Pages
Monday, March 31, 2014
**** ဆီးပန်းနီ ဆရာတော် အရှင် နရိန္ဒဓဇ (မြန်မာသက္ကရာဇ် ၁၁၇၃ - ၁၂၅၀)၏ထေရုပ္ပတ္တိ ****
 ****  ဆီးပန်းနီ ဆရာတော် အရှင် နရိန္ဒဓဇ (မြန်မာသက္ကရာဇ် ၁၁၇၃ - ၁၂၅၀)၏ထေရုပ္ပတ္တိ  ****
မြန်မာသက္ကရာဇ် ၁၁၇၃ ပြာသို လပြည့်ကျော် ၁ ရက် စနေနေ့တွင် အမရပူရ၌ မွေးဖွားခဲ့သည်။ ငယ်မည်မှာ မောင်မှော် ဖြစ်သည်။ ဖခင်မှာ ဘိုးတော်ဘုရား၏ အတိုင်ပင်ခံ အမတ် မဟာရာဇသင်္ကြန် ဖြစ်သည်။ ငယ်စဉ်ကပင် သာမဏေ ဝတ်ခဲ့ရာ သာမဏေဘွဲ့မှာ ရှင်နရိန္ဒ ဖြစ်သည်။
**** ဥပသာလကပုဏ္ဏားကြီး *****
ဥပသာလကပုဏ္ဏားကြီး
ဗုဒ္ဓ လက်ထက်တော်က ရာဇဂြိုလ်မြို့မှာဥပသာလကအမည်ရှိတဲ့ ပုဏ္ဏားကြီးတစ်ယောက်ရှိခဲ့ပါတယ်။ သူအသက်ကြီးလာ
တဲ့အခါကျတော့ သားဖြစ်သူကိုသူများနဲ့မတူတဲ့ ထူးခြားချက် တစ်ခုကို မှာကြားသတဲ့။ ဘယ်လိုမှာသလဲဆိုတော့
ငါ့သား အဖေသေရင် ဘယ်လူသေကောင်မှမမြုပ်ရသေးတဲ့နေရာမှာ ရှာဖွေပြီးသင်္ဂြိုလ်
ပါတဲ့။ 
**** ဘဝဂ္ဂ = ဘဝဂ် *****
ဘဝဂ်= ဤမဟာပထဝီမြေကြီးမှ အထက်သို့ ယူဇနာပေါင်း ခုနှစ်ကုဋေ တစ်သန်း ရှစ်သိန်း ငါးသောင်း ခြောက်ထောင် ကွာခြားဝေးမြင့်သော ကောင်းကင်အရပ်၌ နေဝသညာနာသညာယတန အရှုပဘုံတည်၏။ ထိုဘုံကို ဘုံတကာတို့၏ ထိပ်ဖျားဖြစ်၍ ဘဝဂ္ဂဟု ခေါ်၏။
Sunday, March 30, 2014
*** မန်လည် ဆရာတော်ကြီး ရှင်ဇဝန၏ထေရုပ္ပတ္တိ ****
 ***  မန်လည် ဆရာတော်ကြီး ရှင်ဇဝန၏ထေရုပ္ပတ္တိ ****
မန်လည် ဆရာတော်ကြီး ရှင်ဇဝန (၁၈၄၁ - ၁၉၂၀)
မန်လည်ဆရာတော်ဘုရားကြီးရှင်ဇဝန (၁၈၄၁ - ၁၉၂၀)
၁။ (က) ဘွဲ့အမည် - ရှင်ဇဝန (ခ) ငယ်မည် - မောင်မာ ၂။ မိဘအမည် - သစ်ကုန်သည် ဦးထင်ညို + ဒေါ်ဖြေ ၃။ မွေးသက္ကရာဇ် - (မြန်မာ) ၁၂၀၃ ခုနှစ်၊ တန်းခူးလဆန်း ၁၂ ရက်၊ အင်္ဂါနေ့ ၄။ မွေးဖွားရာဒေသ - စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မန်လည်မြို့ ၅။ ကလောင်အမည်ခွဲများ - မရှိပါ
**** ကျီးသဲလေးထပ်ဆရာတော်၏ထေရုပ္ပတ္တိ *****
 ****  ကျီးသဲလေးထပ်ဆရာတော်၏ထေရုပ္ပတ္တိ *****
ကျီးသဲလေးထပ်ဆရာတော်သည် အဖ ဦးအောင်မင်း နှင့် အမိ ဒေါ်ဂျမ်းပုံတို့မှ ရွှေတောင်မြို့၊ ကျီးသဲရွာ ရှမ်းတန်းလေးရပ်၌ မြန်မာသက္ကရာဇ် ၁၁၇၉-ခုနှစ်၊ သီတင်းကျွတ်လဆုတ်(၈)ရက်၊ ကြာသပတေးနေ့ (၁၈၁၇ ခုနှစ်)တွင် ဖွားမြင်လေသည်။ ငယ်မည်မှာ မောင်ကင်း ဟုခေါ်သည်။ ဘွဲ့အမည် - အရှင် မုနိန္ဒာဘိဓဇ ဖြစ်ပါသည်။
*** အရှင်ဉာဏတိလောက( ဂျာမန်ဘုန်းကြီးး)၏ထေရုပ္ပတ္တိ ****
*** အရှင်ဉာဏတိလောက( ဂျာမန်ဘုန်းကြီးး)၏ထေရုပ္ပတ္တိ ****
ဂီတဆရာဘ၀မှ ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ကူးပြောင်းခဲ့သော ဂျာမန် ဘုန်းတော်ကြီးတစ်ပါး ဖြစ်သည်။
၁၉၀၃-ခုတွင် မြန်မာနိုင်ငံသို့ ထူးခြားသော ဂျာမန်လူမျိုးတစ်ဦး ရောက်ရှိလာသည်၊ သူသည် အသက် ၂၅-နှစ် အရွယ်ခန့်ရှိသော လူငယ်တစ်ဦးဖြစ်သည်။
**** အရှင်သေဠိလာဘိဝံသ၏ထေရုပ္ပတ္တိ ****
****  အရှင်သေဠိလာဘိဝံသ၏ထေရုပ္ပတ္တိ  ****
အရှင်သေဠိလာဘိဝံသ (၁၈၉၆-၁၉၉၇)
အရှင်သေဠိလာဘိဝံသ
၁။ အမည်ရင်း - ဦးမောင်ခင် ၂။ မိဘအမည် - ဦးအေး + ဒေါ်ထွေး ၃။ မွေးသက္ကရာဇ် - ၁၂၅၈ ခုနှစ်၊ ဒုတိယဝါဆိုဆန်း ၁ ရက် ၄။ မွေးဖွားရာဒေသ - ပုတီးကုန်းရွာ၊ ပျော်ဘွယ်မြို့
*** တောင်ဖီလာဆရာတော်ကြီး၏ထေရုပ္ပတ္တိ ***
**** တောင်ဖီလာဆရာတော်ကြီး၏ထေရုပ္ပတ္တိ ****
စစ်ကိုင်းမြို့ တောင်ဖီလာတောရ၌ သီတင်းသုံးနေတော်မူသဖြင့် တောင်ဖီလာဆရာ တော်ဟု 
 ကျော်စောခဲ့သော ဆရာတော်ကို သက္ကရာဇ် ၉၄ဝ-ပြည့်နှစ်၊ တပေါင်းလဆန်း ၁၅- ရက်နေ့တွင် အဖ ဦးဖိုးစ၊ အမိ မယ်သီတို့မှ မွေးဖွားသန့်စင်ခဲ့၏။ နံတော်မှာ ကြာသပတေးသား ဖြစ်၍ငယ်မည်တော်ကို မောင်ကျော်ဟု ခေါ်သည်။
 မွေးဖွားရာဇာတိကား စလင်းမြို့ ဖြစ်သတည်း။
**** တောင်တွင်း မင်းကျောင်းဆရာတော်၏ထေရုပ္ပတ္တိ ****
 **** တောင်တွင်း မင်းကျောင်းဆရာတော်၏ထေရုပ္ပတ္တိ ****
တောင်တွင်း မင်းကျောင်းဆရာတော်၏ မွေးဖွားသက္ကရာဇ် စသည်တို့ကို အမှတ်အသား မတွေ့ရပေ။ သို့ရာတွင် စာဆိုတော်များ အတ္ထုပ္ပတ္တိ၌ သက္ကရာဇ် ၁ဝ၈၆-ခုဖွားဟူ၍ မုံရွေးဆရာတော် မှတ်စုကို အကိုးပြု၍ ရေးသားထားသည်။ ထိုသက္ကရာဇ်သည် တောင်တွင်းမင်း ကျောင်းဆရာတော်၏
 မွေးသက္ကရာဇ် မဟုတ်ပါ။ မုံရွေးဆရာတော် မှတ်စုတွင် မှတ်သားထားသည် မှာ တောင်တွင်း ခင်ကြီးဖျော်၏ ဖွားသက္ကရာဇ်သာ ဖြစ်ပါသည်။ ထို့ကြောင့် ခင်ကြီးဖျော်နှင့် မင်းကျောင်းဆရာတော်တို့၏ ဖွားသက္ကရာဇ်မှာ ရောထွေးနေခဲ့ပါသည်။
**** ဗန်းမော်ဆရာတော်ကြီး၏ထေရုပ္ပတ္တိ ****
 ****  ဗန်းမော်ဆရာတော်ကြီး၏ထေရုပ္ပတ္တိ ****
 ငယ်ဘဝ
မြန်မာသက္ကရာဇ် ၁၁၆၈-ခုနှစ် ပဲခူးတိုင်း၊ ရွှေတောင်မြို့၊ ကွမ်းညှပ်စင်ရွာ၌ ဖွားမြင်သည်။ ငယ်နံမည် မောင်ဖြူဝင်း ဖြစ်သည်။ ရဟန်းဘွဲ့မှာ ဦးပဏ္ဍိတ ဖြစ်သည်။ ဆရာတော်သည် သင်္ကန်းနိုင်စကပင် ကိုရင်ဝတ်ခဲ့သည်။ ရတနာပုံ နေပြည်တော်သို့ တက်ကာ စာပေပရိယတ္တိ သင်ယူသည်။ ရတနာပုံနေပြည်တော်ကား သာသနာထွန်းကားစည်ပင်ရာဖြစ်ပါသည်။
*** ဒေါက်တာဓမ္မဝီရိယ မဟာထေရ်၏ထေရုပ္ပတ္တိ ****
 ***  ဒေါက်တာဓမ္မဝီရိယ မဟာထေရ်၏ထေရုပ္ပတ္တိ ****
VEN'ABLE DR.DHAMMAVIRIYO MAHATHEROသည် ၁၉၃၂ခုနှစ်၊ ကာသခါလ (၃)ရက်နေ့၌ အဖ ပရီယိုနား(သ်)ချောင်းဒရီးနှင့် အမိ ရှေပါလီကာချောင်းဒရီး တို့မှ မန္တလေးတိုင်း၊ မေမြို့(ခ)ပြင်ဦးလွင်မြို့မှာ မွေးဖွားခဲ့သည်။ ဖခင်သည် မေမြို့ မီးရထားရုံပိုင်ကြီးဖြစ်၍ မီးရထားဝန်းရှိ မီးရထားရုံပိုင်ကြီးအိမ်မှာ မွေးဖွားခဲ့သည်။
**** နန်းကျောင်းဆရာတော်၏ထေရုပ္ပတ္တိ *****
****  နန်းကျောင်းဆရာတော်၏ထေရုပ္ပတ္တိ  *****
နန်းကျောင်းဆရာတော်သည် ပါဠိစာပေသင်ရိုးကျမ်း ဖြစ်သော သဒ္ဒါကျမ်းကို နိဿယ ပြန်ဆိုတော်မူသဖြင့် ထင်ရှားလာသော ဆရာတော် ဖြစ်သည်။ ဆရာတော်၏ နိဿယကျမ်း ကြီးမှာ ကောင်းမွန် မြင့်မြတ်လှသဖြင့် ခေတ်အဆက်ဆက် စာသင်သားတို့၏ လက်သုံးကျမ်းကြီး တစ်ဆူ ဖြစ်ခဲ့ပေသည်။ ထို့ကြောင့် သင်္ဂြိုဟ် ဗားကရာ ၊ သဒ္ဒါ နန်းကျောင်း ဟူ၍ ရှေးသူဟောင်း တို့ ဆိုစမှတ်ပြုကြလေသည်။ 
*** ဓမ္မဒူတ တောရကျောင်း ဆရာတော်၏ထေရုပ္ပတ္တိ ****
***  ဓမ္မဒူတ တောရကျောင်း ဆရာတော်၏ထေရုပ္ပတ္တိ ****
ဓမ္မဒူတ တောရကျောင်း ဆရာတော် (၁၉၃၄ - ၁၉၉၇)
၁။ ဘွဲ့အမည် - အရှင်ပညာဇောတ(ဓမ္မဒူတ)
၂။ မိဘအမည် - ဦးတွတ် + ဒေါ်ငွေတင်
၃။ မွေးသက္ကရာဇ် - ၁၉၃၄ ခုနှစ်
၎။ မွေးဖွားရာဒေသ - ဟင်္သာတမြို့နယ်၊ လက်ပံလှ ကျေးရွာအုပ်စု၊ ပဲခူးစုကျေးရွာ
