သီလ၏ ဂုဏ်အာနိသင်များ
***** *************
မြတ်စွာဘုရား၏ သာသနာတော်၌ အမျိုးကောင်းသား/သမီးတို့ အား သီလကို ကြဉ်ထား၍ ထောက်ရာ
တည်ရာ မည်သည် မရှိချေ ။သီလသည်သာ ထောက်
ရာ တည်ရာ အစစ်ဖြစ်ပေ၏။သို့ ဖြစ်၍ သီလ၏ အကျိုး အာနိသင် အပိုင်းအခြား ပမာဏကို အဘယ်ပုဂ္ဂိုလ်သည် ကုန်စင်အောင် ဟောကြားနိုင်ပါအံ့နည်း။
သတ္တဝါတို့ ၏ ရာဂစသည့် အညစ်အကြေး
တို့ ကို ဂင်္ဂါမြစ်ရေ ယမုံနာမြစ်ရေ သရဘူမြစ်ရေ အစိရဝတီ မြစ်ရေ မဟီအမည်ရှိသော မြစ်ကြီးရေတို့ ဖြင့် ဆေးကြောသုတ်သင်၍ မရ ။သီလရေစင်ဖြင့်သာ ဆေးကြော သုတ်သင်နိုင်၏ ။
ကောင်းစွာစောင့်ထိန်းအပ်သော ဖြူစင်အေးမြလှသော သီလသည်သာ သတ္တဝါတို့ ၏ ရာဂစသည့် အပူအလောင်တို့ ကို အေးငြိမ်းစေနိုင် ၏ ။ ထိုအပူလောင်ကို မိုး ရေ လေ စန္ဒကူးနံ့ သာ ပုလဲသွယ် မြကျောက်
ဖိုးရွှေလမင်း၏ ရောင်ခြည်ညွန့် တို့ သည် မငြိမ်းအေးစေနိုင်ကုန် ။
။
သီလနှင့်တူသည့် အခြားသော
နတ်ရွာသို့ တက်ရန် စောင်းတန်းလှေကားမည်သည် အဘယ်မှာ ရှိနိုင်ပါ အံ့နည်း ။
နိဗ္ဗာန်ရွှေမြို့ ကြီးသို့  ဝင်ရာ၌လည်း သီလနှင့်တူသော တံခါးပေါက်မည်သည် အဘယ်မှာ ရှိအံ့နည်း ။
သီလရှိသောသူသည် မိမိကိုယ်ကို
ကဲ့ရဲ့ စွပ်စွဲခြင်း ဟူသော အတ္တာနုဝါဒဘေး သူတစ်ပါးတို့ က ကဲ့ရဲ့ စွပ်စွဲခြင်းဟူသော ပရာနုဝါဒဘေး အစိုးရမင်းတို့ 
အမိန့် ချမှတ်သော ဒဏ္ဍဘေး အပ္ပါယ်သို့ ကျရောက်မည့် ဒုကဂ္ဂတိဘေးတို့ မှ လွတ်မြောက်၏။သီလနှင့် ပြည့်စုံသူသည် ကျော်စောကိတ္ထိရှိခြင်း ရွှင်လန်းဝမ်းမြောက်ခြင်းတို့ နှင့်လည်း ပြည့်စုံ၏ ။ ။
(ဝိသုဒ္ဓိမဂ္ဂ အဌကထာ မြန်မာပြန်။ပ။၁၅-၂၁)

ဒေါက်တာမင်းတင်မွန်၏ (မြတ် သီလ) စာအုပ်မှ-ခံစားမျှဝေသည်။
No comments:
Post a Comment