ယခုရက်လုပ်သော နှီးဘုရားဗုဒ္ဓရုပ်ရှင်တော်မြတ်မှာ ကမ္ဘာနှင့်မြန်မာ အရပ်ရပ်တွင် (၂၈) ဆူမြောက်ဖြစ်သည်။ မြန်မာပြည် အရပ်ရပ်တွင် (၂၄) ဆူနှင့် တရုတ်ပြည်တွင် လေးဆူ ရက်လုပ်ပူဇော်ခဲ့ပြီး ဖြစ်သည်။ ဧရာဝတီတိုင်းတွင် သုံးဆူ ရက်လုပ်ပူဇော်ခဲ့ပြီး ဖြစ်သည်။
နှီးဘုရား ဗုဒ္ဓရုပ်ရှင်တော်မြတ်ကို မြန်မာသက္ကရာဇ် ၁၃၆၉-ခုနှစ် သီတင်းကျွတ်လပြည့်ကျော် (၁၃) ရက် ခရစ်သက္က ရာဇ် (၈-၁၁-၂၀၀၇) ခုနှစ် ကြာသပတေးနေ့တွင် စတင်ရက်ခဲ့ပါသည်။
မြန်မာသက္ကရာဇ် ၁၃၆၉- ခုနှစ် နတ်တော်လပြည့်နေ့ (၁၅)ရက် ၊ ခရစ်သက္ကရာဇ် (၂၄-၁၂-၂၀၀၇) ခုနှစ် တနင်္လာနေ့ နံနက် (၉) နာရီ တွင် ဌာပနာတိုက်အသီးသီးတို့၌ ဌာပနာထည့်သွင်း ပူဇော်ခဲ့ကြသည်။
သံဖရိန်စတင်ခြင်းမှ နှီးရက်လုပ်ပြီးစီးသည်အထိ (၄၁) ရက်ကြာ မြင့်ခဲ့ပါသည်။ ဥာဏ်တော်အမြင့်မှာ ပလ္လင်တော်မှ မုနိတော်အထိ- (၁၃ ပေ ၃.၅ လက်မ) အမြင့်ရှိပါသည်။
နှီးဘုရား ရုပ်ရှင်တော်မြတ်ကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကမ်းနီကျေးရွာ ပုသိမ်-ချောင်းသာနှင့် ငွေဆောင်လမ်းဆုံ ပုသိမ်ကြိုး တံတားထိပ် လောကနန္ဒာစေတီတော် ရင်ပြင်တော် နေလတန်ဆောင်း တော်ကြီးတွင် ကိန်ဝပ်စံပယ် အပူဇော်ခံလျက်ရှိနေပါသည်။
http://www.patheincity.com/travel/mm-pathein-pagoda-bamboo.html မှခံစားမျှဝေသည်။
No comments:
Post a Comment