မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Thursday, August 28, 2014
သုဇာတာသေဌေးကတော်။
သုဇာတာသည်ဥရုဝေလတောအုပ်အနီး သေနနိဂုံးနေ
သေနိယသေဌေးကြီး၏သမီး ဖြစ်သည်။ သူ၏သားမှာ ယသ သတိုးသားဖြစ်၏။ သူ၏ခင်ပွန်းမှာ ဗာရာဏသီသေဌေး ဖြစ်လေသည်။
သုဇာတာသေဌေးကတော်၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ==
ကွယ်လွန်ပြီးနောက် သရဏဂုံတင်တဲ့ရည်ရွယ်ချက်။
ကွယ်လွန်ပြီးနောက် အလောင်းကို သရဏဂုံတင်မှုဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ထုံးစံတစ်ခုဖြစ်နေပါပြီ။ ဘယ်လောက်ပဲ ဆင်းရဲနိမ်းပါးပါစေ ကျန်ရစ်သူ မိသားစုတွေက သရဏဂုံတင်ဖြစ်
အောင် ကြိုးစားတတ်ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အလောင်းကို သရဏဂုံတင်ခွင့် မရလိုက်တဲ့ အခါမျိုးမှာ အင်မတန် ၀မ်းနည်းပက်လက် ဖြစ်တတ်ကြပါတယ်။
Wednesday, August 27, 2014
အရှင်အာနန္ဒ ပရိနိဗ္ဗာန်ပြုပုံ။
ရှင်အာနန္ဒ ရဟန္တာဖြစ်တော့ သက်တော် (၈၀)ပြည့်ပြီ။ ဘုရားပရိနိဗ္ဗာန်စံလို့ (၃)လ ကျော်တဲ့အခါ ရဟန္တာဖြစ်တယ်။ အေး ရှင်အာနန္ဒ မထေရ်မြတ်ဟာ သက်တော် ၁၂၀ ထိအောင် သက်ရှည်တယ်။သာသနာတော်ရဲ့အကျိုး၊ မြတ်စွာဘုရား ဟောပြတဲ့ ဓမ္မရဲ့တာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းဆောင်
သွားတဲ့ ရှင်အာနန္ဒ မထေရ်မြတ်ဟာ နောက်ဆုံးအချိန် "ကောဋိဂါမ" ဆိုတဲ့နေရာမှာသီတင်းသုံးတယ်။"ရောဟိနီ" မြစ်အနီး
မြစ်ကမ်းနှစ်ဖက်မှာ ဟိုဘက်က ရွာတစ်ရွာ၊ ဒီဘက်က ရွာတစ်ရွာရှိတယ်။ အဲဒီနှစ်ရွာက ရှင်အာနန္ဒကို ၀တ်ကြီး ၀တ်ငယ် ပြုကြတယ်။
ဓမ္မဒူတဆရာတော်ကြီး၏ အနားယူနည်း။
ဆရာတော်ကြီးသည် စာရေး၊ စာချ၊ တရားဟော၊ တရားပြအလုပ် လေးမျိုးကို မရပ်မ
နား ပြုလုပ်တော်မူသော ဆရာတော်တစ်ပါး ဖြစ်၏။ သက်တော် ၆၀ အရွယ် ပျံလွန်တော်မူမှပင်
သာသနာပြုအလုပ်မှ အနားယူတော်မူ၏။ သက်တော်ထင်ရှား ရှိစဉ်အတွင်း ဆရာတော်ကြီး၏
အနားယူပုံမှာ မှတ်လောက်သားလောက်၏။ ဆရာတော်ကြီး၏ အနားယူနည်းကို ဆရာတော်ကြီး
ကိုယ်တိုင် ယခုလို အမိန့်ရှိတော်မူ၏။
မေတ္တာပေးလေ မေတ္တာရလေ

