သမိုင်းဝင် "ကျိုက်ဓနုတ်ဆံတော်ရှင်စေတီတော်" သမိုင်းအကျဉ်း
![]() |
ဓါတ်ပုံ-ကိုမင်းသိုက် |
ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ဓနုတ်ကျေးရွာ -
သမိုင်းဝင် "ကျိုက်ဓနုတ်ဆံတော်ရှင်စေတီတော်" သမိုင်းအကျဉ်း။
သမိုင်းအထောက်အထားများအရ -
စူဠသီရိမာသောကမင်း၊ဟံသာဝတီဗညားဦးမင်း၊ဟံသာဝတီသုတသောမမင်း၊ ဟံသာဝတီဘုရင်မကြီးရှင်စောပု၊ဘုရင့်နောင်ကျော်ထင်နော်ရထာ၊
အင်းဝဘုရာသာလွန်မင်းတရားကြီး၊
ဘိုးတော်ဦးဝိုင်း(ဗဒုံမင်း)၊
တို့မှ ခေတ်အဆက်ဆက်ပြုပြင်မွန်းမံ
တည်ထားခဲ့သည်။
-သုဝဏ္ဏဘုရင်သားတော်ကြီး"တိဿဘောဂသေန"ကို တြိယဝင်္ကခေါ်သံလျင်
ကျွန်းအားပေးသနားတော်မူပြီး မြို့စားမင်းခန့်အပ်လေသည်၊ သံဝေဂရ၍
ထိုကျွန်းမှာပင်နေထိုင်စဉ် ဘုရားရှင်(၈)ဝါရပြီးနောက် "ကေလာသ"
တောင်ထိပ်သို့ကြွလာကြောင်းသိရပြီး ဈာန်အဘိဥာဏ်ဖြစ့် ဘုရားဖူးသွားရာ
မြတ်စွာဘုရားထံမှ ဆံတော် (၁) ဆူရခဲ့သည်။
တြိယဝင်္က=အကောက်အစွန်း(၃)ခု ရှိသော အရပ်တွင်နေသောကြောင့်
"ရသေ့ကောက်(ကာလကြာသော်) "ရသေ့ခေါက်" အမည်ဖြင့် ထင်ရှားသည်။
-တြိယဝင်္က ခေါ်ရသေ့ခေါက်သည်ရရှိခဲ့သောဆံတော်ဓာတ်တော်ကို
လေးဒေါင့်ကျောက်တိုက်အတွင်း ဌာပနာထားကိုးကွယ်ခဲ့သည်၊ မဟာသက္ကရာဇ်
(၁၁၄) တွင် ကျောက်ထီးတိုက်ထူ၏။
-"စူဠသီရိမာသောကမင်းလက်ထက်တွင်အရှင်သောဏနှင့်အရှင်ဥတ္တရ
တို့ညွှန်ပြတော်မူသောကြောင့်တြိယဝင်္ကရှင်ရသေ့၏
လေးထောင့်တိုက်အတွင်းမှဆံတော်ကိုဖွင့်ဖေါ်အဓိဌာန်ပြုရာဆံတော်ပွားတစ်ဆူရရှိပြီး
စေတီတည်ခဲ့သည်။သုဝဏ္ဏဒေဝီနှင့်လက်ထပ်ခဲ့သောလေးစင်္ကြာရှင်က ရန်သူတို့ကို
နှိမ်နှင်းအောင်မြင်ရာအရပ်တွင် တည်ခဲ့သောကြောင့်
"ဓနုဂ်စေတီ"ဟု ခ်ါကြသည်၊
(ဓနု=လေး၊ဂဟ=စွဲကိုင်သူ၊ လေးသည်တော်ဘုရား၊လေးဘုရား)လေးမြှောင့်
အမြင့်ဥာဏ်တော် အတောင်(၄၀)တည်ခဲ့သည်။
- ကောဇာ(၇၁၅)ခုတွင် "ဟံသာဝတီဗညားဦးမင်း" က
သင်တိုင်းစေတီတည်ပြီး ကောဇာ(၇၁၆)ခုတွင် ထီးတော်တင်ခဲ့သည်။
-ဗညားဦး၏သားတော်"သုတသောမမင်း"လက်ထက်တွင်
မြေငလျှင်လှုပ်ပြီး စေတီပြိုကျသောကြောင့် ပြန်လည်တည်ကာ ကောဇာ(၇၇၆)ခုတွင်ထီးတော်
တင်ခဲ့သည်။ မှတ်ချက် ။ ။ ဗညားဦးသားအမည်မှာ "ဗညားနွဲ့ - ရာဇာဓိရာဇ်မင်းအဖြစ်(၃၈)နှစ်ကြာခဲ့သည်။
