Pages

Thursday, April 3, 2014

( အ ယူ ဝါ ဒ ပ် က် စီး ခြ င်း )



( အ ယူ ဝါ ဒ ပျ က် စီး ခြ င်း )
ဗုဒ္ဓဘာသာဝင်များသည် -
ဘုရား တရား သံဃာ ကံ ကံ၏ကကျိုး -
အကြောင်းနှင့်အကျိုးဆက်သွယ်ဖြစ်မှု -
( ပဋိစ္စသမုပ္ပါဒ် ) အတိတ်ဘဝ အနာဂတ်
ဘဝ -တို့ကိုယုံကြည်ရမည်ဖြစ်ပါသည် -

 

ကံ ဟူသည်ကုသိုလ်ကံ(ကောင်းသောအ
လုပ်)နှင့် အကုသိုလ်ကံ(မကောင်းသော
အလုပ်)ပင်ဖြစ်ပေသည်လောက၌မည်သူ
မဆိုကောင်းတားလုပ်လျှင်ကောင်းကျိုး
မကောင်းတာလုပ်လျှင်မကောင်းကျိုးတို့
ကိုခံစားရပေ၏-


မိမိပြုလုပ်သောကံ၏မိမိ၏ပိုယ်ပိုင်ဥစ္စာ
( ကံမ္မသကာ )မည်ပါသည်-မိမိပြုလုပ်
သောကံအရဆိုးသောကောင်းမွေဆိုးမွေ
( ကမ္မဒါဟာဒ )ကိုခံယူရမည်ဖြစ်ပေသည်
ဤသို့စသည်ဖြင့်ယုံကြည်လက်ခံခြင်းကို
( ကမ္မသကတာသမ္မာဒိဋ္ဌိ )ဟုခေါ်လိုပါ၏

ဤကဲ့သို့ ဘုရား တရားစသည်တို့ကိုမယုံ
ကြည်တော့ဘဲအောက်ပါတို့ကိုလက်ခံယုံ
ကြည်ပါကဗုဒ္ဓဘာသာဝင်အဖြစ်ပျက်စီး
ယုံမျှမကအယူမှန်ဝါဒမှန်လည်းပျက်စီးခါ
( မိစ္ဆာဒိဋ္ဌိ )ဖြစ်သွားရပေတော့သည် -


(၁) လောက၌ဖန်ဆင်းရှင်ရှိ၏ မြေကြီး
တောတောင် စကြာဝဠာ မဟာသမုဒ္ဒရာ
တို့နှင့်သတ္တဝါအားလုံးတို့ကိုထိုဖန်ဆင်း
ရှင်ကဖန်ဆင်း၏ဟုမှားယွင်းစွာယူဆကြ
ပါကထိုဝါဒကို( ဖန်ဆင်းရှင်ဣသရနိမ္မာန)
ဝါဒဟုခေါ်ဆိုပါသည် -


(၂) လောက၌ ကုသိုလ်ကံ အကုသိုလ်ကံ
ဟူ၍မရှိကောင်းမှုကိုပြုသော်လည်းထို
ကောင်းမှုကုသိုလ်မမည် မကောင်းမှုကို
ပြုသော်လည်းမကောင်းမှုအကုသိုလ်မ
မည်ဟုယူဆတတ်ကြသည်-ယင်းသို့ယူ
ဆခြင်းသည်အကြောင်းကံကိုပါယ်ခြင်း
ဖြစ်ပါ၍( အကိရိယဒိဋ္ဌိ )ဟူ၍ခေါ်ပါသည်


(၃) တဖန် ကုသိုလ်ကံ အကုသိုလ်ကံတို့
၏အကျိုးတရားဟူ၍မရှိ ကုသိုလ်ကံ -
အကုသိုလ်ကံတို့ကိုပြုလုပ်သော်လည်း
မည်သည့်ကောင်းကျိုး မကောင်းကျိုးကို
မျှမခံစားရဟုယူဆတတ်ကြသည်-ယင်း
သို့ယူဆခြင်းသည် အကျိုး( ဝိပါက ) ကို
ပါယ်ခြင်းဖြစ်၍( နတ္တိကဒိဋ္ဌိ )ဟူ၍ခေါ်ဆို
ပါသည် -


(၄) ထို့ပြင် ကုသိုလ်ကံ အကုသိုလ်ကံဟူ
၍လည်းမရှိ ကုသိုလ်ကံ အကုသိုလ်ကံတို့
၏အကျိုးဟူ၍လည်းမရှိဟုယူဆတတ်ကြ
ပြန်သည် ယင်းသို့ယူဆခြင်းသည် -
အကြောင်းအကျိုးနှစ်မျိုးစလုံးကိုပယ်ခြင်း
ဖြစ်ပါ၍( အဟေတုကဒိဋ္ဌိ )ဟူ၍ခေါ်ဆိုပါ
သည် -


ဤသို့စသည်ဖြင့်အယူမှား( မိစ္ဆာဒိဋ္ဌိ ) -
တမျိုးမျိုးကိုလက်ခံယုံကြည်လိုက်လျှင်
ထိုသူ၏မူလကရှိနေသောအယူမှန်ဝါဒ -
( သမ္မာဒိဋ္ဌိ )သည်ပျက်စီးသွားလေတော့
သည် -


ထို့ကြောင့်အကျွန်နုပ်တို့သည်ဤအယူ -ဝါဒပျက်စီးစေခြင်းအကြောင်းလေးမျိုးကို
မဖြစ်စေဘဲဗုဒ္ဓအယူဝါဒမြဲနေအောင်နေ
ထိုင်ကျင့်ကြံ၍တရားမှန်များကိုရှိစေရေး
ကျိုးစားအားထုတ်သွားကြပါစို့ခင်ဗျား -

မင်္ဂလာနံနက်ခင်းမှာအားလုံးကျန်းမာချမ်း
သာလိုရာဆန္ဒများပြည့်ဝကြပါစေသောဝ်


(ဗုဒ္ဓဘာသာကောင်းတယောက်မှမှီးပါ၏)

No comments:

Post a Comment