လေးကျွန်းရန်အောင် ဖောင်တော်ဦးစေတီတော်မြတ်သည်
လေးကျွန်းရန်အောင် ဖေါင်တော်ဦးစေတီတော် ကျောက်စာအရ ခရစ်နှစ် (၁၁၁၅) တွင် ပုဂံပြည့်ရှင်အလောင်း စည်သူမင်းကြီး သီဟိုဠ်နှင့် မဇ္ဈိမဒေသသို့အသွား ခရီးတစ်ထောက်နားခိုက်တွင်တည် ထားခဲ့သည်။ ကိုးတောင်ပြည့် စေတီဖြစ်ပြီး၊ ဖေါင်တော်ဦး ဘွဲ့မည်တွင်သည်။
ခရစ်နှစ် (၁၄၅၅) တွင် ပုသိမ်မြို့စားဗညားအိမ်က မူလစေတီကို ငုံပြီးထပ်မံ တည်ထားသည်။ ရွှေဥသြမည်တွင် သည်။
ခရစ်နှစ် (၁၉၃၉) တွင် မဟာဗောဓိဆရာတော် ဥူးနန္ဒိယ ဦးစီးပြီး အလောင်းစည်သူမင်းကြီး၏ ကုသိုလ်တော် မူလစေတီကို လိုဏ်ဂူအ တွင်းထားကာ လုံးဝန်းသောသဏ္ဌန်နှင့် တဝဂူစေတီ တည်ထားသည်။ (၈၄.၅) ပေ မြင့်၍ (၁၉၅၀) ပြည့်နှစ် မတ်လအတွင်း ပြီးစီးသည်။ ပြည်လုံးချမ်းသာဘွဲ့မည်တွင်သည်။စေတီတော်ပရိဝုဏ်ရှိ ဝိဟာရဒေဝီ နှင့်မောင်တော် ဗြဟ္မဒေဝီတို့၏ ရေကန်နှစ်ကန်ကို အစွဲပြုပြီး ရေကြည်ရေနောက် ဘုရားဟုလူသိများခဲ့သည်။
http://www.patheincity.com/travel/mm-pathein-pagoda-laykyungyanaung.html မှခံစားမျှဝေသည်။
No comments:
Post a Comment