/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Thursday, April 10, 2014

*** ဓမ္မစကြာတရား ဟောတော်မူပုံ ( ဆင်းရဲခံအကျင့် ) ***

Photo: ဓမ္မစကြာတရား ဟောတော်မူပုံ။
~~~~~~~~~~~~~~~~~

ယမန်နေ့မှအဆက် (9.3.2014)

ဆင်းရဲခံအကျင့်။     ။
------------------

မြတ်ဗုဒ္ဓရှင်တော်ဘုရားသည် ၆-နှစ်လုံးလုံး ပင်ပန်းဆင်းရဲ ခက်ခဲသဘ့် ဒုက္ကရ အကျင့်များကို ကျင့်တော်မူခဲ့သည်။
ယင်းသို့ကျင့်ရသောကြောင့် တကိုယ်လုံးတွင် အရိုးအဆစ်တို့မှာ ဖုထစ်ငေါထွက်နေ၍ အရိုးအဆစ်မဟုတ်သည့်နေရာတို့မှာ ပိန်ချိုင့်နေသောကြောင့် ကြက်ဆူးဆင်သုမနွယ် ကဲ့သို့ဖြစ်နေသည်။ 
တင်ပါးနှစ်ဘက်တို့မှာ ပတ်ဝန်းကျင် ပိန်ရှုံ့လျက် စအိုပေါက်မှာ အတွင်းသို့ ချိုင့်ဝင်နေသောကြောင့် ကုလားအုတ်ခွါနှင့်တူနေပေသည်။ 
ကျောပြင်မှ ကျောရိုးတို့မှာ ဖေါင်းသည့်နေရာကဖေါင်း ပိန်သည့်နေရာကပိန်ကာ အဖုဖု အထစ်ထစ် အဆစ်ဆစ် ပေါ်နေသောကြာင့် စိတ်ပုတီးကုံး ကဲ့သို့ ဖြစ်နေပေသည်။ 
နံရိုးများ အကြားအကြား၌ အသားများနိမ့်ကျ၍ အရိုးများပေါ်ထွက်နေသောကြောင့် သက်ကယ်မိုးမျိားဆွေးကျ၍ အခြင်းဝါးမျိား ပေါ်နေသည့် အိမ်ပျက် တဲပျက်နှင့် တူနေပေသည်။ 
မျက်တွင်းနှစ်ဘက်ချိုင့်ဝင်ကာ မျက်လုံးလက်လက်ကလေးကိုသာ မြင်ရသောကြောင့် ရေတွင်းနက်ကြီးအထဲမှ ရေလက်လက်းကလေးကိုသာ မြင်ရသည်နှင့်တူပေသည်။ ဦးခေါင်းမှာလည်း ဗူးသီနုနု ကိုနေလှမ်း၍ ညှိုးနွမ်း တွန့်ရှုံ့နေသကဲ့သို့ ဖြစ်နေပေသည်။ ဝမ်းဗိုက်နှင့်ကျောသားတို့ ပိန်ကပ်၍ နေသောကြောင့် ဝမ်းရေကို စမ်းလိုက်လျှင် ကျောရိုးကိ စမ်းမိသည်။ ကျောရိုးကို စမ်းလိုက်လျှင် ဝမ်းရေကို စမ်းမိနေပေသည်။ 
ကျင်ကြီး ကျင်ငယ်စွန့်လျှင် အာဟာရဓါတ်မရှိသောကြောင့် ကျင်ငယ်ဟူ၍ မထွက် ကျင်ကြီး သာလျှင် ကွမ်းသီး တစ်လုံး နှစ်လုံးခန့် ခဲယဉ်းစွာထွက်ရသည်။  ထွက်ရန် အရေး ချွေးသီး ချွေးပေါက်ကျအောင် ညှစ်ရသည်။ ထွက်ပြန်ကလည်း ထိုင်နေရာမှပင် မထိန်းနိုင်ပဲ လဲကျရလေသည်။
သက်သာမှုရလို၍ ကိုယ်ကို လက်ဖြင့် ပွတ်လိုက်လျှင် အမွေးအမှင်များ တဖွားဖွားကျွတ်၍ ကျလေသည်။ 
အလောင်းတော်၏ ပင်ကိုယ် အရောင်အဆင်းမှာ ရွှေရောင်ဝင်းနေသော်လည်း ထိုအချိန်၌ အသားမဲကြီး အသားညီုကြီး မွဲပြာပြာ ငါးခူသားရေရောင် ကြီးဟု ထင်ရလောက်အောင် အဆင်းအရောင်ပျက်နေပေသည်။ 

