တန်ဆောင်မုန်းလပြည့် ညရဲ့ အလှလေး မပျက်စေချင်
****************************************
တန်ဆောင်မုန်းလပြည့် ဤရာသီသည် ဆယ်နှစ့်ရာသီတွင် ကောင်းကင်တစ်ခွင်
ဆီးနှင်း။မြူ။တိမ်။သူရိန် ။မီးခိုး ကင်းစင်ပြီး အလှအပဆုံး
ကောင်းကင်တစ်ခွင်ကို ပိုင်ဆိုင်သည့်
လရာသီဖြစ်သည်။
ထို့အတူ အဖေကို သတ်မိတဲ့ အဇာတသက် ဆင်ဖြူမျက်နှာ ဆင်းမဲမကြည့်ရဲ ဆိုသလို ဘုရားရဲ့ ဥပါဒါယါကာကြီးဖြစ်သော သောတပန် ဗိမ္မိသာရမင်းကြီးကို သတ်မိတော့ ဘုရားနား မကပ်ရဲဘူး စားမဝင် အိပ်မပျော် စိတ်တွေခြောက်လန့်နေတော့ ဘုရားရှင်ထံ ချဉ်းကပ်ချင်သည်။ တိုအခါဝယ် ကြယ်ပေါင်းဆုံပြီး အပူအအေးမျှတသော တန်ဆောင်တိုင်လပြည့် ည မှာ ညီလာခံပြုလုပ်ပြီး ဆရာကြီးဇီဝကအား ဘုရားထံကို ပို့ခိုင်းပါသောတန်ဆောင်တိုင်လပြည့် ညမှာ။ ထို့နောက် ဆရာကြီးဇီဝက က အပျော့ပြောင်းဆုံး အနှူးညံဆုံး အယဉ်ကျေးဆုံး အလိမ္မာဆုံး သိက္ခာအရှိဆုံး အညင်သာဆုံးအားဖြစ် မီးစုံတွေထွန်းညှိပြီး သူပိုင်ဆိုင်တဲ့ သရက်တောကျောင်းကို ပို့ပါတယ်။ အဲဒီမှာ ဆရာဇီဝက ကပြောကြားထားသည်မှာတစ်ထောင်နှစ်ရာ့ငါးဆယ်သော သံဃာရှိနေပါတယ်လို့ ပြောထားတာ။ ဒါပင်မဲ့ ကျောင်းနား စည်းရိုးသာရောက်လာတယ် လက် ခြေ ချိုးသံ ခြေသံ စကားပြောသံ တစ်ခုမှ မကြားတော့ အဇာတသတ် သွေးလန့်သွားတယ် ငါကို ဆရာကြီးဇီဝက က လက်ပတ်ပြီး ရာထူးအာဏာသိမ်းမလို့လားဆိုပြီးလန့်သွားတယ်။ ထိုအခါ ဆရာကြီးဇီဝက က အထဲမှာ ဘုရားအမှူးရှိသော သံဃာ နှစ်ထောင်နှစ်ရာ့ငါးဆယ်သော သံဃာထုရှိနေပါတယ်။ ကြွချီတော်မူပါဘုရားဆိုတော့ ကျောင်းထဲဝင်းသွားတော့မှ ဘုရားကို ဗဟိုထားပြီး တစ်ထောင်နှစ်ရာငါးဆယ်သော သံဃာတွေဟာ တရားရှုမှတ်နေကြတာ မြင်လိုက်တော့မှ အဇာတသတ် အလိုလို ဒူးညွတ်ကျသွားတယ် ။ ငါမှာ အထက်လွှတ်တော် အောက်လွှတ်တော် မူးကြီးမတ်ရာတွေ လက်နှက် ခရမ်း မီးကြောက်တွေရှိနေပါရဲ့ ပူခနဲ ဆူခနဲဆိုပြီးနေကြတယ်။ အခု ဗုဒ္ဓမှာ အပ်တို တစ်ချောင်းတောင်မရှိပါပဲ ယောင်္ကျားရင့်မှာကြီး

တစ်ထောင်နှစ်ရာ့ငါးဆယ်သော သံဃာကို
ငြိမ်သက်အောင်ဆုံးမနိုင်တော်မူလေစွဆိုပြီး ဘုရားရဲ့ ဂုဏ်တော်တွေကို
အာရုံပြုပါတယ်။ ပြီးတော့မှ ဒီ တစ်ထောင်နှစ်ရာငါးဆယ်သော သံဃာတွေ
