/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Tuesday, July 1, 2014

စိတ်လှအောင် ပြင်ရမယ်

Photo: စိတ်လှအောင် ပြင်ရမယ်
**********************

   `ရှပ်လှဖို့ထက် စိတ်လှဖို့က
   အရေးကြီးတယ်။
   ရုပ်ချောဖို့ထက် စိတ်ချောဖို့က
   အရေးကြီးတယ်။
   ရုပ်ကောင်းဖို့ထက် စိတ်ကောင်းဖို့က
   အရေးကြီးတယ်။
   ရုပ်သန့်ဖို့ထက် စိတ်သန့်ဖို့က
   အရေးကြီးတယ်။
   ရုပ်ပြင်ဖို့ထက် စိတ်ပြင်ဖို့က
   အရေးကြီးတယ်။
   ဒါကြောင့် စိတ်လှအောင်၊
   စိတ်ချောအောင်၊ စိတ်သန့်အောင်
   ပြင်ဆင်လိုက်ကြပါစို့......။´

   ဒေါက်တာ အရှင်တေဇောသာရ
   ချင်းတောင်တန်းသာသနာပြုဆရာတော်

   {စံတော်ချိန် သတင်းစာ }

 စိတ်လှအောင် ပြင်ရမယ်
**********************

`ရှပ်လှဖို့ထက် စိတ်လှဖို့က
အရေးကြီးတယ်။
ရုပ်ချောဖို့ထက် စိတ်ချောဖို့က
အရေးကြီးတယ်။

" မိမိသာလျှင် ကျူလွန်သူဖြင့်၏ "

Photo: "  မိမိသာလျှင်  ကျူလွန်သူဖြင့်၏ "

  တကယ်စင်စစ်တော့

 တစုံတယောက်သည်    အခြားတစုံတယောက်ကို

 သန့် ရှင်းအောင်လည်း   လုပ်မပေးနိုင်ပါဘူး ။

 ညစ်နွမ်းအောင်လည်း     လုပ်မပေးနိုင်ပါဘူး  ။

 မိမိသည်သာလျှင်    မိမိကိုယ်ကို

 ညစ်နွမ်းစေနိုင်ပြီး     မိမိသည်ပင်

 မိမိ၏    သန့် ရှင်းရေးကို

 ဆောင်ရွက်နိုင်ပါသည် ။

 (သီတဂူဆရာတော်ဘုရားကြီး)

  သမီး  မိတ်ဆွေ  အရှင်ရဟန်းတော်များ   

 ငယ်ချင်း    အားလုံး  ချမ်းသာကျန်းမာကြပါစေ  ရှင်...

 " မိမိသာလျှင် ကျူလွန်သူဖြင့်၏ "

တကယ်စင်စစ်တော့

တစုံတယောက်သည် အခြားတစုံတယောက်ကို

သန့် ရှင်းအောင်လည်း လုပ်မပေးနိုင်ပါဘူး ။

ညစ်နွမ်းအောင်လည်း လုပ်မပေးနိုင်ပါဘူး ။

ကိုယ်ကျင့်သီလကောင်းခြင်းဟာ ပီယဆေးတစ်မျိုးပါ

Photo: ကိုယ်ကျင့်သီလကောင်းခြင်းဟာ
*********************
     ပီယဆေးတစ်မျိုးပါ
***************

     ကိုယ်ကျင့်သီလကောင်းခြင်းဟာ
     ပီယဆေးတစ်မျိုးပါပဲ။
     လူတွေဟာ ပီယဆေးဆိုပြီးတော့
     ဟိုအမွှေးနံသာလေးတွေ
     ဆောင်လိုက်၊
     ဒီအမွှေးနံသာလေးတွေ
     ဆောင်လိုက်နဲ့
     အဆောင်မျိုးစုံ ဆောင်ထားကြတယ်။
     မက်လည်းမက်မောကြတယ်။

     သီလသာလုံအောင်
     စောင့်ထိန်းပါ။
     ကိုယ်ကျင့်တရားကောင်းတဲ့
     ပုဂ္ဂိုလ်တစ်ယောက်ဖြစ်အောင်သာ
     ကြိုးစားပါ။
     သီလတည်းဟူသော
     အဆောင်လေးသာ ဆောင်ထားရင်
     အားလုံးက ချစ်ပါတယ်။
     မြင်ရုံနဲ့လည်း ချစ်၊
     ကြားရုံနဲ့လည်း ချစ်၊
     ချစ်ကြပါတယ်။
     သီလထက်ကောင်းတဲ့ ပီယအဆောင်
     ရှိပါဦးမလား၊ မရှိပါဘူး။

     ဆရာတော် အရှင်ဆန္ဒာဓိက
     (ရွှေပါရမီတောရ)

 ကိုယ်ကျင့်သီလကောင်းခြင်းဟာ
*********************
ပီယဆေးတစ်မျိုးပါ
***************


ကိုယ်ကျင့်သီလကောင်းခြင်းဟာ
ပီယဆေးတစ်မျိုးပါပဲ။
လူတွေဟာ ပီယဆေးဆိုပြီးတော့
ဟိုအမွှေးနံသာလေးတွေ
ဆောင်လိုက်၊
ဒီအမွှေးနံသာလေးတွေ
ဆောင်လိုက်နဲ့
အဆောင်မျိုးစုံ ဆောင်ထားကြတယ်။
မက်လည်းမက်မောကြတယ်။

