
ဝိပဿနာဆိုတာဘာလဲ
◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦
ဝိပဿနာဆိုတာ -
ပညတ်တွေကိုခွာပြီး ပရမတ်တွေရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောတွေကိုသိအောင်
လုပ်တာ ဝိပဿနာ၊
ရုပ်တွေ နာမ်တွေရဲ့ ဖြစ်ပျက်ကို မြင်အောင်ကြည့်တာ ဝိပဿနာ၊
ခန္ဓာအရှိနဲ့ ဉာဏ်အသိကို ကိုက်အောင်လုပ်တာ ဝိပဿနာ၊
ရှေ့ကဖြစ်ပျက် နောက်က မဂ်လိုက်တာ ဝိပဿနာ၊
အသေကို အရှင်နဲ့ကြည့်တာ ဝိပဿနာ။ ကျေးဇူးတော်ရှင်ချမ်းမြေ့ဆရာတော
ရဲ့ အဆိုအမိန့်အရ ရုပ်နာမ်မှာ ဖြစ်နေတဲ့သဘောတွေကို ဖြစ်နေတဲ့အတိုင်း၊ ရှိနေ
တဲ့သဘောတွေကို ဖြစ်နေတဲ့အတိုင်း၊ ရှိနေတဲ့အတိုင်း သတိနဲ့စောင့်ရှုတာဟာ သ
တိပဋ္ဌာန် ဝိပဿနာပဲ။
မဇ္ဈမပဋိပဒါ အလယ်လမ်းအကျင့်ပါပဲ။ အဲဒါ မဂ္ဂင်ရှစ်တန် အကျင့်မှန်ပါပဲ။ အတို
ချုပ်အနေနဲ့ပြောမယ်ဆိုရင် ...
အထူးကြည့်တာ ဝိပဿနာ။
အထူးကြည့်တော့ အထူးသိတာပေါ့။ သမားရိုးကျကြည့်တာမဟုတ်ဘူး။ ဝိပဿ
နာမျက်လုံးနဲ့ကြည့်တာ။ သမာရိုးကျကြည့်ရင် ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ
မြင်မယ်။ သူဌေး၊ ဆင်းရဲသားမြင်မယ်။
အထူးကြည့်တော့ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါမဟုတ်ဘူး။ သူဌေး၊ ဆင်း
ရဲသား မဟုတ်ဘူး။ ရုပ်တွေ နာမ်တွေပဲ အထူးကြည့်တော့ အထူးမြင်တယ်။ရုပ်
တွေနာမ်တွေရဲ့ ဖြစ်ပျက်ကိုမြင်လာတယ်။ အဲဒါကို ဝိပဿနာလို့ခေါ်တယ်။
ယောဂီအသစ်တွေကတော့ နားလည်မှာ မဟုတ်သေးဘူး။ ရုပ်တွေနာမ်တွေနဲ့ ရှုပ်
ယှက်ခတ်နေတာပဲ။ ဘာတွေမှန်းလည်း မသိဘူး။ ခက်ခဲလိုက်တာဆိုပြီး အားမ
ငယ်နဲ့နော်။ တရားနာရင်း နာရင်းနဲ့ သိသင့်သိထိုက်တာတွေကို တဖြည်းဖြည်းသိ
လာလိမ့်မယ်။ဝေါဟာရတွေရဲ့ အဓိပ္ပါယ်ကိုသိရင် နားလည်သွားမှာပဲ။ ဝိပဿနာအကြောင်းကို
ဘာမျှမသိသေးတဲ့ ယောဂီအသစ်တွေ အနေနဲ့ ပထမဆုံး ...
ပညတ်နဲ့ ပရမတ်ကို ကွဲကွဲပြားပြားသိရမယ်။
ရုပ်တွေ နာမ်တွေကို ကျကျနန နားရှင်းအောင် သိရမယ်။ ဒါမှ ဝိပဿနာဆိုတာ
ဘာလဲဆိုတဲ့အဓိပ္ပါယ်ကို သဘောပေါက်မယ်။ နားလည်မယ်။
ပညတ်ဆိုတာက တစ်ဦးနဲ့တစ်ဦး နားလည်အောင် သတ်မှတ်ထားတဲ့ နာမည်တွေ
ကိုခေါ်တာ၊ အမှန်တကယ်မရှိဘူး။ ဥပမာ- ခေါင်း၊ ခါး၊ ခြေ၊ လက်၊ ယောက်ျား၊ မိန်း
မ၊ အိမ်၊ ကျောင်း၊ ကား၊ ရထား စသည်အားဖြင့် လူအမျိုးမျိုးက ဝေါဟာရအမျိုးမျိုး
နဲ့ခေါ်နေတာ၊ ပြောနေတာအားလုံးဟာ ပညတ်တွေပဲ။
ပရမတ် ဆိုတာကျတော့ အမှန်တကယ်ရှိတဲ့ သဘာဝတရားကို ဆိုလိုတာ။ သ
ဘောမျှပဲ။ မျက်စိနဲ့လည်း မမြင်ရဘူး။ ပုံသဏ္ဌာန်လည်း မရှိ၊ အလေးချိန်လည်းမရှိ၊
ထုထည်လည်း မရှိလို့ ဆုပ်ကိုင်လို့လည်း မရဘူး။ အမှုန်လေးတွေလည်း မဟုတ်
ဘူး၊ မီးခိုးလိုလည်းမဟုတ်ဘူး။ သဘောလေးပဲ။ ဥပမာ-လှုပ်တဲ့သဘော၊ နာတဲ့သ
ဘော၊ ကြားတဲ့သဘောတွေဟာ ပရမတ်ပဲ။
ပရမတ်တရားက စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဆိုပြီး(၄)ပါးရှိတယ်။ စိတ်နဲ့ စေတ
သိက်ကို ပေါင်းပြီး နာမ်လို့ခေါ်တယ်။
နာမ်ရဲ့သဘာဝတရားက ...
