Pages

Thursday, April 3, 2014

**** ဧကဂ္ဂတာအကြောင်း ****

Photo: >>>> သဗ္ဗဒါနံ  ဓမ္မဒါနံ  ဇိနာတိ <<<<
          *********************

ဧကဂ္ဂတာအကြောင်း
******************

       တည်ငြိမ်ခြင်း   ငြိမ်သက်ခြင်းသဘောသည်
ဧကဂ္ဂတာတည်း ၊  ထို့ကြောင့် "ဧကဂ္ဂတာ   တည်
ငြိမ်စွာသား" ဟု  ဆိုခဲ့သည် ။     ဤဧကဂ္ဂတာကို
"သမာဓိ" ဟုလည်း   ခေါ်ကြသည် ၊     ဧကဂ္ဂတာ
ခေါ်သော   သမာဓိ၏အစွမ်းကြောင့်    စိတ်သည်
အာရုံကိုယူသောအခါ    အာရုံတစ်ခု၌    အတော်
ကြာအောင်   ထပ်ကာထပ်ကာ   ယူနိုင်၏ ၊     ထို့
ကြောင့်   ဤသမာဓိကို   လေငြိမ်ရာ၌ ထွန်းထား
သော   မီးတောက်၏ငြိမ်သက်နေပုံကဲ့သို့   အာရုံ
တစ်ခု၌  တည်တံ့သော ( တည်ကြည်သော)  ငြိမ်
သက်သောတရားဟု  ဆိုရပေသည် ။    

       ကမ္မဋ္ဌာန်းအာရုံတစ်ခုခုကို   ယူနေရာ၌    ထို
အာရုံတစ်ခုအပေါ်မှာ  ကြာရှည်စွာ ထပ်၍ထပ်၍
အာရုံပြုနိုင်လျှင်     "သမာဓိရပြီ       သမာဓိအား
ကောင်းလာပြီ" ဟု    ပြောစမှတ်ပြုကြ၏ ၊     ထို
သမာဓိဓာတ်ခံ အားကောင်းသူသည်     အနေအ
ထိုင်  တည်ကြည်၏ ၊   အပြောအဆိုလည်း တည်
ကြည်၏ ၊     သွားလာရာ၌လည်း     ဣနြေ္ဒရ၏ ။
ပေါင်းသင်းဆက်ဆံရာ၌လည်း      တည့်မတ်၏ ။
သို့ရာတွင်   စွဲမိစွဲရာအာရုံကိုကား     စွဲလမ်းတတ်
လေသည် ။ 

*
*

အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာ
( စာ-၁၂၉)  


ဧကဂ္ဂတာအကြောင်း
******************
တည်ငြိမ်ခြင်း ငြိမ်သက်ခြင်းသဘောသည်
ဧကဂ္ဂတာတည်း ၊ ထို့ကြောင့် "ဧကဂ္ဂတာ တည်
ငြိမ်စွာသား" ဟု ဆိုခဲ့သည် ။ ဤဧကဂ္ဂတာကို
"သမာဓိ" ဟုလည်း ခေါ်ကြသည် ၊ 
 ဧကဂ္ဂတာ
ခေါ်သော သမာဓိ၏အစွမ်းကြောင့် စိတ်သည်
အာရုံကိုယူသောအခါ အာရုံတစ်ခု၌ အတော်
ကြာအောင် ထပ်ကာထပ်ကာ ယူနိုင်၏ ၊ ထို့
ကြောင့် ဤသမာဓိကို လေငြိမ်ရာ၌ ထွန်းထား
သော မီးတောက်၏ငြိမ်သက်နေပုံကဲ့သို့ အာရုံ
တစ်ခု၌ တည်တံ့သော ( တည်ကြည်သော) ငြိမ်
သက်သောတရားဟု ဆိုရပေသည် ။

ကမ္မဋ္ဌာန်းအာရုံတစ်ခုခုကို ယူနေရာ၌ ထို
အာရုံတစ်ခုအပေါ်မှာ ကြာရှည်စွာ ထပ်၍ထပ်၍
အာရုံပြုနိုင်လျှင် "သမာဓိရပြီ သမာဓိအား
ကောင်းလာပြီ" ဟု ပြောစမှတ်ပြုကြ၏ ၊ ထို
သမာဓိဓာတ်ခံ အားကောင်းသူသည် အနေအ
ထိုင် တည်ကြည်၏ ၊ အပြောအဆိုလည်း တည်
ကြည်၏ ၊ သွားလာရာ၌လည်း ဣနြေ္ဒရ၏ ။
ပေါင်းသင်းဆက်ဆံရာ၌လည်း တည့်မတ်၏ ။
သို့ရာတွင် စွဲမိစွဲရာအာရုံကိုကား စွဲလမ်းတတ်
လေသည် ။


အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာ
( စာ-၁၂၉)

No comments:

Post a Comment