Pages
Thursday, March 13, 2014
ထောင်နိုင်တဲ့ နားရှိရင် တိဟိတ်ပါပဲ ...
 တချို့  ကျတော့ ပါရမီတောင် မက တော့ဘူး။ ငါဟာ ပဒပရမ  ပုဂ္ဂိုလ် ထင်ရဲ့ ဆိုပြီး နောက်ဆုတ်သွားတတ်ကြတယ်။ စိတ် ကိုလျှော့ချပစ်တတ်ကြတယ်။  မဟုတ်ပါဘူးတဲ့  ။
သစ္စာတရား ကို ထောင်နိုင်တဲ့ နားရှိလို့ ရှိရင်  တိဟိတ် ပါပဲ တဲ့။ သစ္စာ တရားကိုဟော တဲ့အတိုင်း သေသေချာချာ သဘောကျပြီး  သိနိုင်ရင် တိဟိတ် ပါပဲ တဲ့ ။  တိဟိတ်  ဆိုရင်  ဒီ ဘ၀ တရား ရရမှာပဲ ဗျ။
     ဘယ်ပါရမီ မှ လွှဲ မချနဲ့။   မင်းတို့ ကြည့်ထားကြ။  
ခန္ဓာ ရှိသူတိုင်းနှိပ်စက် ခံရမည့် ဝေဒနာ သဘော။  ဝေဒနာ ကိုကျော်ပြီး ဖြစ်ပျက် မြင်အောင်ကြည့်ကြ။
(  မြတ်စွာဘုရားရှင် ၏ ရင်နှစ်သည်းချာ  သား ရတနာ  အစစ် ဖြစ်တော်မူသောအဂ္ဂ မဟာ ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ မိုးကုတ် ဆရာတော် ဘုရားကြီး ဦးဝိမလခန္ဓာ ၀န်ချ နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ် ပြက္ခဒိန်မှ  ထုတ်နုတ် ဖေါ်ပြပါသည်)။
*****တတိယမြောက်သမီးတော်*****
  မိုးကုတ်ဆရာတော် ဘုရား နောက်ဆုံးမိန့် ကြားရွှေသြ၀ါဒတော်များ.
 http://www.3rdthameetaw.com/2012/11/blog-post_392.html#more
No comments:
Post a Comment