Pages

Thursday, April 10, 2014

*** သိဉ္စည်းဆရာကြီးကို ခေါ်ကြခြင်း။ ***

Photo: အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလန် အဂ္ဂသာဝက လောင်းလျာနှစ်ပါး။
<> <> <> <> <> <> <> 

သိဉ္စည်းဆရာကြီးကို ခေါ်ကြခြင်း။
~~~~~~~~~~~~~~~~~

ဥပတိဿ နှင့် ကောလိတ တို့သည် သိဉ္စည်းဆရာကြီးထံသို့ သွားကြကုန်၍ "အရှင် ဆရာတော်ဘုရား…တပည့်များသည် နိဗ္ဗာန်တရား ဟောကြား ညွှန်ပြတတ်သော ဆရာမြတ်ကိုတွေ့ကြပါပြီ။ ဤလောက၏ အစအဆုံးကို အလုံးစုံမြင်၍ တဏှာ အဝိဇ္ဇာစင်အောင် ပြုတတ်သော မြတ်စွာဘုရားသည် ထင်ရှားစွာပွင့်တော်မူပါပြီ။ တရားစစ် တရားမှန် နှင့် သံဃာစစ် သံဃာမှန်များလည်း အထင်အရှား ဖြစ်ပေါ်ပါပေပြီ။ အရှင် ဆရာတော်များသည် အနှစ်သာရမရှိဘဲ  အကာအတိသာ ဖြစ်၍ စင်စစ်အားဖြင့် အချည်းအနှီးသာဖြစ်သော အကျင့်ကို ပယ်လွှင့်စွန့်ခွာကာ ဘုရားမြတ်စွာထံ   အဆုံးအမခံပြီးလျှင် ကျင့်ကြံအားထုတ်ကြကုန်စို့အံ့"ဟု လျှောက်ထားပြောဆိုကြကုန်၏။ 

ထိုအခါ သိဉ္စည်းဆရာကြီးက "ငါ၏ လက်ရုံးအလားကဲ့သို့ အားထားရသောတပည့်မြတ်နှစ်ဦးတို့…ငါဆရာသည်ကား ဤရာဇဂြိုလိပြည်ကြီး၌ ထီးတံခွန်အသွင် အလွန်ပင်ထင်ရှားသော ဂိုဏ်းဆရာကြီးတစ်ပါးဖြစ်ချေသည်။ ရေခံအိုးအိုးတုပ်ကြီးကို ခေါင်းရွက်လက်ငင် အိုးကလေးပြုလုပ်လျှင် အမြင်မတော်သဖြင့် ဆင်တော်နှင့်ခလောက်သကဲ့သို့ သူတစ်ပါးလက်အောက်ခံ၍ မလျော်ကန်ရာပြီ။ ငါ့ထံ ၌လည်း ပရိသတ်အခြွေအရံများပါ၏။ ဆရာတပည့်သုံးယောက်ပင် ဤမျှလောက်သော ပရိသတ်တစ်သင်းကို ဆောင်ကြဉ်ကြကုန်အံ့။ တပည့်များလည်းမသွားကြပါနှင့်" ဟု ပြောဆိုကာ သုံးခါ သုံးကြိမ်တားမြစ်လေ၏။ 
ဥပတိဿ နှင့် ကောလိတတို့ကလည်း "ဤ လောကကြီးအတွင်း၌ ပြိုင်ဘက်ကင်း၍ လူမင်း နတ်မင်း ဗြဟ္မာမင်းတို့၏ ဝပ်စင်းပူဇော်ရာ မဟာအတုလ အသဒိသ ဖြစ်သော ဘုရားရှိကြောင်းကို လူအပေါင်းတို့သိကြရလေလျှင် မည်သူတစ်ဦး တင်္စယောက်မျှ ဆရာ့ထံသို့ နည်းခံရန် လာကြတော့မည် မဟုတ်ပါ။ လှူဒါန်းပူဇော် ဖူးမြှော်ရန်အတွက် နှစ်သက်ကြည်ညိုသော သူများလည်းရှိကြတော့မည် မဟုတ်ပါ။ ငါးမာရ်အောင်မြင်သော ဘုရားရှင်ထံသို့သာ ပန်း နံ့သာလက်စွဲ၍ မှီဝဲဆည်းကပ်ကြပါလိမ့်မည်။ အနှစ်မရှိသော ဂုဏ်တုဂုဏ်ယောင်ဖြင့် ထောင်လွှားမာန်လွင့်ကာ မပြုသင့်ရိုးမှန်ပါသည်။ အကာဖြစ်သောတရားနှင့် ထောင်လွှားတော်မမူပါနှင့်" ဟု ရင့်ရင့်သီးသီး နှင့် နင့်နင့်ကြီးပြောဆိုကြလေ၏။

တပည့်နှစ်ဦးတို့ လျှောက်ထားသောစကားကို ကြားရသော သိဉ္စည်းဆရာကြီးသည် "တပည့်တို့ ဤလောက မြေပြင်ဝယ် မြော်မြင်တတ်သောပညာရှိကများသလော သို့တည်းမဟုတ် လူနုပ် လုချာ ပညာမဲ့ကင်း လူ့ကြက်ဖျင်းက များသလော" ဟု မေးလေသော် "အို ဆရာတော် ဤ လောကကြီးအတွင်း၌ လူညံ့ကသာပေါ၍ ပညာရှိသောသူများကား အလွန်ရှားပါးပါသည်" ဟု လျှောက်ထားကြလေ၏။ ထို့နောက်မှ သိဉ္စည်းဆရာကြီးက "တပည့်များတို့ ယုတ်ညံ့သော သတ္တဝါသည် ယုတ်မာသော အဆွေခင်ပွန်းကိုသာ မှီဝဲပေသည်။ မလိမ္မာ ပညာပေတုံး အသုံးမကျ လူဗာလ သည်ကား သူကဲ့သို့ပင် ဥာဏ်မြင်မရှိ ငတုံးတိတို့ကိုသာ မှီဝဲဆည်းကပ်တတ်ပေသည်။ သို့အတွက် ပညာမရှိ ဂုဏ်ထူးကိုမသိသောသူအပေါင်းသည် ငါတို့ထံမှောက်သို့ လာရောက်ချေလိမ့်မည်။ ပညာမြော်မြင် သမ္ပဇဉ်ရှိသော လူရှင် ရဟန်း အပေါင်းသည်ကား ဘုရားဂေါတမထံပါးသို့ သွားကြပေလိမ့်မည်။ ထို့ကြောင့် ငါဆရာအတွက် လာဘ်လာဘ အရေးကို မတွေးလွန်၍ သွေးမွှန်စိုးရိမ်ရန်မရှိချေ။ မစိုးရိမ်ကြပါကုန်လင့် သင်တပည့်တို့ကား သွားလိုလျှင်သွားကြကုန်"ဟု ပြောဆိုလေ၏။

( အရှင် ဓမ္မဿာမီဘိဝံသ စီရင်ခဲ့သော "မူလ  မဟာဗုဒ္ဓဝင်" 
ကျမ်း မှ ကူးယူမျှဝေပါသည်။ )

မှတ်ချက်။ ။ အောက်ဆုံးအပိုဒ် သိဉ္စည်းဆရာကြီး၏ စကားသည် သံဝေဂယူဖွယ်ဖြစ်သည်ဟုယူဆမိပါသည်။

အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလန် အဂ္ဂသာဝက လောင်းလျာနှစ်ပါး။

သိဉ္စည်းဆရာကြီးကို ခေါ်ကြခြင်း။