မေတ္တာပေးလေ မေတ္တာရလေ
*******************
အချစ်ကံကောင်းစေတဲ့
အဓိကအကျဆုံး
အကောင်းကံကတော့
ေ မေတ္တာတရား
လက်ကိုင်ထားခြင်းပါပဲ။
သာသနာဆိုတာ။ (သင် ခွဲခွဲခြားခြား သိပြီလား၊)
“သာသနာ” လို့ ပြောလိုက်ရင် ရဟန်းသံဃာတွေကို ပြောတာလိုလို၊ ဘုရားစေတီပုထိုးကို
ပြောတာလိုလို၊ ကျောင်း ကန် ဇရပ် သိမ်စတဲ့ အဆောက်အအုံကို ပြောတာလိုလို ယောင်ဝါးဝါး
ဖြစ်သွားတတ်ကြပါတယ်။
“သာသနာ” ဆိုတာ ပါဠိစကားပါ။ အဆုံးအမလို့ အဓိပ္ပါယ် ရပါတယ်။ ၄၅ ၀ါ ကာလတိုင်
အောင် ဟောပြောဆုံးမတော်မူခဲ့တဲ့ ဘုရားရှင်ရဲ့ အဆုံးအမကို “သာသနာ” လို့ ခေါ်တာ ဖြစ်ပါ
တယ်။ ဘုရားရှင်ရဲ့ အဆုံးအမကို လေ့လာကြည့်ရင် အုပ်စု ၃ မျိုး ရှိကြောင်း တွေ့နိုင်ပါတယ်။
ပရဟိတအလုပ်ဆုံးလူဟာ အမြတ်ဆုံးလူပါ

ပရဟိတအလုပ်ဆုံးလူဟာ
●•●•●•●•●•●•●•●•●•●
အမြတ်ဆုံးလူပါ
●•●•●•●•●•●•
ဘုရားရှင်တိုင်းဟာ
ဘုရားမဖြစ်ခင်မှာလည်း
ပရဟိတစိတ်ဓာတ်နဲ့ပဲ
ပါရမီဖြည့်ခဲ့ကြသလို...
●•●•●•●•●•●•●•●•●•●
အမြတ်ဆုံးလူပါ
●•●•●•●•●•●•
ဘုရားရှင်တိုင်းဟာ
ဘုရားမဖြစ်ခင်မှာလည်း
ပရဟိတစိတ်ဓာတ်နဲ့ပဲ
ပါရမီဖြည့်ခဲ့ကြသလို...
ဘေးရန်ကင်းသောနေနည်း

ဘေးရန်ကင်းသောနေနည်း
---------------------------
လူသားမှန်သမျှ ဘေးရန်င်းဝေးချင်သူများချည်း ဖြစ်ပါသည်။
---------------------------
လူသားမှန်သမျှ ဘေးရန်င်းဝေးချင်သူများချည်း ဖြစ်ပါသည်။
ဘေးရန်အန္တရာယ်ဟူသည် ရေကြီးခြင်း မုန်တိုင်းထန်ခြင်း ငလျင်လှုပ်ခြင်း စသော
သဘာဝဘေးအန္တရာယ်တို့ ရှိသကဲ့သို့ လူအချင်းချင်း အမုန်းတရား အာဃာတတရားများ အလျှံညီးညီးတောက်လောင်ရာမှ ပေါ်ပေါက်လာသော ဘေးရန်
အန္တရာယ်တို့လည်း ရှိတတ်ပါသည်။
အမှန်ပြောခြင်း - သမ္မာဝါစာ

