<<< တရားအားထုတ်ပါ >>>
တရားအားထုတ်မှုဟူသည် ၀ိ ပဿနာအလုပ် တစ်နည်းအားဖြင့် ဥာဏ် အလုပ်၊ ပညာ အလုပ်ဖြစ်သည်။ ထို ပညာဥာဏ်ဖြင့် ဆင်ခြင်နှလုံးသွင်းမှု ကောင်းစေသည်။
ဇာတိကိုဖြစ်စေသော တဏှာကိုချုပ်အောင် ပညာဖြင့်သာ ဆင်ခြင်နိုင်သည်။ ၀ိပဿနာသည် ထိုင်ခြင်း သက်သက် မဟုတ်၊ ပညာဖြင့်ရှုခြင်း၊ ဆင်ခြင်ခြင်းသာ ဖြစ်သည်။ ထိုင်ပြီး ပညာဖြင့် မဆင်ခြင်နိုင်လျှင် အားထုတ်သည် မမည်။
မသိခြင်းသည် အ၀ိဇ္ဇာဖြစ်၍ ထို အ၀ိဇ္ဇာကြောင့် တဏှာဒိဋ္ဌိ ဖြစ်သည်။ “ငါ” ဟူသော အတ္တအခြေခံတို့ဖြင့် အရာ ရာကို မြင်လာလေ့ရှိသည်။ တကယ် တော့ “ငါ” ဟူသည်မရှိ၊ ဤသို့မြင်ခြင်း သည် သမ္မာဒိဋ္ဌိဥာဏ်ဖြင့် ၀ိဇ္ဇာဖြစ်ခြင်း ဖြစ်သည်။
<<< သောတာပန် >>>
သောတာပန်ဆိုသည်မှာ နိဗ္ဗာန်သို့ သွားရာ လမ်းမကြီးပေါ်သို့ ရောက်ရှိ သွားပြီးသူဖြစ်သည်။ အပါယ်လေးပါး အတွက် တံခါးပိတ်၍ နိဗ္ဗာန် အတွက် စိတ်ချရသူလည်း ဖြစ်သည်။ နိဗ္ဗာန် မရောက်မီ အများဆုံး နေရမည့် (၇) ဘ၀ တွင်လည်း မြတ်သော အမျိုးချည်း၌ ပဋိသန္ဓေ တည်မည့်သူ ဖြစ်သည်။ ကိလေ သာ (၁၅၀၀) တွင် သောတာပန်သည် “ဒိဋ္ဌိ” နှင့် “၀ိစိကိစ္ဆာ” ကိုသာ ပယ်သတ် ရသေးသောသူ ဖြစ်သည်။ ခန္ဓာငါးပါး၊ ရုပ်နာမ်တရားတို့ကို ငါ့ပိုင်၊ ငါ့ဥစ္စာဟု ခြွင်းချက်မရှိ ယုံကြည်သူသည် အတ္တဒိဋ္ဌိ သို့မဟုတ် သက္ကာယဒိဋ္ဌိ ဖြစ်၏။ ခန္ဓာ၊ ရုပ်နာမ်သည် ငါ “ဟုတ်သလော” “မဟုတ်သလော” ဟု နှစ်ခွဖြစ်မှု ယုံ မှားခြင်းသည် “၀ိစိကိစ္ဆာ” ဖြစ်သည်။ သောတာပန်တွင် ဤတရားနှစ်ပါး ပြတ်သားရှင်းလင်းပြီး ဖြစ်သည်။ လောဘ၊ ဒေါသ၊

မောဟ၊ မာနများကား ကျန် သေးသည်။ လောကီ ကာမဂုဏ်တို့၌
မွေ့လျော်ဆဲ ဖြစ်သည်။ သို့သော်လည်း လူသာမန်တို့လောက် မပြင်းထန်လှ။
ကိလေသာမှာ အရေအတွက်အား ဖြင့် (၁၅၀၀) ရှိသည်။ အလုံးစုံခန်းလျှင် ရဟန္တာဖြစ်၏။ ဒိဋ္ဌိနှင့်ဝိစိကိစ္ဆာပယ် နိုင်၍ကိလေသာ(၁၂၀၀)ကျန်လျှင်

သောတာပန်ဖြစ်သည်။
သောတာပန်သည်စာတတ်သူများအတွက်
မဟုတ်၊
အသိပေါက်သူ၊ပညာကြီးသူများမှာသာ ဖြစ်သည်။
သိမှု၊ ပညာသည်သာ အဓိကဖြစ်သည်။
- ဆရာ သိ
- စာ သိ
- နှလုံး သိ ဟူသော အသိ သုံးမျိုးရှိ၏။
ဆရာက မှတ်ခိုင်း၍သိသော သိမှု သည် (ဆရာ သိ) ဖြစ်ပြီး စာများများ ဖတ်ကာ စာသိမျှသိခြင်းကို (စာ သိ) ဟု ဆိုသည်။ ပညာဖြင့်ယှဉ်၍ နက်နက် နဲနဲသိပြီး “လိုက်နာကျင့်သုံးနိုင်” သော အဆင့်ကိုသာ (နှလုံး သိ) ဟု သတ်မှတ် သည်။ ထို နှလုံးသိ-အသိကသာ သောတာပန်ဖြစ်စေသောအသိ ဖြစ်၏။

