/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Sunday, November 3, 2013

<<<... ဘာကိုဦးတည်မှာလဲ... >>>

Photo: <<<  ဘာကိုဦးတည်မှာလဲ... >>>

ဒုက္ခကလွတ်ချင်ရင် ဘာကိုမြင်အောင်ကြည့်ရမလဲ။ (ဒုက္ခကိုမြင်အောင်ကြည့်ရပါမယ်ဘုရား။)

ဒါဖြင့် ဒုက္ခသစ္စာဆိုတာ သိရမယ့်တရားလား၊ ပယ်ရမယ့်တရားလား။ (သိရမယ့်တရားပါဘုရား။)

ပြန်မေးမယ်။ဒုက္ခသစ္စာဆိုတာ သိရမယ့်တရားလား၊ ပယ်ရမယ့်တရားလား။ (သိရမယ့်တရားပါဘုရား။)

ဒါဖြင့်သူတော်ကောင်းတို့ ဘာလို့ပယ်နေတာလဲ။ (မပယ်ပါဘူးဘုရား။)

အမယ်…။ ညောင်းရင်ပြင်တယ်လေ။ (ရယ်သံများ) ယားရင် ကုတ်တယ်လေ။ (ရယ်သံများ)

ဒုက္ခသစ္စာဆိုတာ သည်းငြီးခံမှတ်မှ သိမှာ။ အဲဒါကို သူတော်ကောင်းတို့က မနာမကျင်ပဲနှင့် ထိုင်ချင်တယ်ဆိုကတည်းက ဒုက္ခကိုပယ်နေတာ။ သိရမယ့်တရားကို ပယ်နေရင် ဘယ်တော့မှမသိဘူး။ မသိရင် မလွတ်ဘူး။ ဟုတ်ပြီနော်။

ဒုက္ခသစ္စာဆိုတာ သိရမယ့်တရားဆိုရင် ဟောစဉ်မှာ သိရမယ့်တရား။ အလုပ်စဉ်မှာ သည်းငြီးခံမှတ်ရတယ်။ အဲဒါကို ညောင်းရင်ပြင်လိုက်၊ ယားရင်ကုတ်လိုက်နဲ့။တစ်နာရီ မပြင်ပဲနှင့်ထိုင်တာများ ကိုယ့်ကိုယ်ကို ညှင်းဆဲတာတဲ့။အမလေး…။ ဘုရားထက်တော်တဲ့ ပုဂ္ဂိုလ်တွေနှင့်လာတွေ့နေတယ်။ ဘုရားက အဲလို တစ်ခါမှ မဟောဘူး။ အဲဒါ နဲနဲပါးပါးအယူအဆလေးတွေ မှန်အုံး။ ဆရာတော်လည်း ဟောသင့်ဟောထိုက်တာတွေ ဟောပြီးသားဖြစ်မှာဘဲ။အဲဒါတော့ အချိန်ရရင် နဲနဲထည့်ပြောမယ်။

အဓိက အခုပြောချင်တာက ဒုက္ခဟာ ဘာလုပ်ရမယ့်တရား…။ (သိရမယ့်တရားပါဘုရား။)

ဆံပင်တွေဖြူလာတာ ဒုက္ခလား၊ သုခလား။ (ဒုက္ခပါဘုရား။)

ဒါဖြင့် သံဝေဂနှင့်ကြည့်တာလား။ ဆံပင်ဆိုးဆေး ဆိုးတာလား။ (ရယ်သံများ)

ဒုက္ခကို သိအောင်လုပ်နေတာလား၊ ရှောင်နေတာလား။ (ရှောင်နေတာပါဘုရား။)

မျက်စိမှုန်တာ ဒုက္ခလား၊ သုခလား။ (ဒုက္ခပါဘုရား)

သံဝေဂနှင့်ကြည့်တာလား၊ မျက်မှန်ကိုင်းလှလှလေး ၀ယ်တပ်လိုက်တာလား။

ဟော… ဒါကံနယ်ဘဲရှိသေးတယ်။ဟုတ်တယ်မဟုတ်လား။ ဉာဏ်နယ်မပါသေးဘူး။

အဲဒီတော့ ဒီနေ့ကစပြီး ဒုက္ခကို သံဝေဂဉာဏ်လေးနှင့် မြင်အောင်ကြည့်။ ဟုတ်ပြီနော်။ ဒုက္ခကိုမြင်အောင်မကြည့်ရင် ဒုက္ခကဘာဖြစ်မှာလဲ။ မလွတ်ဘူး။

ဘာဖြစ်လို့လဲ။ တစ်ယောက်နှင့်တစ်ယောက်က မတူဘူး။ ဟုတ်ပြီလား။ အားထုတ်တဲ့ပုဂ္ဂိုလ်မှာ (၄)မျိုးရှိတယ်။ဒုက္ခပဋိပဒါခိပ္ပါဘိညာ၊ ဒန္ဓာဘိညာ၊ သုခပဋိပဒါ ခိပ္ပါဘိညာ၊ ဒန္ဓာဘိညာ ပုဂ္ဂိုလ်လေးမျိုးရှိတယ်။ အဲဒီတော့ ဆင်းဆင်းရဲရဲအားထုတ်ပြီး တရားတက်နှေးတာရှိတယ်။ တရားတက်မြန်တာရှိတယ်။ချမ်းချမ်းသာသာအားထုတ်ရပြီး တရားတက်နှေးတာ၊ တရားတက်မြန်တာရှိတဲ့အတွက် မိမိက ဒုက္ခပဋိပဒါဆိုရင် ထိုင်တာနှင့်နာပြီသာမှတ်လိုက်တော့။ ဒါဖြင့်ရင်အရှင်ဘုရား။ အဲဒါဘာနှင့်ဆိုင်လဲဆိုတော့ သမထလုပ်ခြင်းမလုပ်ခြင်း၊ အကုသိုလ် များခြင်း၊ မများခြင်းနှင့်ဆိုင်တယ်။ ဟုတ်ပြီလား။

