
* မွေးဖွားတော်မူခြင်း *
****************
ထိုခေတ် ထိုအခါက မဇ္ဈိမဒေသတွင် တိုင်းကြီး ၁၆တိုင်း ပြည်နယ်ကြီး ၂၀ ရှိသည့်အနက် မာဂဓတိုင်း ကပိလဝတ်ပြည်ကြီး၌ ကမ္ဘာဦးအစ မဟာသမ္မတမင်းမှစ၍ လူတို့ရေတွက်လာသော် သက္ကရာဇ် ၁၁၄၉၇၈၇ သို့ရောက်သောအခါ အာကာရဋ္ဌမင်းက နှစ်ပေါင်း ၁၁၄၉၇၈၅ ခုနှစ်ကိုဖြို၍ ၂ ခုကြွင်းထားသည်။
ထို ၂ခုကြွင်းမှစ၍
ရေတွက်လာပြန်ရာ ပပဝတီ၏ မြောက်သားတော် ကုသမင်းကြီး၏ ခမည်းတော် မဟာကုသမင်း
လက်ထက်သို့ရောက်သောအခါ သက္ကရာဇ်
၁၄၉၃၈၅၆၂ ခုနှစ်သို့ တိုင်ခဲ့လေသည်။ ထိုအခါ မဟာကုသမင်းကြီးသည် နှစ်ပေါင်း
၁၄၉၃၈၅၆၀ ခုနှစ်ကိုဖြို၍ ၂ခုကြွင်းထားပြန်သည်။ ယင်း ၂ခုကြွင်းကို
ရေတွက်လာပြန်ရာ သက္ကရာဇ် ၈၆၄၇ သို့ရောက်သောအခါ ဘုရားလောင်း သိဒ္ဓတ္ထမင်းသား၏
ဘိုးတော်များဖြစ်သော သီဟနုမင်းကြီးနှင့် အဉ္စနမင်းကြီးတို့တိုင်ပင်၍ ၈၆၄၅
ခုနှစ်ကိုဖြို၍ အကြွင်း ၂ခုကိုထားပြန်သည်။ ထိုသက္ကရာဇ် ၂ခုကို မဟာသက္ကရာဇ်
ခေါ်သည် ဟုအဆိုရှိသည်။ ယင်း မဟာသက္ကရာဇ် ၆၈ခုနှစ် (၆၂၃ဘီစီ အချို့အဆို
၅၆၃ဘီစီ) ကဆုန်လပြည့် သောကြာနေ့ နေထွက် ၁ဗဟိုအချိန် သိဟ်လဂ်ဗြိစ္ဆာစန်း
ဝိသာခါနက္ခတ်နှင့် စန်းယှဉ်ခိုက်၌ ဘုရားလောင်း သိဒ္ဓတ္ထမင်းသားကို
သုဒ္ဓေါဒနဘုရင်မင်းမြတ်၏ တောင်ညာစံမဟေသီ မာယာဒေဝီမိဖုရားမှ
ဖွားမြင်တော်မူခဲ့သည်။ ဖွားမြင်ပြီး ၇ ရက်မြောက်၌ မယ်တော်မာယာ
နတ်ရွာစံခဲ့သော်လည်း မိထွေးတော်ဂေါတမီ၏ သားရင်းတမျှ ပြုစုယုယမှုကို
ခံယူတော်မူခဲ့သည်။ ဖခင် ဘုရင်သုဒ္ဓေါဒနသည် သားတော်၏ ကြန်အင်လက္ခဏာကို
သိရှိရန် နန်းတွင်းရှိ မင်းဆရာ ဗြဟ္မဏ(ပုဏ္ဏား) ၁၀၈ ယောက်ရှိသည့်အနက်
အတော်ဆုံးဝေဒပါရဂူ ပုဏ္ဏား ၈ ယောက်တို့အား တွက်ချက်ကြည့်ရှု့စေခဲ့သည်။****************
ထိုခေတ် ထိုအခါက မဇ္ဈိမဒေသတွင် တိုင်းကြီး ၁၆တိုင်း ပြည်နယ်ကြီး ၂၀ ရှိသည့်အနက် မာဂဓတိုင်း ကပိလဝတ်ပြည်ကြီး၌ ကမ္ဘာဦးအစ မဟာသမ္မတမင်းမှစ၍ လူတို့ရေတွက်လာသော် သက္ကရာဇ် ၁၁၄၉၇၈၇ သို့ရောက်သောအခါ အာကာရဋ္ဌမင်းက နှစ်ပေါင်း ၁၁၄၉၇၈၅ ခုနှစ်ကိုဖြို၍ ၂ ခုကြွင်းထားသည်။