အမှန်ပြောခြင်း - သမ္မာဝါစာ
-------------------------------
ြ မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော မဂ္ဂင်ရှစ်တန်အကျင့်မှန်တရားတော်မှ
သီလမဂ္ဂင်တရားတော်ကို ဓမ္မဒါနဖြန့်ဝေလိုက်ပါသည်။ လောက၌ပြောဆိုကြသောစကားတို့မှာ -
၁။ ဟုတ်လည်းမဟုတ် အကျိုးလည်းမရှိ သူတစ်ပါးလည်းမကြိုက်သောစကား
အကြောင်းပြုကံလေးမျိုး
အကြောင်းပြုကံလေးမျိုး
--------------------------
(၁) ဂရုကံ - အကျိုးအပြစ်အလွန်ကြီးလေးသောကံ
ယခုဘ၀တရားအားထုတ်၍မဂ်ဉာဏ် ဖိုလ်ဉာဏ်နှင့်ဈာန်ကုသိုလ်ကံများသည် မလွဲဧကန်အကျိုးပေးမည့်ကုသိုလ်ဂရုကံများဖြစ်ပြီး ပဉ္စာနန္တိယကံနှင့်နိယတမိစ္ဆာဒိဌိအယူရှိသောကံများသည်လည်း
သေသည်နှင့်အခြားမရှိဧကန်အ၀ီစိငရဲသို့ကျရောက်မည့် အကုသိုလ်ဂရုကံများဖြစ်သည်။
မိစ္ဆာဝါဒီတို့ အကြောက်ဆုံးတရား
မိစ္ဆာဝါဒီတို့ အကြောက်ဆုံးတရား၊ အကြောက်ဆုံးဒေသနာ (၀ါ) အကြောက်ဆုံး ပိဋကတ်မှာ အဘိဓမ္မာပိဋကတ် ဖြစ်၏။ သူတို့ဝါဒ သူတို့ ပြောဆိုရေးသားသမျှကို အဘိဓမ္မာနှင့် ညှိလိုက်သည့်အခါတိုင်း သူတို့၏ အမှားသည် ကွက်ကွက်ကွင်းကွင်း မငြင်းနိုင်အောင် ဖြစ်လေ့ရှိ၏။ ထို့ကြောင့် အဘိဓမ္မာပိဋကတ်သည် မိစ္ဆာဝါဒီတို့အဖို့ အမုန်းဆုံး အကြောက်ဆုံး တရား ဖြစ်၏။
ဥပစ္ဆေဒကကံနှင့် သေရသူများ။
လူသည် တစ်နေ့နေ့တွင် သေကြရမည် ဖြစ်သော်လည်း သက်တမ်းမကုန် သေချိန်မကျသေး ဘဲ သေရခြင်းမျိုးရှိတတ်ကြပါ၏။ အရှင်မဟာမောဂ္ဂလန်သည် ရှေးက အမိကို သတ်ခဲ့ဖူး၏။ အရှင်
မောဂ္ဂလန်ဘ၀၌ ထိုကံ အခွင့်ရသဖြင့် ခိုးသားငါးရာ၏ အသတ်ကို ခံရပြီးမှ ပရိနိဗ္ဗာန် စံရလေ၏။
အရူး (၈)မျိုး
(၂) ဒေါသအမျက်၊ ရုပ်ပျက်စေငြား၊ လွန်ဆိုးဝါး၊ မှတ်သား ဒေါသရူး။
(၃) တစ်ပါးသူကို၊ ကြည်ဖြူကင်းလျက်၊ ကိုယ့်ရုပ်ပျက်အောင်၊ လွန်တတ်မာန ထောင်တာက၊ မှတ်ကြ မာနရူး။
နေထွက်လာတာ ဝင်ဖို့ပါ အဲတာလူ့ဘဝ