သမထလုပ်ထားတဲ့သူဟာ ထိုင်တဲ့အချိန်မှာ ချမ်းချမ်းသာသာထိုင်ရတယ်။ အတိတ်တုန်းက။ ဒါဖြင့် အတိတ်ဆိုတာ အရင်ဘ၀ကိုပြောတာမဟုတ်ဘူး။ အခုသူတော်ကောင်းတို့…မထိုင်ခင်မှာ မေတ္တာလေးပို့မယ်၊ ဂုဏ်တော်လေးပွားမယ် ဥပမာ။ စကြံလျှောက်မှတ်နိုင်လည်း မှတ်ပေါ့။အကယ်၍ ရေရှည်အားထုတ်လာတဲ့အခါမှာ ၂၄နာရီ မမှတ်နိုင်တဲ့အခါမျိုးကျရင်၊ ၀ိပဿနာမရှုမမှတ်နိုင်တဲ့အချိန်မှာ မေတ္တာပို့၊ ဂုဏ်တော်ပွားတာ သမထဘဲ။ ထိုင်လည်းထိုင်ရော ဘာဖြစ်လာလဲ။ချမ်းချမ်းသာသာထိုင်ရတယ်။

နောက်တစ်ခု အကုသိုလ်များတဲ့သူ ဆင်းရဲတာဘဲ။အကုသိုလ်နည်းတဲ့သူ ချမ်းချမ်းသာသာထိုင်ရတယ်။ ဒါကြောင့် ဆင်းရဲခြင်း၊ ချမ်းသာခြင်းဟာ သမထ၊ ကုသိုလ် အကုသိုလ်နှင့်ဆိုင်တယ်။ဟုတ်ပြီနော်။

နောက်တစ်ခါ တရားတက် မြန်ခြင်းနှေးခြင်းဟာ ဗဟုသုတနှင့်ဆိုင်တယ်။ တစ်နည်းအားဖြင့် ဉာတပရိညာနှင့်ဆိုင်တယ်။ အဲဒီတော့ တရားလည်းနာရမယ်။ တရားလည်းအားထုတ်ရမယ်။ သဘောပါပြီနော်။

အခုဟာက တချို့ က ငါးနာရီ၊ ခြောက်နာရီ မပြင်ပဲထိုင်။အဲဒါလည်း ပယ်ရမှာဘဲ။ ဟုတ်ပြီနော်။ တရားထိုင်တယ်ဆိုတာ လောဘ၊ ဒေါသနဲအောင်ထိုင်တာ၊ မမှတ်နိုင်ပဲနဲ့ ကျိတ်မှိတ်ခံနေလို့ရှိရင် ဒေါသဘဲတိုးမှာပေါ့ဗျ။ ဟုတ်တယ်မဟုတ်လား။ အဲဒီတော့ ထိုင်ခါစပုဂ္ဂိုလ်ဟာ ထိုင်နိုင်ဖို့ကို ဦးမတည်ရဘူး။မှတ်နိုင်ဖို့ကို ဦးတည်ရမယ်။ ဘာကိုဦးတည်ရမှာလဲ။ (မှတ်နိုင်မှုကို ဦးတည်ရမှာပါဘုရား။)

မဟာစည်ဆရာတော်ဘုရားကြီး ၏ဥပနိဿယျခံ မြစိမ်းတောင်ဆရာတော်ကြီး၏ တပည့် ဆရာတော် ဦးဥက္ကဋ္ဌဟောကြား တော်မူသော "ဘ၀နှင့်ဝိပဿနာ" တရားတော်မှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။)<<< <<<....ဘာကိုဦးတည်မှာလဲ... >>>

ဒုက္ခကလွတ်ချင်ရင် ဘာကိုမြင်အောင်ကြည့်ရမလဲ။ (ဒုက္ခကိုမြင်အောင်ကြည့်ရပါမယ်ဘုရား။)