* တစ်ယောက်တည်း တည့်အောင်နေ *

Photo: * တစ်ယောက်တည်း တည့်အောင်နေ *

     တစ်ယောက်တည်း နေနေပေမယ့်  ကိုယ့်သန္တာန်မှာ လောဘ ဒေါသ ရာဂ ဣဿာမစ္ဆရိယစတဲ့ အကုသိုလ်တရားတွေ ကိန်းနေရင် ဖြစ်နေရင်  တစ်ယောက်တည်း ရန်ဖြစ်နေတာပါပဲ။ ကောင်းတဲ့ကုသိုလ်တရားတွေ ပယ်ထားပြီး  အကုသိုလ်တရားတွေနဲ့ နေနေရင်  သေရင်အပါယ်မုချရောက်လိမ့်မည်။ 

     အဓိကကတော့ ကိုယ့်သန္တာန်မှာ  မကောင်းတဲ့ အကုသိုလ်စိတ်တွေ  ဖြစ်နေရင် တစ်ယောက်တည်းရန်ဖြစ်နေတာပါပဲ။ အခန်းထဲမှာ တစ်ယောက်တည်းနေနေတယ် ဆိုပါတော့။ လူဟာ တစ်ယောက်တည်းနေရင် ပျင်းတတ်ပါတယ်။ ဒါကြောင့် စိတ်ထဲကနေ  အဖော်တွေကို ခေါ်လိုက်ပါတယ်။

     ခေါ်ပုံနဲ့ ရန်ဖြစ်ပုံက ဒီလိုပါ။ " ဟိုတစ်နေ့က မိဖြူဆွဲလာတဲ့ ဆွဲကြိုးလေးက  သိပ်လှတာပဲ။ ဟင်း  လူကပိန်ညောင်ညောင်  ပိုးဟပ်ဖြူနဲ့  တစ်စက်မှမလိုက်ဘူး။ အေးပေါ့  သူ့ယောင်္ကျားက ဟိုမှာ ဟိုလိုတွေလုပ်နေတာဆိုတော့  ဝယ်နိုင်မှာပေါ့။ ငါနဲ့ဆို သိပ်လိုက်မှာပဲ၊ လကုန်ရင်တော့ ဝယ်ဖြစ်အောင် ဝယ်အုံးမှပဲ။ ဟိုတစ်လောက  အလုပ်သာအဆင်ပြေလိုက်ရင်  ဒီနေ့တောင် သွားဝယ်လို့ရတယ်။ တောက်...ဟိုကောင်မညှက်စိ ဖြတ်ခုတ်သွားလို့ပေါ့ "။  လောဘနဲ့ဒေါသကို ခေါ်လိုက်ပြီး  အပြင်ကအမျိုးသမီးနှစ်ယောက်နဲ့  ရန်ဖြစ်နေပါပြီ။

     "ဘာလိုလိုနဲ့  ဟိုကောင်မတောင် ရာထူးတက်သွားပြီ၊ အလုပ်ဝင်တုန်းက  ငါနဲ့အတူတူ။ အေးပေါ့လေ သူ့အဖေက ဘော့စ်နဲ့သူငယ်ချင်းဆိုတော့ တက်မှာပေါ့၊ ပညာအရည်အချင်းက  ငါ့လောက်တောင်မရှိဘဲနဲ့...ဟင်း"။  ဣဿာမစ္ဆရိယကို ခေါ်လိုက်ပြီး ရုံးကလုပ်ဖော်ကိုင်ဖက်နဲ့  ရန်ဖြစ်နေပြန်ပါပြီ။

      "တစ်နေ့က ဟိုအန်တီကြီးဆီ ဖုန်းဆက်ပြီး  ကားလိုလို့အကူအညီ တောင်းမိပါတယ်၊ မအားဘူးတဲ့ ၊ဒါ ညာပြောတာ  ဒီကိစ္စ ဖေဖေ့ကို တိုင်ရအုံးမယ်။ ဒီတစ်သက် အဲဒီမိန်းမကြီးဆီ  ဘယ်တော့မှ ဖုန်းမဆက်ဘူး၊ သူ့မှာမာန ရှိသလို  ငါ့မှာလည်းမာနရှိတာပဲ"။  ဒေါသနဲ့မာနကို ခေါ်လိုက်ပြီး  အပြင်ကအန်တီကြီးနဲ့  ရန်ဖြစ်နေပြန်ပါပြီ။

     "အင်း...ပြီးခဲ့တဲ့အပတ်ကလည်း  ရုံးမှာတစ်ခါလေး မှားမိပါတယ် ၊ ငါ့ကို  စိတ်ကောင်း နှလုံးကောင်းထားလုပ်တဲ့ ၊ သူက ပိုင်ရှင်သူဌေးဆိုပြီး  စကားကိုပြောလို့ရတိုင်း ပြောထည့်လိုက်တာ  ငါ့မှာ နှစ်ရက်သုံးရက်လောက် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေတာ"  အလုပ်ရှင်လူကြီးက  ကိုယ့်ကိုငေါက်ခဲ့တာကို ပြန်တွေးပြီး  ဒေါသနဲ့သောကကိုခေါ်လိုက်ပြီး  လူကြီးနဲ့ရန်ဖြစ်နေပြန်ပါပြီ။