ရဟန်းပြုရခြင်း အကြောင်းကို မေးတော့မှ ဘုရားက လောကီဘက်က ရဟန်းပြုရခြင်းက
ဒီလို လောကုတ္တရာဘက်က ရဟန်းပြုရခြင်းကဒီ ဆိုပြီး ပိုင်းခြားပြီး
ရှင်းပြတော့မှ အဇာတသတ်ရဲ့ ဦးနှောက်နဲ့ နှလုံးသားမှာ ဆက်သွားတဲ့ အခါကျမှ
စိတ်တည်ငြိမ်အေးချမ်းမူရသွားတယ်။ အဒီအခါကြမှ ငါအသွေး ငါအသား ငါအသက်
ရာထူးအာဏာတို့သည် သာသနာအတွတ်ဖြစ်ရမယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်တယ်
။ပြီးတော့မှ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ ဆိုပြီ ဗုဒ္ဓဘာသာအဖြစ်ခံယူလိုက်တယ် ။ အဒီလိုနဲ့ သူ နန်းတတ်ခဲ့သောနန်းသက် လေးနှစ်ရှိတဲ့အခါမှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူတယ် အဒီတော့ မှူးကြီးမတ်ရာ သေနာပတိတွေက ဒီအတိုင်း ဆံတော်ဦး မတင်ရဲဘူး ဒီအတိုင်း ဆံတော်ဦးတင်ရင် နှလုံးကွဲပြီး နတ်ရွာစံမယ်ဆိုတာသိလို့။ မှူးကြီးမတ်ရာတွေက ဇာတာတော်စမ်းလက်များဆေးကြောရင်ရှိကြောင်းပါဘုရားဆိုပြီးတော့မှ စတုမနူထောပက်ကန်ကြီး သုံးခု ဖန်ဆင်းပြီး အဇာတသတ်မင်းကို ခေါင်းပေါ်ယုံမြထားပြီး အရှင်မင်းကြီးဘုရား အရှင်မင်းကြီးအသက်ထက်မက ယုံကြည့် ကိုးကွယ် အားထားရတဲ့ မြတ်စွာဘုရားသည် မဟာသက္ကဇ် ၁၄၈ခု ကဆုန်လပြည့် အင်္ဂါနေ့တွင် ပရိနိဗ္ဗာန်စံဝင်တော်မူပါပြီ ဘုရားဆိုပြီး လျှောက်တင်လိုက်တော့ အဇာတသတ်မင်း နားထဲကနေ နှလုံးသားသွေးတွေလျှောက်ပြီး သွားလိုက်တာ ငါ ကြည်ညိုအားထားရတဲ့ ဘုရား ပရိနိဗ္ဗာန်ပြုပြီးဆိုပြီး အပူလုံးကြွလိုက်တာ အေးမြတဲ့ စတုမနူကန်ကြီး ပွက်ပွက်ဆူလာတယ် ။ အဒီလိုနဲ့ ဒုတိယ ကန်ထဲပြောင်းပြီးစိမ် မောင်မင်းများ အခုနက ဘာများ သံတော်ဦးတင်လိုက်တာလဲ အဒီအခါ မှူးကြီးမတ်ရာတွေက အရှင်မင်းကြီး ယုံကြည် အားထားရသော ဘုရား ပရိနိဗ္ဗာန်စံတော်မှူပါပြီ ဘုရားဆိုတော့ အေးမြတဲ့စတုမနူကန်ကြီး ပွက်ပွက်ဆူလာပြန်တယ်။ တတိယ ကန်ထဲပြောင်းထည့် ဒီအတိုင်းပဲ ပွက်ပွက်ဆူလာပြန်တယ်။ မိုက်တုန်းက မိုက်ခဲ့ပင်မဲ့ တစ်ကယ် ဘုရားကို ယုံကြည့်တော့ အေးမြတဲ့စတုမနူကန်ကြီးတွေတောင် ပွက်ပွက်ဆူခဲ့တယ်။ ပြီးတော့ ဓါတ်တော်တွေကို ရှစ်ပြည်ထောင် ဝေငှတယ်။ ပထမ သင်္ဂါယနာတင်တော့လဲ ပစ္စည်းလေးပါ ဒါယာကာအဖြစ်ခံယူတော်မူတယ် ။ထိုအချိန်က အာဏာကြီးသော အချိန်ဖြစ်တာကြောင့် ဓာတ်တော်တွေကို မရ ရအောင်စုဆောင်းတယ် ပြီးတော့ မြေအောက်မှာ မြုတ်နှံပြီး

