကိုကာကွယ်စောင့်ရှောက်ခြင်းဟာလည်း ကိုယ့်ကိုယ်ကို ကာကွယ် စောင့်ရှောက် ရာရောက်တယ်။


ဘုရားရှင် မိန့်ကြားတော်မူတဲ့စကားပါ။
ဘုရားရှင်ကကျွမ်းဘားသမားဇာတ်လမ်းလေးနဲ့ ပြောပြ တယ်။“တစ်နေ့မှာတဲ့ကျွမ်းဘား သမားတစ်ယောက်ဟာ ၀ါးလုံးတိုင်ကို စိုက်ပြီး သူ့အလုပ်သင် တပည့်လေး ကို ပြောတယ်။
“ချစ်လှစွာသော မေဒကထလိက၊ လာပါ။
ဝါးလုံးတိုင်ပေါ်ကို တက်ပါ။ ပြီးရင်ငါ့ပုခုံး ပေါ်မှာ ရပ်ပါ။”


“ဟုတ်ကဲ့ဆရာ”
အလုပ်သင် လူငယ်လေးဟာဆရာပြော တဲ့အတိုင်း တက်ပြီး ပုခုံးပေါ်မှာ ရပ်နေ ပါတယ်။ ဆရာ ကျွမ်းဘားသမားကဆက် ပြောတယ်
“ချစ်သူငယ်လေး၊ မင်း ငါ့ကို ကာကွယ် စောင့်ရှောက်ဦးနော်၊ မင်းကို လည်း ငါ ဘေးမဖြစ်အောင် စောင့်ရှောက်မယ်။ 


အဲလို တစ်ယောက်နဲ့ တစ်ယောက် ကာကွယ် ခြင်းဖြင့် ငါတို့ ရဲ့ ကျွမ်းဘားအစွမ်းကို လူတွေကို ချပြမယ်။ ရတဲ့ အသပြာတွေကို စုမယ်။ ငါ့တို့ရဲ့ ပြကွက်ကို ဘေးကင်းစွာနဲ့ ပြီးဆုံးစေမယ်။”
လူငယ်ကပြောတယ် ။


“မဟုတ်သေးဘူးဆရာ၊ ဆရာပြောတာ နည်းမမှန်သေးဘူး။ ဆရာကိုယ့်ကိုယ် ကို သတိထားဂရုစိုက်ပါ။ ကျွန်တော်လည်း ကိုယ့်ကိုယ့်ကို ဂရုစိုက်ပါ့မယ်။
ဒါဟာ အချင်းချင်းကာကွယ်ပေး တာပါပဲ။”
မှတ်သားစရာပါ။ ဘုရားရှင်ကလည်း
အလုပ်သင်လူငယ်လေးပြောတဲ့စကားကို လက်ခံတယ်။
ကိုယ့် ကိုယ်ကို သတိထားလုပ်ဆောင်ခြင်း၊
ပြုမှုပြောဆိုခြင်းဟာ ကိုယ့်ကိုယ်ကို ကာကွယ် နေခြင်းဖြစ်သလို သူများတွေကိုလည်း ကာကွယ်ပေးတာပါပဲ။ 


ဒါကြောင့် “သတိတရား” ဟာ အရေးကြီး ပါတယ်။ သတိဆို ပိုသည် မရှိပါ။ ကိုယ်လုပ်တဲ့အလုပ်ကို သေချာအာရုံစိုက်ပြီး
သတိထားလုပ်ပါ။ ဘေးကင်းပါတယ်။


အခြားသူတွေကို ကာကွယ်ခြင်းဟာ ကိုယ့် ကိုယ်ကို ကာကွယ်တာပဲ။ အခြားသူတွေကို ဘယ်လိုကာကွယ်မလဲ။ဘုရားကပြောပါတယ်။


အခြားသူတွေကို “သည်းခံခြင်း၊ မညှင်းဆဲခြင်း၊ မေတ္တာထားခြင်း၊ သနား စာနာခြင်း” ဟာ အခြားသူတွေကို ကာကွယ် ပေးတာပါပဲ။ အဲလို အခြားသူတွေကိုကာကွယ် ခြင်းဟာ ကိုယ့် ကိုယ်ကိုလည်း ကာကွယ် ရာရောက်ပါတယ်။ 


ကိုယ်က အထက်ပါစိတ်ကောင်းနှလုံး ကောင်းတွေ ရှိနေတော့ အခြားသူတွေက ကိုယ့်ကို လာပြီး ဒုက္ခမပေးပါဘူး။ ပိုတောင်လေးစားပါမယ်။ဒါကြောင့် စာဖတ်သူ အားလုံး ကိုယ့်ကိုယ်ကိုသတိထားလုပ် ဆောင်ပါ။ သူများကိုလည်း သည်းခံစိတ်ထား။
မညှင်းဆဲနဲ့။ မေတ္တာထားပါ။စာနာစိတ်ထားပါ။
မိမိရော သူတစ်ပါးရော ဘေးကင်းပါလိမ့်မယ်။ 


- 【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】
Dhamma Danã Source ►
youngbuddhistassociation


မြ၀တီမီဒီယာမှ ကူးယူ‌ဖော်‌ပြပါသည်‌ ။

No comments:

Post a Comment