     ဒါတွေကတော့ အခန်းထဲမှာ တစ်ယောက်တည်းနေပြီး  ဟိုလူ့မကျေနပ် ဒီလူ့မကျေနပ်နဲ့  အကုသိုလ်မျိုးစုံကို  ကိုယ့်ဆီခေါ်ပြီး လူမျိုးစုံနဲ့ရန်ဖြစ်နေတာပါ။ ကိုယ်ကသာ ကိုယ်မကျေနပ်တဲ့သူတွေနဲ့ စိတ်ထဲကရန်ဖြစ်နေတာ  အပြင်လူတွေကတော့  သိတောင်မသိပါဘူး၊ သူတို့ကတော့ ကိုရီးယားကားလေးကြည်ပြီး  ငြိမ့်ချင်ငြိမ့်နေမှာပါ။ အဲဒီအချိန်မှာ ဘယ်လောက်စိတ်ဆင်းရဲပြီး  ဘယ်လောက်ပူလောင်နေရတယ်ဆိုတာ  ဖြစ်ဖူးသူတိုင်းသိပါတယ်။

     တကယ်သေချာစဉ်းစားကြည့်ရင်  ဒီလိုစိတ်ဆင်းရဲအောင်  ကိုယ့်စိတ်ကပဲ တမင်ဖန်တီးယူနေတာပါ။ သူတစ်ပါး ဖန်တီးတာ  မဟုတ်ပါဘူး။ ဒါကို ကိုယ်က  "ငါစိတ်ဆင်းရဲအောင်  ငါ့စိတ်ကဖန်တီးနေတာပါလား" ဆိုတာ  သိလိုက်ဖို့ အရေးကြီးပါတယ်၊ သိမှလည်း ဖယ်ရှားလို့ရပါမယ်၊ ဒီအသိလေးကို  ကောင်းကောင်းလက်ခံလိုက်နိုင်တာနဲ့  ဖယ်ရှားရတာ လွယ်သွားပါပြီ။

ဇလေန ဘဝတိ ပင်္ကံ၊ ဇလေနေဝ ဝိသုဇ္ဈတိ။
စိတ္တေန ဘဝတိပါပံ၊ စိတ္တေနေဝ ဝိသုဇ္ဈတိ။
     ရွှံညွှန်ဟာ ရေကြောင့်ဖြစ်ရတာပါ၊ ရေကြောင့်ဖြစ်တဲ့  ရွှံညွှန်ကိုရေနဲ့ပဲ ပြန်ဆေးကြောစင်ကြယ်ရသလို  စိတ်ကြောင့်ဖြစ်ရတဲ့  အကုသိုလ်စိတ်ကိုလည်း  စိတ်နဲ့ပဲ ပြန်ဆေးကြော စင်ကြယ်ပစ်ရပါမည်တဲ့။

     အပြင်တစ်ယောက်ယောက်က စကားကိုမဆင်မခြင်နဲ့ ကိုယ့်ကိုပြောလိုက်တယ် ဆိုပါစို့၊ ဖြစ်ခဲ့တာကို  ကိုယ်ကအသေးစိတ်ပြန်တွေးပြီး  ဒေါသတွေ သောကတွေဝင်လာပြီ ဆိုပါစို့။ စိတ်ထဲမှာ တနုံနုံနဲ့  "ငါ့ကို ပြောရက်လေခြင်း" ဆိုပြီး  စိတ်မချမ်းသာမှု ဖြစ်လာပြီဆိုပါစို့။ အခန်းထဲမှာ  တစ်ယောက်ထဲနော်၊ ဒီဖြစ်စဉ်ကိုကြည့်ပြီး  အကြောင်းနဲ့အကျိုး ခွဲကြည့်ရအောင်ပါ။

     ကိုယ့်သန္တာန်မှာ ဒေါသ သောကစတဲ့  အကုသိုလ်တရားတွေကြောင့် စိတ်မချမ်းသာဘူး၊ စိတ်ဆင်းရဲနေရတယ်ဆိုတဲ့နေရာမှာ  အကြောင်းနဲ့အကျိုးခွဲရင်  ဒေါသ သောကစတဲ့  အကုသိုလ်တွေက အကြောင်း ၊ စိတ်ဆင်းရဲမှု ဖြစ်နေရတာက အကျိုးပါ။

       အကြောင်းနဲ့အကျိုး ယှဉ်လာရင်  အကျိုးနောက်ကိုမလိုက်ဘဲ  အကြောင်းရင်းကိုရှာပြီး  အကြောင်းရင်းကို ပယ်ပစ်ရပါမယ်။ ဒီတော့ အကြောင်းရင်းကိုရှာကြည့်တော့  ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့  ဒေါသ သောကစတဲ့ အကုသိုလ်တရားတွေပါ။ ဒါကြောင့်  ဒီအကြောင်းရင်းတွေကို ပယ်လိုက်ရင်  အကျိုးဆက်က သူ့အလိုလိုပြုတ်သွားပါလိမ့်မယ်။