***ခေတ်သစ်ကမ္ဘာအတွေးအမြင်နှင့် ဗုဒ္ဓဝါဒ***

Photo: ***ခေတ်သစ်ကမ္ဘာအတွေးအမြင်နှင့် ဗုဒ္ဓဝါဒ***
ယနေ့ ကမ္ဘာ့အတွေးအခေါ် မြော်မြင်ရေးဆိုင်ရာဒဿနအမြင်များကို ဆန်းစစ်ကြည့်လျှင် အချုပ်အားဖြင့် ဝိညာဏဆိုင်ရာအတွေးအမြင် ရုပ်ဝါဒဆိုင်ရာအတွေးအမြင် ဗုဒ္ဓဝါဒဆိုင်ရာအတွေးအမြင် ဟူ၍ အတွေးအမြင်ဒဿန(၃)မျိုးကို တွေ့ရှိနိုင်သည်။သို့ရာတွင် အနောက်တိုင်းမှ ခေတ်သစ် တွေးခေါ်မြော်မြင်ရေး ပညာရှင်များသည် ဝိညာဏဝါဒဆိုင်ရာနှင့် ရုပ်ဝါဒဆိုင်ရာအတွေးအမြင် (၂)ရပ်ကိုသာ အခြေပြု၍ အတွေးအခေါ်စစ်ပွဲကို ဆင်နွဲခဲ့ကြကြောင်း လေ့လာတွေ့ရှိနိုင်သည်။တစ်ဖန်၎င်းတို့သည် မိမိတို့တွေ့ထိသိရှိနေရသော ဘာသာအယူဝါဒအပေါ်အခြေခံ၍ ဝိညာဏနှင့် ရုပ်ဝါဒ ၂ ရပ်ဖြင့် ဆန်းစစ်တွေးခေါ် ငြင်းခုံနေကြကြောင်းကိုလည်း ဆက်စပ်သိရှိနိုင်ပြန်သည်။
ထို့ကြောင့် ယင်းအနောက်တိုင်းအတွေးအမြင် အယူဝါဒ ၂ ရပ်ကို တွေးခေါ်ဖြန့်ဖြူးရာ၌  အထင်ရှားဆုံးဖြစ်သော အဓိကပညာရှင်နှစ်ဦးဖြစ်သည့် ဝိညာဏဝါဒီ တွေးခေါ်ရှင် ဂေဟယ်နှင့် ရုပ်ဝါဒီတွေးခေါ်ရှင် ကားလ်မတ်စ် ၂ ဦးအနက် ကားလ်မတ်စ်က မိမိ၏ သိပ္ပံနည်းကျ ရုပ်ဝါဒအတွေးအမြင်မှာ ဦးခေါင်းဖြင့် ရပ်တည်နေသော ဂေဟယ်၏အတွေးအမြင်ကို ခြေထောက်ဖြင့် ပြန်လည်တည့်မတ် ရပ်တည်ပေးလိုက်ခြင်းသာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ဤကမ္ဘာကျော် ရုပ်ဝါဒအတွေးခေါ်ပညာရှင် ကားလ်မတ်စ်၏စကားသည် ကမ္ဘာပေါ်တွင် လူအများ၏ အတွေးအမြင်ဆိုင်ရာဒဿနပညာရပ်သည် ဝိညာဏဝါဒကိုအခြေခံသော အတွေးအမြင်ဖြစ်လျှင်ဖြစ် ၎င်းးမဖြစ်က ရုပ်ဝါဒကိုအခြေခံသော အတွေးအမြင်သာဖြစ်ရမည် ဟုဖော်ပြနေကြောင်း ထင်ရှားသည်။ထို့ကြောင့် အနောက်တိုင်းမှ ခေတ်သစ်အတွေးအခေါ်ပညာရှင်များသည် ထိုအချိန်က ဝိညာဏဝါဒနှင့် ရုပ်ဝါဒကိုသာ အဓိကထား တွေးခေါ်နေကြသောကြောင့် ၎င်းတို့နှင့် ရင်းနှီးမှုမရှိသေးသော ဗုဒ္ဓဝါဒကို အတွေးအမြင်(ဒဿန)ပညာရပ်တွင် မထည့်သွင်းမရေတွက်ကြခြင်းအတွက် မဆန်းပြားလှပေ။သို့ရာတွင် ဗုဒ္ဓဝါဒအတွေးအမြင်သည် ယင်း အနောက်တိုင်းအတွေးအမြင် ၂ ရပ်ကြားတွင် မားမားမတ်မတ် ရပ်တည်လျက်ရှိနေပါသည်။ဥပမာအားဖြင့် ဘဝပြဿနာကို တွေးခေါ်ကြရာတွင် ဝိညာဏဝါဒီများက လူများသေဆုံးကြသော်လည်း ဝိညာဉ်ကောင်(အတ္တ)မသေဘဲ ထာဝရတည်မြဲနေသည် ဟု ယူဆကြသည်။ရုပ်ဝါဒီများကမူ လူသေလျှင် ဘာမျှမကျန်သည့်အပြင် နောက်ဘဝလည်းမရှိ ဟုယူဆကြသည်။ဗုဒ္ဓဝါဒီများကား ဝိညာဏဝါဒအတွေး အမြင်ကို သဿတဒိဋ္ဌိ။ရုပ်ဝါဒ အတွေးအမြင်ကို ဥစ္ဆေဒဒိဋ္ဌိအဖြစ်ပယ်ပြီး သတ္တဝါတို့တွင် ရုပ်ပိုင်း နာမ်ပိုင်း ၂ပိုင်းရှိရာ သေလျှင် ၂ပိုင်းလုံး သေဆုံးခဲ့ရကြောင်း။သို့ရာတွင် သတ္တဝါတို့သည် ၎င်းတို့ပြုခဲ့သမျှသော ကံစွမ်းအင် အားလျော်စွာ ထိုထိုဘုံဘဝတို့၌ ပြန်လည်မွေးဖွားလာရပြန်ပြီး သံသရာလည်နေရသည် ဟုယူပါသည်။၎င်းအပြင် ယင်းရုပ်ပိုင်း နာမ်ပိုင်းတို့သည် သတ္တဝါတို့အသက်ရှင်စဉ်၌ပင်လျှင် ဖြစ် တည် ပျက်(ဥပါဒ် ဌီ ဘင်)သဘောဖြင့် ခဏမပြတ် တရစပ်သေကျေပျက်စီးခြင်း ပြန်လည်မွေးဖွားခြင်း သံသရာလည်လျက်သာ ရှိနေရသည် ဟူ၍လည်း ယူဆကြသည်။ထိုသဘောတရားကြောင့် ရုပ်ပိုင်းဆိုင်ရာများသည် ငယ်ရာမှကြီး ပျိုရာမှအို နုရာမှရင့် သစ်ရာမှဟောငှ်းုများကို မျက်ဝါးထင်ထင် တွေ့မြင်နေရသည့်နည်းတူ နာမ်ပိုင်းတွင်လည်း စိတ်အကြံအစည်များ အာရုံအရ တစ်မျိုးပြီးတစ်မျိုးဖြစ်ပေါ်နေကြသည်ကို သိရှိနေရခြင်း ဖြစ်သည်။ထို့ကြောင့် ယနေ့ကမ္ဘာပေါ်တွင် ဝိညာဏဝါဒဆိုင်ရာအတွေးအမြင် ရုပ်ဝါဒဆိုင်ရာအတွေးအမြင် ဗုဒ္ဓဝါဒဆိုင်ရာအတွေးအမြင် ဟူ၍ အတွေးအမြင်(ဒဿန) ၃ ရပ်ရှိကြောင်း တင်ပြလိုက်ရခြင်းဖြစ်သည်။ဤ၌ ဗုဒ္ဓဝါဒကို အတွေးအမြင်(ဒဿန)ပညာရပ် ဟုဆိုလိုက်သဖြင့် ဗုဒ္ဓမြတ်စွာဘုရားအား ခေတ်သစ်ခေတ်ဟောင်း အတွေးအခေါ်ပညာရှင်များအဆင့်မျှသာ ရှိသည် ဟုယူဆလိုက်ပါက မဟာအမှားကြီး မှားသွားမည်ဖြစ်ပါသည်။ဗုဒ္ဓမြတ်စွာဘုရားသည် သတ္တဝါအမျိုးမျိုးအား ၄၅ ဝါပတ်လုံး ဟောကြားတော်မူခဲ့သော ၅ ရပ်နိကာယ် ၃ သွယ်ပိဋကတ် တရားတော်မြတ်များကို အခြားသော ခေတ်ဟောင်းခေတ်သစ် အတွေးအခေါ်ပညာရှင်များကဲ့သို့ တွေးခေါ်ကြံဆပြီး ဟောတော်မူခဲ့သည်မဟုတ်ဘဲ နာယူမည့်ပုဂ္ဂိုလ်၏ စရိုက်နှင့် အဇ္ဈာသယများ အားလျော်စွာ ထိုးထွင်းသိအပ်သောဥာဏ်အမြင်ဖြင့် ရုတ်ခြည်းဟောတော်မူသော တရားတော်များသာဖြစ်ပါသည်။ထို့ကြောင့် ဗုဒ္ဓမြတ်စွာဘုရားသည် လူ နတ် ဗြဟ္မာ ဟူသောသတ္တလောကတွင် အတုမရှိသော(အတုလ)ဘုရားရှင်သာဖြစ်ကြောင်း ထင်ရှားလှပါသည်။တစ်ဖန် တစ်ချို့က ထေရဝါဒကို ဘာသာရေးအဖြစ် မရေတွက်လိုကြဘဲ အတွေးအခေါ်(ဒဿန)ဆိုင်ရာပညာရပ်တစ်ရပ်အဖြစ်သာ ထားလိုကြသည်။ဤ၌လည်း ဗုဒ္ဓဝါဒသည် ဘာသာရေး ဟုတ် မဟုတ်သိရှိနိုင်ရေးအတွက် ဘာသာ***ခေတ်သစ်ကမ္ဘာအတွေးအမြင်နှင့် ဗုဒ္ဓဝါဒ***
ယနေ့ ကမ္ဘာ့အတွေးအခေါ် မြော်မြင်ရေးဆိုင်ရာဒဿနအမြင်များကို ဆန်းစစ်ကြည့်လျှင် အချုပ်အားဖြင့်