~~~~~~~~~~~~~~~~~


ဥပတိဿ နှင့် ကောလိတ တို့သည် သိဉ္စည်းဆရာကြီးထံသို့ သွားကြကုန်၍ "အရှင် ဆရာတော်ဘုရား…တပည့်များသည် နိဗ္ဗာန်တရား ဟောကြား ညွှန်ပြတတ်သော ဆရာမြတ်ကိုတွေ့ကြပါပြီ။
 
 ဤလောက၏ အစအဆုံးကို အလုံးစုံမြင်၍ တဏှာ အဝိဇ္ဇာစင်အောင် ပြုတတ်သော မြတ်စွာဘုရားသည် ထင်ရှားစွာပွင့်တော်မူပါပြီ။ တရားစစ် တရားမှန် နှင့် သံဃာစစ် သံဃာမှန်များလည်း အထင်အရှား ဖြစ်ပေါ်ပါပေပြီ။ 
 
အရှင် ဆရာတော်များသည် အနှစ်သာရမရှိဘဲ အကာအတိသာ ဖြစ်၍ စင်စစ်အားဖြင့် အချည်းအနှီးသာဖြစ်သော အကျင့်ကို ပယ်လွှင့်စွန့်ခွာကာ ဘုရားမြတ်စွာထံ အဆုံးအမခံပြီးလျှင် ကျင့်ကြံအားထုတ်ကြကုန်စို့အံ့"ဟု လျှောက်ထားပြောဆိုကြကုန်၏။

ထိုအခါ သိဉ္စည်းဆရာကြီးက "ငါ၏ လက်ရုံးအလားကဲ့သို့ အားထားရသောတပည့်မြတ်နှစ်ဦးတို့…ငါဆရာသည်ကား ဤရာဇဂြိုလိပြည်ကြီး၌ ထီးတံခွန်အသွင် အလွန်ပင်ထင်ရှားသော ဂိုဏ်းဆရာကြီးတစ်ပါးဖြစ်ချေသည်။ ရေခံအိုးအိုးတုပ်ကြီးကို
 ခေါင်းရွက်လက်ငင် အိုးကလေးပြုလုပ်လျှင် အမြင်မတော်သဖြင့် ဆင်တော်နှင့်ခလောက်သကဲ့သို့ သူတစ်ပါးလက်အောက်ခံ၍ မလျော်ကန်ရာပြီ။ ငါ့ထံ ၌လည်း ပရိသတ်အခြွေအရံများပါ၏။ 
 
