
ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ငွေတောင်ဆည်၏ အရှေ့မြောက်ဘက် ထီးပွင့်ကန် တောင်တန်းသာသနာပြု ဘုန်းတော်ကြီးကျောင်း၏ သာသနာ့ မြေပရိဝုဏ်အတွင်း တည်ရှိပြီး ကန်တော်၏ အလျားမှာ (၂၂၇)ပေနှင့် အနံ (၁၁၅)ပေရှိပြီး ရေပွက်လေးများမှာ ရွံ့နုန်းမြေများဖြင့် ထီးပွင့်ပုံသဏ္ဍန်ရေပြင်ပေါ်သို့ ပြူတက်ကာ ထူးဆန်းစွာ တည်ရှိလျှက်ရှိပါသည်။


ထီးပွင့်ကန် သမိုင်းဖြစ်ပေါ်လာပုံကို ဆက်လက်ဖော်ပြရမည်ဆိုလျှင် ရှေးအခါက တောအုပ်တစ်ခုတွင် ယုန်ဖြူခေါ်ဆောင်ရာနောက်သို့ မိချောင်းကြီး မှာ နောက်မှ လိုက်ပါသွားလေသည်။
တစ်နေ့ရာအရောက်တွင် လေတိုးသည့်အတွက် ထင်း၇ှူးပင်များသည် ရေစီးကဲ့သို့ အသံများ ထွက်ပေါ်လာလို့ ရေကန်နှင့်နီးပြီး အားမလျော့ဘဲ ကြိုးစား လျှောက်လှမ်းပါဟု ယုန်ဖြူကြီးက ဆိုလေသည်။
တဖြည်းဖြည်း ကြိုးစားပြီး လျှောက်လှမ်းခဲ့သော်လည်း ရေကန်သို့ မရောက်ရှိနိုင်ဘဲ မိချောင်းကြီးလည်း ခရီးပန်းလို့ ခြေကုန် လက်ပန်းကျဖြစ်နေချိန် တောင်ကုန်းတစ်ခုပေါ်သို့ ရောက်ရှိသောအခါ ယုန်ဖြူကြီးက မိချောင်းကြီးအား ထားခဲ့လို့ ရှောင်ခွာထွက်ပြေးသွားလေသည်။
မိချောင်းကြီးက ဆက်လက်ခရီးဆက်နိုင်ခြင်းမရှိ၊ ဒုက္ခရောက်နေစဉ် ကျွဲဖြူကြီးတစ်ကောင်က မိချောင်းအနားသို့ ရောက်ရှိလာပြီး အဆွေအဘယ်အရပ်သို့ သွားပါမည်နည်း၊ အဆွေသည် “ပူဆွေးသောက ရောက်နေသလိုပဲ”ဟု မေးရာ မိချောင်းကြီးက အကြောင်းစုံ ရှင်းပြပြီး ရေရှိရာအရပ်သို့ ပို့ဆောင်ပေးပါဟု အကူအညီတောင်းလေသည်။
ကျွဲဖြူကြီးက ရေရှိရာအရပ်သည် အလွန် ကွာဝေးလှသည်ဟု ပြောလေရာ မိချောင်းကြီးက “သင်၏ခွာဖြင့် မြေများကို ယက်ပေးပြီး ကျင်ငယ်များကို စွန့်ပေးပါ”ဟု ပြောလေရာ ကျွဲဖြူကြီးသည် သနားကြင်နာစိတ်များ ပေါ်ပေါက်လာကာ မိချောင်းကြီး အကူအညီ တောင်းသည့်အတိုင်း ခွာဖြင့် မြေများကို ယက်ထုတ်လိုက်၊ ကျင်ငယ်စွန့်လိုက်ဖြင့် အဖန်တလဲလဲ ကြိုးစားခဲ့ရာ မိချောင်းကြီး လူးနိုင်သော အဆင့်သို့ ရောက်ရှိကာ မိချောင်းကြီးလည်း ဆက်လက် ကြိုးစားလို့ မြေများကို ယက်ကာ ရေများ ပန်းထွက်လာလေတော့သည်။
ထိုအခါ မိချောင်းကြီးက အလွန်ပျော်ရွှင်ဝမ်းမြောက်လို့ ကျွဲဖြူကြီးအား အကျွန်ုပ်တွင် သင်ပေးသော အသက်သာ ရှိပါတော့သည်။ သင်တို့ကျွဲများ ရေနှင့်ပတ်သက်လို့ အခက်အခဲ မရှိပါစေနှင့် ၊ ရေအခက်အခဲ ဖြစ်ခဲ့လျှင် ကျွန်ုပ်ကို သတိရပါ။ ကျွန်ုပ် ကူညီစောင့်ရှောက်နေပါမည်ဟု ကတိ စကား ပြောကြားခဲ့လေသည်။
