မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Thursday, August 28, 2014
ကွယ်လွန်ပြီးနောက် သရဏဂုံတင်တဲ့ရည်ရွယ်ချက်။
ကွယ်လွန်ပြီးနောက် အလောင်းကို သရဏဂုံတင်မှုဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ထုံးစံတစ်ခုဖြစ်နေပါပြီ။ ဘယ်လောက်ပဲ ဆင်းရဲနိမ်းပါးပါစေ ကျန်ရစ်သူ မိသားစုတွေက သရဏဂုံတင်ဖြစ်
အောင် ကြိုးစားတတ်ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အလောင်းကို သရဏဂုံတင်ခွင့် မရလိုက်တဲ့ အခါမျိုးမှာ အင်မတန် ၀မ်းနည်းပက်လက် ဖြစ်တတ်ကြပါတယ်။
Wednesday, August 27, 2014
အရှင်အာနန္ဒ ပရိနိဗ္ဗာန်ပြုပုံ။
ရှင်အာနန္ဒ ရဟန္တာဖြစ်တော့ သက်တော် (၈၀)ပြည့်ပြီ။ ဘုရားပရိနိဗ္ဗာန်စံလို့ (၃)လ ကျော်တဲ့အခါ ရဟန္တာဖြစ်တယ်။ အေး ရှင်အာနန္ဒ မထေရ်မြတ်ဟာ သက်တော် ၁၂၀ ထိအောင် သက်ရှည်တယ်။သာသနာတော်ရဲ့အကျိုး၊ မြတ်စွာဘုရား ဟောပြတဲ့ ဓမ္မရဲ့တာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းဆောင်
သွားတဲ့ ရှင်အာနန္ဒ မထေရ်မြတ်ဟာ နောက်ဆုံးအချိန် "ကောဋိဂါမ" ဆိုတဲ့နေရာမှာသီတင်းသုံးတယ်။"ရောဟိနီ" မြစ်အနီး
မြစ်ကမ်းနှစ်ဖက်မှာ ဟိုဘက်က ရွာတစ်ရွာ၊ ဒီဘက်က ရွာတစ်ရွာရှိတယ်။ အဲဒီနှစ်ရွာက ရှင်အာနန္ဒကို ၀တ်ကြီး ၀တ်ငယ် ပြုကြတယ်။
ဓမ္မဒူတဆရာတော်ကြီး၏ အနားယူနည်း။
ဆရာတော်ကြီးသည် စာရေး၊ စာချ၊ တရားဟော၊ တရားပြအလုပ် လေးမျိုးကို မရပ်မ
နား ပြုလုပ်တော်မူသော ဆရာတော်တစ်ပါး ဖြစ်၏။ သက်တော် ၆၀ အရွယ် ပျံလွန်တော်မူမှပင်
သာသနာပြုအလုပ်မှ အနားယူတော်မူ၏။ သက်တော်ထင်ရှား ရှိစဉ်အတွင်း ဆရာတော်ကြီး၏
အနားယူပုံမှာ မှတ်လောက်သားလောက်၏။ ဆရာတော်ကြီး၏ အနားယူနည်းကို ဆရာတော်ကြီး
ကိုယ်တိုင် ယခုလို အမိန့်ရှိတော်မူ၏။
မေတ္တာပေးလေ မေတ္တာရလေ
မေတ္တာပေးလေ မေတ္တာရလေ
*******************
အချစ်ကံကောင်းစေတဲ့
အဓိကအကျဆုံး
အကောင်းကံကတော့
ေ မေတ္တာတရား
လက်ကိုင်ထားခြင်းပါပဲ။
သာသနာဆိုတာ။ (သင် ခွဲခွဲခြားခြား သိပြီလား၊)
“သာသနာ” လို့ ပြောလိုက်ရင် ရဟန်းသံဃာတွေကို ပြောတာလိုလို၊ ဘုရားစေတီပုထိုးကို
ပြောတာလိုလို၊ ကျောင်း ကန် ဇရပ် သိမ်စတဲ့ အဆောက်အအုံကို ပြောတာလိုလို ယောင်ဝါးဝါး
ဖြစ်သွားတတ်ကြပါတယ်။
“သာသနာ” ဆိုတာ ပါဠိစကားပါ။ အဆုံးအမလို့ အဓိပ္ပါယ် ရပါတယ်။ ၄၅ ၀ါ ကာလတိုင်
အောင် ဟောပြောဆုံးမတော်မူခဲ့တဲ့ ဘုရားရှင်ရဲ့ အဆုံးအမကို “သာသနာ” လို့ ခေါ်တာ ဖြစ်ပါ
တယ်။ ဘုရားရှင်ရဲ့ အဆုံးအမကို လေ့လာကြည့်ရင် အုပ်စု ၃ မျိုး ရှိကြောင်း တွေ့နိုင်ပါတယ်။
ပရဟိတအလုပ်ဆုံးလူဟာ အမြတ်ဆုံးလူပါ
ပရဟိတအလုပ်ဆုံးလူဟာ
●•●•●•●•●•●•●•●•●•●
အမြတ်ဆုံးလူပါ
●•●•●•●•●•●•
ဘုရားရှင်တိုင်းဟာ
ဘုရားမဖြစ်ခင်မှာလည်း
ပရဟိတစိတ်ဓာတ်နဲ့ပဲ
ပါရမီဖြည့်ခဲ့ကြသလို...
●•●•●•●•●•●•●•●•●•●
အမြတ်ဆုံးလူပါ
●•●•●•●•●•●•
ဘုရားရှင်တိုင်းဟာ
ဘုရားမဖြစ်ခင်မှာလည်း
ပရဟိတစိတ်ဓာတ်နဲ့ပဲ
ပါရမီဖြည့်ခဲ့ကြသလို...
Subscribe to:
Posts (Atom)