*** ပထမ ကျော်အောင်စံထားဆရာတော် ( ၁ဝ၆၇-၁၁၁၅ )၏ ထေရုပ္ပတ္တိ ****
 ***  ပထမ ကျော်အောင်စံထားဆရာတော် ( ၁ဝ၆၇-၁၁၁၅ )၏ ထေရုပ္ပတ္တိ ****
ဟံသာဝတီရောက် မင်းတရားကြီး၏ ကျော်အောင်စံထား ကျောင်းတိုက်ကြီးကို ပထမ အလှူခံ ရရှိတော်မူသဖြင့် ' ပထမ ကျော်အောင်စံထားဆရာတော် ' ဟူ၍ ကျော်ကြားလာသော ဆရာတော်ကား ပခန်းကြီးမြို့ စီရင်စု၊ ပိုက်သင်ရွာ၌ သက္ကရာဇ် ၁ဝ၆၇-ခုနှစ်တွင် အဖဦးရွှေအောင်၊ အမိ ဒေါ်ကြုတ်တို့မှ ဖွားသန့်စင်ခဲ့ပေသည်။ ငယ်နာမည်မှာ မောင်ပန်းအောင် ဟူ၍ ဖြစ်သည်။
***** ဖျာပုံတိုက်သစ်ဆရာတော်၏ထေရုပ္ပတ္တိ ****
 ****  ဖျာပုံတိုက်သစ်ဆရာတော်၏ထေရုပ္ပတ္တိ  ****
ဖွားမြင်တော်မူခြင်း
အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်ရရှိတော်မူသော သုတေသန သရုပ်ပြ အဘိဓာန်ကျမ်းပြုဆရာတော် ဘဒ္ဒန္တသြဘာသာဘိဝံသမထေရ်မြတ်သည် ဧရာဝတီတိုင်း မအူပင်မြို့အနီး ခရီးခြောက်မိုင်ခန့်အကွာ ခနောင်ထော်ရွာတွင် မွန်မျိုးအဆက်အနွယ်ဖြစ်သူ ကုန်သွယ်လယ်လုပ်မျိုးရိုးမှ ဆင်းသက်လာသော ခမည်းတော် ဦးဖိုးသိန်းနှင့် သူကောင်းမျိုးရိုး၏ အဆက်အနွယ်ဝင်ဖြစ်သော မယ်တော် ဒေါ်ဒေါ်ညွန့်တို့မှ သက္ကရာဇ် ၁၂၆၈-ခုနှစ်၊ ဥတုဝသန္တ၀ါဆိုလပြည့်ကျော် ၁၁ရက်တနင်္ဂနွေနေ့ နံနက် အရုဏ်တက်၌ မီးရှူးသန့်စင်ဖွားမြင်တော်မူသော သားရတနာ ဖြစ်သည်။
**** ဆရာတော်ဦးဗုဓ်၏ထေရုပ္ပတ္တိ *****
 ****   ဆရာတော်ဦးဗုဓ်၏ထေရုပ္ပတ္တိ   *****
ဆရာတော်ဦးဗုဓ်သည် ကုန်းဘောင်ခေတ်၌ ပရိယတ္တိ နေမင်းတစ်ဆူ ပမာထင်ရှားကျော်ကြားတော်မူသော ဆရာတော်တစ်ပါး ဖြစ်သည်။ ဆရာတော်ဦးဗုဓ်ကို ၁၁၄၉-ခု၊ နယုန်လပြည့်ကျော် (၅)ရက် အင်္ဂါနေ့တွင် မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ရွာ၊ သာခေါင်ရပ်၌ မွေးဖွားသည်။ မိဘများမှာ ဦးအိုနှင့် ဒေါ်မွှေး ဖြစ်သည်။ ဆရာတော်လောင်းလျာ သတို့သားကို ဖွားမြင်စဉ် လငပုပ်ဖမ်းချိန်နှင့် တိုက်ဆိုင်ကြုံတွေ့ရသောကြောင့် အမည်ကို မောင်ပုပ် ဟု မှည့်ခေါ်ကြသည်။
***** မုံလယ်ဆရာတော်၏ထေရုပ္ပတ္တိ *****
 *****  မုံလယ်ဆရာတော်၏ထေရုပ္ပတ္တိ  *****
မုံလယ်ဆရာတော်အလောင်းအလျာကို အနောက်ဂန့်ဂေါမြို့နယ်နေ ခမည်းတော် ဦးငွေထွန်း၊ မယ်တော် ဒေါ်ဆေးရန်တို့မှ ၁၂၈၂ ခုနှစ်၊ နတ်တော် လပြည့်ကျော်(၁၃)ရက်၊ သောကြာနေ့၊ နံနက်(၁)နာရီ အချိန်တွင် မီးရှူးသန့်စင် ဖွားမြင်ခဲ့ပါသည်။ ငယ် အမည်မှာ မောင်ဝသိန်းဖြစ်သည်။ ညီအစ်ကို မောင်နှမ လေးယောက် ရှိသည့်အနက် တတိယမြောက် သားရတနာဖြစ်သည်။
**** အရှင် မေတ္တာစာရ၏ထေရုပ္ပတ္တိ ****
 ****  အရှင် မေတ္တာစာရ၏ထေရုပ္ပတ္တိ  ****
အရှင် မေတ္တာစာရ သည် မြန်မာနှင့် နိုင်ငံတကာဘလော့ဂ်လောက၌ ရဟန်းတော်တစ်ပါးအဖြစ်ဖြင့်ထင်ရှားသည် ။ အရှင် မေတ္တာစာရ ကို မေလ ၁ ၊ ၁၉၈၀ခုနှစ်တွင် စစ်ကိုင်းတိုင်း ၀န်သိုမြို့၌ ဦးမြသီး+ဒေါ်ညိုဥတို့မှ မွေးဖွာ:သည်။ ၁၉၉၄ ခုနှစ်တွင် ကိုရင်စ၀တ်ပြီး ၂၀၀၀ခုနှစ်အရောက်တွင် မြင့်မြတ်သော ရဟန်းဘ၀သို့ ကူးပြောင်းခံယူသည်။ မြန်မာအစိုးကကျင်းပသော ပထမပြန်စာမေးပွဲများ ( မူ၊ငယ်၊လတ်၊ကြီး) အောင်မြင်ခဲ့သည်။
**** မဟာစည်ဆရာတော်၏ထေရုပ္ပတ္တိ *****
ဆဋ္ဌသင်္ဂီတိပုဈက အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော် သြဝါဒါစရိယ ကမ္ဘာ့ သာသနာပြု ကျေးဇူးတော်ရှင် မဟာစည် ဆရာတော် ဘုရားကြီး ဘဒ္ဒန္တသောဘဏ
မဟာစည်ဆရာတော်(ဦးသောဘဏ) [၁၉၀၄-၁၉၈၂] (၁၂၆၆ - ၁၃၄၄)
ကျေးဇူးရှင်မဟာစည်ဆရာတော် ဦးသောဘနကို ရွှေဘိုမြို့၊ ဆိပ်ခွန်ရွာနေ ဦးကံထော်၊ ဒေါ်ရွှေအုပ်တို့မှ မြန်မာသက္ကရာဇ်၁၂၆၆-ခုနှစ်၊ ဒုတိယ၀ါဆိုလပြည့်ကျော် ၃-ရက်၊ သောကြာနေ့ နံနက်သုံးနာရီ အချိန်တွင် ဖွားမြင်တော်မူသည်။ ငယ်နာမည်မှာ မောင်သွင်ဖြစ်သည်။
အသက်ခြောက်နှစ်သား အရွယ်တွင် ဆိပ်ခွန်ရွာရှိ ပျဉ်းမနားကျောင်း ဘုန်းတော်ကြီး ဦးပရမ ထံ၌ ပညာသင်ကြားခဲ့သည်။
**** မဟာရတနာကရဆရာတော် ( ၉၇ဝ ခန့်-၁ဝ၅ဝ ခန့် )၏ထေရုပ္ပတ္တိ ****
 ****   မဟာရတနာကရဆရာတော် ( ၉၇ဝ ခန့်-၁ဝ၅ဝ ခန့် )၏ထေရုပ္ပတ္တိ ****
မဟာရတနာကရဆရာတော်သည် သာလွန်မင်းတရား လက်ထက်တွင် ထင်ရှားသော ဆရာတော်တစ်ပါး ဖြစ်သည်။ ဘွဲ့မည်မှာ သျှင်သဒ္ဓမ္မာလင်္ကာရ ဖြစ်၏။ ငယ်စဉ်က ဆင်ဦးဘုရင် ဆရာတော်ထံတွင် စာပေများကို သင်ကြားရ၏။
**** ယောဆရာတော် အရှင် သိရိန္ဒာဘိဝံသ၏ထေရုပ္ပတ္တိ ****
အရှင် သိရိန္ဒာဘိဝံသ (ယောဆရာတော်) (၁၃၀၄)
၁။ အမည်ရင်း - မောင်သာမောင်
၂။ မိဘအမည် - ဦးရဲနိုင် + ဒေါ်တုတ်ခိုင်
၃။ မွေးသက္ကရာဇ် - ၁၃၀၄ ခုနှစ် ၊ သောကြာနေ့
၎။ မွေးဖွားရာရာ ဒေသ - မကွေးတိုင်း၊ ဂန့်ဂေါ်မြို့နယ် (ယောနယ်)၊ လက်ပံရွာ
*** ရဝေထွန်း(ဘဒ္ဒန္တ တိလောကသာရ)၏ထေရုပ္ပတ္တိ ****
ရဝေထွန်း(ဘဒ္ဒန္တ တိလောကသာရ) [၁၉၂၄ - ၂ဝဝ၃]
၁၉၂၄ - ခုနှစ်၊ ဇူလိုင်လ(၁၂)ရက် (၁၂၈၆-ခု၊ ၀ါဆိုလဆန်း-၁၂့ရက်) စနေနေ့တွင်၊ ပြည်ခရိုင်၊ ပေါင်းတလည် မြို့နယ် ရွာမကြီးရွာ၌ ခမည်းတော် ဦးစံဖေ၊ မယ်တော် ဒေါ်မေတို့က ဖွားမြင်တော်မူခဲ့သည်။ စတုတ္ထမြောက် သား ရတနာဖြစ်သည်။
*** (သီတဂူဆရာတော်ကြီး၏ထေရုပ္ပတ္တိ) ****
Photo: (သီတဂူဆရာတော်ကြီး၏ထေရုပ္ပတ္တိ)
သီတဂူဆရာတော် ဦးဥာဏိဿရ (၁၉၃၆-) မြန်မာသက္ကရာဇ် ၁၂၉၈ - ခု၊ တပါင်းလပြည့်နေ့၌ အဖ ဦးမောင်ညို၊ အမိ ဒေါ်သန်းတင်တို့က ပဲခူးတိုင်း၊ ပြည် မြို့နယ် စီရင်စု၊ သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဖွားမြင်သည်။ အသက်(၇)နှစ်အရွယ်တွင် သဲကုန်းမြို့တပ် အလယ်တန်းကျောင်းတွင် စတင်ပညာသင်ကြားခဲ့။ အသက်(၁၅)နှစ်အရွ ယ်တွင် ရှင်သာမဏေပြုခဲ့။ သက္ကရာဇ်-၁၃၁၈ - (သာသနာနှစ်-၂၅၀၀ ပြည့်နှစ်) နယုန်လဆန်း(၄)ရက်နေ့ အသက်(၁၉)နှစ်အရွယ်တွင် သဲကုန်းမြို့၌ ရဟန်းပြု။ ရှင်သာမဏေပြုချိ န်မှစ၍ ပိဋကတ် အခြေခံကျမ်းစာများကို သဲကုန်းမြို့တပ် အလယ်တန်း ကျောင်း ဆရာတော်ထံ၌ ပြည့်စုံအောင် သင်ကြားခဲ့သည်။ ၁၃၂၂ - ဓမ္မာစရိယတန်းအော င်။ ရန်ကုန်မြို့၊ တာမွေသိမ်ကုန်းတိုက် မန္တလေးမြို့အနော က်ခင်မကန်တိုက်၊ စကု တိုက်၊ တောင်သမန်တိုက်၊ မိုးကောင်းတိုက်၊ ဝေယံဘုံသာတိုက်၊ ဘုရားကြီးတိုက်၊ ရွှေရေးဆောင်တိုက်များတွင် အဆင့်မြင့် ပိဋကတ်ကျမ်းစာများကို သင်ကြားခဲ့။ ၁၃၂၃-၂၆ - ရန်ကုန်မြို့၊ ကမ္ဘာအေး သံဃာ့တက္ကသိုလ်တွင် သာသနာပြု ပညာရပ်များသင်ကြားခဲ့။ ၁၃၂၆-၂၇ - ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ -ဘီ၊ဘီအမ်အေကောလိပ် (မြန်မာဗုဒ္ဓဘာသာ၊ သာသနာပြု ကျောင်း)တွင် ပရဟိတ လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ခဲ့။ ၁၃၂၉ - ၁၃၃၃ - စစ်ကိုင်းတောင် အနီးစခန်းဆရာတော်ထံ၌ ပိဋကတ်ကျမ်းစာများကို (၅)နှစ်တိုင်တိုင် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားခဲ့။ ၁၃၃၄ - ၃၇ - (၄)နှစ်တိုင်တိုင် မွန်ပြည်နယ်၊ ပေါင်မြို့နယ် သပိတ်အိုင်တောရစခန်း၌ ဧကစာကျင့်သုံးကာ ဓုရ နှစ်ပါးမပြတ် အားထုတ်ခဲ့။ ၁၃၃၈ - စစ်ကိုင်းတောင်၊ သဒ္ဓမ္မသီတဂူချောင်ကို စတင်တည်ဆောက်ခဲ့။ ၁၃၄၂ - ၄၇ - စစ်ကိုင်းတောင် ချောင်ပေါင်း(၉၀ ၀)ခန့်အတွက်-သီတဂူရေအလှူတော် စီမံကိန်းကို ဆောင်ရွက်ခဲ့။(တစ်နေ့လျှင် ရေဂါလံ ၅-သိန်းခန့်ပေးဝေလျှက်ရှိ။ ဧရာဝတီမြစ်အတွင်းမှရေကို စစ်ကိုင်းတောင်ရိးပေါ်အရောက် ဆောင်ရွက်ရခြင်းဖြစ်။) ၁၃၄၇ - ၀ါခေါင်လပြည့်နေ့ မှစ၍ သီတဂူ အာယုဒါနဆေးရုံကို တည်ဆောက်။ (တစ်လလျှင် ပျမ်းမျှကုန်ကျ စရိတ် ကျပ်သိန်း(၂၀)ခန့်ဖြင့် ဆေးဝါးကုသဒါနပြု လျှက်ရှိ။) ၁၃၅၁ - ဆေးရုံပြီးမြောက်။ (ကုတင်-၁၀၀ဆန့် ကျပ်-သိန်း၅၀၀ကျော်ကုန်။) ဆရာတော်ဘုရားကြီးသည် ရေအလှူတော်၊ အာယုဒါနအလှူတော်သာမက ပညာရေး၊ လူမှုရေး၊ မိဘမဲ့ကလေးငယ်များ စောင့်ရှောက်နိုင်ရေး အတွက်ပါ သိန်းပေါင်းများ စွာ လှူဒါန်းလျက်ရှိ။ ဆရာတော်ကြီးသည် မြန်မာပြည်တွင်း ကျန်းမာရေး၊ ပညာရေးနှင့် ဧရာဝတီအလှူတော်လုပ်ငန်များကို လုပ်ဆောင်ခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ဆယ်စုနှစ်များစွာကတည်းက ဆရာတော်ကြီး၏ ရေအလှူတော်၊ ဆေးရုံနှင့် ဆေးအလှူတော် လုပ်ငန်းများမှာ ကြည်နူးဖွယ်ရာ ဖြစ်သည်။ ဆားတောင်၊ သီပေါ၊ ကလေး၊ နတ်မောက်၊ ပန်းတနော်၊ ထားဝယ်၊ မင်းတပ် (ချင်းပြည်နယ်)နဲ့ မြိုင်ကြီးငူ (ကရင်ပြည်နယ်) တို့၌ ဆေးရုံများတည်ဆောက်နေသည်။ ဆေးရုံ ၈ရုံ ရှိပြီး ဆေးရုံတရုံကို ကျပ်ငွေ သိန်း ၁၀၀၊ ဆေးပစ္စည်း သိန်း ၁၅၀ ကုန်ကျမှာဖြစ်သည်။ မျက်စိအလင်းရရန် ခွဲစိတ်ကုသပေးနေပြီး ပြည်သူ ၁ သောင်းခွဲ ရှိသည်။ နှစ်စဉ် ၁ သောင်းခွဲ အလင်းရဖို့ လုပ်ပေးနေခြင်း ဖြစ်သည်။  ပြည်ပသာသနာပြုခရီး  ၁၉၈၁(ခရစ်နှစ်) - ထိုနှစ်မှစ၍ နိုင်ငံပေါင်းများစွာသို့ အကြိမ်ကြိမ်သွားရောက်သာသနာပြုခဲ့ ။ အင်္ဂလန်၊ အမေရိကန်၊ အိန္ဒိယနိုင်ငံတို့တွင် ၀ါကပ်ဆိုခဲ့။ အမေရိကန်ပြည်ထောင်စု နက်ရှ်ဗီးမြို့၌ ၀ါဆိုစဉ် တက္ကသိုလ် ကောလိပ်များတွင် ဗုဒ္ဓဒေသနာကမ္မဌာန်း၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးတို့ကို အမေရိကန်လူမျိုးများအား သင်ကြား ပို့ချဟောကြားခဲ့၊ ပြည်ပတွင်လည်း ဒါနပြုခဲ့၊ ပြည်ပမှမျက်စိကုဆရာဝန်ကြီးများအား ဖိတ်ကြား၍ ဝေဒနာရှင်များ အား အာယုဒါနဆေးရုံတွင် ခွဲစိတ်ကုသပေးခဲ့။ သက္ကရာဇ်-၁၄၅၄ - ၀ါဆိုလပြည့်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ အော်စတင်မြို့တွင် ရဟန်းတော်(၅)ပါး၊ လူပုဂ္ဂိုလ်(၁၅)ယောက်တို့ဖြင့် ထေရ၀ါဒဓမ္မအသင်းကို တည်ထောင်ခဲ့၊ ဓမ္မပြန့်ပွားရေး ဆောင်ရွက်ခဲ့။ ထိုသင်တန်းတွင် နက်ရှ်ဗီးမြို့၊ ဗန်ဒါဗစ်တက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများအား ပို့ချခဲ့။ ထိုဟောပြောချက်မှ ဓမ္မအနှစ်စာတမ်းပေါင်း (၁၅)ခု ပေါ်ထွက်ခဲ့။  ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်  ခရစ်နှစ်-၁၉၉၁ - ၄င်းနှစ်မှစတင်၍ သဒ္ဓမ္မသီတဂူချောင်တွင် ကမ္ဘာ့ဗုဒ္ဓတက္ကသို လ်ဖွင့်လှစ်၍ ပိဋကတ် ကျမ်းစာ၊ ဗုဒ္ဓသာသနာ့သမိုင်း၊ သာသနာပြုနည်း၊ ကမ္မဌာန်းတရားများအား ရဟန်းတော်၊ သာမဏ၊ သီလရှင် နှင့် လူပုဂ္ဂိုလ်များအားပို့ချပေးခဲ့။ ထိုတက္ကသိုလ်မှ B.A, M.A, Ph.D-ဘွဲ့များအပ်နှင်းနိုင်ခဲ့။ ခရစ်နှစ်-၁၉၉၄ - အမေရိကန်ပြည်ထော င်စု၊ အော်စတင်မြို့၌သီတဂူ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် တည်ထောင် ခဲ့။ ထိုကျောင်းမှ ၂-လ တစ်ကြိမ်၊ အင်္ဂလိပ် မြန်မာနှစ်ဘာသြာ ဖင့် ဗုဒ္ဓ၊ ဓမ္မစာစောင်များထုတ်ဝေခဲ့။ ဓမ္မသင်တန်း များပို့ချခဲ့။ ၂၀၀၂ - ကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပသည့် ဗုဒ္ဓသာသနာညီလာခံ၌ နိုင်ငံခြားသားများအား ဓမ္မစာပေပို့ချခဲ့။ ဂျပန်၌တည်ဆောက်မည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်၏ အကြီးအကဲအဖြစ် ခန့်အပ်။  အစိုးရက ဆက်ကပ်သည့် ဘွဲ့များ  ၁၉၉၃ - မဟာဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့ ၁၉၉၅ - အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ ၁၉၉၆ - အဂ္ဂမဟာပဏ္ဍိတဘွဲ့ ၂၀၀၂ - ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ Doctor of Literature (Hononur-Causa) ၂၀၀၉တွင် "အဂ္ဂမဟာဂန္တ၀ါစကပဏ္ဍိတဘွဲ့" တို့ကို ဆက်ကပ်ပူဇော်ခဲ့။ ၂၀၁၀ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆ ဂုဏ်ပြုချီးမြှင့်ခြင်း အစီအစဉ်၏ နောက်ဆုံးဆန်ကာတင် ပုဂ္ဂိုလ် ၅ဦးတွင် ပါဝင်ပြီး ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှတ်တမ်း လွှာနှင့် အလှူငွေ အမေရိကန်ဒေါ်လာ ၁ ထောင်ကို ရရှိသည်။  ရေးသားပြုစုခဲ့သည့် စာပေများ  ၁။ပုဏ္ဏောဝါဒ သုတ္တန်(၁၉၉၇) ၂။ဒါရုက္ခန္ဓောပမာ သုတ္တန်(၂၀၀၁) ၃။ဝေဒနာနုပဿနာ သတိပဌန်တရားတော် (၂၀၀၂) ၄။လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်(ရွှေကျင်ဆရာတော်ကြီးဘ၀ဖြစ်စဉ်အကျဉ်း)(၂၀၀၂) ၅။စကားလေးခွန်းတရားတော်(ရဌပါလသု တ်အနှစ်ချုပ်)(၂၀၀၃) ၆။လောကမျက်လုံး ကွယ်ပျောက်ခြင်း တရားတော် ၇။တက္ကသိုလ်တရားတော်(၂၀၀၄) ၈။ဗုဒ္ဓနှင့်ဗုဒ္ဓ ၀ါဒ(၂၀၀၄) ၉။မမေ့အပ်သောလေးနေရာ(သံဝေဇနိယသု တ္တန်တရားတော်) ၁၀။ဝေဒနာကိုသည်းခံခြင်း တရားတော်(မဟာပရိနိဗ္ဗာနတရားတော်) ၁၁။ကဿပဂုဏ်ရည် တရားတော် ၁၂။သံဃာ့ဂုဏ်ရည်တရားတော် ၁၃။ပညာရှိတစ်ဆူကို ပူဇော်ခြင်းတရားတော် ၁၄။သာသနာပြု သူရဲကောင်းတရားတော် ၁၅။သိကြားမင်းရေးသော ခန္တီစာတမ်းတရားေ တာ် ၁၆။ကုမုဒြာတွေပွ င့်တဲ့ည တရားတော် ၁၇။ဘ၀တန်ဖိုး တရားတော်(၂၀၀၄) ၁၈။သစ္စာနှင့်မေတ္တာတရားတော်(၂၀၀၄) ၁၉။ယုံအသင်း၏ယုံမင်းတရားတော်(သသ ပဏ္ဍိတဇာတ်)(၂၀၀၃) ၂၀။နိယာမနှင့် အနတ္တလက္ခဏသုတ်တရားတော် ၂၁။မေတ္တာသုတ်တရားတော် ၂၂။ညီတော်အာနန္ဒာ ဆရာတော်ကြီးသည် မြန်မာသက္ကရာဇ်၁၃ ၃၄ -ခု၊ ၀ါဆိုလပြည့်နေ့မှစ၍ (၃၄)နှစ်ကျော်တိုင် နှစ်စဉ် တရားပွဲ ပေါင်းများစွာ ဟောကြားခဲ့ပြီး လက်ရွေးစဉ် တရားပုဒ်ရေ(၇၀)ေ ကျာ်ကို သီတဂူစာစဉ်များအဖြစ် ထုတ်ဝေပြီး ဖြစ်ပါသည်။