*တောထွက်တော်မူခြင်း*
******************
အလောင်းတော် သိဒ္ဓတ္ထမင်းသားလေးသည် တစ်ဦးတည်းသော နန်းလျာဖြစ်၍ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးအနေဖြင့် မိမိ၏အရိုက်အရာကို ဆက်ခံရေးအတွက် အထူးအလေးထား ခံနေရသည့် အားလျော်စွာ လောကီအာရုံ ကာမဂုဏ်အဖုံဖုံကို အပြည့်စုံဆုံးခံစားလျက် ကြီးပြင်းခဲ့ရသည်။ မင်းကြီးက သားတော်အတွက် ရမ္မ သုဘ သုရမ္မ ဟူသော နန်းမပြာဿဒ် ၃ ဆောင်တွင် နွေ မိုး ဆောင်း ဥတုပြောင်းတိုင်း အလဲအလှယ် နေထိုင်လျက် ဖွားဖက်တော် ရံခြွေများနှင့် အပျော်မွေ့ဆုံး ဖြစ်နိုင်ရေးအတွက် စီမံဖန်တီးပေးထားခဲ့သည်။ ၎င်းအပြင် ကောဏ္ဍညပုဏ္ဏား ဟောကိန်းထုတ်ခဲ့စဉ်က အလောင်းတော်မင်းသားသည် လူအို လူနာ သူသေ ရဟန်း ဟူသော နိမိတ်ကြီး ၄ပါးကိုမြင်၍ တောထွက်မည် ဟု ဟောခဲ့သည်ကို အခြေပြု၍ ဖခင်သုဒ္ဓေါဒနမင်းကြီးသည် အဆိုပါ နိမိတ်ကြီး ၄ပါးဝင် လူများကို အလောင်းတော်မင်းသား မမြင်နိုင်လောက်အောင်လည်း စီမံခဲ့ပါသေးသည်။ တစ်ဖန် ရန်ဖက်ဒေဝဒဟပြည်မှ အလှထိပ်ခေါင်တင် ရွှေခင်ဗိမ္ဗာ ယသော်ဓရာ သမီးကညာကိုပင် ကြိုးပမ်း ဆောင်နှင်း၍ လက်ထပ်ထိမ်းမြား ပေးထားပါသေးသည်။ သို့သော် အလောင်းတော်သည် သက်တော် ၂၉ နှစ်ရှိသော နေ့တစ်နေ့တွင် ဥယျာဉ်ကစားထွက်ရာမှ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက သားတော်မမြင်နိုင်ရန် စီစဉ်ထားခဲ့သော သူအို သူနာ သူသေ ရဟန်း ဟူသော နိမိတ် ၄ပါးကိုမှ ပက်ပင်းမြင်တွေ့လျက်သား ဖြစ်ခဲ့လေတော့သည်။ အလောင်းတော်မင်းသား ရှေ့နိမိတ် ၄ မျိုးကိုတွေ့စဉ်က တွေ့ရာအရပ်မှ လှည့်ပြန်ခဲ့သည်။ မင်းသားသည် ပျော်ပါးရန် ဥယျာဉ်ထွက်လာသော်လည်း မပျော်ပါးနိုင်တော့ဘဲ မြင်တွေ့ခဲ့ရသော သူအို သူနာ သူသေ ကဲ့သို့ မိမိလည်း အိုနာသေဘေးမှ မလွတ်နိုင်ရေးကို မျှော်တွေးကာ စိတ်လက်မအေးသဖြင့် မှိုင်ငေးလျက်သာနေခဲ့လေသည်။
*ဘုရားအဖြစ်သို့ ရောက်တော်မူခြင်း*
