Pages
▼
*** “ဘဝဧည့်သည်” ****
“ဘဝဧည့်သည်”
•••••••••••••••••
ဘာပဲပြောပြော “ဧည့်သည်တွေ” ဆိုတော့
တစ်ချိန်မှာ ဘဝဆိုတဲ့ အိမ်ကို စွန့်ခွါပြီးတော့
ခရီးဆက်ကြရဦးမယ်လေ။
အဲဒီတော့ “ခရီးသည်” အချင်းချင်း...
တွေ့ဆုံခိုက်မှာလည်း အပြုံးကိုယ်စီနဲ့
မေတ္တာလက်တွေ ဆက်ထားနိုင်ကြမှ၊
ခွဲခွါချိန်မှာလည်း “အပြုံးလေးတွေ” နဲ့ ခွဲခွါနိုင်ကြမှာပါ။
“အားလုံးဟာ ဘဝဧည့်သည်တွေပဲမို့လား။”
တကယ်တော့ လောကမှာ လူသားတွေ
တွေ့ ကြဆုံကြရတယ်ဆိုတာ ခရီးသွားရင်း
“တည်းခိုရာ အိမ်တစ်လုံး”မှာ ဆုံဆည်းမိကြသလိုပါပဲ။
တစ်ချို့က “မိဘ”အဖြစ်နဲ့ ဆုံကြရတယ်။
တစ်ချို့က “ညီအစ်ကို မောင်နှမ”အဖြစ်နဲ့ ဆုံကြရတယ်။
တစ်ချို့က “ချစ်သူ” အဖြစ်နဲ့ ဆုံကြရတယ်။
တစ်ချို့က “မုန်းသူ” အဖြစ်နဲ့ ဆုံကြရတယ်။
အရာရာ မမြဲတဲ့ လောကမှာ...
တခါတစ်ရံ “ချစ်သူ”က “မုန်းသူ” ဖြစ်သွားပြီး ၊
မုန်းသူက ချစ်သူတွေ ဖြစ်သွားတတ်ပြန်တယ်။
အချစ်နဲ့ အမုန်းကို ကာရံထားတဲ့ “နံရံလေး”က
သိပ်ပါးလွန်းတားကိုး။
ဘာပဲပြောပြော “ဧည့်သည်တွေ” ဆိုတော့
တစ်ချိန်မှာ ဘဝဆိုတဲ့ အိမ်ကို စွန့်ခွါပြီးတော့
ခရီးဆက်ကြရဦးမယ်လေ။
အဲဒီတော့ “ခရီးသည်” အချင်းချင်း...
တွေ့ဆုံခိုက်မှာလည်း အပြုံးကိုယ်စီနဲ့
မေတ္တာလက်တွေ ဆက်ထားနိုင်ကြမှ၊
ခွဲခွါချိန်မှာလည်း “အပြုံးလေးတွေ” နဲ့ ခွဲခွါနိုင်ကြမှာပါ။
“အားလုံးဟာ ဘဝဧည့်သည်တွေပဲမို့လား။”
မေတ္တာဖြင့် . . .
- [အရှင်တေဇာနန္ဒ(စေတနာပန်းခင်းဆရာတော်)]
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
No comments:
Post a Comment