
အလှူပေးတဲ့ ပုဂ္ဂိုလ်ဘက်က အင်္ဂါရပ်များ
******************************
အလှူပေးတဲ့ ပုဂ္ဂိုလ်ဘက်က အင်္ဂါရပ် သုံးတန်က . . .
၁။ ပုဗ္ဗေ၀ ဒါနာ သုမနော ဟောတိ = မလှူမီ ရှေးအဖို့မှာလည်း ၀မ်းမြောက်ဝမ်းသာတဲ့ စိတ်ဓာတ်တွေ ရှိနေတယ်။
၂။ ဒဒံ စိတ္တံ ပသာဒေတိ = ပေးလှူနေဆဲ အချိန်ခါကာလမှာလည်း စိတ်ဓာတ်တွေကကြည်လင်နေတယ်။ ရာဂ, ဒေါသ, မောဟ, မာန်မာန, ဣဿ မစ္ဆရိယ အစရှိတဲ့ ကိလေသာတရားဆိုးတွေက စိတ်အစဉ်ကို ၀င်ရောက်နှောင့်ယှက်မှု ဘာမျှမရှိဘူး။ စိတ်တွေက အင်မတန် ပျော်ရွှင်ပြီး ကြည်လင်နေတယ်။
၃။ ဒတွာ အတ္တမနော ဟောတိ = ပေးလှူပြီးတဲ့ နောက်ပိုင်းကာလကို လှမ်းမျှော် ပြီး ကြည့်လိုက်လို့ရှိလျှင်လည်း အင်မတန်မှ ၀မ်းသာကြည်နူးနေတယ်။
ပေါင်းလိုက်တော့ အင်္ဂါသုံးတန်ဖြစ်တယ်။ သို့သော် ဒက္ခိဏ၀ိဘင်္ဂသုတ္တန်နည်း
အရ ပြောမယ်ဆိုလို့ရှိလျှင်တော့ ဒီလိုဝမ်းသာမှုတွေရဲ့ နောက်ဆွယ်မှာ
ဘာတွေရှိရမလဲလို့ မေးလျှင်တော့ အလှူပေးတဲ့ ပုဂ္ဂိုလ်သည် ...
၁။ သီလရှိတဲ့ သူတော်ကောင်း ဖြစ်ရမယ်။
၂။ လှူ ဖွယ်ဝတ္ထုတွေကလည်း တရားသော နည်းလမ်းဖြင့် ရှာဖွေရရှိတဲ့
လှူ ဖွယ်ဝတ္ထုပစ္စည်းစု ဖြစ်ရမယ်။
၃။ မလှူ မီ, လှူ ဆဲ, လှူ ပြီးတဲ့ နောက်ပိုင်းကာလမှာလည်း ၀မ်းမြောက်ပြီး
ကြည်လင်နေတဲ့ စိတ်ထားရှိရမယ်။ ရာဂ, ဒေါသ, မောဟ, မာန်မာန,
ဣဿ မစ္ဆရိယအစရှိတဲ့ ကိလေသာတရားဆိုးတွေက စိတ်အစဉ်ကို ၀င်ရေ
ာက်နှောင့်ယှက်မှု ဘာမျှမရှိဘူး။ ၀ိပဿနာဉာဏ်တွေဖြင့် ဒီ ကိလေသာတရ
ားဆိုးတွေကို တဒင်္ဂအားဖြင့် ပယ်ရှားထားနိုင်တဲ့အတွက် စိတ်အစဉ်တွေက
ကြည်လင်နေခြင်းဖြစ်တယ်ဆို လျှင် ပို၍ ကောင်းပါတယ်။
အရိယမဂ်ဉာဏ်တွေနဲ့ ပယ်ရှားထားနိုင်တဲ့အတွက် ကိလေသာတွေရဲ့
စင်ကြယ်မှုမျိုးကတော့ အထွတ်အထိပ်သို့ ရောက်ရှိနေတဲ့ စိတ်ဓာတ်ရဲ့
စင်ကြယ်သန့်ရှင်းမှု ဖြစ်တယ်။
၎။ ကံ ကံ၏အကျိုးကို တတ်သိနားလည်နေတဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ်
ပြဓာန်းလျက်ရှိတဲ့ ယုံကြည်ချက်သဒ္ဓါတရားအပြည့်အ၀ရှိရမယ်။
ရုပ်နာမ်တို့ရဲ့
အကြောင်းတရားတွေကို ဟုတ်တိုင်းမှန်စွာ သိတတ်တဲ့ ပစ္စယ
ပရိဂ္ဂဟဉာဏ်ကို ရရှိထားခဲ့တယ်ဆိုလျှင်တော့ ကံ-ကံ၏အကျိုးကို တတ်သိနား
လည်နေတဲ့ ကမ္မဿ ကတာသမ္မာဒိဋ္ဌိဉာဏ်ဟာ ပို၍ အဆင့်မြင့်သွား
ပါတယ်။ပေါင်းလိုက်တော့ အင်္ဂါလေးတန် ဖြစ်တယ်။
ဆဠင်္ဂဒါနသုတ္တန်မှာ လာရှိတဲ့ အလှူပေး တဲ့ ပုဂ္ဂိုလ်မှာ ရှိရမဲ့ အင်္ဂါသုံး