နေထွက်လာတာ ဝင်ဖို့ပါ အဲတာလူ့ဘဝ
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
နေထွက်လာတာ ဝင်ဖို့ပဲ မဟုတ်လား
မွေးဖွားလာတာ သေဆုံးဖို့ပဲ မဟုတ်လား
နေထွက်ခြင်းဟာ နေဝင်ခြင်းမှာ အဆုံးသတ်သလို
မွေးဖွားခြင်းဟာလည်း သေဆုံးခြင်းမှာပဲ
နိဂုံးချုပ်ရတာပဲ မဟုတ်လား
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
နေထွက်လာတာ ဝင်ဖို့ပဲ မဟုတ်လား
မွေးဖွားလာတာ သေဆုံးဖို့ပဲ မဟုတ်လား
နေထွက်ခြင်းဟာ နေဝင်ခြင်းမှာ အဆုံးသတ်သလို
မွေးဖွားခြင်းဟာလည်း သေဆုံးခြင်းမှာပဲ
နိဂုံးချုပ်ရတာပဲ မဟုတ်လား
Tuesday, August 26, 2014
မှန်ကန်စွာရွေးချယ် ကိုးကွယ်ဆည်းကပ်တတ်စေဖို့

ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ၀နာနိစ။
အာရာမ ရုက္ခစေတျာနိ၊ မနုဿာ ဘယတဇ္ဇိတာ။
(ဓမ္မပဒ၊ ၁၈၈)
“ဘေးကိုကြောက်ရွံ ထိန့်လန်ကုန်သော သူတို့သည် တောတောင်တို့ကိုလည်းကောင်း၊ နေရာအရံ တို့ကိုလည်းကောင်း၊ တောဆိုးသစ်ပင်တို့ကိုလည်းကောင်း၊ (ဘေးမှလွတ်ရန်) များစွာ ဆည်းကပ်
ကိုးကွယ်ကြကုန်သည် ဟု မြတ်ဗုဒ္ဓ က မိန့်တော်မူသည်။
အလှူပေးတဲ့ ပုဂ္ဂိုလ်ဘက်က အင်္ဂါရပ်များ