သို့ဖြစ်လို့ ယနေ့တိုင် ကျွဲများ ရေနှင့်ပတ်သက်လို့ ဒုက္ခရောက်သည်မရှိ မိချောင်းများက ကူညီစောင့်ရှောက် နေကြသည်ဟု ယုံကြည် ယူဆကြလေသည်။ ယခု ထီးပွင့်ကန်သည် ကယားလူမျိုးတို့က မိချောင်းကြီးကူးသောကန်ဟု အဆိုရှိကြလေသည်။ ဘုတ်တလုတ်ကန်ဟုလည်း အမည်သမုတ်ကြသည်။
ရေကန် ကို စတင်တွေရှိခဲ့သူ သမိုင်းမှာ
ထီးပွင့်ကန်တော်မှ ရှုမြင်နိုင်သော အနောက်ဘက်ရှိ ယခု ရွှေတောင်ဟု ခေါ်သော “ ခိုလေးခို”၏ တောင်ဘက်တွင် “ဟိုတရဲဆို” အမည် ရှိသော တောင်တလုံးတည်ရှိသည်။
ထိုကာလ “ကျော့အေကေ” ဆိုသော ပုဂ္ဂုလ်တစ်ဦးသည် ဆင်စီးပြီး နယ်မြေသစ်ရှာဖွေရန် ထွက်လာခဲ့ရာ ဟိုတရဲဆိုတောင်သို့အရောက်တွင် အရှေ့ဘက် တလွှားသို့ မျှော်ကြည့်ခဲ့ရာ တောအုပ်တခုကိုတွေ့သဖြင့် ၄င်းတောအုပ်သို့ ရောက်ရှိသွားခဲ့ပါသည်။
ထိုတောအုပ်အတွင်းစာပတီးငှက်များထက်အောက်
ကွေ့ပတ်ပျံသန်းနေသည်ကိုမြင်တွေ့ခဲ့ရာ နေရာသည်
ရေရှိလိမ်မည့် အထင်နှင့် ပတ်ဝန်းကျင်တ၀ိုက်တွင် လှည့်ပတ်ရှာဖွေရာ ရေများတွေ့ရှိခဲ့သဖြင့် နေထိုင်ရန် သင့်လျော်မည်ဟု ဆိုကာ ယခုလက်ရှိ ရေထွက်ပေါက်၏ အနောက်ဘက်တွင် ယခုဒေါကလိုးခူရွာ တည်ရှိပြီး စတင်နေထိုင်ခဲ့သည်။
ဒေါကလိုးခူရွာ ထီးအင်းနယ်မြေတွင် တောမြိုင်ဂနိုင်ကြီးများဖြင့် ပိန်းပိတ်ထူထပ်နေလျှက်ရှိသည်။ တစ်နေ့တွင် “ ကျော့ဘေ့ကေ”သည် ခွေးနက်ကြီးတစ်ကောင်နှင့်အတူ
တောလည်ထွက်ခဲ့ရာ အပြန် ခရီး မွန်းလွဲပိုင်းတွင် ရေအလွန်ငတ်သဖြင့် ပတ်ဝန်းကျင်တွင်ရေများ ရှာကြည့်သော်လည်း ရေရှာမတွေ့ ဘဲ ခွေးနက်ကြီး၏ ကိုယ်တွင် ရေများစိုစွတ်နေသည် ကို မြင်တွေ့ရသည့်အတွက် ဧကန် အမှန် ရေအိုင်၊ ရေကန်ရှိမည်ဟု ထပ်မံရှာဖွေကြည့်သော်လည်း မတွေ့ရှိဘဲ ပြန်ခဲ့ရာ နောက်တစ်နေ့ တွင် ခွေးနက်ကြီးအား နေပူထဲတွင် ကြိုးဖြင့် ချည်လှန်းထားပြီး ရေငတ်အောင် ပြုလုပ်ထားပြီး ခွေးအား ကြိုဖြေပေးခဲ့ရာ ခွေးသည် ရေအလွန်ဆာလောင်သဖြင့် ရေရှိရာသို့ ဦးတည်ပြေးသွားခဲ့သည့် အတွက် ခွေးသခင်လည်း ခွေးနောက်သို့ လိုက်ပါရာမှ ရေကန်တကန်ကို တွေ့ရှိခဲ့သည်။
ယင်းကန် သည်ကား ခု ထီးပွင့်ကန် ပင်ဖြစ်ပါသည်။
ကိုးကား-ချယ်ရီမြေ ၊တော်ဝယ်ချယ်ရီလေး ဘလောခ် မှပြန်လည် မျှဝေသည်။
ကိုးကား-ချယ်ရီမြေ ၊တော်ဝယ်ချယ်ရီလေး ဘလောခ်ကိုးကား-ချယ်ရီမြေ ၊တော်ဝယ်ချယ်ရီလေး ဘလောခ်
http://myanmarpage.blogspot.ru/2013/09/blog-post_23.html မှ ပြန်လည်မျှဝေသည်။
No comments:
Post a Comment