Pages

Thursday, April 3, 2014

*** စေတသိက်အကြောင်း *****

Photo: >>>> သဗ္ဗဒါနံ  ဓမ္မဒါနံ  ဇိနာတိ <<<<
          *********************

စေတသိက်အကြောင်း
*******************

"စေတသိက်က  စိတ်ကိုခြယ်လှယ်ပုံ"

      စိတ်အကြောင်းကိုပြရာဝယ်   "စိတ်ကောင်း-
စိတ်ဆိုး" ဟု  ပြခဲ့ပါပြီ ၊     သို့သော်     စိတ်သည်
အာရုံကို သိဖို့ရန်ကိစ္စ   တစ်ခုသာရှိသောကြောင့်
သူ့ချည်းသက်သက်   အကောင်းအဆိုး  မကွဲပြား
နိုင်ချေ ၊     စေတသိက်အမျိုးမျိုးနှင့်   အတူဖြစ်ရ
သောကြောင့်      ထိုစေတသိက်အများ၏       အ
ကောင်းအဆိုးလိုက်၍    စိတ်သည်လည်း    စိတ်
ကောင်း  စိတ်ဆိုး  ဖြစ်ရပေသည် ။ "စိတ်ကောင်း
စိတ်ဆိုး    ၂-မျိုးကွဲဖို့ရန်    ယှဉ်ဖက်  စေတသိက်
များက    ခြယ်လှယ်၍ထားကြသည်" ဟု    ဆိုလို
သည် ။    ဥပမာ   ရေသည်   ပင်ကိုယ်အနေအား
ဖြင့်   အရောင်တစ်မျိုးတည်းသာ   ရှိသော်လည်း
ဆေးနီ  ဆေးဝါ  ဆေးပြာ  ဆေးနက်တို့နှင့်  ရော
စပ်မိသောအခါ၌    ရေနီ  ရေဝါ  ရေပြာ  ရေနက်
ဖြစ်ရတော့သကဲ့သို့တည်း ။     ထို့ကြောင့်    စိတ်
ကောင်းစိတ်ဆိုးဟု   နားလည်ဖို့ရာ    စေတသိက်
တို့၏   အကြောင်းကိုလည်း     ဆက်လက်၍လေ့
လာသင့်ကြပေသည် ။

[ ဆောင်]

စိတ်၏တံထွာ   ဓမ္မတာကား    ကြုံရာအာရုံ   ရမိ
ရုံသာ   ဖုံဖုံကောင်းဆိုး   မကွဲရိုးတည်း ၊   တစ်မျိုး
တွဲဖက်    စေတသိက်တွက်ကြောင့်    သက်သက်
ဆိုးကောင်း     အရောင်ပြောင်း၍        မကောင်း
လည်းစိတ်     ကောင်းလည်းစိတ်ဟု     ခွဲစိတ်စမြဲ
ဥဒါန်းကဲသည်      စိတ်လည်းစေတသိက်ကြောင့်
သာကိုး ။

*
*

အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာ
( စာ-၁၁)  


စေတသိက်အကြောင်း
*******************
"စေတသိက်က စိတ်ကိုခြယ်လှယ်ပုံ"

စိတ်အကြောင်းကိုပြရာဝယ် "စိတ်ကောင်း-
စိတ်ဆိုး" ဟု ပြခဲ့ပါပြီ ၊ သို့သော် စိတ်သည်
အာရုံကို သိဖို့ရန်ကိစ္စ တစ်ခုသာရှိသောကြောင့်
သူ့ချည်းသက်သက် အကောင်းအဆိုး မကွဲပြား
နိုင်ချေ ၊ စေတသိက်အမျိုးမျိုးနှင့် အတူဖြစ်ရ
သောကြောင့် ထိုစေတသိက်အများ၏ အ
ကောင်းအဆိုးလိုက်၍ စိတ်သည်လည်း စိတ်
ကောင်း စိတ်ဆိုး ဖြစ်ရပေသည် ။ "စိတ်ကောင်း
စိတ်ဆိုး ၂-မျိုးကွဲဖို့ရန် ယှဉ်ဖက် စေတသိက်
များက ခြယ်လှယ်၍ထားကြသည်" ဟု ဆိုလို
သည် ။ ဥပမာ ရေသည် ပင်ကိုယ်အနေအား
ဖြင့် အရောင်တစ်မျိုးတည်းသာ ရှိသော်လည်း
ဆေးနီ ဆေးဝါ ဆေးပြာ ဆေးနက်တို့နှင့် ရော
စပ်မိသောအခါ၌ ရေနီ ရေဝါ ရေပြာ ရေနက်
ဖြစ်ရတော့သကဲ့သို့တည်း ။ ထို့ကြောင့် စိတ်
ကောင်းစိတ်ဆိုးဟု နားလည်ဖို့ရာ စေတသိက်
တို့၏ အကြောင်းကိုလည်း ဆက်လက်၍လေ့
လာသင့်ကြပေသည် ။

[ ဆောင်]

စိတ်၏တံထွာ ဓမ္မတာကား ကြုံရာအာရုံ ရမိ
ရုံသာ ဖုံဖုံကောင်းဆိုး မကွဲရိုးတည်း ၊ တစ်မျိုး
တွဲဖက် စေတသိက်တွက်ကြောင့် သက်သက်
ဆိုးကောင်း အရောင်ပြောင်း၍ မကောင်း
လည်းစိတ် ကောင်းလည်းစိတ်ဟု ခွဲစိတ်စမြဲ
ဥဒါန်းကဲသည် စိတ်လည်းစေတသိက်ကြောင့်
သာကိုး ။


အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာ
( စာ-၁၁)

No comments:

Post a Comment