
မြကျောက် သိမ်တော်
****************
'မြကျောက်''ပုသိမ်ကြီးမြို့နယ်ရန်ကင်းတောင်ခြေမှာရှိတဲ့
အတုလမဟာမြကျောက်စေတီတည်ရှိရာနေရာမှာ ရိုးရိုးရေတွင်း တူးရာကနေ ကမ္ဘာ့အဆင့်မီ (PH 7.3) ရှိတဲ့ သဘာဝ ရေသန့် ထွက်ရှိရာနေရာ
တစ်ခု ဖြစ်ပါသည်။
မြကျောက်ရေစင်ဟာ မြန်မာနိုင်ငံမှာ ပထမဆုံးတွေ့ ရတဲ့ Mineral Water သဘာဝ ရေစင်ဖြစ်ပြီး ပညာရှင်များ ဓါတ်ခွဲစမ်းသပ်ချက်အရ ကမ္ဘာ့အဆင့်မီ Spring Waterထက် ပိုကောင်းမွန်တယ်လို ဆိုခဲ့ပါသည်။
တွေ့ ရှိပုံမှာ
********
မြကျောက်ဆရာတော် ဘဒ္ဒ န္တ ခေမာစာရအား '' နဂါးတွင်းမှရေထုတ်ပေးမည် သည်နေရာတွင် တူးပါ '' ဟု သာသနာစောင့်နတ်တွေက လာရောက်လျှောက်ထားချက်အရ ၁၉၉၈ မှာ မြေအောက်ပေပေါင်း (၄၂၈)ပေထိ စတင်တူးဖော်ပါသည်။
တူးဖော်ရာ တလျှောက်မှာ ကျောက်ဖျာ အလွှာလွှာအထပ်ထပ် ဟာ ပေပေါင်း(၁၁၇)ပေ ရှိပြီး ရေကြောမှာ ပေ(၄၀) နက်ကြောင်းသိရှိရပါသည်။
ထိုရေမှရေကိုစတင်ထုတ်ယူရာမှရေဟာ သဘာဝအလျောက်သန့် စင်သောရေ ဖြစ်နေကြောင့် မြန်မာပညာ
ရှင်များ ၊စင်ကာပူမှ ပညာရှင်များနှင့် အမေရိကန်မှ ကျန်မာရေး ပညာရှင်များ ဓါတ်ခွဲစမ်းသပ်ထားသော အထောက်အထားများနှင့် ရေတွင်ပါဝင်သော စံချိန်စံညွှန်းများအားဖော်ပြလိုက်ရပါသည်။
စက်တွေနဲ့သန့်စင်ထားတာမျိုးမဟုတ်ဘဲမြေကြီးကသဘာဝရေသန့် 
ထွက်တဲ့နေရာဟာကမ္ဘာပေါ်မှာရှာမှရှားပြီး
အံ့သြစရာလဲကောင်းပါတယ်.။
သောက်သုံးတဲ့သူများအဖို့လဲသိဒ္ဓိရေစင် နတ်ရေစင်ဆေးပေါင်း
ခရေစင်ဟုယုံကြည်ကာ ရောဂါဘယပျောက်
ကင်း စေရန် လာရောက် သောက်သုံးကြ သယ်ယူကြပါသည်။.
ကျနော်တို့လဲတ၀သောက်ပြီး၁လီတာရေသန့်ဘူးနဲ့
ထဲ့ပြီးယူလာကြပါတယ်။
လူအများ သိပြီးသားဖြစ်ပေမဲ့ သိပြီးသားတွေထဲက ထူးခြားပြီးတန်ဖိုးရှိတဲ့နေရာလေး ဖြစ်လို့ 
ထပ်မံဖော်ပြလိုက်ရပါတယ်....။
မိတ်ဆွေအပေါင်းရှင်....မြကျောက်ရေစင်သောက်သုံးပြီး
ရောဂါဘယကင်းဝေးကြပါစေ...




မြကျောက်တွင် မြေအောက် ပေပေါင်း(၄၂၈)ပေမှ သဘာဝအလျှောက် ရေသန့် ထုတ်ယူရာ နေရာ


ပုံတော်များကို Mandalay Thu ဆီမှ ပြန်လည်ကူးယူးမျှဝေသည်။
http://myanmarpage.blogspot.ru/2013/07/blog-post_21.html#sthash.aIKdtjqD.dpuf
ဓါတ်ပုံ-Mandalay Thu
No comments:
Post a Comment