Saturday, November 2, 2013

<<< တရားအားထုတ်ပါ >>>

Photo: <<< တရားအားထုတ်ပါ >>>

တရားအားထုတ်မှုဟူသည် ၀ိ ပဿနာအလုပ် တစ်နည်းအားဖြင့် ဥာဏ် အလုပ်၊ ပညာ အလုပ်ဖြစ်သည်။ ထို ပညာဥာဏ်ဖြင့် ဆင်ခြင်နှလုံးသွင်းမှု ကောင်းစေသည်။ ဇာတိကိုဖြစ်စေသော တဏှာကိုချုပ်အောင် ပညာဖြင့်သာ ဆင်ခြင်နိုင်သည်။ ၀ိပဿနာသည် ထိုင်ခြင်း သက်သက် မဟုတ်၊ ပညာဖြင့်ရှုခြင်း၊ ဆင်ခြင်ခြင်းသာ ဖြစ်သည်။ ထိုင်ပြီး ပညာဖြင့် မဆင်ခြင်နိုင်လျှင် အားထုတ်သည် မမည်။

မသိခြင်းသည် အ၀ိဇ္ဇာဖြစ်၍ ထို အ၀ိဇ္ဇာကြောင့် တဏှာဒိဋ္ဌိ ဖြစ်သည်။ “ငါ” ဟူသော အတ္တအခြေခံတို့ဖြင့် အရာ ရာကို မြင်လာလေ့ရှိသည်။ တကယ် တော့ “ငါ” ဟူသည်မရှိ၊ ဤသို့မြင်ခြင်း သည် သမ္မာဒိဋ္ဌိဥာဏ်ဖြင့် ၀ိဇ္ဇာဖြစ်ခြင်း ဖြစ်သည်။

<<< သောတာပန် >>>
သောတာပန်ဆိုသည်မှာ နိဗ္ဗာန်သို့ သွားရာ လမ်းမကြီးပေါ်သို့ ရောက်ရှိ သွားပြီးသူဖြစ်သည်။ အပါယ်လေးပါး အတွက် တံခါးပိတ်၍ နိဗ္ဗာန် အတွက် စိတ်ချရသူလည်း ဖြစ်သည်။ နိဗ္ဗာန် မရောက်မီ အများဆုံး နေရမည့် (၇) ဘ၀ တွင်လည်း မြတ်သော အမျိုးချည်း၌ ပဋိသန္ဓေ တည်မည့်သူ ဖြစ်သည်။ ကိလေ သာ (၁၅၀၀) တွင် သောတာပန်သည် “ဒိဋ္ဌိ” နှင့် “၀ိစိကိစ္ဆာ” ကိုသာ ပယ်သတ် ရသေးသောသူ ဖြစ်သည်။ ခန္ဓာငါးပါး၊ ရုပ်နာမ်တရားတို့ကို ငါ့ပိုင်၊ ငါ့ဥစ္စာဟု ခြွင်းချက်မရှိ ယုံကြည်သူသည် အတ္တဒိဋ္ဌိ သို့မဟုတ် သက္ကာယဒိဋ္ဌိ ဖြစ်၏။ ခန္ဓာ၊ ရုပ်နာမ်သည် ငါ “ဟုတ်သလော” “မဟုတ်သလော” ဟု နှစ်ခွဖြစ်မှု ယုံ မှားခြင်းသည် “၀ိစိကိစ္ဆာ” ဖြစ်သည်။ သောတာပန်တွင် ဤတရားနှစ်ပါး ပြတ်သားရှင်းလင်းပြီး ဖြစ်သည်။ လောဘ၊ ဒေါသ၊ မောဟ၊ မာနများကား ကျန် သေးသည်။ လောကီ ကာမဂုဏ်တို့၌ မွေ့လျော်ဆဲ ဖြစ်သည်။ သို့သော်လည်း လူသာမန်တို့လောက် မပြင်းထန်လှ။ 

