Pages

Friday, March 14, 2014

**** ဗုဒ္ဓသာသနာ့အလံ တီထွင်ခဲ့တဲ့သူနှင့် နိုင်ငံတော်ဘာသာနေ့။ ****

  
  ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဘီစီ ၅၈၉ ခု၊  ကဆုန်လပြည့်၊ဗုဒ္ဓဟူးနေ့တွင် ဘုရားဖြစ်တော်မူပြီးနောက် ဗုဒ္ဓဂယာ မဟာဗောဓိ ပတ်ဝန်းကျင်၌ သတ္တသတ္တာဟ စံတော်မူပြီး သီတင်းသုံးနေတော်မူခဲ့ပါသည်။


         မဟာဗောဓိစေတီတော်၏ အနောက်မြောက်ဘက် ပေ ၇၀ ခန့် အကွာတွင်ရှိသော (ရတနာဃရ) ရွှေအိမ်တော်တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်သည် စတုတ္ထသတ္တဟစံတော်မူလျက် ထို
နေရာ၌ သီတင်းသုံးကာ အဘိဓမ္မာဒေသနာတော်ကို ဆင်ခြင်တော်မူစဉ် ဗုဒ္ဓရှင်တော်မြတ်ဘုရား
ကိုယ်တော်မှ ခြောက်သွယ်သော ရောင်ခြည်တော်များ ကွန့်မြူးလျက် ရှိနေပေသည်။


         ယနေ့ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ အသုံးပြုလျက်ရှိသော ဗုဒ္ဓသာသနာ့ အလံ
တော်မှာ ထိုရောင်ခြည်တော် ၆ ပါးကို ဖေါ်ပြထားသော အထိမ်းအမှတ် အလံတော် ဖြစ်ပါသည်။
ဗုဒ္ဓ သာသနာ့အလံ စတင်ပေါ်ပေါက်လာပုံမှာ ခရစ်နှစ် ၁၈၈၅ ခုနှစ်၊ သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံ
တော်အစိုးရအဖွဲ့က ကဆုန်လပြည့်နေ့ကို “ဗုဒ္ဓနေ့” အဖြစ် နိုင်ငံတော် ဥပဒေတစ်ရပ်ဖြင့် သတ်
မှတ်အတည်ပြု ကြေညာခဲ့သည်။ 


ကဆုန်လပြည့်နေ့ကို “ဗုဒ္ဓနေ့” အဖြစ် ခမ်းနားကြီးကျယ် သိုက်
မြိုက်စွာ ကျင်းပရာတွင် သာသနာတော် အထိမ်းအမှတ် တစ်မျိုးမျိုးနှင့် အခမ်းအနားပြင်ဆင်ရန်သို့မဟုတ် ဗုဒ္ဓသာသနာ့အလံတော်များ ဝေေ၀ဆာဆာ လွှင့်ထူရန် အထူးလိုအပ်လျက်ရှိရာ သီရိလင်္ကာအစိုးရက ဗိုလ်မှူးကြီးအိုလ်လော့ကို တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။


        အမေရိကန်သားဗိုလ်မှူးကြီးအိုလ်ကော့သည် မူလက သီအိုဆိုဖီအသင်းသားတစ်ဦး ဖြစ်၏။
နောက်တွင် စာပေကျမ်းဂန် တတ်မြောက်သည့်  ဗုဒ္ဓဘာသာဝင်စစ်စစ်တစ်ဦး   ဖြစ်လာခဲ့သည်။
သီဟိုဠ် (သီရိလင်္ကာ) အစိုးရ ဦးစီးကျင်းပခဲ့သည့် ကဆုန်လပြည့် “ဗုဒ္ဓနေ့” အဖြစ်သတ်မှတ်ကျင်း ပမည့် အခမ်းအနားကြီးတွင် လွှင့်ထူရန်အတွက် ဗိုလ်မှူးကြီးအိုလ်လော့က ရောင်ခြည်တော် ၆ ပါး
ကို ဖေါ်ပြသည့် ဗုဒ္ဓသာသနာ့အလံတော်အား တီထွင်ပေးခဲ့သည်မှစ၍ ဗုဒ္ဓဘာသာနိုင်ငံတိုင်းတွင်ဘာသာရေးအခမ်းအနားများ၌ သာသနာ့အလံတော်များကို ဝေေ၀ဆာဆာ ချိတ်ဆွဲလျက် ရှိကြ
ပါသည်။


         မြန်မာနိုင်ငံတွင်လည်း ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်၊ ကောဇာသက္ကရာဇ် ၁၃၂၃ ခုနှစ်၊ ၀ါခေါင်လပြည့်နေ့တွင် လွှတ်တော်နှစ်ရပ် တွဲဖက်ညီလာခံ အစည်းအဝေးက ထောက်ခံမဲ
၃၂၄ မဲ၊ ကန့်ကွက်မဲ ၂၈ မဲဖြင့်ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်ဘာသာအဖြစ်  အ
တည်ပြု ပြဌာန်းခဲ့သည်။ ထိုနေ့ နေ့လည် ၁နာရီတိတိတွင် နိုင်ငံတော်သမ္မတအိမ်တော်၌ သမ္မတ
ဦးဝင်းမောင်က အခမ်းအနားဖြင့် လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။


         ထို့ကြောင့် ၂၆.၈.၁၃ နေ့၊  ၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့အဖြစ် မြန်မာနိုင်ငံရှိ
ဗုဒ္ဓဘာသာနေအိမ်တိုင်းတွင် သာသနာ့အလံတော်အား လွှင့်ထူထားကြပါသည်။


{နန္ဒာမိုးကြယ်၏ မြန်မာ့သမိုင်းဝင်ဖြစ်ရပ်များနှင့်www.alodawpyei.org တို့ကို ကိုးကား ရေးသားပူဇော်ပါသည်။}


ဒီနေရာမှ ပြန်လည်ကူးယူမျှဝေသည်...။

No comments:

Post a Comment