      စိတ်မချမ်းသာဘူး  စိတ်ဆင်းရဲနေတယ်ဆိုရင် အကျိုးဆက်ကိုအာရုံမပြုဘဲ  အကြောင်းအရင်းကိုရှာပြီး  ပယ်နှုတ်ပစ်ရပါတယ်။ ဒီနေရာမှာ  ပြင်ပကြောင့် စိတ်မချမ်းသာမှု  စိတ်ဆင်းရဲမှု ဖြစ်ရတယ်ဆိုတာ  သာမာန်အားဖြင့်ကြည့်ရင်  ပြင်ပကြောင့်ထင်စရာရှိပေမယ့်  တကယ်လို့သာ ကိုယ့်သန္တာန်မှာ လောဘ ဒေါသ ဣဿာမစ္ဆရိယစတဲ့  အကုသိုလ်တရားတွေ  ရှိမနေရင် ဖြစ်လာမှာမဟုတ်ပါဘူး။ အကုသိုလ် ကိလေသာ  ရောက်လာလို့သာ  စိတ်ဆင်းရဲမှု ဖြစ်နေရတာပါ။ ဒီတော့ အကြောင်းရင်းဖြစ်တဲ့  ကိုယ့်သန္တာန်မှာ  ဖြစ်နေတဲ့ အကုသိုလ်ကို  ပယ်ပစ်ရမှာပါ။ တကယ်လို့သာ  ကိုယ်ကပြင်ပကိုသာ  အာရုံပြုနေမယ်ဆိုရင် ၊  အာရုံပြုလိုက် စိတ်ဆင်းရဲမှုဖြစ်လိုက်နဲ့  စိတ်ဆင်းရဲမှုက  ဘယ်တော့မှဆုံးတော့မှာ မဟုတ်ဘဲ  ဆင့်ကဲဆင့်ကဲ ဖြစ်နေတော့မှာပါ။ အာရုံပြုပြီးဖြစ်တဲ့  တချို့အမုန်းတွေဟာ  နောက်ဘဝအထိ ပါသွားတတ်ပြီး  ကလဲ့စားချေတဲ့အထိတောင်  ဖြစ်သွားတတ်ပါတယ်။ ကိုယ်က သူ့ကိုကလဲ့စားချေလိုက်၊ သူက ကိုယ့်ကို ကလဲ့စားချေလိုက်နဲ့  အမုန်းသံသရာ ရှည်နေပါလိမ့်မယ်။

     "တရားရှာ ကိုယ်မှာတွေ့" ဆိုတဲ့အတိုင်း  ကိုယ့်ကိုကိုယ်မှာပဲပြန်ရှာတာ  အမှန်ကန်ဆုံးပါ။ အပြင်ထွက်ရှာနေရင် တရားမှန် မတွေ့နိုင်ပါဘူး။ နောက်တစ်ခုတွဲပြီး  သတိထားရမှာက  တစ်ဖက်သားရဲ့ မဆင်မခြင် ပြောဆိုမှုကြောင့်   ကိုယ့်မှာစိတ်ဆင်းရဲမှု ဘယ်လောက်ခံစားရတယ်ဆိုတာကို  နှလုံးသွင်းဆင်ခြင်ပြီး  တကယ်လို့ ကိုယ်ကတစ်စုံတစ်ယောက်ကို ပြောဖို့အခွင့်ကြုံလာရင်  "သူတစ်ပါး ငါ့ကိုပြောလိုက်တုန်းက  ငါ့မှာမစားနိုင် မအိပ်နိုင်နဲ့  စိတ်ဆင်းရဲမှုတွေ ဖြစ်နေခဲ့ဖူးတယ်၊ ငါပြောလိုက်ရင်  သူလည်းစိတ်ဆင်းရဲရလိမ့်မယ်  မပြောတော့ပါဘူးလေ" ဆိုပြီး  ကိုယ့်စကားကို ဘရိတ်အုပ်ပစ်ရပါမယ်။

     ကိုယ်ကတော့ စကားကိုမဆင်မခြင်ပြောပြီး မေ့ပစ်လိုက်တာပါ။ အပြောခံရသူကတော့ သုံးလေးရက်လောက် လူးလိမ့်နေအောင် ခံစားရတာပါ။ ပြောတဲ့သူက  အကြီးအကဲဖြစ်ပြီး  အရေးပါအရာရောက်ရင်ရောက်သလောက်  ခံစားရတာပါ။ ကိုယ်က အရေးပါအရာရောက်တဲ့လူဖြစ်တယ်ဆိုရင်  ပိုဆင်ခြင်ရပါ့မယ်။

     ဒီတော့ ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့စိတ်ကလေးကို တည့်တည့်ကြည့်လိုက်ပါ။ စိတ်ကို စိတ်နဲ့ ပြန်ကြည့်ခိုင်းတာပါ။ ကြည့်ရင် တွေ့တာပါပဲ။ တွေ့ရင် အမည်လေးတပ် ခေါ်လိုက်ပါ။ "ဒေါသ သောက"လို့၊ အကုသိုလ်ဆိုတဲ့ အကောင်တွေက  သူတို့ကိုလူသိမှာ သိပ်ကြောက်ပါတယ်။ သိသွားပြီဆိုရင်ပဲ  သူတို့မှာအနေအထိုင်ရ  ခက်နေပါပြီ။ ဒီတော့ ကိုယ်ကဥာဏ်နဲ့မြင်နေရတဲ့ အကုသိုလ်စိတ်ကို နာမည်လေးတပ်ပြီး  "ဒေါသ သောက၊ ဒေါသ သောက"လို့  ဥာဏ်ထဲမှာမြင်လာတဲ့အထိ အာရုံပြုပြီးခေါ်ပစ်လိုက်ပါ။ သူခိုးဆိုတာ  အိမ်ရှင်နိုးပြီသိပြီဆိုရင်  ပြေးတော့သလို  အကုသိုလ်ဟာလည်း လူသိသွားပြီဆိုရင် ပြေးဖို့အသင့်ဖြစ်နေပါပြီ။ 