 ကျေးဇူးတော်ရှင် ဆရာတော်ကြီးးများ၏ ထေရုပ္ပတ္တိ များကို ရှာဖွေကာတင်ပြခြင်းဖြင့် Facebook ပေါ်က ဓမ္မ မိတ်ဆွေသူတော်ကောင်းများအား ကျေးဇူးဆပ်လိုက်ပါသည်။ 
(သီတဂူဆရာတော်ကြီး၏ထေရုပ္ပတ္တိ)
သီတဂူဆရာတော် ဦးဥာဏိဿရ (၁၉၃၆-) မြန်မာသက္ကရာဇ် ၁၂၉၈ - ခု၊ တပါင်းလပြည့်နေ့၌ အဖ ဦးမောင်ညို၊ အမိ ဒေါ်သန်းတင်တို့က ပဲခူးတိုင်း၊ ပြည် မြို့နယ် စီရင်စု၊ သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဖွားမြင်သည်။ အသက်(၇)နှစ်အရွယ်တွင် သဲကုန်းမြို့တပ် အလယ်တန်းကျောင်းတွင် စတင်ပညာသင်ကြားခဲ့ပါသည်။ အသက်(၁၅)နှစ်အရွ ယ်တွင် ရှင်သာမဏေပြုခဲ့ပါသည်...။
***** မေတ္တာရှင်(ရွှေပြည်သာ) ၏ထေရုပ္ပတ္တိ *****
  မေတ္တာရှင်(ရွှေပြည်သာ)(၁၃၆၂-)
၁၃၆၂ - ခုနှစ်၊ တပို့တွဲလဆန်း(၁၅)ရက်၊ (၁၆-၂-၆၅)အင်္ဂါနေ့၊ မန္တလေးတိုင်း၊ အမရပူရမြို့၊ နန်းတော်ရာ စံပြကွက်သစ်၌ ခမည်းတော် ဦးထီ+မယ်တော် ဒေါ်သိန်းရင်တို့မှ ဖွားမြင်သည်။ မွေးချင်းလေးယောက် အနက် ဒုတိယမြောက် သားရတနာဖြစ်သည်။ 
“““မိခင်ခြေကျိုး သားလူဆိုး”””
“““မိခင်ခြေကျိုး သားလူဆိုး”””
လောကနိယာမအရ ကိုယ့်ကို ခြေလက်အင်္ဂါချို့ယွင်းအောင်လုပ်လာသူကို ကိုယ်ကလည်း ခြေလက်အင်္ဂါချို့ယွင်းအောင် ပြန်လုပ်မည်သာဖြစ်ပါ၏။ 
**** ဖြစ်ပြီးတဲ့ အကုသိုလ်ကို ပယ်ပါ ****
 ဖြစ်ပြီးတဲ့ အကုသိုလ်ကို ပယ်ပါ
*************************
ဘဝမှာ
မလွှဲမရှောင်သာ
အကုသိုလ်တစ်ခုကိုပြုမိရင်
ပြုပြီးတဲ့ အကုသိုလ်ကို
♠ “အသုံးကျမှ အသုံးချမည်အသုံးချမှ အသုံးကျမည်" ♠
♠ “အသုံးကျမှ အသုံးချမည်အသုံးချမှ အသုံးကျမည်" ♠
လောကတွင် ဂုဏ်နှင့်ပတ်သက်၍
လောကီဂုဏ် လောကုတ္တရာဂုဏ် ဟူ၍
နှစ်မျိုးရှိပါသည်။
" ဒေါသ၏ သဘော "
" ဒေါသ၏ သဘော "
•••••••••••••••••••••
" ဒေါသ " သည် ရုပ်နှင့် နာမ် ရှိနေသော သာမန်လူ
မည်သူမဆိုတွင် ကိန်းအောင်းနေပေသည်။
အချို့လူများသည် အမျက်ထွက်စိတ်ဆိုးမှဒေါသဖြစ်သည်ဟု ထင်နေတတ်ကြသည်။
**** မသိလေ ဒုက္ခကြီးလေ ****
မသိလေ ဒုက္ခကြီးလေ
*****************
ဓာတ်လိုက်မယ်မှန်း
မသိလို့
ဓာတ်ကြိုးကို ကိုင်မိပါသည်
ဆိုကာမျှဖြင့်
ဓာတ်မလိုက်ဘဲ
နေမည် မဟုတ်။
**** အဓိဋ္ဌာန်ပါရမီဟူသည် ****
အဓိဋ္ဌာန်ပါရမီဟူသည်
-----------------------
အဓိဋ္ဌာန်ပါရမီဟူသည် ကောင်းသောလုပ်ငန်းများကို ပါရမီမြောက်အောင် ဆောင်ရွက်ရာ၌ ယင်းလုပ်ငန်းများ မပျက်ပြားသွားရလေအောင် ခိုင်မာသော ဆုံးဖြတ်ချက်ချပြီး ထိုဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ခြင်းပင်ဖြစ်၏။
*** သံကိစ္စသာမဏေဝတ္ထု ****
သံကိစ္စသာမဏေဝတ္ထု
-----------------------
မြတ်စွာဘုရားသခင်သည် သာ
ဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌
သီတင်းသုံးတော်မူသောအခါ
ရဟန်းသုံးကျိပ်တို့သည် မြတ်စွာဘုရားရှင်ထံ ကမ္မဋ္ဌာန်းကိုယူ၍ တောအရပ်သို့ သွားကြမည်ရှိရာ 
**** ပကတိ ဥစ္စာဓန ****
ပကတိ ဥစ္စာဓန
*************
လူ့ဘ၀ရခိုက်မှာ လူတိုင်းလူတိုင်း လူရယ်လို့ဖြစ်လာရင် ဥစ္စာဓနတွေကို ရှာဖွေစုဆောင်းကြရမှာ ဖြစ်တယ်။ လူတွေနေ့စဉ် ရှာဖွေနေကြတဲ့ ဥစ္စာဓနရဲ့ အရည်အသွေးနဲ့ မြတ်စွာဗုဒ္ဓက ရှာဖွေစုဆောင်းဖို့ တိုက်တွန်းတဲ့ ဥစ္စာရဲ့ အရည်အသွေး၊ ဒီနှစ်မျိုးကို သေသေချာချာနှိုင်းယှဉ်ပြီး
ကြည့်မယ်ဆိုရင် အလွန်ကွာခြားတာကို တွေ့ရမှာဖြစ်တယ်။
Saturday, March 29, 2014
**** သူ့ အကျိုးကြည့်မှ သူတော်ကောင်း *****
သူ့ အကျိုးကြည့်မှ သူတော်ကောင်း
**************************
**
လူအများစုရဲ့ သဘောက ကိုယ်ကသာ မိတ်ကောင်းဆွှေကောင်း လိုချင်တယ် ။ကိုယ်ကတော့ မိတ်ကောင်းဆွှေကောင်း ဖြစ်ဖို့ မကြိုးစားချင်ကြပါဘူး ။
*** ဂါဒီယန်း ဦးစိန်ဝင်း မေး၍ အမရပူရမြို့ မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ဖြေသည်။ ***
ဂါဒီယန်း ဦးစိန်ဝင်း မေး၍ အမရပူရမြို့ မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ဖြေသည်။
(မေး) အရှင်ဘုရား၊ ဘုန်းကြီးကျောင်းဝင်း၊ ဘုရားရင်ပြင်တော်တို့တွင် ဖိနပ်စီးလျှင် မည်သို့အပြစ်ရှိပါသနည်း၊ ဗိမ္ဗိသာရမင်း ဓားခွဲခံရခြင်းနှင့် မည်သို့ ဆက်စပ်ပါသနည်း။
**** ငြိကပ်ခြင်း နှစ်မျိုး ****
ငြိကပ်ခြင်း နှစ်မျိုး
***************
ဒကာ၊ ဒကာမတွေကို ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ ဘယ်သူကိုပဲ ပေါင်းသင်းဆက်ဆံစေကာမူ ကြီးကြီး ငယ်ငယ် ရွယ်ရွယ် လတ်လတ် စီးပွား ဥစ္စာ ရာထူး အာဏာ ရှိရှိ၊ မရှိရှိ လမင်းကြီးလို တညီတည်း တစ်သားတည်း ဘယ်သူ့အပေါ်မှာမှ လောဘဖြင့်လည်း
**** ဆုံးမ သြ၀ါဒ စကားများ *****
ခဏတွေ့ကြရတာပါ
****************
ကံတရားကို
သတိရစဉ်းစားမိတာနဲ့
တစ်ပြိုက်နက်
အကောင်းအဆိုးဆိုတာ
အကြောင်းအကျိုး
ရှိသလောက်သာ
ဖြစ်နိုင်တာပါ။
***** ကဗျာခြောက်ဆယ် *****
ကဗျာခြောက်ဆယ်
•••••••••••••••••
ရှင်ကာဠုဒါယီသည် မြတ်စွာဘုရား ကပိလဝတ်ပြည်သို့
ကြွပါရန် ဂါထာခြောက်ဆယ် တို့ဖြင့် ရာသီဥတု တောတောင်
သဘာဝအလှတို့ကို ဖွင့်ပြသီကျူးခဲ့၏။ 
*** ကုသိုလ်များများ ဖမ်းပါ့မယ်။ ****
ကုသိုလ်များများ ဖမ်းပါ့မယ်။
•••••••••••••••••••••••
တနေ့တနေ့ ကိုယ့်ရှေ့မှာ
ကုသိုလ်လေးတွေဟာ
ပုံစံအမျိုးမျိုးနဲ့ရောက်ရောက်နေမှာပါ။
ရောက်လာတဲ့ကုသိုလ်လေးတွေကို၊
ကိုယ်ကမိသလောက်
ဖမ်းထားလိုက်ဖို့ပါဘဲ။ 
**** အာရုံခြောက်ပါး ****
" အဆင်း အသံ အနံ့ အရသာ
အတွေ့အထိ အတွေးအာရုံဆိုတဲ့
အာရုံခြောက်ပါး ရုပ်တရားတွေဟာ
ဒုက္ခသစ္စာထဲမှာ ပါတဲ့အတွက်
မမြဲတဲ့တရားပဲ ……
**** ဒုက္ခ၏အဆုံး (ဝါ) နိဗ္ဗာန် ***
ဂေါတမဗုဒ္ဓသည် လောက၌ အတူတကွ တွေ့ရခဲသော ဂုဏ်အင်္ဂါနှစ်ပါးကို ထူးခြားလေးနက်သော အသွင်လက္ခဏာဖြင့် တွဲဖက်၍ ရုပ်လုံးဖော်ထားသော ပုဂ္ဂိုလ်သူမြတ်ဖြစ်၏။
*** ပညာနှင့်ဗဟုသုတ ****
ပညာနှင့်ဗဟုသုတ
-------------------
တရားဂုဏ်တော်များတွင်
အကာလိကော အခါမလင့်
အကျိုးပေးတတ်၏ဟု ပါရှိရာ
အခါမလင့် အကျိုးပေးခြင်းဟူသည်။
Friday, March 28, 2014
*** မိဘ တွေရှိရင် အားရှိပါတယ် ****
ပညာရှိတ ယောက်ဆုံးရှုံးတဲ့အခါ
သင်ယူဆည်းပူးခွင့် ရမဲ့ အရာတွေ မဲ့သွားတယ် ..။
သူငယ်ချင်းကောင်းတယောက်
ဆုံးရှုံးတဲ့အခါ ကိုယ့်အတွက်
ကူညီအားပေးဖော်မဲ့သွားလိမ့်မယ် ....။
*** တရားဦး ***
 ပဉ္စ၀ဂ္ဂီငါးဦး (ရဟန်းငါးပါးအစု) နဲ့
