Pages

Friday, April 11, 2014

**** ပါရမီဘက် မငဲ့လိုက်ကြပါနဲ့ *****

ဒကာ၊ဒကာမတို့ ဖြစ်ပျက်မြင်ရင် တိဟိတ်ပါ၊ဝါးနှစ်လုံးကို မီးထွက်လောက်တဲ့ အခြေအနေ ရောက်အောင်ပွတ်မှ မီးထွက်သလို...နိဗ္ဗာန်ပေါ်လာအောင် ဖြစ်ပျက်အားထုတ်။ဖြစ်ပျက် ချုပ်ပြီး နိဗ္ဗာန်ပေါ်မှာပဲ။


ပါရမီတွေ ဘာတွေလိုမနေနဲ့၊ပါရမီက ပြည့်ပြီးသားကို၊မပြည့်သေးဘူးထင်ပြီး မကြိုးစားခဲ့သော်၊ပါရမီအညွန့်တုံး၍၊
အပါယ်လေးပါးမှာ စုန့်စုန့်မြုပ်ရပါလိမ့်မယ်၊ဘာမှ နောက်ပြန်ကြည်မနေနဲ့၊အပြီးလုပ်တော့
မယ်လို့သာ၊ဆုံးဖြတ်ချက်ချပါ။
"ဗုဒ္ဓုပ္ပာဒ နဝမဆိုတဲ့ မနုဿတ္တဘာဝ ဒုလ္လဘဖြစ်တဲ့ လူ့ဘဝ"ကိုလည်း ရမယ်... ရပ်ပြစ်ရှစ်ပါးလွတ်ပြီး ကံကြီးငါးပါး မထိုင်
ဘူး၊သစ္စာအနုလောမိက ဉာဏ်ရှိ၍ နားကတရာနာ၊ဉာဏ်ကခန္ဓာနှလုံးသွင်းအားထုတ်မယ်ဆိုရင်၊ဆုကြီးပန် မဟုတ်ဘဲ....
အခု နိဗ္ဗာန်ရ...အခု နိဗ္ဗာန်ယူမယ်ဆိုသူများသည်။ပါရမီစောင့်ရန်မလိုဘဲ၊ကြိုးကြိုးစားစား အားထုတ်ကြပါလျှင်၊ယခုဘဝ၌ပဲ
မဂ္ဂင်ရနိုင်ပါတယ်။ဘုရားတည်ဟူသော ခေါင်းဆောင်ကောင်း
တစ်ယောက်မပေါ်လာသရွ့ ကာလပတ်လုံး၊လူတွေဟာ မိဘရိုး
ရာနဲ့ ကိုးကွယ်ရချင်ရာ ကိုးကွယ်ပြီး အပါယ်ချည်းသွားကြတာပဲ။ဘုရားက"ယထာဘူတံ ဉာဏာယသတ္တံပရိယေသိ တဗ္ဗော"ဆိုပြီးဟုတ်တိုင်းမှန်စွာ ဟောတတ်တဲ့ဆရာရှာဖို့(၃၂)ကြိမ်မှာခဲ့
တယ်၊ဆရာသမားကောင်းရဲ့နည်းရရင် မဂ်ဟာ လက်ဖျောက်တီးတာကမှ ခက်ပါလိမ့်ဦးမယ်။မရမရှိပါဘူး၊ကိုယ်ဉာစွမ်းအလိုက် (၇) ရက်နဲ့ ရတာလည်းရှိတယ်၊ကိလေသာကြားမခိုရင်
မနက်အားထုတ် ညနေရတာလည်းရှိတယ်။(၃၁) ဘုံမှာ ပုပုရွရွ မြင်သမျှတွေသည် တဏှာစီမံသလို ခံနေကြရတာ၊ဒုက္ခဖြစ်လေသမျှ တဏှာကြောင့်တစ်ချိန်လုံး မအားနိုင်ပဲ တစ်ပြေးတည်းပြေးနေရတာ၊တဏှာခိုင်းစေမှုကြောင့် ဒုက္ခရောက်နေကြရတာ၊