     အဲဒီလိုပြောတော့ စကားကပေါ့နေသလိုပါ၊ စာသံပေသံလေးနဲ့ ပြောကြည့်ရအောင်ပါ။ ကိုယ့်သန္တာန်မှာ  ဖြစ်နေတဲ့စိတ်ကို သတိကပ်ပြီး  စိတ်နဲ့ပြန်သိမှတ်လိုက်တာဟာ  စိတ္တာနုပဿနာ ဖြစ်သွားတာပါ။

     ဒီတော့ ဖြစ်နေတဲ့စိတ်ကလေးကို သတိကပ်ကြည့်ပါ။ ဘာစိတ်ကလေးလည်း၊ ကြည့်လို့သိပြီဆိုရင်  "ဒေါသ သောကဖြစ်တယ်၊ ဒေါသ သောကဖြစ်တယ်" ဆိုပြီး မှတ်ပစ်လိုက်ပါ။ မှတ်တဲ့နေရာမှာ ဒေါသ သောကရဲ့ သဘောအထိ မိအောင်မှတ်ရပါ့မယ်။ ဒါမှမဟုတ် ဒေါသ သောကလို့  မမှတ်ချင်လည်း  စိတ်ဆင်းရဲမှုကလေးကို သေချာသတိကပ်ပြီး  "စိတ်ဆင်းရဲတယ်၊ စိတ်ဆင်းရဲတယ်" ဆိုပြီး ဆင့်ကာဆင့်ကာ  စိတ်ဆင်းရဲတဲ့သဘောကို  သိနိုင်သမျှသိအောင် သတိကပ်မှတ်ပါ။ အဲဒီမှာ  အာရုံကသိပ်ပြီး အားကြီးနေရင် မှတ်သိစိတ်က နိုင်အောင်မမှတ်နိုင်ဘဲ ဖြစ်တတ်ပြီး  စိတ်ဓာတ်ကျသွားတတ်ပါတယ်။

     အာရုံဆိုးရင် ဆိုးသလောက်  မှတ်ရခက်ပါတယ်။ စိတ်ဓာတ်မကျပါနဲ့ ၊ အာရုံနဲ့မှတ်သိစိတ်  သူနိုင်ကိုယ်နိုင် နပန်းလုံးနေတယ်လို့ သဘောထားပါ။ ပြိုင်ပြီးနပန်းလုံးပြီဆိုကတည်းက  ကိုယ်ကအလွယ်နဲ့တော့  ဘယ်နိုင်နိုင်မှာလဲ။ အစပိုင်းမှာ အာရုံကဘယ်ညာဝိုက်သီးတွေနဲ့ ကျွေးနေတော့  ကိုယ်ကလူးလှိမ့်ခံနေရပါလိမ့်မယ်။ မောရင် ဒိုင်လူကြီးကို  အနားတောင်းပြီး ရေလေးဘာလေး သောက်လိုက်ပါအုံး။

     မှတ်လိုက် အာရုံဆိုးကပြန်ပေါ်လိုက်နဲ့  ပထမတော့ အာရုံဆိုးက မှတ်သိစိတ်ကို နိုင်တဲ့သဘောပါ။ နောက်များမှာတော့  အာရုံနဲ့မှတ်သိစိတ်  သူနိုင်ကိုယ်နိုင်နဲ့ သရေဖြစ်လာပါလိမ့်မယ်၊ ထို့နောက်မှာတော့  မှတ်သိစိတ်က နိုင်သွားပါလိမ့်မယ်။ နောက်ဆုံးတော့ မှတ်သိစိတ်ရဲ့ လက်သီးပြင်းပြင်းကြောင့်  အာရုံဆိုးနောက်ကောက်ကျသွားတဲ့ သဘောပါ။ အာရုံကို မှတ်သိစိတ်က  နိုင်သွားပြီဆိုရင်  စိတ်ထဲမှာကိုယ့်ကိုကိုယ်  ကျေနပ်ပြီး ပျော်သွားတတ်ပါတယ်။အဲဒီအရသာဟာ  ဘာနဲ့မှလဲလို့ မရပါဘူး။

     တစ်ခါတလေ စိတ်ညစ်စရာကြုံလို့ မှတ်ပြီးဖျောက်ရတဲ့အခါ  မှတ်သိစိတ်က အာရုံကိုနိုင်သွားပြီဆိုရင်၊ စိတ်ညစ်စရာ အာရုံဆိုးကို ပြန်ခေါ်ကြည့်ပါတယ်။ ဖြစ်စဉ်အားလုံးကို ပြန်တွေးပြီး၊ သူငါ့ကို  ဘယ်တုန်းကဘယ်လိုပြောလိုက်တာ စသည်ဖြင့်ပေါ့။ ပြန်ဝင်လာရင်  ပြန်မှတ်ကြည့်ပါ။ စိတ်ထဲမှာလည်း  တင်းပုတ်ကိုင်ထားပြီး  အပေါက်ဝကဝင်လာရင် ထုပစ်မယ်ဆိုတဲ့ ပုံစံမျိုးပေါ့၊ ခေါ်လိုက်တော့လည်း ပြန်ပေါ်လာပါတယ်၊ ပေါ်လာပေမယ့်  မှတ်လိုက်တာနဲ့ ပျောက်သွားတာများပါတယ်။

