| |
ကုသန္နာရုံဆံတော်ရှင်(သီရိပဗ္ဗတတောင်) သည် မွန်ပြည်နယ်၊ဘီးလင်းမြို့ နယ်၊ ဘုရားရွာကျေးရွာ
မြတ်စွာဘုရာသည် ဂ၀ံပတိပင့်ကြောင်း ကိုသိ၍ ပစ္စန္တရာဇ၌ သာသနာတော် အရှည်ထွန်းလင်းမည် အကြောင်း ကိုမြင်တော်မူ၍ မဟာသက္ကရာဇ် ၁၁၁ခုနှစ်အတွင်းကြွာပြီးသုဝဏ္ဏဘူမိသို့ ရောက်သည်။
တိဿမ္ဓသီဟရာဇာမင်းနှင့် မြည်သူများ သဘင်ကြီးစွာခံလျက်တရားနာကြ၏။
အနီးအဝေး ရှိရသေ့တိုလည်း တနားတော်နာရောက်လာကြ၍ ဘုရှားရှင်ထံမှ ကိုးကွယ်စရာဆံတော်ကို လိုချင်စိတ်ရှိကြကုန်၏။
ထိုအကြောင်း ကို သိတ်တော်မူ၍ ဘုရားရှင်မှ ရသေ့ တို့  ကိုးကွယ်ရန်ဆံတော်များ ပေးသနားတော်မူသည်။ထိုရသေ များတွင့် ကုသိနာရံတောင် ရသေ့ လည်း တစ်ဦးအပါအ၀င်ဖြစ်ပါသည်။
ဒိုးကမော့ခတွံဂလိုင်း၊ဒိုးကုသိနာရံ၊ဒိုးခွန်းဟူသော တောင်သုံးလုံးက
ရသေးသုံးပါးရသော ဆံတော်များကို သုံးနှစ် အထိ ဌာပနာ ခြင်းမပြုသေးပဲ
ဒိုးလွန်း၊ဒိုးကုသိနာရုံတောင်တို့ က ရသေ့ နှစ်ပါး အနာရောဂါစွဲကပ်၍
ဆံတော်များကိုဒိုးကမော့ခတွံဂလိုင်းတောင် ဗုဒ္ဓညဏရသေ ထံ ပေးအပ်ပြီး မကြာမီ
သေလွန်ကုန်ကြ၏။ ဗုဒ္ဓညဏရသေ လည်း မစုတေမိ သိကြားမင်း အကူညီ အဖြင့်
ဆံတော်တစ်ဆူကိုကောဇာသက္ကရာဇ် ၁၁၈ တွင် ကျောက်တုံးကို ထွင်းဖောက်၍
ဆံတော်ဌာပနာ ၏။
ကျန်သော ဆံတော် တစ်ဆူကို ဘီလင်းမြို့ ဒေးခင် တောင်တန်း၏ အနောက်မြောက် ထောင့် အရပ် ကုသိနာရံ အမည်ရှိသော တောင်တွင် သိကြားမင်းဌာပနာသော ကျောက်တုံးပေါ်က စေတီငယ်တစ်ဆူကို ဒါယကာတို့  က တည်လုပ်ကိုးကွယ်ကြ၏။ ဘွဲ့ အမည်မှာ ' ကျိုက်ကုသိနာရံ' ခေါ်၏။
>> Wednesday, May 29, 2013
![]() | ||

ထိုနောက် သာသနာနှစ် ၂၃၅ တွင် သောဏထေရ် ၊ဥတ္တရထေရ်တို့ သည် ဒုတိယတည်သော
သုဓမ္မ၀တီသထုံပြည်(ကေလာသတောင်ခြေ မှ မြို့ ) ကို သာသနာပြုလာရောက်၏။
အလောင်းတော်ကို ကုသိနာရံ ဘုရားစေတီ၌ထား၏။ ထိုကြောင့် ကုဿိန္နာရုံ အမည်
ပြောင်း၍ တွင်လေသည်။
(ဦးရွှေနော်၊စာ.၃၀-၃၁)>> Wednesday, May 29, 2013

(ဦးရွှေနော်၊စာ.၃၀-၃၁)
No comments:
Post a Comment