ဘုရားအလောင်း တရားအတူကျင့်ခဲ့ဘူးပါတယ်။
ဘုရားအလောင်းနဲ့ ဒီပဉ္စ၀ဂ္ဂီငါးဦး တောထဲမှာ
တရားအတူကျင့်စဉ် သဘောထားကွဲလွဲခဲ့တယ်။
*** တွန်းပို့ခြင်းကို ခံနေကြရသူများ။ ***
        လောကကြီးဟာ ပို့ဆောင်ခေါ်ငင်ခြင်း ခံနေရတယ် သို့မဟုတ် တွန်းပို့ခြင်းကို ခံနေရတယ်။ငယ်ငယ်တောင်ကျေး ကလေးဘ၀ကနေ တဖြည်းဖြည်း ကြီးကြီးလာတယ်။ နေ့စဉ်နှင့်အမျှ အိုလာ
ကြတယ်။ “ဇာတိ”ဆိုတဲ့တရား ရလာတဲ့အချိန်က စပြီးတော့ ဇာတိက “ဇရာ” ဆိုတဲ့ မှတ်တိုင်ကို
ရောက်အောင် တွန်းပို့နေတာ။
*** နတ်တွေပြောတဲ့ ကောင်းရာသုဂတိဘုံ။ ***
          နတ်ဘ၀တစ်ခုမှာ နတ်သက်တမ်းတစ်လျှောက်လုံး ၀တ်ထားတဲ့အ၀တ်လည်း ဘယ်တော့မှလျှော်ဖွတ်ရတယ် မရှိဘူး။ ပန်ထားတဲ့ပန်းကလည်း ဘယ်တော့မှ နွမ်းသွားတယ် မရှိဘူး။ အို..ပူလို့
အိုက်လို့ ချွေးထွက်တာလည်း မရှိဘူး။ အမြဲတမ်းသန့်ရှင်းသန့်ပြန့် နေတယ်။
**** ရတနသုတ်အမွှမ်း ****
အခြားသော ပရိတ်အမွမ်းများမှာ ထိုပရိတ်တော်ရဲ့ အကြောင်းများကို အကျဉ်းချုံးရေးထားတာများပါတယ်။ ရတနသုတ် အမွှမ်းကျတော့ ဘုရားအလောင်းတော်ကြီး သုမေဓာရှင်ရသေ့ ဘ၀က ဒီပင်္ကရာမြတ်စွာဘုရား ထံတော်မှောက်မှာ နိယတဗျာဒိတ်ပန်းကို
*** သေနည်းသင်တန်းတက်ထားပါ ****
 ဘ၀သံသရာ မျောပါနေကြတဲ့ သူသူငါငါ သတ္တ၀ါတွေအတွက် သေနည်းကိုပြောမယ်။ သေနည်းသင်တန်း တက်ထားဖို့ လိုတယ်။ ဒါ အရေးကြီးဆုံးပဲ။
*** လူသိနည်းသော လူယုတ်မာ ****
Photo: လူသိနည်းသော လူယုတ်မာ
များသောအားဖြင့်
လူယုတ်မာဆိုလျှင် 
ကိုယ်ကျိုးကိုသာ ကြည့်ပြီး 
သူတစ်ပါးအကျိုးကို ပျက်စီးစေသူ 
တစ်မျိုးလောက်ကိုသာ
သိထားကြသည်။ 
အမှန်ကားလူသိနည်းသော 
လူယုတ်မာတစ်မျိုး 
ရှိနေပါသေးသည်။
၎င်းကားအိုမင်းရင့်ရော်လာသော 
မိခင် ဖခင်တို့အား 
လုပ်ကျွေးမွေးမြူနိုင်စွမ်းရှိပါလျက်
မလုပ်ကျွေး မမွေးမြူကြသော
သားသမီးများပါတည်း။
မေတ္တာရှင် ( ရွှေပြည်သာ )
လူသိနည်းသော လူယုတ်မာ
များသောအားဖြင့်
လူယုတ်မာဆိုလျှင်
ကိုယ်ကျိုးကိုသာ ကြည့်ပြီး
သူတစ်ပါးအကျိုးကို ပျက်စီးစေသူ
တစ်မျိုးလောက်ကိုသာ
သိထားကြသည်။
``အာနာပါနဿ ထိပဋ္ဌာန်းအလုပ်ပေး တရားတော်´
Photo: {{{ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ }}}
``အာနာပါနဿတိပဋ္ဌာန်အလုပ်ပေး
                   တရားတော်´
           ``တံခါးစောင့် ဥပမာ´´
ဝိသုဒ္ဓိမဂ် အဋ္ဌကထာ  ပဋိသမ္ဘိဒါမဂ် ပါဠိ
တော်   အဋ္ဌကထာတို့မှာ  လာတဲ့ဥပမာ
ဖြစ်ပါတယ်-
      မြို့တစ်မြို့ရဲ့ ထိပ်  တံခါးပေါက်  ဂိတ်ပေါက်မှာ မြို့ရဲ့လုံခြုံရေးအတွက်
စစ်တပ်တို့ ရဲတပ်တို့ချထားလျှက်ရှိပါ
တယ်။
      အဲဒီဂိတ်စောင့်တွေဟာ မြို့ထဲကို
ဝင်တိုင်း ဝင်တိုင်းသော လူတွေကိုလူဆိုး
လား လူကောင်းလား ခွဲခြားဝေဖန် စစ်
ဆေးကြတယ်။
      မြို့ထဲကထွက်သွားတဲ့ လူတွေကို
လည်းပဲ လူဆိုးလားလူကောင်းလားဆို
တာ သေသေချာချာ စစ်ဆေးကြပါတယ်။
      မြို့ထဲကိုဝင်ပြီး လှည့်လည်စစ်ဆေး
ခြင်းမဟုတ်ပါဘူး။လူများစွာ ဝင်ထွက်ရာ
ဖြစ်တဲ့ဂိတ်ပေါက်ကနေ စောင့်၍စစ်ဆေး
ခြင်းမျှသာ  ဖြစ်ပါတယ်။
     ဒီလူသည်လူဆိုး   ဒီလူသည်လူ
ကောင်းဆိုတာကို ဂိတ်က ထိုင်စောင့်
ပြီးတော့ စစ်ဆေးခြင်းဖြင့် သိနိုင်ပါတယ်။
ဝင်တဲ့လူတွေနောက် လိုက်စရာမလိုပါ
ဘူး။   ထွက်တဲ့လူတွေနောက်လည်း
လိုက်စရာမလိုပါဘူး။ဂိတ်ကစောင့်နေ
ရုံပါပဲ။
      တံခါးစောင့် ဥပမာနှင့်တူစွာပင် ယော
ဂီသည် ဥာဏ်နဲ့စီစစ်တော့မယ်  ဓမ္မဝိစ
ယ  သမ္ဗောဇ္ဈင် ကိုသွင်းတော့မယ်ဆိုရင်
ထွက်လေ ဝင်လေရဲ့ နှာခေါင်းနှင့်ထိရာ
အရပ် ``ဖုဋ္ဌောကာသ´´ဆိုတဲ့ ဂိတ်ပေါက်
က စောင့်နေရပါတယ်။
      ဘယ်ကိုမှ မရွေ့ရဘူး ဆိုတာ  သတိ
ပြုရမှာပါ။
      တံခါးစောင့် ဂိတ်စောင့်သည် မြို့
ပေါက်ကစောင့်၍ ဝင်တိုင်း ထွက်တိုင်း
သော လူကိုစစ်ဆေးတဲ့အခါ လူဆိုး
လူကောင်းခွဲခြားပြီးသိတယ်။
      သို့သော် ဥာဏ်ရှိမှ လူဆိုးလူကောင်း
ခွဲခြားနိုင်တယ်။ဥာဏ်မရှိရင် လူဝင် လူ
ထွက်လောက်ပဲ  သိမယ်။လူဆိုးဝင်တယ်
လူကောင်းဝင်တယ်   လူဆိုးထွက်တယ်
လူကောင်းထွက်တယ် ဆိုတာကို ဥာဏ်
မရှိရင် မသိပါဘူး။
      ဒီနေရာမှာ ဥာဏ် အရေးကြီးကြောင်း
ကိုသတိပြုပါ။
      ဒါကြောင့် ထွက်လေ ဝင်လေကို သိရုံ
မျှနှင့်မပြီးပါဘူး။    ထွက်လေ ဝင်လေရဲ့
ထိမှုသဘောဟာ ဘာတွေလဲဆိုတာကို
စီစစ်တဲ့ဥာဏ် သွင်းဖို့အထူးလိုအပ်ပါ
တယ်။အဲဒါကို ``ဓမ္မဝိစယ သမ္ဗောဇ္ဈင်´´
လို့  ခေါ်ပါတယ်။
      `` အဲဒီအချိန် ဝိပဿနာ  လုပ်ငန်း
ဟာ  စ , ပါတယ်။´´   
           ( ဒေါက်တာ အရှင် ဥာဏိဿရ )ူ
 {{{ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ }}}
``အာနာပါနဿ     ထိပဋ္ဌာန်းအလုပ်ပေးတရားတော်´
``တံခါးစောင့် ဥပမာ´´
ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ပဋိသမ္ဘိဒါမဂ် ပါဠိတော် အဋ္ဌကထာတို့မှာ လာတဲ့ဥပမာဖြစ်ပါတယ်-
ဝိပဿ နာဉာဏ်စဉ် ၁၀ ပါး
Photo: ဝိပဿနာ ဉာဏ်စဉ် ၁၀ ပါး
၁။ သမ္မဿနဉာဏ် 
ခန္ဓာ ကိုသုံးသပ်သောဉာဏ်
၂။ ဥဒယဗ္ဗယဉာဏ်
ခန္ဓာဖြစ်ပျက်မြင်၍်
၃။ ဘင်္ဂဉာဏ်
အဖြစ်အပျက်တွေချည်း မြင်ပြန်လည်းကောင်းတာပဲ
၎။ဘယဉာဏ်
ဒါတွေဟာ ဘယ ဘေးတွေပဲလို့ ထင် ရင် လည်းကောင်းတာပဲ
၅။အာဒီနဝဉာဏ်
အာဒီနဝ ဆိုတဲ့ အပြစ်ထင် လာရင် ကောင်းတာပဲ။
၆။နိဗ္ဗိန္ဒဉာဏ်
နိဗ္ဗိန္ဒ ဆိုတဲ့ ငြီးငွေ့တဲ့ သ ဘောလာရင် လည်းကောင်းတာပဲ
၇။မုစ္စိတုကမျတာဉာဏ်
ကျွတ်လို လွတ်လိုတဲ့စိတ် ပေါ်လာရင် လည်းကောင်းတာပဲ
၈။ပဋိသင်္ခါဉာဏ်
ကျွတ်လွတ် ရန် တဖန်ဆင်ခြင်ပြန် ရင် လည်းကောင်းတာပဲ
၉။သင်္ခါရုပေက္ခာဉာဏ်
သာယာနှစ်သက်ခြင်း စွန့်၍ လျစ်လျှူရှုနေပြန် ရင် လည်းကောင်းတာပဲ
၁၀။အနုလောမဉာဏ်
လောကုတ္တရာဘက် သို့ ရောက်ခါနီး မဂ်နှင့် လျော်ကန်သော ဖြစ်ပျက်ဆုံးတဲ့ သစ္စာမြင်ပြီး သကာလ ဒါတွေဟာ ဒုက္ခသစ္စာ တွေပဲ ဆိုပြီး ဆုံးသွားတဲ့ အဆုံးကျမှသာလျှင် မဂ်စစ်ပဲ။
ဒုက္ခသစ္စာကို ပိုင် ပိုင် နိုင် နိုင် ပိုင်းခြားပြီး သကာလ ဖျတ်ဆို ချုပ်သွားတဲ့ အ ဆုံးကျမှသာလျှင် မဂ်စစ်က ဧကန်တွေ့နိုင် ပါတယ်။
ဉာဏ်စဉ် ဉာဏ်စဉ်နှင့် ပြောသော်ငြား လည်း ဆရာကမှန်းပြောခြင်းသာ ဖြစ်ပါတယ်။ အားထုတ်တဲ့ ယောဂီကသာ လျှင် ကိုယ်တွေ့ ဉာဏ်မြင် အစစ်အမှန် နှင့် ငါဘယ်လို မြင် လို့ ဘယ်ဉာဏ်ရောက်နေပြီဆိုတာ ဧကန်သိမြင် သူအချို့ကသာပြောနိုင် ပါတယ်။ ဘေးကဆိုတာက တော့ ဘုရားရဟန္တာ တို့ရဲ့ အရာမို့ အလုံးစုံ သိနိုင်ကြမှာ မဟုတ်ပါဘူး။ 
ဉာဏ်စဉ် နှင့်ဆိုင် ရာများကို...