<<< အခြေခံတရား (၄) ပါး >>>
- ပိုင်းခြားသိရမည့်တရား ဖြစ်သည်။
(ခန္ဓာငါးပါး၊ ရုပ်နာမ်ဖြစ်လျက် တရား သာရှိ၍ အို၊နာ၊ သေ၊ဒုက္ခဘေးဆိုးမှမလွတ်သော“ဒုက္ခသစ္စာ”ဖြစ်သည်။)
- ပယ်ရမည့်တရား ဖြစ်သည်။
(လိုချင်တပ်မက်မှု ၊ တဏှာစွဲလမ်းမှု တို့ကြောင့် ဖြစ်ပေါ်လာသော “သမုဒယ သစ္စာ” ဖြစ်သည်။)
- မျက်မှောက်ပြုရမည့်တရား ဖြစ်သည်။
(လိုချင်မှု၊ တဏှာသမုဒယကို မဂ်Óဏ် ဖြင့်ပယ်ကာ ခန္ဓာ၊ ဇာတိချုပ်သော ဒုက္ခ ခပ်သိမ်းချုပ်ငြိမ်းသောတရား “နိရောဓ သစ္စာ” ဖြစ်သည်။)
- ပွားများရမည့်တရား ဖြစ် သည်။
(သမုဒယကိုပယ်၍ ဒုက္ခကို ပိုင်းခြား သိလျက် နိရောဓသစ္စာကို မျက်မှောက် ပြုရန် အမှန်မြင်သိ ဆုံးဖြတ်နိုင်ရန် အား ထုတ်မှု “မဂ္ဂသစ္စာ” ဖြစ်သည်။ “ဒုက္ခ သစ္စာ” တစ်ပါးကို အသေအချာသိလျှင် ကျန်သုံးပါးအလိုလိုသိလာနိုင်သည်။)
<<< မဂ္ဂင်ရှစ်ပါး >>>
ပညာဦးစီး (ပညာမဂ္ဂင်)
၁။ သမ္မာဒိဋ္ဌိ (အမြင်မှန်) ၂။ သမ္မာသင်္ကပ္ပ (အကြံမှန်) သီလဦးစီး (သီလမဂ္ဂင်)
၃။ သမ္မာဝါစာ (အပြောမှန်)
၎။ သမ္မာကမ္မန္တ (အလုပ်မှန်)
၅။ သမ္မာအာဇီဝ (အသက်မွေးမှန်)
သမာဓိဦးစီး
၆။ သမ္မာဝါယာမ (၀ီရိယမှန်)
၇။ သမ္မာသတိ (သတိမှန်)
၈။ သမ္မာသမာဓိ (သမာဓိမှန်)
မဂ္ဂင်ရှစ်ပါးကိုစုလိုက်လျှင် သီလ၊ သမာဓိ၊ ပညာ သုံးခုရ ။
<<< သေလျှင်မခက်တော့ပါ >>>
စိတ်မထားတတ်လျှင် သေရမှာ ကြောက်ကြ၏။ စိတ်ထားတတ်လျှင် သေမှာ မကြောက်တော့၊ ကိုယ်တစ်ဦး တည်း သေရသည် မဟုတ်၊ ရှေးက သေပြီးကြသူများ၊ ကိုယ့်နောက်မှာ သေ ကြဦးမည့်သူများနှင့် ဖြစ်သည်။ တကယ်တော့ စက္ကန့်မလပ် ဆဲလ်များ သေနေကြသည်။ နေ့စဉ်အမျှအိပ်ပျော် ခြင်းဖြင့် ခေတ္တ

သေနေကြခြင်းလည်း ဖြစ်သည်။ သံသရာ
တစ်လျှောက် ဘ၀ များစွာ သေခဲ့ကြဖူးသူများလည်း ဖြစ် သည်။ တစ်ဘ၀စာသေရန်
ကြောက်ဖို့ မလိုတော့။ သေခါနီး ဘ၀ကူးကောင်း ရန်သာလိုသည်။ ဇောကောင်းရန်ဖြစ်၏။
အားကြီးသောကံတို့၏ အကြောင်းကို သိခြင်းဖြင့်
အသေကောင်းနိုင်ကြသည်။တစ်စုံတစ်ရာကြိုတင် ပြင်ဆင်ထားနိုင်၏။
သေခါနီးမှာ
နောင်တတွေ ရတတ် ကြ၏။ နောင်တများမရအောင် မသေခင်က နေတတ်ဖို့၊ ရှင်သန်တတ်ဖို့
လိုသည်။ သေခါနီး နောင်တရသည့်သူများ ကုသိုလ် အာသန္နကံ အားမကောင်းနိုင်။
ဤသဘာဝများသိလျှင် သေခင်ကတည်းကကုသိုလ်များ၍

အကုသိုလ် ရှောင်နိုင်ရန်
ဖြစ်သည်။
နေဇင်လတ်
(စာကိုး -ဦးတော်(အမရပူ) မှကူးယူမျှဝေသည်။
ဖြစ်သည်။
နေဇင်လတ်
(စာကိုး -ဦးတော်(အမရပူ) မှကူးယူမျှဝေသည်။
No comments:
Post a Comment