*****************************
အလောင်းတော်သည် တရားကောင်းရရှိရေးအတွက် အာဠာရနှင့် ဥဒကရသေ့တို့ထံ ပထမသွားရောက်၍ နည်းခံခဲ့လေသည် အာဠာရနှင့် ဥဒကရသေ့တို့ထံမှ လောကီဈာန်အဆင့်မျှကိုသာ ရနိုင်ပြီး မိမိလိုအပ်သော တရားထူးကို မရရှိနိုင်ကြောင်း သိတော်မူ၍ ၎င်းရသေ့ ၂ပါးထံမှ ဖယ်ခွာခဲ့သည်။ ၎င်းနောက် အလောင်းတော်သည် ဆရာမမှီး တစ်ကိုယ်တည်းဖြင့် ခက်ခဲပင်ပန်းသော အကျင့်ကို ပဉ္စဝဂ္ဂီ ၅ဦးတို့၏ စောင်မမှု(ဒုက္ကရစရိယာ)အကျင်
*ပါရမီ ၁၀ပါး အပြား၃၀*
*******************
ဗုဒ္ဓလောင်းလျာများသည် အလုံးစုံကို သိမြင်နိုင်သော သဗ္ဗညု ဘုရားဖြစ်နိုင်ရန် ပါရမီ ၁၀ပါး အပြား၃၀ကို ဘဝပေါင်းများစွာ ဖြည့်ဆည်းတော်မူကြလေသည်။ ပါရမီ၁၀ပါးကား။ (1)ဒါန= လှူဒါန်းပေးကမ်း စွန့်ကြဲမှု။(2) သီလ= ကြီးသူကို ရိုသေခြင်း စသော စာရိတ္တသီလ စောင့်ထိန်းရန် သတ်မှတ်ထားသော ၅ပါး ၈ပါး စသော သီလများကို စောင့်ထိန်းခြင်း ဟူသော ဝါရိတ္တသီလ ၂မျိုးကို ပြုကျင့်မှု။(3) နိက္ခမ= တောထွက်မှု မကောင်းမှု ဟူသမျှ ရှောင်ကြဉ်မှု။(4) ပညာ= ပညာအသိဥာဏ် ဗဟုသုတဖြင့် အများအကျိုး သယ်ပိုးမှု ပညာသင်ပြမှု။(5) ဝီရိယ= ထကြွနိုးကြား ကြိုးစားမှု။(6) ခန္တီ= သည်းခံမှု။(7) သစ္စာ= မှန်ကန်စွာ ပြောဆို လုပ်ကိုင် ကြံစည်မှု။(8) အဓိဋ္ဌာန်= စိတ်ဓာတ်ခိုင်မြဲရန် ဆောက်တည်မှု။
(9) မေတ္တာ=
မေတ္တာတရားပွားများမှု။(10) ဥပေက္ခာ= မျှတစွာကျင့်မှု လျစ်လျူရှုမှု။ ပါရမီ
၁၀မျိုးကို(1) ရိုးရိုးသာမန် ကျင့်ကြံဖြည့်စီးမှုအဖြစ် ၁၀မျိုး။(2) ခြေ
လက်အင်္ဂါ အနစ်နာ ခံခြင်းနှင့် ပတ်သက်သော ကျင့်ကြံဖြည့်ဆည်းမှုအဖြစ် ၁၀မျိုး။
ဥပမာ ဒါနအရာ၌ အလှူခံသူရှိက မိမိ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းကိုပင် ပေးလှူခြင်း ကျန်သီလစသော ၉မျိုးကိုလည်း ကိုယ်အင်္ဂါအစိတ်အပိုင်းများကို
ဖြတ်ယူဖြစ်စေ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပျက်စီးယိုယွင်းသွားပါစေ
ကျင့်ကြံမှုကို မပျက်စီးစေခြင်းမျိုး။(3) အသက်ကိုစွန့်ခြင်းနှင့် ပတ်သက်၍
ဖြည့်ဆည်းကျင့်ကြံခြင်း အဖြစ်၁၀မျိုး ။ဥပမာ ဒါနအရာ၌ အလှူခံသူရှိက
မိမိအသက်ကိုလှူခြင်း ကျန်သီလစသော ၉မျိုးကို အသက်ပင် သေပါစေ ကျင့်ကြံမှုကို