လောကီကိစ္စဟူသရွေ့ တဏှာခိုင်းတာကို လျှောက်လုပ်နေကြရတာ၊သားသမီး ပစ္စည်းစွဲပြီး၊ပြိတ္တာဖြစ်ရတာလည်း၊တဏှာကို မဖြတ်နိုင်လို့ သူစီမံသလိုခံရတာ၊နိဗ္ဗာန်ရမယ့်အမှုဟူသရွေ့
ကန့်ကွက်နေတာတဏှာ။အမှုကိစ္စမှန်သမျှဉာဏ်ညွန်တုံးဖို့ ပေါ်လာတဲ့၊
အဝိဇ္ဇာရဲ့ စွမ်းရည် သတ္တိ၊သစ္စာမသိလို့ လုပ်မိလုပ်ရလုပ်
တော့၊ဖြစ်မိဖြစ်ရာ ဒုက္ခသစ္စာချည်း ဖြစ်လာတာ၊အပါယ်သွားဖို့ လူလားမြောက်လာတာ၊အလောင်းကသုဿန်၊အကျိုးပေးက အပါယ်။အဝိဇ္ဇာဟာ (၃၁) ဘုံရဲ လူသတ်ဘုရင်ကြီး၊ (၃၁) ဘုံဟာ အဝိဇ္ဇာစီစဉ်ထားတဲ့ အလောင်းမြှုပ်ရာ သုဿန်တွေ၊အဝိဇ္ဇာက ဝိဇ္ဇာ၊တဏှာက အလောဘ ဖြစ်မှသာ၊အရိုးကဓာတ်တော်ဖြစ်တာ၊တဏှာသေမှ နိဗ္ဗာန်ရမှ၊တဏှာမသေရင် အမြဲငတ်နေရုံပဲ။
ဒါကြောင့်သူက၊"ဒုက္ခေ အညာဏံ"တဲ့။ဒုက္ခေ=ဒုက္ခသစ္စာ၌ ၊ အညာဏံ=မသိခြင်းသည် ၊ အဝိဇ္ဇာ=အဝိဇ္ဇာပဲ။အဝိဇ္ဇာဆိုတာ လုံးဝမသိတာကိုဆိုတာလား၊သိကောင်းတာ မသိ၊မသိကောင်းတာ သိတယ်ဆိုတာ ယနေ့ရှင်းပြီလား။ဒီတစ်ခါ ဘုန်းကြီးနဲ့ တွေ့လို့မှ၊မျက်စိနှစ်ကွင်း အလင်းရအောင် မယူဘူးဆိုလို့ရှိရင်...ခင်ဗျားတို့သေလို့ရှိရင် ၊ အကန်းမသာ အရှုကြွတော်မှုကြပါ လို့သာ ဖိတ်ပါတော့၊ အဲဒီအဝိဇ္ဇာကို ဘုန်းကြီးက၊ ဝိဇ္ဇာဖြစ်အောင် လုပ်မပေးနိုင်လို့ရှိရင်ဖြင့်..ဘုန်းကြီးကိုလည်း မကိုးကွယ်ကြနဲ့
တော့။ကျေးဇူးရှင်လို့ ဆိုလို့ရပါမလား။(၃၁) ဘုံးက မီးပုံကြီး ၊ နိဗ္ဗာန်က (၃၁) ဘုံ အပြင်ဘက်မှာ ရှိတယ်၊ နိဗ္ဗာန်ကို ဘယ်အခါမဆို အနီးကလေးလို့ ဘုရားကဟောတယ်။ (၁) သစ္စာတရားနာပြီး။ (၂) မိမိခန္ဓာမှာ နှလုံးသွင်းမှန်ရင်။ ဘယ်အခါမဆို နိဗ္ဗာန်ရောက်နိုင်တယ်၊ နိဗ္ဗာန်ကို ပုထုဇဉ်စိတ်နဲ့ မကြိုက်တဲ့
ပုဂ္ဂိုလ်တွေဟာ..မစားဘူးဘဲနဲ့..ရမ်းပြီးမကြိုက်တာ ဖြစ်လေသောကြောင့်၊