အလှူပေးတဲ့ ပုဂ္ဂိုလ်ဘက်က အင်္ဂါရပ်များ
******************************
အလှူပေးတဲ့ ပုဂ္ဂိုလ်ဘက်က အင်္ဂါရပ် သုံးတန်က . . .
၁။ ပုဗ္ဗေ၀ ဒါနာ သုမနော ဟောတိ = မလှူမီ ရှေးအဖို့မှာလည်း ၀မ်းမြောက်ဝမ်းသာတဲ့ စိတ်ဓာတ်တွေ ရှိနေတယ်။
၂။ ဒဒံ စိတ္တံ ပသာဒေတိ = ပေးလှူနေဆဲ အချိန်ခါကာလမှာလည်း စိတ်ဓာတ်တွေကကြည်လင်နေတယ်။ ရာဂ, ဒေါသ, မောဟ, မာန်မာန, ဣဿ မစ္ဆရိယ အစရှိတဲ့ ကိလေသာတရားဆိုးတွေက စိတ်အစဉ်ကို ၀င်ရောက်နှောင့်ယှက်မှု ဘာမျှမရှိဘူး။ စိတ်တွေက အင်မတန် ပျော်ရွှင်ပြီး ကြည်လင်နေတယ်။
ဇဋိလသေဌေး။
ဇဋိလသည် ဗာရာဏသီပြည်၌ မွေးဖွား၏။ အမိမှာ အလွန်ဆင်းရဲလှသော အမျိုးသမီးတစ်ဦး
ဖြစ်၏။ ဖခင်မှာ ၀ိဇ္ဇာဓိုရ်တစ်ဦး ဖြစ်လေသည်။ ဇဋိလ၏ ထူးခြားသောကြည်ညိုဖွယ်ဂုဏ်ရည်များမှာ
အောက်ပါအတိုင်း ဖြစ်လေ၏။
နှစ်ကြိမ်မြောက် မွေးဖွားကြသူများ။
ဆရာသမားဆိုတာ တပည့်တို့ကို နှလုံးသားနဲ့လွယ်ပြီး အာခံတွင်းက မွေးဖွားပေးကြသူ (ပ၀တ္တိမိဘ)များ ဖြစ်တယ်။ ဆရာကောင်း တပည့်များဟာလည်း ဆရာတို့ရဲ့ နှလုံးသားမှာ သန္ဓေတည်ခဲ့ပြီး အာခံတွင်းက မွေးဖွားလာကြသူများ ဖြစ်တယ်။ ဘာကြောင့်လည်းဆိုတော့ ဆရာသမားများဟာ တပည့်တွေအပေါ်တော်စေချင်၊ တတ်စေချင်၊ လိမ္မာစေချင်တဲ့ မေတ္တာ၊ ဂရုဏာ၊မုဒိတာတရားတွေ နှလုံးသားထဲမှာကိန်း
အောင်း ဖြစ်တည်စေပြီးတော့မှ ကြီးမားတဲ့လုံလတွေနဲ့ လှုံဆော်ပြီး အာခံတွင်းကနေ မြွက်ဆို ဟောညွှန်သင်ပြ ပေးကြတာတွေဖြစ်လို့ ဒီလို မြွက်ဆို ဟောကြား သင်ပြပေးတာတွေကို နာယူသင်ကြား တတ်
မြောက်လာကြတဲ့ တပည့်ကောင်းများသာလျှင် တကယ့် “ဆရာသမားတို့ရဲ့” နှလုံးသားမှာ သန္ဓေတည်ပြီးအာခံတွင်းက မွေးဖွားကြသူများလို့ ဆိုနိုင်တယ်။
တရားမရလို့ ငိုတဲ့သူ။
ရှင်အာနန္ဒ မထေရ်မြတ်ဟာ ဘုရား သက်တော်ထင်ရှားရှိတဲ့အချိန်မှာ တရားထူး တရားမြတ်မရဘူး။ ကျင့်တော့ ကျင့်ပါတယ်။ နောက်ဆုံးမှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံသွားတယ်။ မြတ်စွာဘုရားရဲ့ ဝေယျာဝစ္စ ကိစ္စတွေ၊ ပရိယတ္တိဓမ္မရဲ့ တာဝန်တွေနဲ့ ရှင်အာနန္ဒမထေရ်မြတ်ဟာ တရားအားထုတ်ခွင့် မရပါ။
Sunday, August 17, 2014
မိုးညှင်း သမ္ဗုဒ္ဓေ စေတီတော်-မှ ထူးခြားသော နေရာများ
မိုးညှင်း သမ္ဗုဒ္ဓေစေတီတော်ကြီးကား မြန်မာနိုင်ငံအတွင်းရှိ စေတီပုထိုးများထဲတွင် ဗိသုကာလက်ရာ အမြောက်ဆုံး စေတီတော်ကြီးတစ်ဆူ ဖြစ်သည်။
သမ္ဗုဒ္ဓေ စေတီတော်ကြီး အတွင်းအပြင်၌ရှိသော စေတီတော်ပေါင်းမှာ (မြရွှေငွေ စိတ်သီးဆောင်း သမ္ဗုဒ္ဓေ ရုပ်ပွားပေါင်း) ဟူသော သမိုင်းလင်္ကာအရ (၅၈၂၃၆၃) ဆူ ရှိပါသည်။
ဤမျှ များပြားသော စေတီပုထိုး၊ ဗုဒ္ဓရုပ်ပွားတော်များကို တစ်နေရာတည်းတွင် စုစုစည်းစည်း ဖူးတွေ့ရခြင်းမှာ သမ္ဗုဒ္ဓေစေတီတော်ကြီး၌သာ ရှိပါသည်။
Sunday, August 10, 2014
ကုသိုလ်ဖြစ်အောင် ချစ်ကြမယ်
(၁)
အဲဒီနေ့က သူတစ်ယောက်တည်း “အချစ်က မီးလား”ဆိုတာကို တွေးနေဖြစ်တယ်၊
တစ်ခါတစ်ခါတော့လဲ အချစ်ကမီးပါလို့ လက်ခံလိုက်တယ်၊ တစ်ခါတစ်ခါတော့လဲ အချစ်က မီးမဟုတ်ပြန်ဘူးလို့ ငြင်းဆန်လိုက်တယ်၊ သူတစ်ယောက်တည်း တစ်ထိုင် တည်းနဲ့ တစ်နေရာတည်းမှာ အချစ်က မီးဖြစ်သွားလိုက် ရေဖြစ်သွားလိုက်နဲ့ အဆုံးမသတ်တဲ့ အတွေးတွေနဲ့ လုံးချာလိုက်နေတာပဲ၊
အချစ်နဲ့ ပတ်သက်ပြီးလဲ အဆုံးမတွေ အများကြီး ဖတ်ဖူးတဲ့ သူ့မှာ မေးခွန်တွေကို ဘာသာထုတ်လိုက် ဘာသာပြန်ဖြေလိုက်နဲ့ အချစ်က ဘာဆိုတာ ကွဲကွဲပြားအဖြေ မရခဲ့ဘူး၊
ပြီးပြည့်စုံသော လူ့ဘဝ
လောက၌ လူတို့သည် ဘ၀တစ်ခု တည်တည်တံ့တံ့ ရပ်တည်နိုင်ရန်
ရုန်းကန်အားထုတ်ကြရ၏။ ငယ်စဉ်ကတည်းကပင် “ဆရာဝန်ကြီး ဖြစ်ရမယ်၊
အင်ဂျင်နီယာကြီး ဖြစ်ရမယ်၊ စီးပွားရေး လုပ်ငန်းရှင်ကြီး ဖြစ်ရမယ်” စသည်ဖြင့်လူလူသူသူ နေထိုင်နိုင်သော ဘဝကို စိတ်ကူးခဲ့ကြ၏။
ထိုသို့ စိတ်ကူးခဲ့သည့်အတိုင်း အောင်မြင်မှုရရန် ခဲခဲယဉ်းယဉ်း ကြိုးစားအားထုတ်ကြရ၏။
ထိုတွင် မိမိနောက်ခံအသိုင်းအဝိုင်း၏ ပံ့ပိုးပေးနိုင်မှု အခြေအနေနှင့် မိမိ၏ အရည်အချင်းတို့အပေါ် မူတည်ကာ အချို့ ဆိုင်ရာဆိုင်ရာ အတတ်ပညာရှင်များ ဖြစ်ခဲ့ကြ၏။
" လူတိုင်းကို သီလပေးလို့ ရမလား "