     အထက်ကပြောခဲ့တာတွေကတော့  တစ်ယောက်တည်းနေတဲ့အခါ  မကောင်းတဲ့အကုသိုလ်စိတ်တွေ ဝင်လာပြီး  စိတ်မချမ်းသာမှု  စိတ်ဆင်းရဲမှုတွေ ခံစားနေရတဲ့အခါ  ပယ်ထုတ်နည်းကို ပြောတာပါ။ ဆရာဝန်တွေ  ပြောပြောနေတဲ့  ရောဂါဖြစ်မှကုတာထက်  မဖြစ်ခင်ကြိုတင်ကာကွယ်တာက  အကောင်းဆုံး ကုသနည်းပါပဲ။

     ဒီသဘောကိုနည်းယူပြီး  ကိုယ်ကလည်း အကုသိုလ်ကို ကြိုကာကွယ်ထားလိုက်ရုံပါပဲ။ တစ်ယောက်တည်းနေတဲ့အခါ စိတ်ဆင်းရဲမှုဖြစ်တတ်တဲ့သဘောလေးကို  အာရုံပြုပြီးနေလိုက်တာနဲ့  ကမ္မဌာန်းတစ်ခုခုကို  ကြိုနှလုံးသွင်းထားလိုက်ကြဖို့ပါ။ စိတ်ဆိုတာ အဘိဓမ္မာသဘောအရ  အာရုံနှစ်ခုကို ယူလို့မရတာဆိုတော့  ကမ္မဌာန်းတစ်ခုခုကို ကြိုနှလုံးသွင်းထားလိုက်ရင်  အကုသိုလ်က ဝင်မရတော့ပါဘူး။ အဲဒီလိုသာ  အကျင့်လေးလုပ်သွားစမ်းပါ၊ နောင်တစ်ယောက်တည်း နေဖြစ်တဲ့အခါတွေမှာ  အထူးကြောင့်ကြစိုက်စရာမလိုဘဲ  ကိုယ့်စိတ်က ကမ္မဌာန်းကိုအလိုလို နှလုံးသွင်းပြီးသား  ဖြစ်နေပါလိမ့်မယ်။

     ကောင်းတာပဲဖြစ်ဖြစ်  မကောင်းတာပဲဖြစ်ဖြစ်  အကျင့်လေးလုပ်ထားရင် စွဲနေတတ်ပါတယ်။ ကောင်းတာလေးတစ်ခု  အကျင့်တစ်ခုလို စွဲသွားပြီဆိုရင်  တစ်ဖက်ကအကုသိုလ်ကို ကာကွယ်ပြီးသားဖြစ်နေသလို  တစ်ဖက်ကလည်း ကုသိုလ်တွေဖြစ်နေတော့ ဘဝတစ်လျှောက်လုံးအတွက်  အဆင်ပြေသွားတတ်ပါတယ်။

     တစ်ခါတလေများ နေရထိုင်ရတာ သိပ်ပြီးစိတ်ချမ်းသာနေတတ်ပါတယ်။ အဲလိုအခါမျိုးမှာ  ကိုယ့်စိတ်လေးကို ပြန်အာရုံပြုကြည့်ပါ၊ လောဘ ဒေါသ ရာဂ ဣဿာမစ္ဆရိယ စတဲ့အကုသိုလ်တရားတွေ  ကင်းနေတာ တွေ့ရပါလိမ့်မယ်။ ကိုယ်က ဒီသဘောလေးကို  သေချာအာရုံပြုပြီး  "သြော်...အကုသိုလ်တရားတွေ ရင်ထဲမှာရှိမနေရင်  တော်တော်စိတ်ချမ်းသာပါလား" ဆိုတဲ့  အသိအတွေးလေးတွေ  နှလုံးသားထဲကို တစ်ခါတည်းထည့်ပေးလိုက်ရပါတယ်။

     ဥာဏ်နဲ့ယှဉ်ဖြစ်လာတဲ့ အသိအတွေးကို နှလုံးသားနဲ့ကျက်လိုက်တာပါ။ အာရုံမျိုးစုံက  ကိုယ့်ကိုနေ့စဉ် စာမေးပွဲစစ်နေတာဆိုတော့  ကိုယ်ကျက်ထားတဲ့ အသိအတွေးလေးတွေနဲ့ ပြန်ဖြေယူရပါတယ်။ ကိုယ့်နှလုံးသားထဲမှာ  အသိအတွေးတွေ  ကျက်ကျက်မထားရင် စာမေးပွဲကျတတ်ပါတယ်။

     ဥပမာ လူတစ်ယောက်က ကိုယ့်ကိုနစ်နစ်နာနာ ပြောလိုက်မယ်၊ ကိုယ်က ဒေါသထောင်းကနဲထွက်ပြီး  သူ့ကိုစကားနဲ့ ပက်ကနဲပြန်ပြောလိုက်မိမယ်ဆိုရင်  စာမေးပွဲကျသွားတာပါ။ "ငါ စာမေးပွဲကျသွားပြီ" လို့ ကိုယ့်ကိုကိုယ် စိတ်ထဲကပြန်ပြောလိုက်ပါ၊ စာမေးပွဲဆိုတာ ကျရင်ပြန်ဖြေလို့ရတာဆိုတော့  သတိနဲ့ပြန်ဖြေရပါတယ်။

     လောကီလူမှုနယ်ပယ်ထဲမှာ  အာရုံမျိုးစုံရှိနေတာဆိုတော့  အကုသိုလ်ဖြစ်စရာတွေကလည်း အများကြီးပါ။ ဒီတော့ ကိုယ်က ကာကွယ်ရေးကော ကုသရေးကော  ဗဟုသုတရှိပြီး လက်တွေ့ကျင့်သုံးနိုင်ဖို့  သိပ်အရေးကြီးပါတယ်၊ ဘာပဲပြောပြော  တစ်ယောက်တည်းနေဖြစ်တဲ့အခါ  ကမ္မဌာန်းတစ်ခုခုကို  ကြိုနှလုံးသွင်းထားလိုက်ရင်  ဘယ်သူနဲ့မှ  ရန်မဖြစ်တော့ဘူးလေ။