တန်နှင့် ဒက္ခိဏ၀ိဘင်္ဂသုတ္တန်မှာ လာရှိတဲ့ အလှူပေးတဲ့ ပုဂ္ဂိုလ်မှာရှိရမဲ့
အင်္ဂါရပ်လေးတန်တို့ဟာ သဘောတရားချင်း တူညီလျက်ပဲရှိပါတယ်။
ဆဠင်္ဂဒါနသုတ္တန်မှာ လာရှိတဲ့ အလှူ ရှင်ဖြစ်သော နန္ဒမာတာ ဥပါသိကာမကြီးဟာ
အနာဂါမိဖိုလ်သို့ ဆိုက်ရောက်သည်အထိ သမထ-၀ိပဿနာ ဘာဝနာတွေကို
အောင်အောင်မြင်မြင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ထားပြီးတဲ့ အနာ
ဂါမ်အရိယာ သူတော်ကောင်းကြီးတစ်ဦး ဖြစ်ပါတယ်။
တစ်နည်းပြောရ-
လျှင်တော့ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတွေကို အနာဂါမိဖိုလ်သို့ ဆိုက်ရောက်
သည့်တိုင်အောင် အောင်အောင်မြင်မြင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ထား
ပြီးတဲ့ အနာဂါမ် အရိယာသူတော်ကောင်းကြီးတစ်ဦး ဖြစ်ပါတယ်။
ထိုသူတော်ကောင်းကြီးက ကာမရာဂ ဒေါသစတဲ့ ကိလေသာအညစ်အကြေး
တွေကို အနာဂါမိမဂ်ဉာဏ်ဖြင့် အကြွင်းမဲ့ ပယ်ရှားထားပြီးတဲ့အတွက် သူရဲ့
စိတ်ဓာတ်တွေဟာ အတော်ကလေး သန့်ရှင်းကြည်လင်နေပါတယ်။ နောက်ထပ်
အကြောင်းအရာတစ်ခုကတော့ မလှူ မီ ညအခါမှာလည်း ၀ိပဿနာဘာဝနာတွေကို
ပွားများကာ အနာဂါမိဖလသမာပတ်ကို ၀င်စားထားပြီး
တဲ့အပြင် ပါရာယန၀ဂ်တရားတော်ကိုလည်း ရွတ်ဖတ်ပူဇော်နေတဲ့အတွက်
သန့်ရှင်းကြည်လင်တဲ့ စိတ်ဓာတ်တွေက အသင့်ရှိနေပြီး ဖြစ်ပါတယ်။
ထိုသမထဘာဝနာနှင့် ၀ိပဿ နာ ဘာဝနာတို့ရဲ့ စွမ်းအား၊ အနာဂါမိဖလသမာပတ်
ရဲ့စွမ်းအား၊ တရားတော်ကို စိတ်ကြည်နူးစွာဖြင့် ရွတ်ဖတ်ပူဇော်နေတဲ့
စိတ်ဓာတ်တွေရဲ့ စွမ်းအား၊ ဒီစွမ်းအား အရပ်ရပ်တွေကြောင့် အလှူဒါနပွဲကြီး
ဖြစ်မြောက်ရေးအတွက် လှူ ဖွယ်များကို စီစဉ်နေတဲ့ မလှူမီ ရှေးအဖို့မှာလည်း
စိတ်ဓာတ်တွေက ကြည်နူးဝမ်းမြောက်လျက် ရှိနေပါတယ်။
ပေးလှူနေဆဲ
အချိန်အခါ ကာလမှာလည်း မိမိကြည်ညိုလေးစားနေတဲ့ အရှင်သာရိပုတ္တရာ
အရှင်မဟာမောဂ္ဂလ္လာန်အမှူးရှိတဲ့ အလှူခံပုဂ္ဂိုလ် သံဃာတော်များကို ဖူးတွေ့
ရတဲ့အခါမှာ စိတ်ဓာတ်တွေက ကြည်နူးနေတယ်။
ပေးလှူနေရတာကိုလည်း
ကြည်နူးဝမ်းမြောက်နေတယ်။ အခါအခွင့်သင့်သလို ပေးလှူနေဆဲ အခါကာလမှာလည်း
စွမ်းအားရှိသလောက် ၀ိပဿ နာ ဘာဝနာတွေကို ပွားများ
ကောင်း ပွားများနေခဲ့ပါလိမ့်မယ်။ ဒါကြောင့် ပေးလှူနေဆဲမှာ စိတ်ဓာတ်တွေက
ကြည်နူးဝမ်းမြောက်နေတယ်။ ပေးလှူပြီးတဲ့ နောက်ပိုင်းမှာလည်း
အလှူဒါနကို သတိရတိုင်း ၀မ်းမြောက်ကြည်နူးတတ်သူလည်း ဖြစ်ပါတယ်။
" ဖားအောက်တောရဆရာတော်"
No comments:
Post a Comment