၁။ ပဋိသမ္ဘိဒါ မဂ်ကျ တော့ အရှင် သာရိပုတ္တရာက တဆယ့်ခြောက်ဉာဏ် ဟောပါတယ်။
၂။ဘုရားက ဝိပဿနာဉာဏ် ကျတော့ ဆယ်ဉာဏ်ဟောပါတယ်။
၃။အနတ္တလက္ခဏသုတ် မှာ သုံးဉာဏ် ဟောပြီး သုသိမ ပရဗိုဇ် ကျတော့ နှစ်ဉာဏ်ပဲ ဟောပါတယ်။
သမ္မဿန ဥဒယဗ္ဗယ ဘင်္ဂ ဆိုတာ *ယထာဘူတဉာဏ်* ပါပဲ။
ဘယ အာဒီနဝ နိဗ္ဗန္ဒ ဆိုတာ *နိဗ္ဗိန္ဒဉာဏ်* ပါပဲ။
မုစ္စိတုကမျတာ ပဋိသင်္ခါ သင်္ခါရုပေက္ခာ အနုလောမဆိုတာ *မဂ်ဉာဏ်* ပါပဲ။
လိုရင်းအတိုချုံးလိုက်တော့ ဒီသုံးဉာဏ်ထဲ အကုန်ဝင် သွားတာ ပါပဲ။
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး ဝိပဿနာ အ ခြေခံများ ဥာတပရိညာ စာအုပ်မှ ကောက်နုတ်၍ ဓမ္မဒါန ပြုပါသည်။
(လက် ရှိခန္ဓာ ဒုက္ခသစ္စာ ကိုယ်တိုင် သိ၍ နောင် ခန္ဓာမလိုချင်သောဉာဏ်ဖြင့် ဒါနပြုပါ၏ အကျိုးအားကြောင့် သစ္စာသိသော ဗောဓိဉာဏ်၏ အ ထောက်အပံ့ဖြစ် ရပါလို၏။)
_/|\_/|\_/|\_
 ဝိပဿ      နာဉာဏ်စဉ် ၁၀ ပါး
၁။ သမ္မဿနဉာဏ်
ခန္ဓာ ကိုသုံးသပ်သောဉာဏ်
၂။ ဥဒယဗ္ဗယဉာဏ်...ခန္ဓာဖြစ်ပျက်မြင်၍်
"ဝမ္မိကသုတ်တရားတော်"
Photo: *မီးခိုးတွေထွက်နေတယ်*
*အရှင်ကုမာရကဿပက မြတ်စွား
ဘုရားကိုမေးလျှောက်သောအမေး*
"ညဥ့်အခါမှာ မီးခိုးတွေထွက်နေတယ်ဆို
တာကဘယ်ဟာဘာလည်းမြတ်စွာဘုရား"
လို့ ဆိုတဲ့မေးခွန်းကိုမြတ်စွာဘုရား
က ဤညဥ့်အခါကာလ၌ ကြံစည်စဉ်း
စားခြင်းသည် ညဥ့်အခါ၌ မီးခိုးလွတ်ခြင်း
ပေတည်းတဲ့။
ဘုရားလက်ထက် ဟိုရှေးခေတ်တုန်းက
လူတွေဟာသိပ်ပြီးလောဘမကြီးကြသေ
ဘူး။ဒါကြောင့် အဲဒီခေတ်ကာလတုန်းက
လူတွေဟာစီးပွားရေးအလုပ်တွေကို နေ့ 
လောက်သာလုပ်ကြတယ်။ညပါလုပ်ရတဲ့
အလုပ်ဆိုတာကအလွန်နည်းပါတယ်။
ယခုခေတ်မှာတော့ လူတွေမှာ လောဘ
တွေတိုးပွားလာသလောက် လုပ်ငန်း
နယ်ပယ်တွေကလည်းကျယ်လာတယ်။
ဒါကြောင့်လုပ်ငန်းတွေကိုနေ့ ရောညပါ
မပြတ်လုပ်နေကြရတယ်။ယခုမေးခွန်း
အဖြေကတော့ရှေးခေတ်အရဖြေထား
ပါတယ်။ဟိုတုန်းကညမှာအလုပ်မရှိဘူး။
လုပ်လို့ လည်းမဖြစ်ဘူး။ဒါကြောင့်
ညအခါမှာနောက်တစ်နေ့ ကျတော့ လုပ်
ရမည့် လုပ်ငန်းကိစ္စတွေနဲ့ စoပြီးကြံစည်
စဉ်စားနေရပါတယ်။အဲဒါဟာ ညအခါ
မီးခိုးထွက်နေတာပဲတဲ့။
  ဒီနေရာမှာဒီမီးခိုးကို ကောင်းတဲ့မီးခိုး
မကောင်းတဲ့မီးခိုးလို့ ဒီလိုခွဲချင်ရင် ခွဲနိုင်
ပါသေးတယ်။ကောင်းတဲ့မီးခိုးဆိုတာဘာ
လည်းဆိုရင် နက်ဖြန်ကျရင် ဘုရားသွား
မယ်၊ဥပုသ်သီတင်း သီလဆောက်တည်
မယ်၊ဆွမ်းလောင်းမယ်၊ဆွမ်းလှူမယ်၊
တရားနာမယ် စသဖြင့်ဒီလိုကြံစည်နေ
တာတွေပေါ့။ဒီလိုကြံစည်နေတာတွေကို
ကောင်းတဲ့မီးခိုးလို့ ဆိုရပေလိမ့်မယ်။
ဒါပေမယ့်ဒီဒေသနာမှာ ရည်ရွယ်တာက
တော့လောကရေးရာအမှုကိစ္စတွေအတွက် လောဘ၊ဒေါသ၊မောဟတွေနဲ့ 
ကြံစည်နေတာကိုရည်ရွယ်ပါတယ်။
ဒါကြောင့် လောကီ အလုပ်ကိစ္စတွေနဲ့ 
စပ်ပြီးလောဘ၊ဒေါသစိတ်ကူးတွေဖြစ်
နေရင်"ငါ့မှာ မီးခိုးတွေထွက်နေပြီ"လို့ 
သာမှတ်ပေတော့။
ဒါပေမယ့်လူ့ လောကပုဂ္ဂိုလ်တွေက
ို"ဒီလိုမီးခိုးတွေမထွက်စေရဘူး၊ပိတ်ထား
ရမယ်"လို့ ဘုန်းကြီးတို့ ကအတင်အ
ကြပ်ပြောလို့ မဖြစ်ပေဘူး။မလွဲ မကင်း
သာတဲ့ အလုပ်ကိစ္စနဲ့ စပ်ပြီးတော့ကြံ
စည်ရဦးမှာပဲ။မကြံစည်ပဲနေရင် လုပ်
သင့်တဲ့အလုပ်တွေကိုမလုပ်မိလို့ စီးပွား
ဥစ္စာတွေဆုတ်ယုတ်ပျက်စီးကုန်မှာစိုးရ
သေးတယ်။ဒါကြောင့်လူတွေကိုတော့
ဒီမီးခိုးကိုအပိတ်ခိုင်းလို့ မဖြစ်ပါဘူး။
သဘောရှိအခွင့်ပေးထားလိုက်မှတော်
ယခုဒေသနာကတော့အရှင်ကုမာရကဿပ
မှ စပြီး ရဟန်းတွေအတွက်ကလို
ရင်းဖြစ်ပါတယ်။ရဟန်းတွေမှာ နေ့ ခင်း
မှာစီးပွားအတွက် အလုပ်လုပ်စရာအ
ကြောင်းထူးလည်းမရှိပါဘူး။ဘာကြောင့်
လည်းဆိုတော့ရဟန်းတွေမှာ စား
သောက် နေထိုင်ရေးအတွက် ဒကာ
ဒကာမတွေက အားလုံးလှူနေကြတာပဲ
နံနက်အချိန်ကျရင် သင်္ကန်းရုံပြီးသပိတ်
နဲ့  အရပ်ထဲလျှောက်သွားရင် ဆွမ်းတွေ
ဟင်းတွေ စားစရာတွေ အလွယ်တကူနဲ့ 
ရလာမယ်မဟုတ်လား။
 သင်္ကန်းလည်းလှူနေကြတာပဲ၊ကျောင်း
တွေကလည်းအသင့်ရှိနေတာပဲ။ဒီတော့
ဘာကြံဖို့ လိုသေးလဲ။မလိုပါဘူး။
ဒါကြောင့်ညဥ့်အခါမှာ နက်ဖြန် သန်
ဘက်စသည်အတွက် စိတ်ကူးတွေဖြစ်
ပေါ်လာရင် မီးခိုးတွေပဲနှလုံးသွင်းပြီး
အဲဒါတွေကိုပယ်ရလိမ့်မယ်။
လူတွေကလည်း တရားအားထုတ်နေတဲ့
ကာလပိုင်းအတွင်း ဒီလိုစိတ်ကူးတွေ
ဖြစ်ပေါ်လာရင် အဲဒီလိုအခါမှာတော့
မီးခိုးတွေမထွက်အောင်အားထုတ်
ရမယ်။
(ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်
ဘုရားကြီးဟောကြားတော်မူအပ်သော
"ဝမ္မိကသုတ်တရားတော်"မှကောက်
်နုတ်ပူဇော်မျှဝေအပ်ပါသည်။)
ဓမ္မမိတ်ဆွေများအားလုံးကိုယ်စိတ်နှစ်
ဖြာကျန်းမာချမ်းသာနိုင်ကြပါစေ။
 *မီးခိုးတွေထွက်နေတယ်*
*အရှင်ကုမာရက၀ ဿ      မြတ်စွား
ဘုရားကိုမေးလျှောက်သောအမေး*
"ညဥ့်အခါမှာ မီးခိုးတွေထွက်နေတယ်ဆို
တာကဘယ်ဟာဘာလည်းမြတ်စွာဘုရား"
*** *လျှောက်သင့်သောလမ်းကလေး* ***
Photo: *လျှောက်သင့်သောလမ်းကလေး*
ကိုယ်အကြောင်းကိုယ်သိအောင်
ကြိုးစားပါ
ကိုယ့်လမ်းကိုလျှောက်ပါ
ကိုယ့်အလုပ်ကိုယ်လုပ်ပါ
ကိုယ့်နေရာကိုယ်နေပါ
ကိုယ့်အတွက်ကြောင့်
သူတပါးစိတ်မဆင်းရဲပါစေနဲ့။
(ပိုင်းလော့ဆရာတော်)
အရှင်ဇေယျာပဏ္ဍိတ 
*လျှောက်သင့်သောလမ်းကလေး*
ကိုယ်အကြောင်းကိုယ်သိအောင်
ကြိုးစားပါ
ကိုယ့်လမ်းကိုလျှောက်ပါ
“ပြောသလိုလုပ်မှ သူတော်ကောင်း”
Photo: “ပြောသလိုလုပ်မှ သူတော်ကောင်း”
★★★★★★★★★★★★★★★
သတိအကြောင်း 
ဝိပဿနာအကြောင်းတွေ
ဖောင်ဖောင်ကြီးပြောနေပေမယ့်
စိတ်နေစိတ်ထားရော
ကိုယ်ကျင့်တရားနဲ့ 
နှုတ်အမူအရာရော
ပြောင်းလဲ တိုးတက်လာမှု 
မရှိဘူးဆိုရင်
အဲဒီလူဟာ
ချုန်းပြီး မရွာတဲ့မိုးနဲ့  အတူတူပါပဲ။
(ဆရာတော် အရှင်ဆန္ဒာဓိက) 
“ပြောသလိုလုပ်မှ သူတော်ကောင်း”
★★★★★★★★★★★★★★★
သတိအကြောင်း
ဝိပဿ      နာအကြောင်းတွေ
ေ   ဖောင်ဖောင်ကြီးပြောနေပေမယ့်
*** ဓမ္မဒူတ အရှင်ပညာဇောတ၏ ဝေဒနာရှုပွားနည်းအပိုင်း ( ၁ ) ****
Photo: သုခဝေဒနာ။ ။သုခဝေသနာဖြစ်ပြီဆိုရင်“အဟောသုခံ၊ ဪ-ချမ်းသာလေစွ၊ အဟောသုခံ၊ ဪ-ချမ်းသာပါတယ်၊ အဲဒီ သုခဝေဒနာ ဖြစ်လာရင် ထင်ရှားပုံကိုအင်မတန်အေးမြတဲ့ ရေအိုးပေါင်းတစ်ထောင်နဲ့ သွန်းလောင်းခံရဘိ သကဲ့သို့ အင်မတန်မှပဲ နှလုံးစိတ်ဝမ်း ကိုယ်ငြိမ်းချမ်း အေးမြပါတယ်၊ ဒါ
ကြောင့် သုခဝေဒနာဖြစ်ရင် ထင်ရှားပါတယ်။
“တချို့က အဲဒီသုခဝေဒနာ ဖြစ်လာတာကို မဂ်ဖိုလ်ထင် မှား တတ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တစ်ကြိမ်လောက်ပဲဖြစ်
ပြီး နောက်ထပ် မဖြစ်တော့ မဂ်ကျရင် အေးမြတယ်၊တစ်ကြိမ်ပဲ
ဖြစ်တယ်လို့ ကြားဖူးထားတော့ မဂ်လို့ထင်မှား တတ်ပါတယ်၊ မဂ် မဟုတ်သေးပါ။
 ၉
ဒုက္ခဝေဒနာ။ ။“ဒုက္ခဝေဒနာ ဖြစ်ပြီးဆိုရင်လဲ “အ 
ဟော ဒုက္ခ၊ ဪ-ဆင်းရဲလေစွ၊ အဟောဒုက္ခ၊ ဪ-ဆင်းရဲ