                    ရဝေနွယ် (အင်းဝ)
                ထုတ်ဖော်တင်ပြပါသည်။
                    ဓမ္မမိတ်ဆွေအပေါင်း
        အစဉ်ချမ်းမြေ့ သာယာကြပါစေ ။


* တစ်ယောက်တည်း တည့်အောင်နေ *

တစ်ယောက်တည်း နေနေပေမယ့် ကိုယ့်သန္တာန်မှာ လောဘ ဒေါသ ရာဂ ဣဿာမစ္ဆရိယစတဲ့ အကုသိုလ်တရားတွေ ကိန်းနေရင် ဖြစ်နေရင် တစ်ယောက်တည်း ရန်ဖြစ်နေတာပါပဲ။ ကောင်းတဲ့ကုသိုလ်တရားတွေ ပယ်ထားပြီး အကုသိုလ်တရားတွေနဲ့ နေနေရင် သေရင်အပါယ်မုချရောက်လိမ့်မည်။

“အနာဂါမ်၏ဂုဏ်ရည်များ”

Photo: “အနာဂါမ်၏ဂုဏ်ရည်များ”
••••••••••••••••••••••••••••
၁။ မေထုန်မှီဝဲခြင်းကို ရှောင်ကြဉ်သည့် ဗြဟ္မစရိယ အကျင့်များနှင့်ပြည့်စုံ၏။

၂။ ခင်ပွန်း၊ ဇနီး၊ သားသမီးများနှင့် ပစ္စည်းဥစ္စာတို့၌ တွယ်တာကပ်ငြိမှု ကင်းစင်၏။

၃။ စိန်ရွှေရတနာ အဆင်တန်ဆာနှင့် အဖိုးတန်အဝတ်အစား အသုံးအဆောင်များဖြင့် အလှပြင်ဝတ်စားဆင်ယင်ခြင်း မရှိတော့။

၎။ ငွေကို ကိုင်တွယ်စီမံသုံးစွဲခြင်း မပြုတော့။

၅။ လာဘ်မရခြင်း၊ အခြွေအရံ အကျော်အစောနည်းခြင်း၊ ကဲ့ရဲ့ခံရခြင်း၊ ဆင်းရဲခြင်းဟူသော လောကဓံဆိုးကို မငြိုမငြင် မတုန်မလှုပ် သည်းခံနိုင်၏။
(ဒေါသကိလေသာ မရှိတော့သောကြောင့်ဖြစ်သည်။)

၆။ ကိုယ်ဆင်းရဲခြင်း ရှိသေးသော်လည်း၊ စိတ်ဆင်းရဲခြင်းကား မခံစားတော့ပေ။ ဆိုလိုသည်မှာ စိတ်ဆိုးစိတ်ပျက်ခြင်း၊ နှလုံးမသာယာခြင်း၊ စိုးရိမ်သောကဖြစ်ခြင်း၊ နောင်တ,တစ်ဖန် ပူပန်ခြင်း၊ ပူဆွေးငိုကြွေးခြင်း၊ ကြောက်ရွံ့ထိတ်လန့်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်း စသော ဒေါသနှင့်သက်ဆိုင်သည့် အကုသိုလ် အယုတ်တရားများ လုံးဝကင်းရှင်းသွား၏။

၇။ မကောင်းသည့်စိတ်ထားမျိုး မရှိသောကြောင့် ကုန်းတိုက်သဘော သက်ရောက်သော စကား၊ ကြမ်းတမ်းသောစကားသော်မျှ မပြောဆိုတော့ပေ။

၈။ သူတစ်ပါးကို ပျက်စီးစေလိုသည့် ကြံစည်မှုမျိုးလည်း မရှိတော့ပေ။

၉။ အသုဘဖြစ်သောခန္ဓာကို သုဘဟူ၍ အမှတ်မှား၊ အသိမှား ကင်းစင်သွား၏။

၁၀။ လူဝတ်ကြောင်ဖြစ်စေကာမူ အနာဂါမ်မှန်လျှင် ဆယ်ပါးသီလ ဧကန်မြဲတော့၏။

မေတ္တာရှင်(ရွှေပြည်သာ)၏ “သညာသိနှင့် ပညာသိ” မှ
ကောက်နှုတ်ပူဇော်မျှဝေပါသည်။

စာဖတ်သူအားလုံး ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။ သောတာပန်ဖြစ်ကြောင်းတရားကို လွယ်ကူစွာ ကြိုးစားအားထုတ်နိုင်ကြပါစေ။ ။