သူတို့စကားကို အတည်မယူပါနဲ့၊ ကံစီမံတာက (၃၁) ဘုံ။ ဉာဏ်စီမံတာက (၃၁) ဘုံ အပြင်ဘက်ပါ ။ ကံစခန်းက ကြာတာ၊ ဉာဏ်စခန်းဆိုတာ ကြာတာမဟုတ်ဘူး။များများလုပ် မြန်မြန်ခရီးပေါက်တယ်၊ ဒီဥစ္စာ၊ (၁) နာရီအတွင်းလည်း ဖြစ်နိုင်တယ်၊ (၅) မိနစ်အတွင်း
လည်း ဖြစ်နိုင်တယ်၊ မလျှော့နဲ့ ။သံသရာရှည်တယ်ဆိုတာ ဒုက္ခရှည်တာ၊ ကိုယ့်ခန္ဓာထဲ ကိုယ့်တဏှာနဲ့ ကိုယ့် ဒိဋ္ဌိပဲရောက်တယ်၊ ကိုယ့်
ဉာဏ်မရောက်ခဲ့လို့။ သံသရာရှည်တယ်ဆိုတာသည် ကိုယ့်ခန္ဓာထဲကို..ကိုယ့်ဉာဏ်မရောက်ခဲ့လို့သာမှတ်ပေတော့၊ ခန္ဓာရှိရင် ဒုက္ခရှိတယ်၊ ခန္ဓာမရှိရင် (နိဗ္ဗာန်) သုခရှိတယ်၊ နိဗ္ဗာန် မရသေးသရွေ့ ဒုက္ခရမှာပဲ။ ဒုက္ခကို အဝိဇ္ဇာက ဖုံးထားတာ၊ ဒုက္ခထဲမပျော်ကြပါနဲ့တော့၊ ဒကာ ဒကာမတို့သည်.."သေက္ခ"ပုဂ္ဂိုလ် ဖြစ်အောင် မကြိုးစားခဲ့လို့ရှိရင်၊ စုတိပြီး ပဋိသန္ဓေ လာလိမ့်မယ်။ ဒါ-ဒကာ ဒကာမတွေ၌"ဒုက္ခသစ္စာ"နဲ့ ခွဲပြီး၊ တစ်ဖန်"ဒုက္ခသစ္စာ"နဲ့ ပဲပြန်ပေါင်းရတယ်ဆိုရင်၊ လွဲပါ့မလား၊ အဲဒါကြောင့် ခင်ဗျား
တို့ကို ကယ်မယ့်ယူမယ့်ဟာကဖြင့် "မဂ်"ပဲ ။
ခင်ဗျားတို့ဟာ ကျင့်ဆဲ"သေက္ခ"ပုဂ္ဂိုလ်လည်း မဟုတ်၊ကျင့်တဲ့ အဆုံးလည်း မရောက်သေးဘူးဆိုရင်၊
ဘဝချည်းကူးနေရမှာပဲ။ ကိုင်း ဒါဖြင့်..ကျင့်ကြံထားတာက ဘာမှ မရှိတော့၊"သေက္ခ"ပုဂ္ဂိုလ်ကလည်း
မဟုတ်တော့..ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ စုတိ ဒုက္ခပြီးတော့၊"ဖျတ်"ဆို ပဋိသန္ဓေက..အမိဝမ်း
ခေါင်း ပြောင်းရတယ်။ ဘဝကူးကောင်းအောင်ဆိုတဲ့ စကားသည်၊အတော်အရုပ်ဆိုးတဲ့စကား၊
ဘဝကူးကြလို့ရှိရင်ဖြင့်..ဒုက္ခ သစ္စာကြီးနဲ့အတူ နေကြရမယ်။
ဒါကြောင့် မြတ်စွာဘုရားက"စတ္တာရော အပါယာ သကဂေဟ သဒိသာ"တဲ့ သတ္တဝါတွေရဲ့ အမြဲနေ
အိမ်ဟာ အပါယ်လေးပါး...လူ့ပြည်လာတာ....အရိပ်လာပြတာတဲ့ ။ 

မှတ်ချက်။      ။http://mogokdama.blogspot.com/2012/09/blog-post_17.html

No comments:

Post a Comment