
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ကလော-အောင်ပန်း (၆)မိုင် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ကလောမှ (၄) မိုင် ၊ အောင်ပန်းမှ (၂) မိုင် အကွာ၌ ပင်လောင်း ၊ ဖယ်ခုံ ၊ လွိုင်ကော်သို့ သွားသည့် ကားလမ်း ရှိသည်။ လမ်းဆုံမှ ပင်လောင်းဖက်သို့ (၄) မိုင် ခန့်သွားလျင် ထင်ရှားတည်ရှိ - မြင်းမထိ သို့ ရောက်သည်။
မြင်းမထိတောင်ကြီးမှာ ပတ်ဝန်ကျင်ဒေသ၌ အမြင့်မားဆုံးသော တောင်ဖြစ်သည်။
ပြည်တွင်းပြည်ပခြေလျင်နှင့်တောင်တက်သမားများစိတ်ဝင်စား
စွာတက်ရောက်လေ့ရှိသည့် တောင်ဖြစ်သည်။
ကလောမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် (၄၃၁၅)ပေ အမြင့်တွင်ရှိ၍ မြင်းမထိတောင် သည် တောင်ခြေမှ (၁၀၇၅) ပေ အမြင့်တွင် တည်ရှိပေသည်။

ပင်လောင်းသို့သွားသည့်လမ်း၏အရှေ့ဖက်မြင်းမထိရွာနှင့်
တစ်ဆက်တည်း(၂)ဖာလုံခန့်ကွာဝေးသည့်နေရာ
တွင်ဂူများနှင့်လှိုင်ခေါင်းတည်ရှိရာ တောင်ကုန်းကို တွေ့ရသည်။
တောင်ကုန်း၏မြောက်ဖက်ပိုင်းရှိဘုရားများ
ကိုကားလမ်းမှပင် မြင်တွေ့ရသည်။
ဥဏ္ဏလုံမွေရှင်တော် စေတီတော်မြတ်သည် ရှေးဟောင်း သမိုင်းဝင် ဘုရားတစ်ဆူဖြစ်သည်။ မူရင်း ဒါယကာမှာ သီရိ ဓမ္မာ သောကမင်းဖြစ်၍ မြတ်စွာဘုရားရှင်၏ မျက်မှောင်တော်၌ ပေါက်ရောက်သော ဥဏ္ဏလုံမွေတော်ဓာတ်တော်ကို ဌာပနာ ထည့်သွင်း ပူဇော်ခဲ့သဖြင့် ဥဏ္ဏလုံ မွေရှင်တော်ဟု ခေါ်ဆိုခဲ့ပါသည်။
ပုဂံခေတ်တွင်အနော်ရထာမင်းကြီးကပြန်လည်ပြုပြင်ထီးတော်တင်
လှူခဲ့ပြီးပုဂံမင်းဆက်အလောင်းစည်သူမင်း
ကြီးက ပြန်လည်မွမ်းမံ ၍ထီးတော် တင်လှူခဲ့ရာ ထီးတော်မှာ သုံးဆင့် ဖူးမြင်ရခြင်း ဖြစ်ပါသည်။
ရင်ပြင်၌ ဗုဒ္ဓ ရုပ်ပွားတော် ရှစ်ဆူနှင့် ဓမ္မာသောက မင်းတည်ခဲ့သော စေတီကို ဖူးတွေ့ရသည်။ ထိုစေတီ အနားရှိ တောင်ကုန်း၏ တောင်ဖက်ပိုင်းသို့ ရောက်အောင် သွားနိုင်သည့် သဘာဝ ကျောက်သား လှိုင်ခေါင်းကြီးသည်ရှေးနှစ်ပေါင်းထောင်သောင်းမကအချိန်မှစ၍ တည်ရှိနေခဲ့သည်။
ကျောက်စက်ပန်းဆွဲများ ရှိလျှက် ကျောက်စက်ရေများအစဉ်ကျလျှက် ရှိပါသည်။ သဘာဝ ရှုမောဖွယ် ၊ သဘာဝအလှအပများကိုတွေ့မြင်ရပါသည်။
သဘာဝရှုမောဖွယ်၊သဘာဝအလှအပများကို တွေ့မြင်ရပါသည်။


