Pages
▼
***** အမေ့ရဲ့ ပဲ့တင်သံ *****
အမေ့ရဲ့ ပဲ့တင်သံ
***************
အချစ်ရေ...အချစ်ရေလို့
အသားကုန်
အော်ဟစ်ခေါ်ပစ်လိုက်တယ်။
ဘာဆိုဘာမှ.... ဘာတစ်ခုမှ
ငါ့ထံ.... ပဲ့တင်သံ
ပြန်မလာဘူး။
အမေရေ.... အမေရေလို့
အသားကုန်
အော်ဟစ်ခေါ်ပစ်လိုက်တယ်။
သမီးရေ..... သမီးရေနဲ့....
အမေ့ရဲ့ ပဲ့တင်သံ.. ...
တောလုံးသိမ့်သိမ့်
ညံပါရောလား။
ဦးဘုန်း (ဓာတု) မန္တလေး
No comments:
Post a Comment