သိတတ်တဲ့သဘော၊ ညွှတ်တတ်တဲ့သဘော၊
ရုပ်ရဲ့သဘာဝတရားက ...
ဖောက်ပြန်ပြောင်းလဲတတ်တဲ့သဘော၊ မသိတဲ့သဘော၊
အကြမ်းအားဖြင့် ရုပ်ဆိုတာ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောဆိုတဲ့ ဓာတ်ကြီး
လေးပါးအပေါင်းအစုပါပဲ၊ လက်တွေ့ရှုမှတ်တဲ့အခါ ဓာတ်ကြီးလေးပါးရဲ့ ပရမတ်သ
ဘောတွေကို ရှုမှတ်ရမှာ။
ပထဝီဓာတ်ရဲ့ ပရမတ်သဘောက-
မာမှုသဘော၊ ပျော့မှုသဘော။
အာပေါဓါတ်ရဲ့ ပရမတ်သဘောက-
လေးမှုသဘော၊ ဖွဲ့စည်းမှုသဘော၊ ယိုစီးမှုသဘော။
တေဇောဓာတ်ရဲ့ ပရမတ်သဘောက-
ပူမှုသဘော၊ အေးမှုသဘော၊ ပေါ့မှုသဘော။
ဝါယောဓာတ်ရဲ့ ပရမတ်သဘောက-
တွန်းကန်တဲ့သဘော၊ တောင့်တင်းတဲ့သဘော၊ လှုပ်ရှားတဲ့သဘော၊။
ရုပ်နဲ့ပတ်သက်လို့ ဒီလောက်တော့သိထားရမယ်။ နာမ်အကြောင်းပြောရအောင်။ စိတ်နဲ့စေတသိက်ကိုပေါင်းပြီးတော
“နာမ်လို့ ခေါ်ပါတယ်ဘုရား”
သိမှုလေးကို စိတ်လို့ခေါ်တာ။ စိတ်တစ်ခုဖြစ်ရင် စေတသိက်တွေလည်း ပါလာ
တာပဲ။
စေတသိက်ဆိုတာက စိတ်ကိုမှီတွယ်ပြီးတော့ စိတ်ကိုခြယ်လှယ်နေတဲ့ စိတ်တစ်
မျိုးပါပဲ။ သူ့ကြောင့် အကုသိုလ်စိတ် ဖြစ်သွားတာရှိသလို၊ ကုသိုလ်စိတ်ဖြစ်သွား
တာလည်း ရှိတယ်။ စေတနာဦးဆောင်တဲ့ စေတသိက်က အားလုံး(၅၂)ပါး ရှိ
တယ်။
ရုပ်(၂၈)ပါးတို့၊ နာမ်(၅၃)ပါးတို့ ဒါတွေအကုန်မသိလည်းဘဲ ဝိပဿနာအားထုတ်
လို့ရပါတယ်။ ဝိပဿနာအားထုတ်တဲ့နေရာမှာ နည်းသုံးမျိုးရှိတယ်။
(၁) စအားထုတ်ကတည်းက ဝိပဿနာကို တိုက်ရိုက်ရှုမှတ်တဲ့ ဝိပဿနာယာနိ
ကနည်း၊
(၂) သမထနည်းတစ်ခုခုနဲ့ သမာဓိထူထောင်ပြီးတော့မှ ဝိပဿနာကို ပြောင်းပြီးရှု
မှတ်တဲ့ သမထယာနိကနည်းနဲ့
(၃) သမထကိုရှုမှတ်လိုက်၊ ဝိပဿနာကို ရှုမှတ်လိုက်နဲ့ နှစ်ခုတွဲပြီး ရှုမှတ်တဲ့၊
ယုဂနဒ္ဓနည်းဆိုပြီး သုံးမျိုးရှိတယ်။
သမထက ပညတ်ကိုရှု၇တယ်။ ဝိပဿနာက ပရမတ်ကိုရှုရတယ်။ ဒီလိုလည်း
သိထားရမယ်နော်။
မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ
(လွတ်မြောက်မှုချမ်းသာကိုရှာဖြွေ
Buddhavasa Tiloka
No comments:
Post a Comment