ဤမျှလောက် ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ပင်ပန်းဆင်းရဲမှုကို သည်းခံ၍ ကျင့်ကြံခြင်းမှာ တစ်နေ့, တစ်လ, တစ်နှစ် မကပါချေ။ ခြောက်နှစ်တိတိကြာခဲ့ပေသည်။ 

ယင်းသို့ ဆင်းရဲပင်ပန်းခံ၍ ကျင့်ခြင်းကို ပါဠိဘာသာဖြင့် "အတ္တကိလမထာနုယောဂ" ဟုခေါ်ဆိုပေသည်။ 
ယင်းပါဠိကို အတ္တ+ကိလမထ+အနုယောဂ ဟု ပုဒ်ခွဲရသည်။ 

အတ္တ = မိမိကိုယ်ကို

ကိလမထ = ဆင်းရဲပင်ပန်းစေမှု၌

အနု = အဖန်ဖန် 

ယောဂ = အားထုတ်ခြင်း ဟူ၍ အနက်အဓိပ္ပာယ် ရရှိပေသည်။

အစာငတ်ခံခြင်း, အသက်မရှုပဲ အောင့်ထားခြင်း, ချမ်းအေးသည့် အခါ၌ ရေချိုးခြင်း, ပူအိုက်သည့်အခါ၌ မီးလှုံခြင်း စသော မိမိ ခန္ဓာက်ုယ်ကို ပင်ပန်းဆင်းရဲစေသည့် အကျင့်မျိုးဖြစ်ပေသည်။

ယင်း အတ္တကိလမထာနုယောဂ ကို မြတ်ဗုဒ္ဓရှင်တော်ဘုရားသည် အလောင်းတော်ဘဝ ဒုက္ကရစရိယာ ကျင့်စဉ် အခါက ၆-နှစ်ပတ်လုံး ကျင့်သုံးခဲ့ပြီး ဖြစ်သည်။
သို့သော် သစ္စာလေးပါး တရားသိမြင် သဗ္ဗညုတဥာဏ်ရှင် မဖြစ်ခဲ့ချေ။ 
ထို့ကြောင်း ယင်း အတ္တကိလမထာနုယောဂ ကို တစ်ဘက်စွန်းသို့ ရောက်နေသည့်တရား ဟု သတ်မှတ်တော် မူခဲ့သည်။ 

ဒုက္ခော = ဆင်းရဲပင်ပန်းသောတရား

အနရိယော = မြင့်မြတ်သူ အရိယာတို့၏ အကျင့် မဟုတ်သောတရား

အနတ္တသံဟိတော = အကျိုးမဲ့ဖြစ်စေသောတရား ဟူ၍ ကဲ့ရဲ့ရှုတ်ချတော် မူခဲ့သည်။ 

သို့သော် ဤအပျက့်တရားကို လူတိုင်း မကျင့်နိုင်သောကြောင့် ဟီနော ဂါမ္မော ပေါထုဇ္ဇနိကော ဟူ၍ကား မကဲ့ရဲ့သည်ကို သတိပြုသင့်ပေသည်။

ယင်းသို့ ဖေါ်ပြခဲ့သည့် ချမ်းသာစံအကျင့် (=ကာမသုခလိကာနုယောဂ) နှင့် ဆင်းရဲခံအကျင့် (=အတ္တကိလမထာနုယောဂ) တို့ကို ဓမ္မစကြာ တရားတော်၌ 
"ဒွေ အန္တ = အစွန်းတရား ၂ ခု" ဟူ၍ ဟောတော်မူသည်။ 
အန္တ = သဒ္ဒါသည် အစွန်းဟူသောအနက်မှ တပါး အယုတ်ဟူသောအနက် ကိုလည်း ဟောနိုင်ပေသည်။ 
ထို့ကြောင့်

"ဒွေ အန္တ = အယုတ်တရား ၂ ခု" ဟူ၍လည်း အနက်ပြန်ဆိုနိုင် ပေသည်။ 
ယင်းအစွန်းတရား အယုတ်တရား ၂ ပါးကို "ပဗ္ဗဇိတေန နသေဝိတဗ္ဗာ= ရဟန်းသည် မမှီဝဲအပ် မကျင့်အပ် " ဟုတားမြစ်တော်မူသည်။

(ဆက်လက်ကူးယူဖေါ်ပြပါမည်ရှင်)

 ဓမ္မစကြာတရား ဟောတော်မူပုံ။
~~~~~~~~~~~~~~~~~
ဆင်းရဲခံအကျင့်။ ။

