Pages
▼
*** မေတ္တာတရားကို ပွားများ၍ လူတို့ချစ်နှစ်သက်ခြင်း။ ****
(၄) မေတ္တာတရားကို ပွားများ၍ လူတို့ချစ်နှစ်သက်ခြင်း။
(၁၀)မေတ္တာတရားကိုပွားများ၍
မတွေဝေသည်ဖြစ်၍ စုတိစိတ်ကျ
သဖြင့် တွေဝေမိန်းမောခြင်းမရှိ
အိပ်ပျော်ခြင်းရောက်သကဲ့သို့
လည်းကောင်း/ အိပ်ပျော်ရာမှ နိုး
သကဲ့သို့ လည်းကောင်း/ ပစ္စုပ္ပန်
ဘဝ၏ အဆုံး စုတိစိတ်ကျသဖြင့်
ပဋိသန္ဓေစွဲနေလှမ်းယူခြင်း ။ ။
ပုံစံသက်သေသော်ကား -
**အဘယမင်း ဝတ္ထု
သီဟိုဠ်ကျွန်းဝယ် သင်္ခဗော
ဓိအဘယ မည်သော မင်းသည် မ
ပြတ်မလပ် သုခိတ ဒုက္ခိတသတ္တဝါ
အပေါင်းတို့အား ချစ်ခြင်းလက္ခဏာ
ရှိသော မေတ္တာ/ ဒုက္ခိတ သတ္တဝါ
တို့အား သနားခြင်း လက္ခဏာရှိ
သော ကရုဏာ/ ဗြဟ္မစိုရ်တရားတို့
ကို ပွားများ၍ နေလေ့ရှိရကား အ
လုံးစုံကုန်သော သီဟိုဠ်ကျွန်းသူ
လူအပေါင်းတို့သည် ငါတို့မင်းခေါင်
မင်းဖျား မင်းတရားကြီးသည် ဘုန်း
တော်ကြီး၍ သက်တော်ရှည်ပါစေ
သော ချမ်းသာမျက်မှောက်ရပါစေ
သောဟု ဆုတောင်းဆုယူ ပြုကြ
ကုန်သတတ်။ ထိုစကားမှန်၏။ သူ
တစ်ပါးတို့အား ကြည်ညိုလေးမြတ်
ရှိသော ပုဂ္ဂိုလ်အား သူတစ်ပါးတို့
ကလည်း ကြည်ညိုလေးမြတ်လေ
ကုန်သတည်း။ သူတစ်ပါးတို့အား
သနားကြင်နာတတ်သော ပုဂ္ဂိုလ်
အားလည်း သူတစ်ပါးတို့က သနား
ကြင်နာကုန်သည်သာတည်း။ ထို
မင်း နတ်ရွာလားသည်ရှိသော်ဆင်း
ရဲသား ကျွန်တော်မျိုးတို့တွင် တစ်စုံ
တစ်ယောက်သောသူမျှ စုတ်ခေါ်တ
လွမ်း မပင်ပန်းသောသူမည်သည်မ
ရှိ ။ နတ်ရွာလားသည့်နောက်အနှစ်
တစ်ရာကျော်တိုင်တိုင် မင်း၏ ဂုဏ်
ကျေးဇူးကို ချီးကျူးအံ့သြထောမနာ
၍ မပြတ်မစဲသည် ဖြစ်သတတ်။ဤ
သို့လျှင် မေတ္တာတရားကို ပွားများ
လေ့ရှိသော ပုဂ္ဂိုလ်အား လူတို့နှစ်
သက်ကြောင်းကို သိအပ်၏။
~~~~~~~~~~~~~~~~~~
••မောင်းထောင်ဆရာတော်ဘုရားကြီးရေးသားတော်
မူအပ်သောဒေါသကထာ မှ ။ ။
No comments:
Post a Comment