
သူငယ်ချင်းတို့ရေ !!
မြတ်ဗုဒ္ဓ အလောင်းလျာတော်တို့သည် ဘဝရဲ့ ရည်ရွယ်ရာ ပန်းတိုင်ဆီကို လျှောက်လှမ်းကြတဲ့ အခါမှာ.........
ဘဝရည်မှန်းချက် ပန်းတိုင်အတွက် အလုပ်လုပ်ကြတဲ့ အခါမှာ ဒီနည်းလမ်း (၅) မျိုးကို ကျင့်သုံးကြပါတယ်တဲ့။
၁။ စိရကာလဘာဝနာ = ကြာရှည် လုပ်ကိုင်ဆောင်ရွက်ခြင်း။
၂။ နိရန္တရဘာဝနာ = မရပ်မနား လုပ်ကိုင်ဆောင်ရွက်ခြင်း။
၃။ နိရဝသေသဘာဝနာ = အကြွင်းအကျန် မရှိအောင် လုပ်ကိုင်ဆောင်ရွက်ခြင်း။
၎။ သက္ကစ္စဘာဝနာ = ရိုရိုသေသေ လေးလေးစားစား လုပ်ကိုင်ဆောင်ရွက်ခြင်း။
၅။ အဘိရတိဘာဝနာ = ပျော်ပျော်ပါးပါး လုပ်ကိုင်ဆောင်ရွက်ခြင်းတို့ ဖြစ်ပါတယ်။
ကဲ! သူငယ်ချင်းတို့ရေ မင်းတို့ငါတို့တတွေရော ... ...
ဒီနည်းလမ်း (၅) မျိုးနဲ့အညီ အလုပ်လုပ်ကြမယ်ဆိုရင်,
ဘဝရဲ့ ဖြူစင်တဲ့ ရည်မှန်းချက်လေးတွေကို အကောင်အထည် ဖော်သွားကြမယ်ဆိုရင် ... !! ... !! ... ? ? ?
သူငယ်ချင်းတို့အတွက် ကောင်းသောအချိန် ဖြစ်ပါစေ!
မင်းရန်နောင်
No comments:
Post a Comment