- "ဘုရင်မကြီးရှင်စောပု" လက်ထက် ကောဇာ(၈၁၉)ခုတွင်
ငလျှင်လှုပ် စေတီပြိုပြန်ရာ ပြုပြင်ပြီး ဥာဏ်တော်(၆၅)တောင်မြင့် စေတီတည်ကာ (၈၂၅)တွင်
ထီးတော်တင်ခဲ့ပါသည်။
-"ဓမ္မစေတီမင်း"လက်ထက် ကောဇာ(၈၉၁)ခုတွင်စေတီတော်ပြုပြင်ပြီး ရွှေသင်္ကန်းလှူခဲ့သည်။
- "တောင်ငူဘုရင် တပင်ရွှေထီး" လက်ထက်တွင်လဲ ထီးတော်ကြီးမြေခပြန်ရာ
(၉၀၄)ခုတွင် ထီးတော် တင်လှူနိုင်ခဲ့သည်။
-"ဟံသာဝတီပြည့်ရှင်ဘုရင့်နောင်ကျော်ထင်နော်ရာထာ"လက်ထက် (၉၂၆)ခုတွင်
စေတီပြိုပြန်ရာဥာဏ်တော်အတောင်(၉၀)မြှင့်ပြီး ကြေးထီးတော် တင်လှူခဲ့သည်။
-"အင်းဝဘုရင်သာလွန်မင်း"လက်ထက်(၁၀၀၆)ခုပြာသိုလဆန်း(၉)ရက်
ကြာသာပတေးနေ့တွင်ငလျှင်ပြင်းစွာလှုပ်ပြန်ပြီး
စေတီတော်ပြိုကျသည်၊
ပြုပြင်ပြီးထီးတော်တင်လှူခဲ့သည်။
- "အင်းဝဘုရင် စနေမင်း" လက်ထက် (၁၀၆၃)ခု တွင် ထီးတော်မြေခပြန်သည်ကို
အသစ်တင်လှူခဲ့သည်၊တန်ခူးလဆန်း(၉)ရက်
ဗုဒ္ဓဟူးနေ့တွင်ကျိုက်ထီးရိုးစေတီပြိုပျက်သည်ကိုလဲထပ်တည်ထားပြီး
ရွှေထီးတော်တင်လှူခဲ့သည်။
-"ဗဒုံမင်း(ဘိုးတော်ဦးဝိုင်း)လက်ထက်(၁၁၇၅)ခုတွင်ငလျှင်လှုပ်၍စေတီပြိုရာ
ဓနုဂ်ဆိပ်ကမ်းကင်းခွန်တော်ငွေဖြင့်ပြုပြင်စေသည်၊။
ဘုရင့်ထံမှ ကြေးထီးတော်ကို
ရန်ကုန်မြို့ဝန်မင်းလှနော်ရထာ ပင့်ဆောင်လာပြီးထီးတော်တင်လှူခဲ့သည်။
-အင်္ဂလိပ်အစိုးရအုပ်ချုပ်ချိန်(၁၂၅၁)ခုတွင်ငလျှင်လှုပ်ပြီး
ခေါင်းလောင်းပုံအထိပြိုကျခဲ့သည်၊၊
ဒလဖက်ကမ်း ကမာကဆစ်ရွာ ဆန်စက်သူဌေး ဦးကြည်က
(၁၂၅၂)ခုတွင် စေတီငုတ်တိုပေါ်ဝယ် ကိုးတောင်ပြည့်စေတီတည်ခဲ့သည်၊
သားဦးဘိုးခင်က(၁၂၇၇)ခုတွင်ဥာဏ်တော်(၁၂၄)တောင်အမြင့်
ရန်ကုန်ဆူးလေစေတီပုံတည်ထားပြီး (၁၂၇၉)ခုတွင်
အလှူရှင်များနှင့်အတူထီးတော်တင်လှူခဲ့ပါသည်။-မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် (၁၃၁၁)ခုတွင် လေပြင်းဒဏ်ကြောင့်
ငှက်မြတ်နား
တွဲရရွဲ ပြုခဲ့သောကြောင့်စိန်ဖူးတော်ကိုပါယူပြီး
ရန်ကုန်ရွှေတိဂုံ ဂေါပကအဖွဲ့ သို့အပ်နှံခဲ့သည်၊
စိန်ဖူး၊ ငှက်မြတ်နား
အထွဋ်ကင်းမဲ့လျှက်(၄၂) နှစ်ကြာခဲ့သည်။
မြန်မာတို့၏ယဉ်ကျေးမှု ပုံရိပ်များမှ ခံစားမျှဝေသည်။
No comments:
Post a Comment