မပျက်စီးစေခြင်းမျိုး။ ဖော်ပြပါ ၁၀မျိုး ၃လီ စုစုပေါင်း ၃၀ဖြစ်သည်။
ယင်းပါရမီ ၁၀ပါး အပြား၃၀ကို ဗုဒ္ဓကဲ့သို့ ဖြည့်ကျင့်နိုင်ပါမူ မည်သူမဆို
ဗုဒ္ဓကဲ့သို့ သဗ္ဗညူဘုရား ဖြစ်နိုင်သည်။
*သတ္တသတ္တာဟ စံတော်မူခြင်း*
***********************
ဗုဒ္ဓရှင်တော်သည် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီးနောက် ယင်းဘုရားဖြစ်ရာ ဗောဓိပင်နှင့် ရွှေပလ္လင်၌ ဖလသမာပတ်ဝင်စားလျက် ၇ ရက်စံတော်မူသည်။ ၎င်းကို ပထမ ပလ္လင်္ကသတ္တာဟ ဟုခေါ်သည်။ ၎င်းနောက် ဗောဓိပင်နှင့် ရွှေပလ္လင်၏ အရှေ့မြောက်ထောင့် မနီးမဝေးသော အရပ်၌ ရပ်တော်မူလျက် ပလ္လင်ကို ၇ရက်ပတ်လုံး မျက်တောင်မခတ်ဘဲ ကြည့်ရှု့လျက် စံနေတော်မူသည်။ ၎င်းကို ဒုတိယ အနိမိသသတ္တာဟ ဟုခေါ်သည်။ တစ်ဖန် ပလ္လင်နှင့် အနိမိသဌာနအကြား၌ အရှေ့ အနောက် ရတနာစင်္ကြံကိုဖန်ဆင်း၍ ၇ရက်ပတ်လုံး စင်္ကြံကြွလျက် နေတော်မူသည်။ ယင်းကို တတိယ ရတနာစင်္ကမသတ္တာဟ ဟုခေါ်သည်။ ၎င်းနောက် မဟာဗောဓိပင်၏ အနောက်မြောက်အရပ်၌ နတ်တို့ဖန်ဆင်းထားသော ရတနာဃရခေါ် ရွှေအိမ်၌ ၇ရက်စံတော်မူသည်။ ယင်းကို စတုတ္ထ ရတနာဃရသတ္တာဟ ဟုခေါ်သည်။ ဤရတနာဃရသတ္တာ၌ စံတော်မူခိုက် ဓမ္မသင်္ဂဏီ ဝိဘင်္ဂ ဓာတုကထာ ပုဂ္ဂလပညတ် ကထာဝတ္ထု ယမိုက် ပဋ္ဌာန်း ဟူသော အဘိဓမ္မာ ၇ကျမ်းကို ဆင်ခြင်တော်မူခဲ့ရာ ပဋ္ဌာန်းကျမ်းကို ဆင်ခြင်သောအခါ၌ နီလ(ညိုပြာ) ပီတ(ဝါရွှေ)လောဟိတ(နီ)သြဒါတ(ဖြူ)မဉ္စိဋ္ဌ(မောင်းနက်) ပဘာဿရ (ပြိုးပြိုးပြက်ပြက်တစ်ခဲနက်သော
အရောင်) ဟူသော ရောင်ခြည်တော် ၆သွယ်တို့သည် ကိုယ်တော်မှ ကွန့်မြူး၍
အဆုံးမရှိသော အာကာသကြီးထဲသို့ ပျံ့နှံ့သွားခဲ့သည်။ ၎င်းနောက် ဗောဓိပင်၏
အရှေ့အရပ်၌ရှိသော အဇပါလ ခေါ်သော ဆိတ်ကျောင်းသားတို့နားခိုရာ
ညောင်ပင်သို့ကြွ၍ ၇ရက်ပတ်လုံး တရားတော်ကိုဆင်ခြင်၍ အရဟတ္တဖိုလ်ချမ်းသာကို
စံစားတော်မူသည်။ ၎င်းကို ပဉ္စမ အဇပါလသတ္တာဟ ဟုခေါ်သည်။ ၎င်းနောက် မဟာဗောဓိပင်၏
အရှေ့တောင်ဘက် မုစလိန္ဒအိုင်ရှိ ကျည်းပင်ရင်း၌ ၇ရက်တိုင်တိုင်
ဖလသမာပတ်ဝင်စားလျက် စံနေတော်မူသည်။ ထိုအခါ မိုးလေသည်းထန်သဖြင့်
