

တမုတ်ရှင်ပင် ရွှေဂူကြီးဘုရား
*********************
ကျောက်ဆည်မြို့နယ်၊ ကျောက်ဆည်မြို့နှင့် (၆)မိုင်ခန့် အကွာ ကြောင်ပန်းကုန်းကျေးရွာ အနီး တမုတ်မြို့ဟောင်း နေရာတွင် ပုဂံခေတ်
အနော်ရထာမင်းကြီးက လယ်တွင်း ကိုးခရိုင် တည်ဆောက်ရင်း တမုတ်ရှင်ပင် ရွှေဂူကြီးဘုရားကို တည်ထားခဲ့ရာ
ရွှေဂူကြီးဘုရားအား အင်းဝခေတ်တွင် ငုံထားရာမှ ယခုအခါ ရှေးမူမပျက် ပြန်လည် တူးဖော်နိုင်ခဲ့သဖြင့် ပုဂံခေတ်ပန်းတော့ လက်ရာများ
၊ ဂူအတွင်းမှ ရှေးဟောင်း နှစ်ထပ်ရုပ်တုတော်များ ထူးခြားဆန်းကြယ်စွာ ထုလုပ်ထားသည့် လက်ရာများ တူးဖော်ရရှိခဲ့ရာ အနယ်နယ်
အရပ်ရပ်မှ ဘုရားဖူး ပြည်သူများ နေ့စဉ်လာရောက် ကြည့်ရှု လေ့လာဖူးမြော်လျက် ရှိကြသည်။
အဆိုပါ တမုတ်ရွှေဂူကြီး ရှေးဟောင်း ဘုရားစေတီတော်ကြီး ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ဘုရားပစ္စယံ အပေါ်ပိုင်းမ
ှ အနုပညာလက်ရာများ မိုးဒဏ် လေဒဏ်မှ ထိခိုက်ပျက်စီးမှု မရှိစေရန် နေရောင်ကာ ပလတ်စတစ်ပြားများဖြင့် အုပ်မိုးထားသည်။
ဆက်လက်၍ စေတီတော်အောက်ခြေ ပစ္စယံများ ဆက်လက် တူးဖော်လျက်ရှိသည်။
ရွှေဂူကြီးဘုရားအား ဆက်လက်တူးဖော်
နေရာမှ စေတီတော်ဖက်တွင် အင်္ဂတေပန်းလက်ရာများ၊ စင်ပေါက် အမိုးပန်း လက်ရာများ၊ မူလလက်ရာမပျက် တွေ့ရှိထိန်းသိမ်းထားလျက် ရှိသည်။
စေတီတော် အင်္ဂါထောင့်မှ လှေကားအတက်ကို တူးဖော်ရာ၌ ပုဂံခေတ်လက်ရာ နှစ်ထပ်သုံးထပ်
ထုလုပ်ထားသော အံ့သြဖွယ်ရာ ရုပ်ပွားတော် ဖူးတွေ့ရခဲ့သည်။
ယခုအခါ ရွှေဂူကြီးဘုရားမှ ရှေးဟောင်းပစ္စည်းများ၊ ရုပ်ပွားတော်များကို
ဗုဒ္ဓဘာသာဝင်ပြည်သူများ ဖူးမြော်နိုင်ရန် ကမ္ပည်းစာတန်း ရေးထိုးထားသည်။ တူးဖော်ရရှိသော ဘုရားကျောက်စာကိုလည်း
ကျောက်စာတိုင်တွင် တည်ဆောက်ပြသထားသည်။
http://myanmarpage.blogspot.ru/2013/02/blog-post_9079.html# မှပြန်လည်မျှဝေသည်။
No comments:
Post a Comment