




မနုဟာဘုရားကို အေဒီ (၁၀၆၈)တွင် မနုဟာမင်း တည်ခဲ့သည်။ မနုဟာမင်းသည် မြင်းကပါအရပ်တွင် အကျယ်ချုပ်ဘဝဖြင့်
နေရစဉ် မြင်းကပါ သူဌေးထံ မနောမယ
ကြောင်မျက်ရွဲလက်စွပ်ကို ရောင်းချခဲ့ရာ
ငွေလှည်း ၆ စီးတိုက် ရရှိခဲ့သည်။
မနုဟာမင်းသည် ထိုငွေဖြင့် လောကနန္ဒာသင်္ဘောဆိပ် အရှေ့မြောက်
စောင်းအရပ်ရှိ
သီရိဇေယျဘုံမိ ကုန်းတွင် ၁၅-၈-၁၀၆၇ တွင် ဘုရားစတင်တည်ရာ ၁၂-၃-၁၀၆၈ တွင်
ပြီးစီးခဲ့သည်။ မနုဟာဂူ ဘုရားသည် စတုရန်းပုံ နှစ်ထပ် အဆောက်အဦးဖြစ်ပြီး
ပစ္စယာများ အထက်၌ စေတီရံများ ရှိသည်။
မနုဟာဂူဘုရားအတွင်း
ဗုဒ္ဓရုပ်ပွားဆင်းတု (ဘူမိဖဿမုဒြာ)သုံးဆူ ရှိပြီး အလယ်မှ ပဓာနဗုဒ္ဓရုပ်ပွား
ဆင်းတုတော်ကြီးသည် (၁၀.၂၄)မီတာ၊ (၃၃.၅)ပေ မြင့်ပြီး ဘေး ၂ ဖက်မှ
ဗုဒ္ဓရုပ်ပွား ဆင်းတုနှစ်ဆူသည် (၆.၂၅)မီတာ၊ (၂၀.၅)ပေ မြင့်သည်။
ဂူဘုရား၏
အနောက်ဘက် အခန်းတွင် အလျား (၂၈.၈၀)မီတာ၊ ၉၄.၅)ပေ ရှိသည့် လျောင်းတော်မူ
ဗုဒ္ဓရုပ်ပွားတော် ရှိသည်။
မနုဟာဂူဘုရား အပြင်ပတ်လည်တွင် အင်္ဂတေပန်းတော့ လက်ရာ၊ ဘီလူး ပန်းဆွဲများဖြင့် တန်ဆာဆင်ထားသည်။ မနုဟာဘုရား ရှေ့မျက်နှာစာတွင် ကြီးလားလှသည့် သပိတ်ကြီးရှိသည်။
မနုဟာဂူဘုရား အပြင်ပတ်လည်တွင် အင်္ဂတေပန်းတော့ လက်ရာ၊ ဘီလူး ပန်းဆွဲများဖြင့် တန်ဆာဆင်ထားသည်။ မနုဟာဘုရား ရှေ့မျက်နှာစာတွင် ကြီးလားလှသည့် သပိတ်ကြီးရှိသည်။
ပုံတော်များကို www.ancientbagan.com မှ ရယူထားပါသည်။
http://aung-myay.blogspot.com/ မှခံစားမျှဝေသည်။
http://aung-myay.blogspot.com/ မှခံစားမျှဝေသည်။
No comments:
Post a Comment