------------------


မြတ်ဗုဒ္ဓရှင်တော်ဘုရားသည် ၆-နှစ်လုံးလုံး ပင်ပန်းဆင်းရဲ ခက်ခဲသဘ့် ဒုက္ကရ အကျင့်များကို ကျင့်တော်မူခဲ့သည်။
ယင်းသို့ကျင့်ရသောကြောင့် တကိုယ်လုံးတွင် အရိုးအဆစ်တို့မှာ ဖုထစ်ငေါထွက်နေ၍ အရိုးအဆစ်မဟုတ်သည့်နေရာတို့မှာ ပိန်ချိုင့်နေသောကြောင့် ကြက်ဆူးဆင်သုမနွယ် ကဲ့သို့ဖြစ်နေသည်။


တင်ပါးနှစ်ဘက်တို့မှာ ပတ်ဝန်းကျင် ပိန်ရှုံ့လျက် စအိုပေါက်မှာ အတွင်းသို့ ချိုင့်ဝင်နေသောကြောင့် ကုလားအုတ်ခွါနှင့်တူနေပေသည်။ 


ကျောပြင်မှ ကျောရိုးတို့မှာ ဖေါင်းသည့်နေရာကဖေါင်း ပိန်သည့်နေရာကပိန်ကာ အဖုဖု အထစ်ထစ် အဆစ်ဆစ် ပေါ်နေသောကြာင့် စိတ်ပုတီးကုံး ကဲ့သို့ ဖြစ်နေပေသည်။
နံရိုးများ အကြားအကြား၌ အသားများနိမ့်ကျ၍ အရိုးများပေါ်ထွက်နေသောကြောင့် သက်ကယ်မိုးမျိားဆွေးကျ၍ အခြင်းဝါးမျိား ပေါ်နေသည့် အိမ်ပျက် တဲပျက်နှင့် တူနေပေသည်။ 


မျက်တွင်းနှစ်ဘက်ချိုင့်ဝင်ကာ မျက်လုံးလက်လက်ကလေးကိုသာ မြင်ရသောကြောင့်

 ရေတွင်းနက်ကြီးအထဲမှ ရေလက်လက်းကလေးကိုသာ
 မြင်ရသည်နှင့်တူပေသည်။ ဦးခေါင်းမှာလည်း ဗူးသီနုနု ကိုနေလှမ်း၍ ညှိုးနွမ်း တွန့်ရှုံ့နေသကဲ့သို့ ဖြစ်နေပေသည်။ ဝမ်းဗိုက်နှင့်ကျောသားတို့ ပိန်ကပ်၍ နေသောကြောင့် ဝမ်းရေကို စမ်းလိုက်လျှင် ကျောရိုးကိ စမ်းမိသည်။ ကျောရိုးကို စမ်းလိုက်လျှင် ဝမ်းရေကို စမ်းမိနေပေသည်။ 

ကျင်ကြီး ကျင်ငယ်စွန့်လျှင် အာဟာရဓါတ်မရှိသောကြောင့် ကျင်ငယ်ဟူ၍ မထွက် ကျင်ကြီး သာလျှင် ကွမ်းသီး တစ်လုံး နှစ်လုံးခန့် ခဲယဉ်းစွာထွက်ရသည်။ ထွက်ရန် အရေး ချွေးသီး ချွေးပေါက်ကျအောင် ညှစ်ရသည်။ ထွက်ပြန်ကလည်း ထိုင်နေရာမှပင် မထိန်းနိုင်ပဲ လဲကျရလေသည်။သက်သာမှုရလို၍ ကိုယ်ကို လက်ဖြင့် ပွတ်လိုက်လျှင် အမွေးအမှင်များ တဖွားဖွားကျွတ်၍ ကျလေသည်။ 



အလောင်းတော်၏ ပင်ကိုယ် အရောင်အဆင်းမှာ ရွှေရောင်ဝင်းနေသော်လည်း ထိုအချိန်၌ အသားမဲကြီး အသားညီုကြီး မွဲပြာပြာ ငါးခူသားရေရောင် ကြီးဟု ထင်ရလောက်အောင် အဆင်းအရောင်ပျက်နေပေသည်။

