
တမ္ဗလောဟ မဟာမုနိ ရုပ်ပွားတော်ကျောင်းဆောင် အ၀င်ဝ
တမ္ဗလောဟ မဟာမုနိ ရုပ်ပွားတော်ကျောင်းဆောင်အတွင်းရှိ ပန်းချီကား

တမ္ဗလောဟ မဟာမုနိ ရုပ်ပွားတော်ကျောင်းဆောင်


တမ္ဗလောဟ မဟာမုနိ ရုပ်ပွားတော်ကျောင်းဆောင်
တမ္ဗလောဟ မဟာမုနိ ရုပ်ပွားတော်ကျောက်စာချပ်များ

တမ္ဗလောဟ မဟာမုနိ ရုပ်ပွားတော်ကျောက်စာချပ်များ
အလှူခံပန်းချီကား
ပန်းချီကားချပ်များ
ရုပ်ပွားတော်ငယ်

တမ္ဗလောဟ မဟာမုနိ ရုပ်ပွားတော်
တမ္ဗလောဟ မဟာမုနိ ရုပ်ပွားတော်
တမ္ဗလောဟ မဟာမုနိ ရုပ်ပွားတော်
တမ္ဗလောဟ မဟာမုနိ ရုပ်ပွားတော်

ခေါင်းလောင်း


တမ္ဗလောဟ မဟာမုနိ ရုပ်ပွားတော်ကြီး
ပဲခူးမြို့ ဓမ္မလင်္ကာရကျောင်းတိုက်ကြီး၏ သက်တော်ရှည်ဆရာတော်ကြီး
ဘဒ္ဒန္တ၀ိသုဒ္ဓ ကိုယ်တော်တိုင် ဦးစီးသွန်းလောင်းတော်မူခဲ့သော မြန်မာနိုင်ငံတွင် အကြီးဆုံး
ကြေးသွန်းရုပ်ပွားတော်မြတ်ကြီး ဖြစ်သည်။
တမ္ဗလောဟ မဟာမုနိ ရုပ်ပွားတော်ကြီးသည်
ဥာဏ်တော်အမြင့်(၃၇)ပေ
ရှိတော်မူပြီး၊ကြေးပိဿာပေါင်း နှစ်သိန်းကျော်ရှိကာ ကမ္ဘာပေါ်တွင် ထုထည်အထူဆုံး ရုပ်ပွားတော်မြတ်ကြီး
ဖြစ်ပါသည်။ကြေးသားထု(၁)လက်မ ရှိသည်။
ရုပ်ပွားတော်မြတ်ကြီးတွင် (၅၂၈)ဆူသော ဗုဒ္ဓရုပ်ပွားတော်များနှင့်
ဓာတ်တော်၊မွေတော်များကို ဋ္ဌာပနာထည့်သွင်း ပူဇော်ထားသည်။
ရုပ်ပွားတော်မြတ်ကြီး၏ အလေးချိန်မှာ "ကူးလမ်းဖြောင့်၊ရောက်လွယ်၏"
ဟူ၍ ဖြစ်ပါသည်။ထို့ကြောင့် ပိဿာချိန်(၂၄၅၄၄၁) ဖြစ်ပါသည်။
ရုပ်ပွားတော်မြတ်ကြီးအား ဋ္ဌာပနာသွင်း ပူဇော်ခြင်းမင်္ဂလာနှင့်
အထွဋ်ရွှေထီးတော်တင် မင်္ဂလာအား(၂၅-၀၂-၂၀၀၇)ရက်၊တနင်္ဂနွေနေ့၊(၁၃၆၈)ခုနှစ်၊
တပေါင်းလဆန်း(၁၀)ရက်နေ့တွင်
သံဃာတော်(၁၀၈)ပါးတို့အား ပင့်ဖိတ်ပြီး ဆင်ယင်ကျင်းပခဲ့သည်။
တမ္ဗလောဟ မဟာမုနိ ရုပ်ပွားတော်ကြီးသည် ရန်ကုန်မန္တလေးကားလမ်းဘေးရှိ
ပဲခူးမြို့အ၀င်တွင် ကျက်သရေဆောင်အဖြစ် ပဲခူးတက္ကသိုလ်အရှေ့တွင်
တည်ရှိပါသည်။
http://amazingbago.blogspot.com မှပြန်လည်မျှဝေသည်။
No comments:
Post a Comment