မုစလိန္ဒနဂါးမင်းက မြတ်စွာဘုရားအား ၇ပတ်ရစ်၍ ပါးပျဉ်းဖြင့် မိုးလေကို
အကာကွယ်ပေးခဲ့သည်။ ၎င်းကို ဆဋ္ဌမ မုစလိန္ဒသတ္တာဟ ဟုခေါ်သည်။ ၎င်းနောက်
ဗောဓိပင်၏တောင်ဘက် အရပ်၌ရှိသော လင်းလွန်းပင်သို့ကြွ၍ ဖလသမာပတ်ဖြင့်
၇ရက်စံနေတော်မူသည်။ ထိုအခါ မြန်မာနိုင်ငံ ဥက္ကလာပဇနပုဒ်မှ တဖုဿ ဘလ္လိက
ကုန်သည်ညီနောင်တို့ ရောက်ရှိလာပြီး မုန့်ကြွက်ကျစ်နှင့်
ပျားဆုပ်မုန့်လှူဒါန်းခြင်းကို
အလှူခံတော်မူသည်။ ၎င်းနောက် လူတို့တွင် ပထမဦးဆုံး ဒွေဝါစိက သရဏဂုံ
တည်သူများအဖြစ် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ ဟူသော သရဏဂုံ
၂ပါးကို ချီးမြှင့်တော်မူသည့်အပြင် ဆံတော် ၈ဆူကိုလည်း ပေးသနားတော်မူခဲ့သည်။
၎င်းကို သတ္တမ ရာဇာဃရသတ္တာဟ ဟုခေါ်သည်။
*တရားတော်ကို ဟောတော်မူခြင်းနှင့် ပရိနိဗ္ဗာန်စံတော်မူခြင်း*
**********************************************
ဗုဒ္ဓမြတ်စွာဘုရားသည် သတ္တသတ္တာဟဖြင့် ၄၉ရက်တိုင်တိုင် စံနေတော်မူပြီးနောက် မိမိရရှိ သိမြင်တော်မူထားသော တရားတော်ကို ပထမဦးဆုံးအဖြစ် ဟောကြားရန်အတွက် တရားနာပုဂ္ဂိုလ်များအား ကြည့်ရှု့ဆင်ခြင် ရတော်မူသောအခါ မိမိဆရာဖြစ်ခဲ့ဖူးသော အာဠာရနှင့် ဥဒကရသေ့ တို့အားရှေးဦးစွာ ဟောကြားရန် ဆင်ခြင်ဥာဏ်အမြင်၌ ထင်လာတော်မူသည်။ သို့ရာတွင် ယင်းရသေ့ ၂ပါးမှာ မကြာမီကမှ ကွယ်လွန်ခဲ့ကြောင်း ထပ်မံသိရှိတော်မူသောအခါ ဒုက္ကရစရိယာအကျင့် ကျင့်စဉ်က လုပ်ကျွေးသမှု ပြုခဲ့ကြသော ပဉ္စဝဂ္ဂီ ၅ဦးတို့အား ရှေးဦးစွာတရားဟောရန် ဆင်ခြင်ဥာဏ်အမြင်၌ ထင်တော်မူလာပြန်သည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီ ၅ဦးရှိရာ မဟာဗောဓိပင်မှ ၁၈ယူဇနာဝေးသော သားသမင်တို့ကို ဘေးမဲ့ပေးရာ မိဂဒါဝုန်တောသို့ ကြွရောက်တော်မူလျက် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆိုလပြည့်နေ့ည နေအဝင် လအထွက်၌ ပဉ္စဝဂ္ဂီ ၅ဦးတို့အား ဓမ္မစကြာတရားတော်ကို ဟောကြားတော်မူသည်။
*သတ္တသတ္တာဟ စံတော်မူခြင်း*