" လူတိုင်းကို သီလပေးလို့ ရမလား "
**************************
**************************
သီလဆိုတာ နူတ်က ခံယူရုံနဲ့ ရတဲ့တရားလား။ အားနာလို့ ယူရတဲ့တရားမျိုးလည်း မဟုတ်ဘူး။ အတင်းပေးလို့လည်း ယူလို့ရတဲ့တရား မဟုတ်ဘူး။
သီလဟာ ကိုယ်ရောစိတ်ပါ ခံယူ ကျင့်သုံးဆောက်တည်မှ ရတဲ့တရားမျိုးပါ။ ရောယောင် သီလယူပြီး ကိုယ့်ကိုယ်ကို လိမ်နေသူတွေလည်း အများကြီးရှိတယ်။
Saturday, August 9, 2014
ဓမ္မစေတီခေါင်းလောင်းပိုင်ရှင်-ဓမ္မစေတီမင်းခေါင်၏ ကျောက်စာတော်ကို ရှာဖွေတွေ့ရှိခြင်း။
ဘုရားရှင်ဗျာဒိတ်တော်အတိုင်းရဟန္တာ၆ပါးတို့၏ဗျာဒိတ်တော်
အရအလံတစ်ရာစေတီကြီးဘီလင်းမြို့နယ်တွင်ပွင့်ပေါ်ပြီ ဖြစ်ပါသည်။
ကေလာသတောင်ထိပ်တွင် ထိုအကြောင်းကို
သောဏ္ဍာယ ကေလာသကျောက်စာကြီးကို ညောင်ချောင်းဆရာတော် ဦးဉာဏ၀ံသက စိုက်ထူခဲ့ပါသည်။
ဘုရင့်သား ဖြစ်ပါလျှက် ထီးနန်းနှင့် မထိုက်တန်သူ