လေစွ” လို့ အော်သည်းရလောက်အောင် ဆင်းရဲပါတယ်၊ အဲဒီ
ဒုက္ခဝေဒနာဖြစ်လာရင် ထင်းရှားပုံကို ရဲရဲနီအောင် ပူလောင်နေ
တဲ့ သံချောင်းကြီးကို  မျိုထားဘိသကဲ့သို့ အင်မတန်မှ နှလုံးစိတ်
ဝမ်းပူပြင်းလှပါတယ်လို့ ဥပမာပြထားပါတယ်။ ဒါကြောင့် ဒုက္ခဝေဒနာဖြစ်ရင်လဲ ထင်ရှားပါတယ်။
၁၀
 ဥပေက္ခာဝေဒနာ။ ။ အဲ့ဒီ သုခဝေဒနာနဲ့ ဒုက္ခဝေဒနာနဲ့ 
ဒုက္ခဝေဒနာနှစ်ခုတို့ရဲ့အကြား အလယ်အလတ်ဖြစ်တဲ့ ဥပေက္ခာ
ဝေဒနာကျတော့ ပြောဖို့ရာ ခက်နေပါတယ်။ ဘယ်လိုပြောနိင် သလဲဆိုရင် ဒီနေရာမှာ ကျောက်ဖျာကြီးတစ်ခု ရှိတယ် ဆိုပါတော့။ အဲဒီကျောက်ဖျာကြီးရဲ့ ပတ်လည်ကတော့ မြေပျော့ပဲရှိတယ်။
“သမင်တစ်ကောင်ဟာ ကျောက်ဖျာ အရှေ့ဘက်ကနေပြီး
အနောက်ဘက်ကို ကျောက်ဖျာပေါ်မှ ဖြတ်ပြီး သွားတယ်၊ အဲဒီလို ဖြတ်သွားတော့ ကျောက်ဖျာပေါ်မှာ သမင်ခြေရာထင် ကျန်ရစ်ပါ။
 “ဒါပေမယ့် အရှေ့ဘက်ကနေ ကျောက်ဖျာဆီ ဦးတည်လာ နေတဲ့ သမင်ခြေရာကို မြေပျော့ပေါ်မှာ မြင်ရတယ်၊ ကျောက်ဖျာမှ ဆင်းပြီး အနောက်ဘက်သွားတဲ့ သမင်ခြေရာကို မြေပျော့ပေါ်မှ အတိအကျ အထင်အရှားမြင်ရတယ်။
 “အဲဒီ ကျောက်ဖျာပေါ်အတက်၊ ကျောက်ဖျာမှ အဆင်းခြေရာ ၂ ခုကို ကြည့်ပြီး “ဪ-ဒီသမင်ဟာ ကျောက်ဖျာ အရှေ့ဘက် ကနေ တက်ပြီး အနောက်ဘက်ကို ဆင်းသွားပါလား၊ ဒီကျောက်ဖျာပေါ်  ဖြတ်သွားပါလား” လို့ မသိနိုင်ဘူးလား”
 “သိနိုင်ပါတယ်ဘုရား” 
 “အဲဒီလိုသိနိုင်ပါတာဟာ ကျောက်ဖျာပေါ်မှာ ခြေရာအထင်အရှား တွေ့လို့ သိတာလားဆိုတော့ မဟုတ်ပါ၊ ထင်ရှားတဲ့ အတက်အဆင်း ခြေရာကိုကြည့်ပြီး သိတာပါ၊ ထင်ရှားတာကို တောက်ဆပြီး မထင်ရှားတာကို သိတာပါ။
၁၁
 သိသာတယ်။ ။အဲဒီလိုပဲ သုခဝေဒနာဆိုတာ အင်မတန်မှ အေးမြတဲ့ ရေအိုးပေါင်း တစ်ထောင်နဲ့ လောင်းလိုက်တဲ့အ
ခါ “ဪ-ချမ်းသာလေစွ၊ ဪ-ချမ်းသာလေစွ” လို့ဥဒါန်း ကျူးရလောက်အောင် အေးမြချမ်းသာလို့ သိသာပါတယ်။
 “ဒုက္ခဝေဒနာဆိုတာ အင်မတန်မှ ပူလောင်တဲ့ သံချောင်း
ကြီး မျိုထားရတဲ့အခါ “ဪ-ဆင်းရဲလေစွ၊ဪ-ဆင်းရဲလေစွ”လို့ အော်ညည်းရလောက်အောင် ဆင်းရဲလို့ သိသာပါတယ်။
၁၂
 မသိသာပါ။ ။“ဥပေက္ခာဝေဒနာကျတော့ မသိသာပါ။ ကျောက်ဖျာပေါ် တက်တဲ့ သမင်ခြေရာပမာ သုခဝေဒနာ၊ 
ကျောက်ဖျာပေါ်မှာ ဆင်းတဲ့ သမင်ခြေရာပမာ ဒုက္ခဝေဒနာ၊
ကျောက်ဖျာပေါ်မှာ မထင်ရှားတဲ့ သမင်ခြေရာပမာ ဥပေက္ခာဝေ
သနာကို  သဘောပေါက်ပါ။
 “ဒါကြောင့် ဥပေက္ခာဝေဒနာဟာ အသိခက်ပါတယ်၊ မထင်
ရှားပါ၊ ရှုတဲ့အခါမှာ ဘယ်ဝေဒနာ ရှုရမလဲဆိုတော့ထင်ရှားတဲ့ သုခဝေဒနာ၊ ဒုက္ခဝေဒနာကို ရှေးဦးစွာ ရှုပါ၊ သုခဝေဒနာ၊ ဒုက္ခဝေဒနာကို သဘောပေါက်လာပါလိမ့်မယ်။
၁၃
 သိမှ လွယ်မယ်။ ။“ဝေဒနာ ရှုပွားချင်တဲ့ ယောဂီပုဂ္ဂိုလ်ဟာ ဝေဒနာအမျိုးအစား သဘောသဘာဝကို နားလည်မှ ရှုနိုင်ပါမယ် ရှုတတ်ပါမယ်၊ ရှုပွားနည်းမှန်ပါမယ်၊ သို့မဟုတ်က မရှုတတ်၊ မရှုနိုင်ပါ၊ မမှန်နိုင်ပါ။
 “ယခုတော့ ဝေဒနာ ဘယ်နှမျိုး သိသွားလဲဆိုရင် သုံးမျိုးသိ
သွားပါပြီ၊ အဲဒီလို ဝေဒနာသုံးမျိုးလောက်တော့ သိပါမှ ဝေဒနာ ရှုပွားလို့လွယ်ပါမယ်၊ မသိရင် မလွယ်ပါ၊ မမှန်နိုင်ပါ။
 “ဘုန်းကြီးတို့ ယခုသိရသလောက်တော့ တရားနယ်ပယ်ထဲမှာ
နာကျင်ကိုက်ခဲတဲ့ ရုပ်ဖောက်ပြန်မှု ရုပ်ဒုက္ခ တစ်ခုတည်း ကိုပဲ ဝေဒနာလုပ်ပြီး ရှုပွားနေတာ တွေ့ရပါတယ်။
 “တကယ်ရှုရမှာက ဒုက္ခတဝေဒနာရှုရှင် အဲဒီဒုက္ခဝေဒနာရဲ့
အဖြစ်အပျက်၊ဒုက္ခဝေဒနာရဲ့သဘောသဘာဝ အ ကြာင်းအကျိုး
စသည်ကို သိအောင်မြင်အောင် ထင်အောင် ရှုရမှာပါ။
 “ယခု ဘုန်းကြီးတို့ အများဆုံးတွေ့ရတာက အဲဒီလိုဟာမျိုး
မတွေ့ရပါ၊ ဘယ်လိုတွေ့ရသလဲဆိုတော့ ခံစားမှု ဝေဒနာရဲ့ သဘောကို မရှုဘဲ ရုပ်ဖောက်ပြန်လို့  နာကျင်ကိုက်ခံနေတာကို ရှုနေတာပဲ တွေ့ရပါတယ်။
 “ပြီးတော့အဲဒီ နာကျင်ကိုက်ခဲမှုရုပ်ဒုက္ခကို ရှုပြန်တော့သူ့သဘော ဘယ်လိုအဖြစ်၊ ဘယ်လိုအပျက်၊ ဘယ်လိုဘာ့ကြောင့်
ဖြစ်၊ ဘာကြောင့်ပျက်ရယ်လို့ သိအောင်၊ မြင်အောင်၊ ထင်အောင် ရှုပွား အားထုတ်မှု မပြုဘဲ အဲဒီ နာကျင်ကိုက်ခဲတဲ့ ရုပ်ဒုက္ခကြီးကို ကုန်သွားအောင်၊ ပျောက်သွားအောင် ဆိုပြီး ရှုပါတယ်၊ အမှန်ရှုရမှာက ကုန်အောင် ရှုရမှာမဟုတ်ပါ၊ သူ့သဘော သဘာဝကို သိအောင် မြင်အောင် ရှုပွားရမှာပါ။
ဆက်ရန်....
                                  Royal Poe 
သုခဝေဒနာ။ ။သုခဝေသနာဖြစ်ပြီဆိုရင်“အဟောသုခံ၊ ဪ-ချမ်းသာလေစွ၊ အဟောသုခံ၊ ဪ-ချမ်းသာပါတယ်၊ အဲဒီ သုခဝေဒနာ ဖြစ်လာရင်ထင်ရှားပုံကိုအင်မတန်အေးမြတဲ့
 ရေအိုးပေါင်းတစ်ထောင်နဲ့ သွန်းလောင်းခံရဘိ သကဲ့သို့ အင်မတန်မှပဲ နှလုံးစိတ်ဝမ်း ကိုယ်ငြိမ်းချမ်း အေးမြပါတယ်၊ ဒါ
ကြောင့် သုခဝေဒနာဖြစ်ရင် ထင်ရှားပါတယ်။
**** ရုပ် နဲ့ နာမ် *****
ရုပ်ကလည်း နာမ်ကို ကျေးဇူး ပြုထားသလို ၊
နာမ်ကလည်း ရုပ်ကို ကျေးဇူးပြုထားတယ်။
ရုပ်ကြောင့်လည်း နာမ်ပျက်စီးရသလို
နာမ်ကြောင့်လည်း ရုပ်ပျက်စီးရတယ်နော်။
**** ကမ္ဘာမှာ မြန်မာလှနေတာက *****
 ကမ္ဘာမှာ မြန်မာလှနေတာက
***********************
* ဗုဒ္ဓဝါဒ, မြတ်ဓမ္မကြောင့်,
ကမ္ဘာအလယ်, ဂုဏ်ရည်ကြွယ်ကာ,
တို့မြန်မာ, ကမ္ဘာကပင်
မော်ကြည့်ရ။
**** ဘိုးဘွား၊ မိဘမျိုးရိုး သွေးဗုဒ္ဓဘာသာ။ *****
         မဟာသက္ကရာဇ်(၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့၌ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူ
ကာ ဝေနေယျသတ္တ၀ါတို့အား တရားရေအေး တိုက်ကျွေးတော်မူ ပါတယ်။ 
**** မိရိုးဖလာလွန် ဗုဒ္ဓဘာသာ ***
ကျွန်တော့်တွင် သမီးနှစ်ယောက်ရှိပါသည်။ အကြီးမှာ ၁၄နှစ်ဖြစ်ပြီး အငယ်မှာ ၅နှစ်ဖြစ်ပါသည်။ သမီးကြီးသည် သြကာသကန်တော့ချိုးကို ဆိုတတ်သော်လည်း ကန်တောချိုးပါ စာအားလုံး၏ အဓိပ္ပါယ်များကို မသိပါ။
**** ပြောင်းလဲလာသော ဘ၀အမြင်များ ****
 ကိုဝိရေ ခေါင်းစဉ်ကို ကြည့်ပြီး စိတ်ထဲမှာတော့ သိပ်ဟဲဗီးဖြစ်နေမလား လို့ စဉ်းစားမိပါတယ်၊ သို့ပေမယ့် ဆရာကြီး ဦးရွှေအောင်ရဲ့ “အမြင်များ ပြောင်းလဲခြင်း” ခေါင်းစဉ်ကို ကြိုက်နှစ်သက်မိတာကြောင့် အခုလိုပေးလိုက်တာပါ၊
**** ၀ိဉာဉ်ကူးပြောင်းနေတယ်ဆိုတာ ဟုတ်ရဲ့လား *****
ခရစ်ယာန် နဲ့ အစ္စလာမ်တို့မှာ “Soul” ခေါ်တဲ့ ၀ိဉာဉ်ဟာ ဘုရားသခင်ရှေ့မှောက်ကို  နောက်ဆုံးမှာ ပြန်လည်ရောက်ရှိတယ် လို့ယူဆ ကြတယ်။ဗုဒ္ဓဘာသာမှာတော့ “အတ္တ” ဆိုတဲ့ အယူရော၊ “Soul” ခေါ်တဲ့ ၀ိဉာဉ်အယူရောပါ လက်မခံပါဘူး။
**** ၀ီထိမုတ်ပိုင်း၊ ကမ္မစတုက္က, အကုသိုလ်ကာယကံ ၃ ပါး ****
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
အရှင်သီလာနန္ဒာဘိဝံသ (ယခင် ပါမောက္ခချုပ်(ဟောင်း) ဆရာတော်)
အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ၏ အဘိဓမ္မာသင်တန်းပို့ချချက်များ (တတိယတွဲ)
*** ဗုဒ္ဓဘာသာ သာသနာတော်အတွက် အနှောင့်အယှက်များ။ ***
     အရှင်မဟာကဿပမထေရ်သည်သာသနာ၏ ရှေ့အရေးကို
 မြော်တွေးပြီး ရဟန္တာအရှင်မြတ် ငါးရာတို့ဖြင့် ဘုရားရှင်ဟောကြားတော်မူသော တရားတော်များကို မပျောက်ပျက်အောင်နှုတ်ဆောင်ဖြင့် ပထမသင်္ဂါယနာတင်ခဲ့ပါသည်။
**** အစွဲပျောက်ကင်းနည်း ****
ပြဿနာ = တပ်မက်ခြင်း ။
မေးလျှောက်သူ = ရဟန်းတစ်ပါး ။
အခါးတစ်ပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား အတ္တစွဲ မထားကြဖို့ တပ်ခြင်းကင်းကြောင်း တရားကို ဖောင်ကို ဥပမာတင်စား၍ ဟောကြားတော်မူ၏ ။
“သူ့အကျိုးဟာ ကိုယ့်အဆိုး မဖြစ်ပါစေနဲ့”
“သူ့အကျိုးဟာ ကိုယ့်အဆိုး မဖြစ်ပါစေနဲ့”
•••••••••••••••••••••••••••••
လောကမှာ တစ်ချို့က တစ်ခါတလေ
ကိုယ်နဲ့အယူအဆ မတူတဲ့သူတွေ၊
ကိုယ်နဲ့မတည့်တဲ့ သူတွေ၊
*** ဥပုသ်သည်များ ရဟန်းတော်များ ညစာ ဘာလို့ မစားရသလဲ? ***
           ညစာ ဘာလို့ မစားရသလဲ..။
တဏှာနည်းအောင်လို့ ဗျ။ မနက်စားတဲ့ အစာဟာ
တစ်နေ့ လုပ်တဲ့ အားနဲ့ အတူတူ။ တို့ ရဟန်းမှာ တစ်ထပ်နဲ့ တစ်နေ့ စာကို စားရပါတယ်။
ပိုစားရင် သူက သုတ်သွေးဘက်ကို သွားတာ။
****** ခန္ဓာကပြတာကိုကြည့် *****
Photo: ခန္ဓာကပြတာကိုကြည့်
-----------------------
တရားအလုပ်………
အလုပ်အားထုတ်တယ်ဆိုတာ
ခန္ဓာကပြတာကို,
ကြည့်တဲ့သဘောဆိုရင်
မမှားပါဘူး။
တရား ………………
ဘယ်သူက ပြတာလဲ
ခန္ဓာကပြတယ်ဆိုမှ
မှန်ပါလိမ့်မယ်။
ခန္ဓာကပြတာကို
တရားကျင့်သူက
ကြည့်ရမှာပါ။
ခန္ဓာကပြတာ
အမြင်သာဆုံးအနေနှင့်
ဘာတွေပြနေသလဲဆိုရင်
ဇာတိ,ဇရာ,မရဏ
အိုနာသေတွေပါ။
ကိုယ်ခန္ဓာကြီးရလာတဲ့
ဘဝအစဟာ ဇာတိ
ယခုလက်ရှိ အချိန်အခါမှာ
ဖြစ်ပေါ်နေတယ့်သဘောက
ဇရာနှင့် ဗျာဓိတွေပါ။
မလွဲမသွေ ………
ရောက်လာမှာက မရဏ,
သေခြင်းတရားပါ။
ဇရာ ဗျာဓိရှိနေတယ့်
ဒီခန္ဓာကိုကြည့်ရင်
ဒုက္ခမြင်လာပါတယ်။
ရုပ်နာမ် ခန္ဓာရဲ့
ဖြစ်မှု ပျက်မှုသဘောတွေကို
အသေးစိတ်ကြည့်နေရင်
ရုပ်နာမ်ရဲ့ ဆင်းရဲဒုက္ခတွေကို
မြင်လာလာပါတယ်။
ဒုက္ခမြင်တဲ့သူဟာ အကျိုးပေးမယ့်ကံတွေကို မကြိုက်တော့ဘူး ဒုက္ခဖြစ်ကြောင်းကို လှမ်းတွေ့သွားပြီ ဒုက္ခတွေ ဘာကြောင့်ဖြစ်တာလို့ ဒုက္ခဖြစ်ကြောင်းတွေ တွေ့လာလို့ ခန္ဓာကို ငြီးငွေ့လာပါတယ်။ ဘယ်သူ့မျက်စိနှင့်ကြည့်ကြည့် ဘယ်သူ့ ဥာဏ်အမြင်နှင့်ပဲကြည့်ကြည့် ခန္ဓာကြီးဟာ အဟုတ်အမှန် ဆင်းရဲတယ်ဆိုတာ ငြင်းလို့မရပါဘူး။
ဘယ်လိုပဲ သက်သာအောင်နေနေ ဘယ်လိုပဲချမ်းသာအောင်နေနေ ဘယ်လိုပဲ ပြင်ပေးပြင်ပေး ချမ်းသာရဲ့လား သက်သာရဲ့လားဆိုရင် မချမ်းသာ မသက်သာဘူး။
----------------------------------
ဓမ္မဒူတ-ဒေါက်တာအရှင်ပညိဿရ  
 ခန္ဓာကပြတာကိုကြည့်
-----------------------
တရားအလုပ်………
အလုပ်အားထုတ်တယ်ဆိုတာ
ခန္ဓာကပြတာကို,
ကြည့်တဲ့သဘောဆိုရင်
မမှားပါဘူး။
*** ဥပေက္ခာ ၊ ဂရုဏာ ၊ မုဒိတာ ***
Photo: ဥပေက္ခာ
---------
ချစ်ခြင်း မုန်းခြင်း သနားခြင်း စိုးရိမ်ပူပန်ခြင်း မနာလိုခြင်း အစရှိသည့် ဝေဒနာစေတသိက်များကင်းသော ဗြဟ္မဝိဟာရတရားသည်ကား ဥပေက္ခာဖြစ်၏။
ဥပေက္ခာသည် သမ္ဗောဇ္ဈင် ခုနှစ်ပါးတွင် အပါအဝင်ဖြစ်၏။ ဗုဒ္ဓသည် ဥပေက္ခာတရားကို ပတ်ဝန်းကျင်ပယောဂကြောင့် စိုးစိမျှတုန်လှုပ်ခြင်းမရှိသော ကောင်းကင် မြေကြီး ရေ လေ မီးတို့နှင့် ပုံခိုင်း၍ အလေးအနက်ဟောကြား၏။ 
" ရာဟုလာ မြေကြီးနှင့်တူသော ဘာဝနာကို ပွားစေလော့ ထိုဘာဝနာကို ပွားသောသင့်အား ဖြစ်ကုန်ပြီးသော နှစ်သက်ဖွယ် မနှစ်သက်ဖွယ်သော ဖဿတို့သည် စိတ်ကို သိမ်းကျုံးယူငင်၍ တည်ခြင်းငှါ မတတ်နိုင်ကုန်လတ္တံ့ သင့်အားငြီးငွေ့၍ ရှက်ခြင်း စက်ဆုပ်ရွံ့ရှာခြင်း မဖြစ်လတ္တံ့။ "
(မဇ္ဈိမနိကာယ် မဟာရာဟုလောဝါဒသုတ်)
ဥပေက္ခာကို လျစ်လျူရှုခြင်းဟူ၍ မြန်မာလိုပြန်ဆိုခြင်းမှာ ကျေနပ်ဖွယ်ရာမရှိချေ။ လျစ်လျူရှုခြင်းသည် အရေးကိစ္စတစ်ခု၌ိံစိတ်မဝင်စားမှု တာဝန်ရှောင်လွဲမှု ဘာမျှမလုပ်ဘဲနေမှုစသော သဘောသက်ရောက်၍ ဥပေက္ခာသည် စိတ်ဝင်စားမှု တာဝန်ဝတ္တရား ဆောင်ရွက်မှု ဝီရိယတက်ကြွမှုနှင့် ယှဉ်သောတရားဖြစ်၏။ အရေးကြီးသော လုပ်ငန်းကိစ္စများ၌ ခံစားမှုနှင့် အစွဲဥပါဒါန်ကင်းသော ဥပေက္ခာတရားကို လက်ကိုင်ထားမှသာလျှင် မှန်မှန်ကန်ကန် နည်းလမ်းတကျ ဆောင်ရွက်နိုင်ပေမည်။
ဥပမာ လူနာတစ်ဦး အသည်းအသန် ဆင်းရဲဝေဒနာ ခံစားနေရသောအခါ ဆရာဝန်သည် လူနာ၏ ဆွေမျိုးသားချင်းများကဲ့သို့ ပရိဒေဝမီးတောက်မနေဘဲ စိတ်တည်ငြိမ်နေပါမှ လူနာသက်သာစေရန် ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်ပေမည်။ တရားသူကြီးသည် တရာခံအပေါ်၌ ဥပေက္ခာတရား မကျင့်သုံးဘဲ ချစ်ခြင်း မုန်းခြင်း သနားခြင်းစသော စိတ်ခံစားမှု တစ်ခုခုရှိနေပါက ဖြောင့်မတ်မှန်ကန်စွာ တရားစီရင်နိုင်မည် မဟုတ်ချေ။ 
လူမှုပြဿနာများကို သိပ္ပံနည်းကျ စူးစမ်းလေ့လာရာ၌ သော်လည်းကောင်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ အငြင်းပွားမှု လူတစ်ဦးနှင့်တစ်ဦး ခိုက်ရန်ဖြစ်ပွားမှု စသည်တို့ကို ဆင်ခြင်သုံးသပ်ရာ၌ သော်လည်းကောင်း နဂိုမူလရှိပြီးဖြစ်သော ဆန္ဒစွဲ ပုဂ္ဂိလ်စွဲ ဝါဒစွဲ အစရှိသည့် အစွဲအားလုံးကို ဥပေက္ခာပြုထားပါမှ စဉ်းစားတွေးခေါ်မှုနှင့် ခံယူဆုံးဖြတ်ချက် မှန်ကန်ပေမည်။
ဥပေက္ခာသည် အခြားဗြဟ္မဝိဟာရ တရားများထက် အသိပညာ ပိုမိုဦးဆောင်ရန် လိုအပ်သော တရားဖြစ်၏။
စင်စစ် ဥပေက္ခာတရားသည် အရိယာပုဂ္ဂိုလ်တို့၏ ဝိသေသဂုဏ်အင်္ဂါဖြစ်၍ ပုထုဇဉ် လူသတ္တဝါတို့ ကျင့်သုံးရန် မလွယ်ကူချေ။ 
သို့ရာတွင် သည်းခံမှု ခွင့်လွတ်မှု စွန့်လွတ်မှု စိတ်သဘောထားကြီးမှု စိတ်ဓာတ်ရင့်ကျင့်မှုစသော သူတော်ကောင်းတရားများ၏ အခြေခံဖြစ်သောကြောင့် ကိုယ်ကျင့်တရား တိုးတက်မှုနှင့် စိတ်ငြိမ်းချမ်းမှုအတွက် တတ်နိုင်သမျှ အားထုတ်ကျင့်သုံးရန် အရေးကြီးလှပေသည်။
-------------------------------
(ဦးအေးမောင်) မှကောက်နုတ်ရေးသားပါသည်။
 ဥပေက္ခာ
---------
ချစ်ခြင်း မုန်းခြင်း သနားခြင်း စိုးရိမ်ပူပန်ခြင်း မနာလိုခြင်း အစရှိသည့် ဝေဒနာစေတသိက်များကင်းသော ဗြဟ္မဝိဟာရတရားသည်
ကား ဥပေက္ခာဖြစ်၏။
**** ဒုက္ခ၏အဆုံး (ဝါ) နိဗ္ဗာန် ****
ဂေါတမဗုဒ္ဓသည် လောက၌ အတူတကွ တွေ့ရခဲသော ဂုဏ်အင်္ဂါနှစ်ပါးကို ထူးခြားလေးနက်သော အသွင်လက္ခဏာဖြင့် တွဲဖက်၍ ရုပ်လုံးဖော်ထားသော ပုဂ္ဂိုလ်သူမြတ်ဖြစ်၏။
***** ကိလေသာ (၁၄) ပါးမှာ ****
           ကိလေသာ (၁၄) ပါးမှာ==
 ၁။ လောဘ = တပ်မက်တောင့်တခြင်း။
 ၂။ ဒေါသ = ခက်ထန်ကြမ်းကြုပ်ခြင်း။