***********************
ဗုဒ္ဓရှင်တော်သည် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီးနောက် ယင်းဘုရားဖြစ်ရာ ဗောဓိပင်နှင့် ရွှေပလ္လင်၌ ဖလသမာပတ်ဝင်စားလျက် ၇ ရက်စံတော်မူသည်။ ၎င်းကို ပထမ ပလ္လင်္ကသတ္တာဟ ဟုခေါ်သည်။ ၎င်းနောက် ဗောဓိပင်နှင့် ရွှေပလ္လင်၏ အရှေ့မြောက်ထောင့် မနီးမဝေးသော အရပ်၌ ရပ်တော်မူလျက် ပလ္လင်ကို ၇ရက်ပတ်လုံး မျက်တောင်မခတ်ဘဲ ကြည့်ရှု့လျက် စံနေတော်မူသည်။ ၎င်းကို ဒုတိယ အနိမိသသတ္တာဟ ဟုခေါ်သည်။ တစ်ဖန် ပလ္လင်နှင့် အနိမိသဌာနအကြား၌ အရှေ့ အနောက် ရတနာစင်္ကြံကိုဖန်ဆင်း၍ ၇ရက်ပတ်လုံး စင်္ကြံကြွလျက် နေတော်မူသည်။ ယင်းကို တတိယ ရတနာစင်္ကမသတ္တာဟ ဟုခေါ်သည်။ ၎င်းနောက် မဟာဗောဓိပင်၏ အနောက်မြောက်အရပ်၌ နတ်တို့ဖန်ဆင်းထားသော ရတနာဃရခေါ် ရွှေအိမ်၌ ၇ရက်စံတော်မူသည်။ ယင်းကို စတုတ္ထ ရတနာဃရသတ္တာဟ ဟုခေါ်သည်။ ဤရတနာဃရသတ္တာ၌ စံတော်မူခိုက် ဓမ္မသင်္ဂဏီ ဝိဘင်္ဂ ဓာတုကထာ ပုဂ္ဂလပညတ် ကထာဝတ္ထု ယမိုက် ပဋ္ဌာန်း ဟူသော အဘိဓမ္မာ ၇ကျမ်းကို ဆင်ခြင်တော်မူခဲ့ရာ ပဋ္ဌာန်းကျမ်းကို ဆင်ခြင်သောအခါ၌ နီလ(ညိုပြာ) ပီတ(ဝါရွှေ)လောဟိတ(နီ)သြဒါတ(
*တရားတော်ကို ဟောတော်မူခြင်းနှင့် ပရိနိဗ္ဗာန်စံတော်မူခြင်း*
**********************************************
ဗုဒ္ဓမြတ်စွာဘုရားသည် သတ္တသတ္တာဟဖြင့် ၄၉ရက်တိုင်တိုင် စံနေတော်မူပြီးနောက် မိမိရရှိ သိမြင်တော်မူထားသော တရားတော်ကို ပထမဦးဆုံးအဖြစ် ဟောကြားရန်အတွက် တရားနာပုဂ္ဂိုလ်များအား ကြည့်ရှု့ဆင်ခြင် ရတော်မူသောအခါ မိမိဆရာဖြစ်ခဲ့ဖူးသော အာဠာရနှင့် ဥဒကရသေ့ တို့အားရှေးဦးစွာ ဟောကြားရန် ဆင်ခြင်ဥာဏ်အမြင်၌ ထင်လာတော်မူသည်။ သို့ရာတွင် ယင်းရသေ့ ၂ပါးမှာ မကြာမီကမှ ကွယ်လွန်ခဲ့ကြောင်း ထပ်မံသိရှိတော်မူသောအခါ ဒုက္ကရစရိယာအကျင့် ကျင့်စဉ်က လုပ်ကျွေးသမှု ပြုခဲ့ကြသော ပဉ္စဝဂ္ဂီ ၅ဦးတို့အား ရှေးဦးစွာတရားဟောရန် ဆင်ခြင်ဥာဏ်အမြင်၌ ထင်တော်မူလာပြန်သည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီ ၅ဦးရှိရာ မဟာဗောဓိပင်မှ ၁၈ယူဇနာဝေးသော သားသမင်တို့ကို ဘေးမဲ့ပေးရာ မိဂဒါဝုန်တောသို့ ကြွရောက်တော်မူလျက် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆိုလပြည့်နေ့ည နေအဝင် လအထွက်၌ ပဉ္စဝဂ္ဂီ ၅ဦးတို့အား ဓမ္မစကြာတရားတော်ကို ဟောကြားတော်မူသည်။