ကိလေသာမှာ အရေအတွက်အား ဖြင့် (၁၅၀၀) ရှိသည်။ အလုံးစုံခန်းလျှင် ရဟန္တာဖြစ်၏။ ဒိဋ္ဌိနှင့်ဝိစိကိစ္ဆာပယ် နိုင်၍ကိလေသာ(၁၂၀၀)ကျန်လျှင် သောတာပန်ဖြစ်သည်။ သောတာပန်သည်စာတတ်သူများအတွက်မဟုတ်၊အသိပေါက်သူ၊ပညာကြီးသူများမှာသာ ဖြစ်သည်။ သိမှု၊ ပညာသည်သာ အဓိကဖြစ်သည်။

- ဆရာ သိ
- စာ သိ
- နှလုံး သိ ဟူသော အသိ သုံးမျိုးရှိ၏။
ဆရာက မှတ်ခိုင်း၍သိသော သိမှု သည် (ဆရာ သိ) ဖြစ်ပြီး စာများများ ဖတ်ကာ စာသိမျှသိခြင်းကို (စာ သိ) ဟု ဆိုသည်။ ပညာဖြင့်ယှဉ်၍ နက်နက် နဲနဲသိပြီး “လိုက်နာကျင့်သုံးနိုင်” သော အဆင့်ကိုသာ (နှလုံး သိ) ဟု သတ်မှတ် သည်။ ထို နှလုံးသိ-အသိကသာ သောတာပန်ဖြစ်စေသောအသိ ဖြစ်၏။

<<< အခြေခံတရား (၄) ပါး >>>
- ပိုင်းခြားသိရမည့်တရား ဖြစ်သည်။
(ခန္ဓာငါးပါး၊ ရုပ်နာမ်ဖြစ်လျက် တရား သာရှိ၍ အို၊နာ၊ သေ၊ဒုက္ခဘေးဆိုးမှမလွတ်သော“ဒုက္ခသစ္စာ”ဖြစ်သည်။)
- ပယ်ရမည့်တရား ဖြစ်သည်။
(လိုချင်တပ်မက်မှု ၊ တဏှာစွဲလမ်းမှု တို့ကြောင့် ဖြစ်ပေါ်လာသော “သမုဒယ သစ္စာ” ဖြစ်သည်။)
- မျက်မှောက်ပြုရမည့်တရား ဖြစ်သည်။
(လိုချင်မှု၊ တဏှာသမုဒယကို မဂ်Óဏ် ဖြင့်ပယ်ကာ ခန္ဓာ၊ ဇာတိချုပ်သော ဒုက္ခ ခပ်သိမ်းချုပ်ငြိမ်းသောတရား “နိရောဓ သစ္စာ” ဖြစ်သည်။)
- ပွားများရမည့်တရား ဖြစ် သည်။
(သမုဒယကိုပယ်၍ ဒုက္ခကို ပိုင်းခြား သိလျက် နိရောဓသစ္စာကို မျက်မှောက် ပြုရန် အမှန်မြင်သိ ဆုံးဖြတ်နိုင်ရန် အား ထုတ်မှု “မဂ္ဂသစ္စာ” ဖြစ်သည်။ “ဒုက္ခ သစ္စာ” တစ်ပါးကို အသေအချာသိလျှင် ကျန်သုံးပါးအလိုလိုသိလာနိုင်သည်။)

<<< မဂ္ဂင်ရှစ်ပါး >>>
ပညာဦးစီး (ပညာမဂ္ဂင်)
၁။ သမ္မာဒိဋ္ဌိ (အမြင်မှန်) ၂။ သမ္မာသင်္ကပ္ပ (အကြံမှန်) သီလဦးစီး (သီလမဂ္ဂင်)
၃။ သမ္မာဝါစာ (အပြောမှန်)
၎။ သမ္မာကမ္မန္တ (အလုပ်မှန်)
၅။ သမ္မာအာဇီဝ (အသက်မွေးမှန်)
သမာဓိဦးစီး
၆။ သမ္မာဝါယာမ (၀ီရိယမှန်)
၇။ သမ္မာသတိ (သတိမှန်)
၈။ သမ္မာသမာဓိ (သမာဓိမှန်)
မဂ္ဂင်ရှစ်ပါးကိုစုလိုက်လျှင် သီလ၊ သမာဓိ၊ ပညာ သုံးခုရ ။

<<< သေလျှင်မခက်တော့ပါ >>>
စိတ်မထားတတ်လျှင် သေရမှာ ကြောက်ကြ၏။ စိတ်ထားတတ်လျှင် သေမှာ မကြောက်တော့၊ ကိုယ်တစ်ဦး တည်း သေရသည် မဟုတ်၊ ရှေးက သေပြီးကြသူများ၊ ကိုယ့်နောက်မှာ သေ ကြဦးမည့်သူများနှင့် ဖြစ်သည်။ တကယ်တော့ စက္ကန့်မလပ် ဆဲလ်များ သေနေကြသည်။ နေ့စဉ်အမျှအိပ်ပျော် ခြင်းဖြင့် ခေတ္တ သေနေကြခြင်းလည်း ဖြစ်သည်။ သံသရာ တစ်လျှောက် ဘ၀ များစွာ သေခဲ့ကြဖူးသူများလည်း ဖြစ် သည်။ တစ်ဘ၀စာသေရန် ကြောက်ဖို့ မလိုတော့။ သေခါနီး ဘ၀ကူးကောင်း ရန်သာလိုသည်။ ဇောကောင်းရန်ဖြစ်၏။ အားကြီးသောကံတို့၏ အကြောင်းကို သိခြင်းဖြင့် အသေကောင်းနိုင်ကြသည်။တစ်စုံတစ်ရာကြိုတင် ပြင်ဆင်ထားနိုင်၏။ သေခါနီးမှာ နောင်တတွေ ရတတ် ကြ၏။ နောင်တများမရအောင် မသေခင်က နေတတ်ဖို့၊ ရှင်သန်တတ်ဖို့ လိုသည်။ သေခါနီး နောင်တရသည့်သူများ ကုသိုလ် အာသန္နကံ အားမကောင်းနိုင်။
ဤသဘာဝများသိလျှင် သေခင်ကတည်းကကုသိုလ်များ၍အကုသိုလ် ရှောင်နိုင်ရန်
 ဖြစ်သည်။