“အနာဂါမ်၏ဂုဏ်ရည်များ”
••••••••••••••••••••••••••••

၁။ မေထုန်မှီဝဲခြင်းကို ရှောင်ကြဉ်သည့် ဗြဟ္မစရိယ အကျင့်များနှင့်ပြည့်စုံ၏။

၂။ ခင်ပွန်း၊ ဇနီး၊ သားသမီးများနှင့် ပစ္စည်းဥစ္စာတို့၌ တွယ်တာကပ်ငြိမှု ကင်းစင်၏။

★ လူသားအစစ်ဆိုတာ ★

Photo: ♠ ★  လူသားအစစ်ဆိုတာ  ★ ♠

  “မနုတဿဘာဝေါ ဒုလ္လဘော" ဆိုတဲ့
တရားတော်မှာ မနုဿ လို့ဟောတော်မူ
ခဲ့တယ်။ မြန်မာလို လူ လို့ပြန်တယ်။
လူသား ပေါ့။မြတ်စွာဘုရားက ဘာကြောင့်
လူလို့ခေါ်သလဲ။မနုဿ မှာ ပါဠိ နှစ်လုံး
ဆက်ထားတာ။ မန ရယ် ဥဿ ရယ်။မနနဲ့
ဥဿ တွဲတော့ မနုဿ ဖြစ်သွားတယ်။
   မန ဆိုတာ စိတ်။ဥဿဆိုတာမြင့်မြတ်
တာ။ စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်။ ဒါကြောင့်
စိတ်ထားဖြူစင်မြင့်မြတ်မှ တကယ့်လူသား
အစစ်လို့ခေါ်တယ်။လူသားဖြစ်နေ သော်
လည်းစိတ်ထား မဖြူစင်မမြင့်မြတ် လျှင်
လူလို့ မခေါ်နိုင်သေးပါ။
  စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်မှာ
အရည်အ
သွေးသုံးမျိုးရှိရတယ်။
(၁)သူရော               =ရဲစွမ်းသတ္တိရှိခြင်း။
(၂)သတိမန္တော       =သတိတရားနဲ့ပြည့်
                                   စုံခြင်း။
(၃)ဗြဟ္မစရိယဝါသော=မြတ်သောအ
                                     ကျင့်ကိုကျင့်သုံး     နိုင်ခြင်း။
  
  “မနုဿလူသားမှန်လျှင် ရဲစွမ်းသတ္တိရှိရ
မယ်။ သတ်ဖြတ် တိုက်ခိုက် ခိုးဆိုး ဆဲဆို
ရဲတာမျိုးကိုပြောတာမဟုတ်ဘူး။
အမှန်တရားတွေကိုပြုတဲ့နေရာ 
သီလ ဆောက်တည်တဲ့နေရာ
ဘာဝနာတရားအားထုတ်တဲ့နေရာ
တွေမှာ နောက်မတွန့်ဘဲရဲစွမ်းသတ္တိရှိရမယ်။"
  
  “မနုဿလူသားမှန်လျှင် သတိတရားရှိ
ရမယ်။ ကိုယ့်စိတ်ကိုသတိထားကြည့်ရ
မယ်။ ကိုယ်ဘာကြံတွေးတောနေတယ်ဆို
တာသတိထားရင် သိတယ်။ စိတ်ထားမြင့်
မြတ်တဲ့ပုဂ္ဂိုလ်တွေဟာ သမ္မဇဉ်ဥာဏ်နဲ့
အမြဲသတိထားပြီးတော့ မကောင်းတာ မကြံစည်ဘူး ကောင်းတဲ့တရားကိုသာ ကျင့်ဆောင် တယ်။"
  
  “မနုဿလူသားမှန်လျှင် မြတ်သောအကျင့်
ကို သာကျင့်သုံးရတယ်။နိဗ္ဗာန်ရောက်
ကြောင်းတရား, သတိပဋ္ဌာန်တရား, မဂ္ဂင်
ရှစ်ပါးတရား စတဲ့ ဗောဓိပက္ခိယတရား(၃၇)
ပါးကိုကျင့်သုံးနေရတယ်။"

“ကမ္ဘာ့လူဦးရေ ဘယ်လောက်တိုးတိုး
ဒီအရည်အချင်းသုံးမျိုး
ရှိနေမှ မနုဿစာရင်းဝင်တယ်။"
  
“လူဖြစ်ဖို့လွယ်ပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေ ဒါနဲ့
မှတ်ကျောက်တင်ကြည့်ပါ။ မနုဿလို့
ခေါ်နိုင်တဲ့လူ နည်းနည်းလေးပဲရှိပါ
တယ်။ လူနဲ့ပုံသဏ္ဌာန်တူပေမဲ့ မနုဿလူ
အစစ်မဟုတ်ဘူး။"
  
-(စစ်ကိုင်း ဝါးချက်ဆေးရုံနှင့်မြောက်ဒဂုံ
ကမ္မဋ္ဌာန်းရိပ်သာကိုတည်ထောင်သော
ကျစွာဆရာတော်ရေးသားသော မနုဿ
လူသားစာအုပ်မှ)


★ လူသားအစစ်ဆိုတာ ★

“မနုတဿဘာဝေါ ဒုလ္လဘော" ဆိုတဲ့
တရားတော်မှာ မနုဿ လို့ဟောတော်မူ
ခဲ့တယ်။ မြန်မာလို လူ လို့ပြန်တယ်။

ကိုယ့်ပစ္စည်းနဲ့ကိုယ် စိတ်ဆင်းရဲမှုမဖြစ်စေချင်ရင်



ကိုယ့်ပစ္စည်းနဲ့ကိုယ်
**************
စိတ်ဆင်းရဲမှုမဖြစ်စေချင်ရင်

*****************

အကူအညီပေးတာ အပြစ်မဟုတ်ပါဘူး
နောင်တစ်ချိန်မှာ ငါ့ကိုပြန်ပြီး ကူညီပါရစေလို့
မျှော်လင့်ချက်ထားမိတာက အပြစ်ပဲ။