ဒေသနာတော်အဆုံး၌
ကောဏ္ဍညသည် အလျင်ဦးဆုံး သောတပန်အဖြစ်သို့
ရောက်ရှိခဲ့သည်။ နောက်ပိုင်း၌ ကျန် ၄ပါးတို့လည်း တစ်ရက် ၁ပါးကျ
သောတပန်ဖြစ်ပြီးနောက် ၅ရက်မြောက် ဝါဆိုလဆုတ် ၅ရက်၌ မြတ်စွာဗုဒ္ဓက
အနတ္တလက္ခဏာသုတ်ကို ထပ်မံဟောကြားတော်မူသောအခါ ပဉ္စဝဂ္ဂီ ၅ပါးစလုံး ကာမ ဘဝ ဒိဋ္ဌိ
အဝိဇ္ဇာ ဟူသော အာသဝေါတရား ၄ပါး ကိလေအားဖြင့် လောဘ ဒေါသ မောဟ မာန ဒိဋ္ဌိ
ဝိစိကိစ္ဆာ ထိန ဥဒ္ဓစ္စ အဟိရိက အနောတပ္ပ ဟူသော အပူဓာတ် ကိလေသာ ၁၀ပါး တို့
အကြွင်းမဲ့(သမုစ္ဆေဒပဟာန်ဖြင့်)
ပြုတ်၍ ရဟန္တာအဖြစ်သို့ ရောက်ရှိတော်မူခဲ့သဖြင့် မြတ်စွာဘုရားထံ
ရဟန်းအဖြစ်ကို ခံယူတော်မူခဲ့ရာ သာသနာတော်၌ ပထမဦးဆုံး သံဃာရတနာ
ပေါ်လာရတော့သည်။ မြတ်စွာဘုရားသည် ထိုအချိမ်မှစ၍ ၄၅ဝါပတ်လုံး သတ္တဝါတို့၏အလို
အဇ္ဈာသယစရိုက်နှင့် လျော်သော တရားဒေသနာတော်အမျိုးမျိုးကို
ဟောကြားတော်မူပြီးနောက် သက်တော် ၈၀ မဟာသက္ကရာဇ် ၁၄၈ ခုနှစ်
ကဆုန်လပြည့်နေ့(၅၅၄ဘီစီ) ၌ မလ္လာတိုင်း ကုသိနာရုံပြည်တွင် ပရိနိဗ္ဗာန်
ပြုတော်မူခဲ့သည်။ ရုပ်ကလာပ်ပူဇော်ပွဲ တေဇောဓာတ်ပူဇော်ပွဲနှင့်
တေဇောဓာတ်လောင်ကျွမ်းရာ၌ ကြွင်းကျန်ရစ်သော ဓာတ်တော်ပူဇော်ပွဲများကို
ပူဇော်ကြပြီးနောက် ဒေါဏ မည်သော ဆရာပုဏ္ဏားက ၈ ပြည်ထောင်မင်းတို့အား
ဓာတ်တော်များကို ကိုးကွယ်ရန် ညီအမျှခွဲဝေပေးခဲ့သည်။ သို့ရာတွင်
ရှင်မဟာကဿပမထေရ်မြတ်က ယင်း၈ပြည်ထောင် မင်းများထံမှ ကိုးကွယ်ရန်
အနည်းငယ်မျှသာချန်၍ ကျန်အားလုံးကို တန်ခိုးတော်ဖြင့် သိမ်းယူပြီး
အဇာတသတ်မင်းအား တစ်နေရာတည်း၌ လုံခြုံစွာ မြေအောက်ဌာပနာတိုက်၌
သိုဝှက်ထားစေတော်မူခဲ့သည်။ နောင်တွင် သီရိဓမ္မာသောကမင်းက ဓာတ်တော်အချို့ကို
တူးဖော်ရရှိသဖြင့် ၎င်းဓာတ်တော်များကို စေတီပေါင်း ၈သောင်း ၄ထောင်တွင်
ဌာပနာခဲ့သည်။
(ဦးစိန်ထွန်း/သုတေသီ) ရေးသားသော စာအုပ်မှ ကောက်နှုတ်တင်ပြသည်။
No comments:
Post a Comment