
သက္ကထူပဆံတော်ရှင်
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝိုင်းပတ်ကျေးရွာ၊ သုဝဏ္ဏဘူမိ
ဓါတ်ပုံ-ကို Minn Thaik (from-ရှမ်းပြည်နယ်ဓါတ်ပုံဝါသနာရှင်များအဖွဲ့ )
( ဓမပ္မပဒ ၁၈၂ ) ဗုဒ္ဓစာပေ၊ ရှေးဟောင်းသမိုင်း၊ နိုင်ငံတကာ မှတ်တမ်းတို့၌ ဖော်ပြပါ ရှိသော သုဝဏ္ဏဘူမိနိုင်ငံတော်ကြီးသည် အလွန်ကျယ်ဝန်းသောဒေသကြီး တစ်ခုဖြစ်သည်။
ထိုရှေးဟောင်းကျမ်းများအရ သုဝဏ္ဏဘူမိသည် မြန်မာနိုင်ငံအောက်ပိုင်း၊ ရှေးရာမညတိုင်းနှင့် တနသာင်္ရီကျွန်းဆွယ် အပါအဝင် မာလာယု ကျွန်းဆွယ်၊ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ အင်ဒိုချိုင်းနားကျွန်းဆွယ်၊ ဆူမတြားကျွန်း၊ ဂျာဗားကျွန်း၊ ဗော်နီယိုကျွန်းတို့အထိ ပါဝင်သည်။
ထိုသုဝဏ္ဏဘူမိနိုင်ငံတော်ကြီး၏ အချက်အခြာ နေပြည်တော်ကိုလည်း သုဝဏ္ဏဘူမိဟု ခေါ်သည်။ ကျွန်တော်တို့မြန်မာတို့ အလိုအရမူ သုဝဏ္ဏဘူမိသည် ရှေး သထုံပြည်ကို ခေါ်ဆိုခြင်းဖြစ်သည်။
မြန်မာတို့က ရှေးသထုံပြည်ကို သုဝဏ္ဏဘူမိ ဟုခေါ်ဆိုခြင်း၏အထောက်အထားမှာ ဓမ္မစေတီမင်းတည်ခဲ့သော ကလျာဏီ ကျောက်စာအရ ဖြစ်သည်။
ထိုကျောက်စာအရသုဝဏ္ဏဘူမိဟူသော သထုံပြည်သည် ယခုမွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီလင်းမြို့နယ် တောင်စွန်းကျေးရွာအနီးရှိ ကေလာသ တောင်ခြေရင်း၌ တည်ရှိသော ရက်ကန်းသည်မနှင့်
ဝင်းကကျေးရွာ ဝန်းကျင်တစ်ဝိုက်တွင် တည်ရှိသည်။
မြန်မာနိုင်ငံရှေးဟောင်း သုတေသနဦးစီး ဌာနမှ ထိုကျေးရွာတစ်ဝိုက်ရှိ သုဝဏ္ဏဘူမိ ရှေးမြို့ဟောင်းကို တူးဖော်သုတေသန ပြုလုပ်ခဲ့ပြီး
ဘီစီ၇ဝဝခန့်က တည်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
မြန်မာတို့ရဲ့ ယဉ်ကျေးမှု အမွေအနှစ် များ မှ ပြန်လည်မျှဝေသည်။
No comments:
Post a Comment