လှိုင်ခေါင်း၏ အလျားမှာ (၁၀၂၈) ပေ ရှိ၍ ဘေးတစ်ဘက် တစ်ချက်၌ လှိုင်ဂူများ တည်ရှိနေပါသည်။ လှိုင်ခေါင်းထဲသို့ ယခင်က ရေ၀င်သဖြင့် (ရေ၀င်ဂူ) ဟုခေါ်တွင်သည်။
အထဲသို့ ၀င်သော ရေမှာ ဂူထဲရှိ ထူးပေါက် တစ်ခုထဲသို့ စီးဝင် ငုတ်လျိုးပျောက်ကွယ်သွားသည်။ လှိုင်ခေါင်းထဲတွင် ဥုံနလုံရှင် ရုပ်ပွားတော်နှင့် စေတီများရှိသည်။
တောင်ကုန်း၏တောင်ဖက်ပိုင်းအရောက်တွင်ထွက်ပေါက်ရှိသည်။
ထိုထွက်ပေါက်တစ်ဝိုက်၌ ရှေးဟောင်းရုပ်
ပွားတော် (၂၈) ဆူ နှင့် စေတီများကို ဖူးတွေ့ရသည်။
ရှေးနှစ်ပေါင်း (၂၃၀၀) ကျော်ကတည်းက တည်ထားကိုးကွယ်ခဲ့သည့် စေတီများ ၊ ရုပ်ပွားတော်များဖြစ်၍ လက်ရာများမှာ ဆန်းပြားနေပေသည်။
(၂၉-၅၁၉၉၆)နေ့မှစ၍မြို့နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ကဦးဆောင်လျက် ပြုပြင်မွမ်းမံတည်
ဆောက်မှုများကို ဆောင်ရွက်ခဲ့ရာ ယခုအခါ လှိုင်ခေါင်းအတွင်း သွားလာရန် လမ်းခင်းခြင်း ၊ ရေ၀ပ်သည့် နေရာများ၌ သံလှေကားများတပ်ဆင်ခြင်း ၊ ရုပ်ပွားတော်များ ၊စေတီတော်များ တွင်ရွှေသင်္ကန်းကပ်လှူခြင်း ၊ လျှပ်စစ်မီးထွန်းပေးခြင်း ၊ တို့ ကိုဆောင်ရွက်ထားပါသည်။
ဆက်လက်၍ ဘုရားကြည်ညိုရန် နေရာများ ဆင်းတုရုပ်ပွားတော်များ တည်ထားကိုးကွယ်ရန် နေရာထိုင်ခင်းများကို
ဆောင်ရွက်လျက်ရှိသည် ။
ကြည်ညိုဖွယ် အတိမြင်းမထိလှိုင်ခေါင်းဘုရားဖူးစေတီများ လှိုင်ခေါင်းနှင့်လှိုင်ဂူများကို အနယ်နယ်အရပ်ရပ်
မှ ဘုရားဖူးသူ၊ လေ့လာသူ၊ နိုင်ငံခြားမှ ဧည့်သည်များ လာရောက်ကြ၍ စည်ကားလျက်ရှိပါတော့သည်။
နှစ်စဉ် နှစ်တိုင်း တန်ခူးနှစ်သစ် (၈) ရက် ၊ သီတင်းကျွတ် လပြည့်ကျော် (၈) ရက်နေ့များတွင် ဘုရားပွဲတော် ကျင်းပကြသည်။


မြင်းမထိဂူအနီး ရှိ လမိုင်းကျင်းရွာ
မြင်းမထိဂူအနီးရှိ လမိုင်းကျေးရွာမြန်မာတို့၏ယဉ်ကျေးမှု ပုံရိပ်များမှ ပြန်လည်မျှဝေသည်။
မြင်းမထိဂူအနီး ရှိ လမိုင်းကျင်းရွာ
No comments:
Post a Comment