

ဝင်းစိန်ဆရာတော်ရဲ့ ၉၂ နှစ်မြောက်မွေးနေ့(5.2.2013)

မြန်မာသက္ကရာဇ် ၁၃၅၃ ခုနစ် ၊ ပြာသိုလ်လပြည့်ကျော် ၁၀ ရက်
နေ့တွင်ဝင်းစိန်ဆရာတော် မှ ဦးဆောင် ပြီး တည်ထားကိုးကွယ် ခဲ့သည်။
ဘွဲ့ တော်မှာဇိနသုခ ရန်အောင် ချမ်းသာ လျောင်းတော်မူ မြတ်စွာဘုရား
ဟု ဘွဲ့ တော်တည်ပါသည်။ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ မုဒုံ မြို့
နယ်၊မြိုင်ကုန်းကျေးရွာတွင် တည်ရှိသည်။
မော်လမြိုင် မြို့မှ ၁၄ မိုင်
ခန့်အကွာ၊ မော်လမြိုင် သံဖြူဇရပ်ကားလမ်း အနီးရှိ ၀င်းစိန်တောင်
ပေါ်တွင်ကိန်းဝပ်စံပါယ်တော်မူသည်။
ဝင်းစိန် တောရ ဟူသည် မွန် စကားဖြစ်ပြီး မြန်မာလို ဆင်လူးအိုင်ဟုအဓိပါယ်ရသည်။
မြေဧက အကျယ် ၄၉၉.၆၂ ဧက ရှိပြီး အလျှားမှာ အတောင် ၄၀၀ခန့်( ပေ၆၀၀) နှင့်အမြင့် ပေ ၁၁၀ ခန့်ရှိသည်။
ရုပ်ပွားတော် အတွင်းတွင်အခန်းပေါင်း ၁၈၂
ခန်းပါရှိပြီး ၊ ဗုဒ္ဓ ၀င်များ၊ ဇာတ်ကြီး ၈ ဘွဲ့ နှင့်သရုပ်ဖော် ပန်းချီကား၊
ရုပ်လုံး ရုပ်ကြွ များပါဝင်သည်။

ဗုဒ္ဓ၀င်ရုပ်လုံး ရုပ်ကြွများ

ဗုဒ္ဓ၀င်ရုပ်လုံး ရုပ်ကြွများ
ဦးခေါင်းတော် အတွင်းတွင် နိဗ္ဗာန်ကို
ဆုကိုရည်မျော်လျှက်မြတ်စွာဘုရားဟောကြားတော်မူခဲ့သော
တရားတော်များအား ကိုစားပြုသည့် သရုပ်ဖော် တရားဒေသနာတော်
များကိုဖူးမြင်နိုင်ပါသည်။ဘေးသို့ ချထားသော လက်ယာလက်မှာ
မြန်မာပြည်သူပြည်သားတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး
ငြိမ်းချမ်းမှုစေရန်နှင့် တစ်ဦးနှင့်တစ်ဦး မေတ္တာထားပျော်ရွှင်စေရန်
ရည်ရွယ်ရင်းဖြစ်ကြောင်းသိရပါသည်။
-ညီလေး-ကိုထက်၊ညီလေး -aunghtay min နှင့်http://myanmartravelinformation.com မှ ပြန်လည်မျှဝေပါသည်။
No comments:
Post a Comment