Pages
▼
** သေခြင်းတရားကြောင်း တွေးတောခြင်းဟာ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ပါ ****
သေခြင်းတရားကြောင်း တွေးတောခြင်းဟာ
********************************
လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ပါ
***********************
လောကီအလုပ်တွေကို
အရှိန်အဟုန်နဲ့
အပင်ပန်းခံလုပ်နေတာဟာ
မသေခင်
ခံစား စံစားဖို့။
လောကုတ္တရာအလုပ်တွေကို
အရှိန်အဟုန်နဲ့
အပင်းပန်းခံလုပ်နေတာဟာ
သေပြီးနောက်
ခံစား စံစားဖို့၊
ဒါမှမဟုတ်
သေခြင်းတရားက
လွန်မြောက်ဖို့။
သေခြင်းတရားအကြောင်း
တွေးတောခြင်းဟာလည်း
လောကမှာ
ကျက်သရေအရှိဆုံးပါပဲ။
ဘာလို့လဲဆိုတော့
သေခြင်းတရားကို
အမှတ်ထင်ထင်
သတိရနေမှသာ
မသေခင်
အခိုက်အတန့်ကာလလေးကို
လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်၊
အလုပ်သင့်အလုပ်ထိုက်ဆုံး
အလုပ်တွေနဲ့
တန်ဖိုးရှိရှိ
အသုံးချသွားနိုင်မှာ
ဖြစ်လို့ပါပဲ။
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
No comments:
Post a Comment