ကောဇာသက္ကရာဇ် ၂၈၉- ခုနှစ် တွင် သီရိဓမ္မာသောကမင်းကြီးက ရွှေအာဏာအမည်တော်ဖြင့် စတင်တည်ထား ကိုးကွယ်တော်မူခဲ့သည်။
အထက်မြန်မာပြည်ပုဂံမြို့ (ပေါက္ကံရာမပြည့်ရှင်) အလောင်းစည်သူ မင်းသည် ဖြိုကြွင်းသက္ကရာဇ် (၄၅၇) ခုနှစ်၌ ထူပါရုံ ဟူသော ဘွဲ့တော် ချီစေလျက်၊ တိုးမြှင့်တည်ထား ကိုးကွယ်တော်မူပြန်သည်။
ကောဇာသက္ကရာဇ် ၆၀၀-ပြည့်နှစ်၌၊ ပုသိမ်-၃၂ မြို့ကို အစိုးရသော သမုဒ္ဒဃောသ နှင့် ဥမ္မာဒန္တီတို့က ရွှေမုဋ္ဌော ဟူသော အမည်တော်ဖြင့် တည်ထား ကိုးကွယ်ထားခဲ့ရာ ယနေ့ထိ ထိုအမည်တော်ဖြင့် ထင်ရှားလျက် ရှိပါသည်။
ဤနောက်တွင် စစ်ကိုင်းဘုရင်မည်သော ဘကြီးတော်ဘုရားသည် လည်းကောင်း မင်းတုန်းမင်း၏ နောင်တော် ပုဂံမင်းသည်လည်းကောင်း ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရား သည်လည်းကောင်း၊ ထီးတော်လှူခြင်း၊ ရွှေလုံး တော်ပြည့် ကပ်လှူခြင်းနှင့်၊ အခြားပူဇော်သက္ကာ ပြုခြင်းတည်းဟူသော ကောင်းမှုတော်တို့ကို အဆက်ဆက် ပြုတော် မူခဲ့ကြသည့်အပြင် ပုသိမ်မြို့ကို ကွပ်ကဲအုပ်ချုပ်ကြကုန်သော မြို့ဝင်မင်း တို့သည်လည်းကောင်း စေတီတော် ကြီးအား ထိန်းသိမ်းစောင့်ရှောက် ကိုးကွယ်ခဲ့ကြလေသည်။
http://www.patheincity.com/travel/mm-pathein-pagoda-shwemoktaw.html မှခံစားမျှဝေသည်။............
No comments:
Post a Comment