နေဇင်လတ်
(စာကိုး -ဦးတော်(အမရပူ)
<<< တရားအားထုတ်ပါ >>>

တရားအားထုတ်မှုဟူသည် ၀ိ ပဿနာအလုပ် တစ်နည်းအားဖြင့် ဥာဏ် အလုပ်၊ ပညာ အလုပ်ဖြစ်သည်။ ထို ပညာဥာဏ်ဖြင့် ဆင်ခြင်နှလုံးသွင်းမှု ကောင်းစေသည်။

ဆုံနိုင်ခွင့်


Photo: ဘဝသံသရာဆိုတာ အလွန်ပဲ ကြောက်မက်ဖွယ်ကောင်းလှပါတယ်။ ဘဝတစ်ခုမှာ လင်မယား တော်စပ်ပေမယ့်တခြားဘဝတစ်ခုမှာတော့ မောင်နှစ်မ ဖြစ်ချင်ဖြစ်ကြရပါတယ်။ မိဘ၊ သားသမီး တော်ခဲ့ဖူးသူလည်း လင်မယား တော်ရင်တော်ကြရပြန်ပါတယ်။ ဘဝတစ်ခုတည်းမှာသာဆိုရင်တော့ အလွန်ကို ကဲ့ရဲ့စက်ဆုပ်ဖွယ်ရာကြီးပါ။ ဒါပေမယ့် ဘဝဆိုတဲ့ နံရံတစ်ခုက ခြားကွယ်ထားတဲ့အခါကျတော့ မိမိတို့အနေနဲ့ ဘာကိုမှ သတိမရ သံဝေဂမရနိုင်တော့ဘဲ ပျော်ပျော်ပါးပါးကြီး ခံစားစံစားမိကြပါတယ်။

ဒီဘ၀တစ်ခုတည်းကိုပဲ ဘ၀ထင်ပြီး လက်ရှိဆုံတွေ့ရသူတွေအပေါ်မှာပဲ အတင်းရစ်ပတ်နှောင်ဖွဲ့ သံယောဇဉ်ကြီးကြပါတယ်။ ''သံသာကမ်းတိုင် တူယှဉ်ပြိုင် ကူးမယ်'' လို့ ရည်ရွယ်ပြီး ''ဒီလင်၊ ဒီမယား၊ ဒီသား၊ ဒီသမီးတို့နဲ့ ဘဝဆက်တိုင်း ဆုံတွေ့ရပါလို၏'' စသည်ဖြင့် ''ဒီ…၊ ဒီ…၊ ဒီ… ချင်းထပ်အောင်'' ဆုတွေတောင်းကြပါတယ်။ တချို့များ နိဗ္ဗာန်မရောက်မချင်း ဆိုတာတောင်မှ ပါလိုက်ပါသေးတယ်။ တော်တော်လည်း အစွဲအလမ်းကြီးကြပါတယ်နော်။ အတိတ်အတိတ်ဘ၀တွေက (တခြားလူတွေနဲ့) အကြိမ်ကြိမ်အခါခါ ရွတ်ခဲ့ဖူးတဲ့ ဆုတောင်းတွေ၊ ထားခဲ့ဖူးတဲ့ သစ္စာတွေကိုများ ပြန်ကြားယောင်နိုင်စွမ်းရှိရင် (ငယ်တုန်းက အကြောင်းအရာတွေကို ကြီးမှပြန်တွေးမိရင် ပြုံးဖြစ်သလိုမျိုး) ပြုံးရုံပဲ ပြုံးမိမလား၊ ၀ါးလုံးကွဲပဲ ရယ်ချမိမလား။ သေချာတာကတော့… ငါ့နှယ်.. အခုမှ တကယ်ချစ်ခင်တွယ်တာမိတာကို အဲဒီ့တုန်းက ဘာလို့များ ဆုတောင်းမိပါလိမ့်ဆိုတဲ့ အတွေးဝင်မှာပါပဲ။ သံဝေဂတော့ မရလောက်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် လက်ရှိဒဏ်ရာကိုပဲ အနာဆုံး ထင်တတ်ကြတာပါ။