ဤမျှလောက် ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ပင်ပန်းဆင်းရဲမှုကို သည်းခံ၍ ကျင့်ကြံခြင်းမှာ တစ်နေ့, တစ်လ, တစ်နှစ် မကပါချေ။ ခြောက်နှစ်တိတိကြာခဲ့ပေသည်။

ယင်းသို့ ဆင်းရဲပင်ပန်းခံ၍ ကျင့်ခြင်းကို ပါဠိဘာသာဖြင့် "အတ္တကိလမထာနုယောဂ" ဟုခေါ်ဆိုပေသည်။
ယင်းပါဠိကို အတ္တ+ကိလမထ+အနုယောဂ ဟု ပုဒ်ခွဲရသည်။

အတ္တ = မိမိကိုယ်ကို

ကိလမထ = ဆင်းရဲပင်ပန်းစေမှု၌

အနု = အဖန်ဖန်

ယောဂ = အားထုတ်ခြင်း ဟူ၍ အနက်အဓိပ္ပာယ် ရရှိပေသည်။

အစာငတ်ခံခြင်း, အသက်မရှုပဲ အောင့်ထားခြင်း, ချမ်းအေးသည့် အခါ၌ ရေချိုးခြင်း, ပူအိုက်သည့်အခါ၌ မီးလှုံခြင်း စသော မိမိ ခန္ဓာက်ုယ်ကို ပင်ပန်းဆင်းရဲစေသည့် အကျင့်မျိုးဖြစ်ပေသည်။

ယင်း အတ္တကိလမထာနုယောဂ ကို မြတ်ဗုဒ္ဓရှင်တော်ဘုရားသည် အလောင်းတော်ဘဝ ဒုက္ကရစရိယာ ကျင့်စဉ် အခါက ၆-နှစ်ပတ်လုံး ကျင့်သုံးခဲ့ပြီး ဖြစ်သည်။



သို့သော် သစ္စာလေးပါး တရားသိမြင် သဗ္ဗညုတဥာဏ်ရှင် မဖြစ်ခဲ့ချေ။
ထို့ကြောင်း ယင်း အတ္တကိလမထာနုယောဂ ကို တစ်ဘက်စွန်းသို့ ရောက်နေသည့်တရား ဟု သတ်မှတ်တော် မူခဲ့သည်။

ဒုက္ခော = ဆင်းရဲပင်ပန်းသောတရား

အနရိယော = မြင့်မြတ်သူ အရိယာတို့၏ အကျင့် မဟုတ်သောတရား

အနတ္တသံဟိတော = အကျိုးမဲ့ဖြစ်စေသောတရား ဟူ၍ ကဲ့ရဲ့ရှုတ်ချတော် မူခဲ့သည်။

သို့သော် ဤအပျက့်တရားကို လူတိုင်း မကျင့်နိုင်သောကြောင့် ဟီနော ဂါမ္မော ပေါထုဇ္ဇနိကော ဟူ၍ကား မကဲ့ရဲ့သည်ကို သတိပြုသင့်ပေသည်။

ယင်းသို့ ဖေါ်ပြခဲ့သည့် ချမ်းသာစံအကျင့် (=ကာမသုခလိကာနုယောဂ) နှင့် ဆင်းရဲခံအကျင့် (=အတ္တကိလမထာနုယောဂ) တို့ကို ဓမ္မစကြာ တရားတော်၌
"ဒွေ အန္တ = အစွန်းတရား ၂ ခု" ဟူ၍ ဟောတော်မူသည်။
အန္တ = သဒ္ဒါသည် အစွန်းဟူသောအနက်မှ တပါး အယုတ်ဟူသောအနက် ကိုလည်း ဟောနိုင်ပေသည်။
ထို့ကြောင့်

"ဒွေ အန္တ = အယုတ်တရား ၂ ခု" ဟူ၍လည်း အနက်ပြန်ဆိုနိုင် ပေသည်။
ယင်းအစွန်းတရား အယုတ်တရား ၂ ပါးကို "ပဗ္ဗဇိတေန နသေဝိတဗ္ဗာ= ရဟန်းသည် မမှီဝဲအပ် မကျင့်အပ် " ဟုတားမြစ်တော်မူသည်။


ဆက်လက်ကူးယူဖေါ်ပြပါမည် ....

ကူယူမျှဝေခြင်းဖြင့် ဤတရားတော်မြတ်အား ပူဇော်ပါ၏။

No comments:

Post a Comment