ရောဟိတနတ်သားက မြတ်စွာဘုရားကို လျှောက်ထားတယ်။ “ဘုန်းတော်ကြီးသောမူသော မြတ်စွာဘုရား ပဋိသန္ဓေနေရတဲ့ ဆင်းရဲလည်း မရှိ၊ အိုရ -နာရတဲ့ ဆင်းရဲလည်း မရှိ ၊ အမြဲမကွာ ချမ်းသာနေတဲ့ နိဗ္ဗာန်သို့ ရောက်ရန် အဘယ်သို့ မှန်ကန်သော လမ်းခရီးဖြင့် သွားရပါမည်နည်းဘုရား” ဟု လျှောက်ထားတယ်။
Wednesday, August 6, 2014
အများအကျိုး ဆောင်သူတွေ

အများအကျိုး ဆောင်သူတွေ
*********************
`ရုက္ခာ ဖလန္တိ ပရောပကာရတ္ထာယ´
သစ်ပင်တွေဟာ သူတစ်ပါးတွေကို ကျေးဇူးပြုဖို့အတွက် သီးလာကြတာဖြစ်တယ်။ သစ်ပင်တွေဟာ သူတစ်ပါးတွေအတွက် သီးတာပါ။ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် ဘာတစ်ခုမှ မပါပါဘူး။ ဒါ ရှေးသူဟောင်းတွေဆိုတဲ့ စကား။
*********************
`ရုက္ခာ ဖလန္တိ ပရောပကာရတ္ထာယ´
သစ်ပင်တွေဟာ သူတစ်ပါးတွေကို ကျေးဇူးပြုဖို့အတွက် သီးလာကြတာဖြစ်တယ်။ သစ်ပင်တွေဟာ သူတစ်ပါးတွေအတွက် သီးတာပါ။ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် ဘာတစ်ခုမှ မပါပါဘူး။ ဒါ ရှေးသူဟောင်းတွေဆိုတဲ့ စကား။
Tuesday, August 5, 2014
လ နဲ့တူတဲ့ မေတ္တာကုသိုလ်

လ နဲ့တူတဲ့ မေတ္တာကုသိုလ်
*******************
မေတ္တာဟာ လ နဲ့တူပါတယ်။
လမင်းကြီးကို မြင်လိုက်ရရင်ပဲ
ရင်ထဲကို အေးမြသွားတာပါပဲ။
လပြည့်ညမျိုးဆိုရင်
အိပ်ပစ်ရမှာတောင်
နှမြောဖို့ ကောင်းပါတယ်။
လောကကို စောင့်ရှောက်ခြင်း

လောကကို စောင့်ရှောက်ခြင်း
*******************
* လောက၌ မိမိထက်
မြင့်သူများကိုလည်းတွေ့ရ၏။
မိမိထက် ရည်တူများကိုလည်း
တွေ့ရ၏
မိမိအောက် နိမ့်သူများကိုလည်း
တွေ့ရ၏။
*******************
* လောက၌ မိမိထက်
မြင့်သူများကိုလည်းတွေ့ရ၏။
မိမိထက် ရည်တူများကိုလည်း
တွေ့ရ၏
မိမိအောက် နိမ့်သူများကိုလည်း
တွေ့ရ၏။
“ဒါလည်း ပြီးသွားမှာပါ”

“ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿနကမ္ပတိ။”လောကဓံတရား(၈)ပါးနှင့် တွေ့ကြုံရသည့်အခါစိတ်ကို
မတုန်မလှုပ်နေနိုင်ခြင်းသည် “မြတ်သောမင်္ဂလာ”မည်၏။ဆင်းရဲ့ချမ်းသာသဘာဝ၊ တွေ့ကြုံနေကြ လူတိုင်းပေ။ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တလဲစီလှည့် အမြဲနေ။လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။
မတုန်မလှုပ်နေနိုင်ခြင်းသည် “မြတ်သောမင်္ဂလာ”မည်၏။ဆင်းရဲ့ချမ်းသာသဘာဝ၊ တွေ့ကြုံနေကြ လူတိုင်းပေ။ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တလဲစီလှည့် အမြဲနေ။လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။
ဗြဟ္မစိုရ် ဥပေက္ခာ

ဗြဟ္မစိုရ် ဥပေက္ခာ
***************
မေတ္တာနဲ့ `ကူ´ နိုင်တဲ့
ကိစ္စ ကူပါ။
***************
မေတ္တာနဲ့ `ကူ´ နိုင်တဲ့
ကိစ္စ ကူပါ။
ကရုဏာနဲ့ `ထူ´ နိုင်တဲ့
ကိစ္စ ထူပါ။
မုဒိတာနဲ့ `လူ´ နိုင်တဲ့
ကိစ္စ လူပါ။
မြတ်စွာဘုရား၏ ထူးခြား အံ့သြဖွယ်များ။
တစ်နေ့ ဇေတ၀န်ကျောင်းတိုက် ဓမ္မာရုံကြီးအတွင်း မြတ်စွာဘုရားက“ အာနန္ဒ ငါဘုရားရဲ့ အံ့သြဖွယ်ကောင်းတဲ့ ဂုဏ်တွေကို မင်းပြောစမ်း ” ဟု မိန့်တော်မူရာ အရှင်အာနန္ဒက ဘုရားရဲ့ထူးခြားချက်တွေကို ရဟန်းတော်များရှေ့တွင် ပြန်ပြီး လျှောက်တင်ပြပါတယ်။
(၁) ဝေဿန္တရာမင်းကြီးဘ၀ ကုန်ဆုံးပြီးတုသိတာဘုံကို ရောက်သွားတဲ့အခါမှာ အိပ်
မောကျပြီးတော့ ရောက်သွားတာ မဟုတ်ဘူး။သိသိသာသာကြီး ရောက်သွားတာ၊ သေတဲ့အခါ
မှာ လူတွေဟာ တွေဝေပြီးတော့ သေတာများတယ်။ သတိရှိတယ်၊ ဆင်ခြင်တုံတရားရှိတယ်။သတိမကွာဆင်ခြင်ဉာဏ်ပညာနဲ့ပဲ
ဝေဿန္တရာမင်းကြီး ဘ၀က သေဆုံးပြီးတော့ တုသိတာ နတ်ပြည်မှာ သားမွေးတာ ဖြစ်ပါတယ်။
Sunday, August 3, 2014
ပညာပါရမီ မရင့်သေးတို့၏ခံယူချက်နိယာမ

ပညာပါရမီ မရင့်သေးတို့၏ခံယူချက်နိယာမ
လူမှုရေးရာ အဖြာဖြာ၌
ပညာသည် ပဓာနမကျ၊
ခံစားမှုသည်သာ ပဓာနကျ၏။
လောကုတ္တရာရေးရာ အဖြာဖြာ၌ကား
ခံစားမှုသည် ပဓာနမကျ၊
ပညာသည်သာ ပဓာနကျ၏။
မူ နဲ့ လူ

မူ နဲ့ လူ
********
`မူ´လည်း ကောင်းရတယ်။
`လူ´လည်း ကောင်းရမယ်။
ဒါမှ အလုပ်ဖြစ်တာ။
တချို့ `မူ´ကောင်းတယ်။
********
`မူ´လည်း ကောင်းရတယ်။
`လူ´လည်း ကောင်းရမယ်။
ဒါမှ အလုပ်ဖြစ်တာ။
တချို့ `မူ´ကောင်းတယ်။
Subscribe to:
Posts (Atom)