တွယ်မိတွယ်ရာ တွယ်တတ်တဲ့ နွယ်ရိုင်းနဲ့တူတဲ့ ''တဏှာ''ဟာအလွန်ပဲ ကြောက်စရာကောင်းပါတယ်။ ဒီဘဝ ဒီမိသားစုကို တွယ်သလို နောက်ဘဝ နောက်မိသားစုကို ထပ်တွယ်ချင်ပြန်ပါတယ်။ အရင်ဘ၀ အရင်မိသားစုကိုလည်း တွယ်ခဲ့ပြီးပါပြီ။ နီးစပ်ရာကို တွယ်ပါတယ်။ မဖြေမလွှတ်ချင်၊ မြဲမြံစွာ တွယ်ပါတယ်။ သံသရာပါအောင် တွယ်ချင်ပါတယ်။ စွဲလမ်းမှုကို မလွှတ်ချင်ပါဘူး။ ဒါ့ကြောင့်လည်း နိဗ္ဗာန်မရမချင်းဆိုတဲ့ ဆုတောင်းတွေ ဖြစ်လာရတာပါ။ တဏှာရဲ့ တန်ခိုးကြောင့်လည်း ကိုယ့်စိတ်ကိုယ် ဒဏ်ရာရမှန်းမသိ အရခံပြီးတော့ကို သံယောဇဉ်ကြီးမိကြပါတယ်။ ကြင်နာတာတွေ၊ နာကျင်တာတွေ... ဆိုတာ တဏှာရဲ့ အစွယ်တွေပါ။ ကိုယ်မှာ ဒဏ်ရာမရှိမှ ကိုယ်စွမ်းအားပြည့်ပြီး ရန်တွေကို နှိမ်နင်းနိုင်သလို စိတ်မှာလည်းဒဏ်ရာမရှိမှသာစိတ်စွမ်းအားပြည့်ပြီးကိလေသာရန်တွေကို နှိမ်နင်းနိုင်ပါမယ်။ တဏှာကို ရဟန္တာဖြစ်မှသာ အကြွင်းမဲ့ ပယ်သတ်နိုင်မှာဖြစ်လို့ မိမိတို့အနေနဲ့ကတော့ ထိထိမိမိကြီး အကိုက်မခံရအောင်သာ သတိနဲ့ ကြည့်ရှောင်နေဖို့ပါပဲ။

တစ်စက္ကန့်မှာ ကုဋေတစ်သိန်းခန့် ဖြစ်ပျက်နေတဲ့ စိတ်စေတနာတွေဆိုတာ တစ်ဦးနဲ့တစ်ဦး အခါခပ်သိမ်း မတူနိုင်ပါဘူး။ ဒါ့အပြင် နောင်ဘဝ ပဋိသန္ဓေကို အကျိုးပေးနိုင်တဲ့ ကံဆိုတာကလည်း ယခုတစ်ဘဝတည်းမှာ ပြုလုပ်တဲ့ ကံတွေချည်း မဖြစ်နိုင်ပါဘူး။ ဘဝဘဝက ပြုလုပ်ခဲ့တဲ့ အဆိုး၊ အကောင်း ကံပေါင်းများစွာကလည်း ရှိနေပါသေးတယ်။ အခွင့်သာရင် သာသလိုလည်း ၀င်ပြီးအကျိုးပေးနေကြပါတယ်။ ဒီလိုဆိုတော့ ပုထုဇဉ်တွေအတွက် ဘာမှထောက်တည်ရာမရ၊ ကံပစ်ချရာ မျောနေကြရတဲ့ ဘဝပင်လယ်ကြီးမှာ မိမိတို့အနေနဲ့ တဏှာရဲ့ ဖြားယောင်းမှုကြောင့်သာ အကြောက်အလန့်မရှိ ဆုတွေတောင်းပြီး မိုက်မိုက်ကန်းကန်း ကျေကျေနပ်နပ်ကြီး ကျင်လည်ချင်နေကြတာပါ။

မတွေ့မဆုံ၊မပေါင်းသင်းခဲ့ရတဲ့ဘဝတွေက ရေမတွက်နိုင်များစွာပါ။ဒီတော့…ဗုဒ္ဓရဲစကားတော်ဆိုတာမှားရိုးထုံးစံမရှိပါဘူး။ ပြန်ဆုံကြောင်းတရားတွေနဲ့ ပြည့်စုံရင် ပြန်ဆုံဖို့ ဆုတောင်းစရာမလိုပါဘူး။ အလိုလိုကို ပြန်ဆုံရမှာပါ။ ''နိဗ္ဗာန်မရမချင်း သံသရာ ခရီးတစ်လျှောက် ထာဝရ လက်တွဲနိုင်ရပါလို၏။ နောင်ဘဝဆက်တိုင်းမှာလည်း ဒီလင်၊ ဒီမယား အဖြစ်နဲ့သာ ပေါင်းသင်းနိုင်ရပါလို၏' စတဲ့ ဆုတောင်းတွေဟာ မဖြစ်နိုင်တဲ့ အခြေအနေတွေမှာ ဒုက္ခရောက်ရတတ်ပါတယ်။ အဆိပ်အတောက်မကင်းတဲ့ ဆုတောင်းတွေ ဖြစ်လို့ သတိထားသင့်ပါတယ်။ ဒါ့ကြောင့် သံသရာ ဝဋ်ဒုက္ခက မလွတ်နိုင်သေးသမျှ ဘဝဆက်တိုင်း "ဆုံနိုင်ခွင့်"ကို မျှော်လင့်ကြသူများအဖို့ ဆုတောင်းမမှားမိစေဖို့၊ ပြန်ဆုံကြောင်းတရားတွေကိုပဲ ဖြည့်ဆည်းနိုင်ကြစေဖို့၊ ဆုတောင်းမှားခဲ့ကြသူများကိုလည်း သင်ခန်းစာ ယူနိုင်ကြစေဖို့ ရည်ရွယ်ရင်း…..။

ဆုံနိုင်ခွင့်...
Author: Dhamma Yanant
ဘဝသံသရာဆိုတာ အလွန်ပဲ ကြောက်မက်ဖွယ်ကောင်းလှပါတယ်။ ဘဝတစ်ခုမှာ လင်မယား တော်စပ်ပေမယ့်တခြားဘဝတစ်ခုမှာတော့ မောင်နှစ်မ
 ဖြစ်ချင်ဖြစ်ကြရပါတယ်။