နောင်သူ့မျိုးဆက်တွေ သာသနာဖြန့်ဝေပါစေသားဆိုပြီး ဆုတောင်းခဲ့တယ်။ နောင်အခါ
သူ့မျိုးဆက်ဖြစ်တဲ့ သီရိဓမ္မာသောကမင်းကြီးက သမိုင်းကြောင်းအရ ရှာဖွေပြီး *
ရွှေမုတ်တော* ဆိုသော အမည်ဖြင့် စေတီတော်သည် အဇာတသတ်မင်းရဲ့ ကျေးဇူးတွေပါ။
အဇာတသတ်မင်း ဗုဒ္ဓဘာသာဖြစ်တော့ မင်းကို အတုယူပြီး တိုင်းပြည်ကလူဦးရေ
ဆယ်ရှစ်ကုဋေ ဟာ ဗုဒ္ဓဘာသာဖြစ်သွားတယ် အဒါဟာ တန်ဆောင်တိုင် လပြည့် ည။ အဲဒီလို
တန်ဆောင်တိုင်လပြည့်ညမှာ ယနေ့ခေတ် လူငယ်တွေက သိပ်ပြီး မူးရှစ်ရမ်းကားပြီး
အပျော်လွန်ကြသည်။ ကျီးမနိုးခင်မှာလုပ်ရင် ဘာအကုသိုလ်မ မဖြစ်သရောင်ရောင်နဲ့
ဟိုအိမ်က အုန်းသီး ငှက်ပျောသီး ဒီအိမ်က အုန်းသီး ငှက်ပျောသီး
ဘုန်းကြီးကျောင်းက အုန်းသီး ငှက်ပျောသီးတောင်မခံနိုင်ဘူး ခိုးစားနေကြတယ်။
အုန်းသီး ငှက်ပျောသီးတင်မကဘူး ကြက်တွေ ဘဲတွေပါ ခိုး သက် စားသောက်နေကြတယ် ။
ဒါတင်မကသေးဘူး လူသွားတဲ့ လမ်းတွေမှာ အုပ်ခဲ ဝါးတို ဝါးစ စားပွဲ ကုလားထိုင်
ကွမ်းယာခုံ နောက်ဆုံး အိမ်သာတွေပါ ထမ်းတင်ထားကြတယ်။ အကျိုးပြုရမဲ့
လုပ်ငန်းတွေမှာ လူတွေ အနှောင့်အယှက်ဖြစ်အောင်လုပ်နေတြယ် ။
မြို့နယ်တော်တော်များများမှာ ဒီအတိုင်းကြီးပါပဲ မဖြစ်မနေလုပ်ရမယ်လို့ ဥပဒေ
တစ်ရပ်ထုပ်ထားသလိုကို ညီနေကြတာ ။အဆိုးဆုံးကတော့ အမိုးအကာမရှိတဲ့ ဘုရား
ဓမ္မာရုံထဲက ဆင်းတုရုပ်ပွားတော်တွေကို လူတွေခြေထောက်နဲ့ နင်းတတ်တဲ့
လှေကထစ်မှာ သွားထားတာဟာ အဆိုးဆုံးပဲ ။ အခုဘာသာရေးမှာ အလေးမထားကြတော့ဘူး ။
အလွန် လှပပြီး ကျေးဇူးကြီးမားလှသော တန်ဆောင်တိုင်လပြည့် ညမှာ ဘုရားကို
အာရုံပြုပြီး ပူဇော်ရမည့်အစား အခုခေတ် လူငယ်တော်တော်များများဟာ တန်ဆောင်တိုင်
လပြည့် ညဟာ သူခိုးကြီး ည ဆိုပြီး အသိများနေကြသည် မှာ ဘာသာရေး
အားနည်းနေကြတာ ။ထို့ကြောင့် ဗုဒ္ဓဘာသာ လူမျိုးများအနေဖြင့် ဘာသာရေးကိုတာဝန်သိသိနဲ့ ဆက်လက်ထိန်းသိမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလျှက်....။။။။။
****-ကျေးဇူးတော်ရှင်ဖြူးဆရာတော်ဘုရားကြီးဦးနရပတိ၏

တရားတော်ထဲမှ ကောက်နှတ်ဖော်ပြပါသည်-**
No comments:
Post a Comment