ဆရာတပည့်သုံးယောက်ပင် ဤမျှလောက်သော ပရိသတ်တစ်သင်းကို ဆောင်ကြဉ်ကြကုန်အံ့။ တပည့်များလည်းမသွားကြပါနှင့်" ဟု ပြောဆိုကာ သုံးခါ သုံးကြိမ်တားမြစ်လေ၏။ 

ဥပတိဿ နှင့် ကောလိတတို့ကလည်း "ဤ လောကကြီးအတွင်း၌ ပြိုင်ဘက်ကင်း၍ လူမင်း နတ်မင်း ဗြဟ္မာမင်းတို့၏ ဝပ်စင်းပူဇော်ရာ မဟာအတုလ အသဒိသ ဖြစ်သော ဘုရားရှိကြောင်းကို လူအပေါင်းတို့သိကြရလေလျှင် မည်သူတစ်ဦး တင်္စယောက်မျှ ဆရာ့ထံသို့ နည်းခံရန် လာကြတော့မည် မဟုတ်ပါ။ လှူဒါန်းပူဇော် ဖူးမြှော်ရန်အတွက် နှစ်သက်ကြည်ညိုသော သူများလည်းရှိကြတော့မည် မဟုတ်ပါ။ ငါးမာရ်အောင်မြင်သော ဘုရားရှင်ထံသို့သာ ပန်း နံ့သာလက်စွဲ၍ မှီဝဲဆည်းကပ်ကြပါလိမ့်မည်။ 
 
အနှစ်မရှိသော ဂုဏ်တုဂုဏ်ယောင်ဖြင့် ထောင်လွှားမာန်လွင့်ကာ မပြုသင့်ရိုးမှန်ပါသည်။ အကာဖြစ်သောတရားနှင့် ထောင်လွှားတော်မမူပါနှင့်" ဟု ရင့်ရင့်သီးသီး နှင့် နင့်နင့်ကြီးပြောဆိုကြလေ၏။

တပည့်နှစ်ဦးတို့ လျှောက်ထားသောစကားကို ကြားရသော သိဉ္စည်းဆရာကြီးသည် "တပည့်တို့ ဤလောက မြေပြင်ဝယ် မြော်မြင်တတ်သောပညာရှိကများသလော သို့တည်းမဟုတ် လူနုပ် လုချာ ပညာမဲ့ကင်း လူ့ကြက်ဖျင်းက များသလော" ဟု မေးလေသော် "အို ဆရာတော် ဤ လောကကြီးအတွင်း၌ လူညံ့ကသာပေါ၍ ပညာရှိသောသူများကား အလွန်ရှားပါးပါသည်" ဟု လျှောက်ထားကြလေ၏။
 
 ထို့နောက်မှ သိဉ္စည်းဆရာကြီးက "တပည့်များတို့ ယုတ်ညံ့သော သတ္တဝါသည် ယုတ်မာသော အဆွေခင်ပွန်းကိုသာ မှီဝဲပေသည်။ မလိမ္မာ ပညာပေတုံး အသုံးမကျ လူဗာလ သည်ကား သူကဲ့သို့ပင် ဥာဏ်မြင်မရှိ ငတုံးတိတို့ကိုသာ မှီဝဲဆည်းကပ်တတ်ပေသည်။ 
 
သို့အတွက် ပညာမရှိ ဂုဏ်ထူးကိုမသိသောသူအပေါင်းသည် ငါတို့ထံမှောက်သို့ လာရောက်ချေလိမ့်မည်။ ပညာမြော်မြင် သမ္ပဇဉ်ရှိသော လူရှင် ရဟန်း အပေါင်းသည်ကား ဘုရားဂေါတမထံပါးသို့ သွားကြပေလိမ့်မည်။ 
 
ထို့ကြောင့် ငါဆရာအတွက် လာဘ်လာဘ အရေးကို မတွေးလွန်၍ သွေးမွှန်စိုးရိမ်ရန်မရှိချေ။ မစိုးရိမ်ကြပါကုန်လင့် သင်တပည့်တို့ကား သွားလိုလျှင်သွားကြကုန်"ဟု ပြောဆိုလေ၏။

( အရှင် ဓမ္မဿာမီဘိဝံသ စီရင်ခဲ့သော "မူလ မဟာဗုဒ္ဓဝင်"
ကျမ်း မှ ကူးယူမျှဝေပါသည်။ )

မှတ်ချက်။ ။ အောက်ဆုံးအပိုဒ် သိဉ္စည်းဆရာကြီး၏ စကားသည် သံဝေဂယူဖွယ်ဖြစ်သည်ဟုယူဆမိပါသည်။

No comments:

Post a Comment