***ကောင်းရာသုဂတိရောက်အောင် စုတေခါနီး ပြုပြင်ပေးရပုံ***





Photo: ***ကောင်းရာသုဂတိရောက်အောင် စုတေခါနီး ပြုပြင်ပေးရပုံ***

        မကျန်းမာခြင်း စသည်ကြောင့် အချို့လူတို့သည် စုတေခါနီးကာလ၌ ဆရာသမားကောင်းဆွေကောင်း မျိုးကောင်းများက အာရုံကောင်း ထင်လာဖို့ရာ ပြုပြင်ပေးကြရမည်။ 
     လူမမာသည် ယခု ရောဂါမှ လွတ်နိုင်တော့မည်မထင်လျှင် လူမမာ၏ အနီးအပါး၌ သန့်ရှင်းနိုင်သမျှ သန့်ရှင်းအောင် ပြုပြင်ရမည်။ 
ဘုရားကိုရည်စူး၍ ပန်းများကို ရေမွှေးကောင်းကောင်း ဆွတ်ဖျန်းလျက် လှူဒါန်းပူဇော်ထားရမည်။ 
ညည့်အခါဖြစ်လျှင် ဆီ(လျှပ်စစ်)မီးတွေ ထိန်လင်းအောင်ညှိထိန်းထားရမည်။          မကျန်းမာသူ(ဂိလာန)ကိုလည်း “ပန်းတွေ၊ ဆီမီးတွေ (အမေ့အတွက်၊ အဖေ့အတွက်၊ အဘိုးအတွက်၊ အဘွားအတွက် စသည်ဖြင့်) ပူဇော်ထားပါသည်။ ကြည်ညိုဝမ်းမြောက်ပါ” ဟု ပြောရမည်။(အသိပေးရမည်။)
 အရွတ်အဖတ်ကောင်းကောင်းနှင့် ဓမ္မစကြာစသော တရားစာကို ရွတ်ဖတ်ရမည်။
ထိုသို့ပူဇော်ရွတ်ဖတ်မှုကို စုတေခါနီး မိနစ်အနည်းငယ်အချိန်ကျမှ မဟုတ်ဘဲ ရက်အတော်ကြာကပင် ကြိုတင်၍ ပြုရမည်။ 
မကျန်းမာသူ(ဂိလာန)ကလည်း အားမငယ်ရ၊ ပြုစုသူ ဆွေမျိုးများကလည်းဝမ်းမနည်းရ။ 
ထိုကဲ့သို့ ပြုပြင်ခံနေရသူမှာ ထို ပန်း၊ ဆီမီး၊ အမွှေးနံ့၊ တရားသံကိုလည်းကောင်း၊ ဘုရားသံကိုလည်းကောင်း၊ အာရုံပြုကာ ရက်အတော်ကြာအောင် ကုသိုလ်တွေ အထုံရနေပါလိမ့်မည်။         
ထို့နောက် စုတေချိန် နီးကပ်လာသောအခါ ပန်း၊ ဆီမီး၊ အမွှေး၊ တရားသံတို့ကလည်း ရှိတုန်းမျက်စိ၊ နား ကလည်းမြင်တုန်း၊ ကြားတုန်းဖြစ်လျှင် ထိုအာရုံ တစ်ခုခု မပျောက်ခင်မှာပင် စုတေစိတ်ကျရောက်တတ်၏။
 ထိုအခါ ထို ပန်း၊ ဆီမီးစသည်တို့ကို ပူဇော်သော ကုသိုလ်ကံက ဧကန် အကျိုးပေးတော့မည်။ 
သုဂတိဘ၀သို့ ဧကန်မုချ  ရောက်ရတော့မည်။ 
ဤသို့ အာရုံတိုက်ရိုက်ရှိတုန်း စုတေနိုင်အောင် ဆိုင်ရာဆွေမျိုးများမှာ ပြုပြင်ဖို့ တာဝန်ရှိသည်ကို လူတိုင်း သတိပြုသင့်သည်။
 အရှင်သောဏ၏ ဖခင်ရဟန်းကြီးမှာ အရှင်သောဏတည်းဟူသော သားကောင်းရတနာက ပြုပြင်ပေးမှုကြောင့် ငရဲနိမိတ်များ ကွယ်ပျောက်၍ နတ်ပြည်နိမိတ်များ ထင်လာရသည်။ 
         ဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း စုတေခါနီး ပြုပြင်ပေးတတ်ကြ ပြီး မိမိကိုယ်တိုင်ကလည်း အသေမဦးခင် “ဉာဏ်” ဦးအောင်လုပ်နိုင်ကာ မြတိနိဗ္ဗာန်ကိုရရောက်နိုင်ကြပါစေ ကုန်သတည်း။

{အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်     အဘိဓမ္မာမှ ကောက်နုတ်ရေးသားပါသည်။ } ။ ။ 
    ဦးသိန်းဝေ။ 
***ကောင်းရာသုဂတိရောက်အောင် စုတေခါနီး ပြုပြင်ပေးရပုံ***
မကျန်းမာခြင်း စသည်ကြောင့် အချို့လူတို့သည် စုတေခါနီးကာလ၌ ဆရာသမားကောင်းဆွေကောင်း မျိုးကောင်းများက အာရုံကောင်း ထင်လာဖို့ရာ ပြုပြင်ပေးကြရမည်။

Friday, November 1, 2013

သူ့ကို သတိရသေးလား...


သံယောဇဉ်...

ဒကာလေးရေ ဒကာမလေးကို သတိရသေးလားဆိုတော့...
ရတာပေါ့ဘုရား မေ့မရပါဘူးတဲ့...
တစ်ချိန်က သူတို့တွေ လူငယ်ဘာဝ အချစ်ဆုံးအတွဲလေး တစ်တွဲပေါ့...

ကိုယ်ကျင့်ရမှာမို့ ကိုယ်ကျင့်တရား...

ဆွမ်းခံကြွရင်း တွေ့ခဲ့ရတာလေး နှစ်ခုပါ...


တစ်ကတော့...
ဒီနိုင်ငံမှာက မိမိအသုံးမလိုတဲ့ပစ္စည်းတွေ စွန့်လိုတဲ့အခါမျိုး...
ပစ္စည်းအသစ်ဝယ်လို့ အဟောင်းကို စွန့်လိုရင်...
အိမ်ရှေ့လူသွားလမ်းဘေးမှာ ပုံပေးထားတတ်ကြတယ် ယူလိုသူများ ယူကြပေါ့...