
ဆုံးရှုံးမှာတွေကို (အဆုံးရှုံးခံရမှာတွေကို) သုံးနေတာဖြစ်တဲ့အတွက်
အဆုံးရှုံးခံနိုင်တဲ့ အင်အားလိုအပ်ပါတယ်။
စွန့်လွှတ်ရမှာတွေကို သုံးနေတာဖြစ်တဲ့ အတွက်လည်း
စွန့် လွှတ်နိုင်တဲ့ အင်အားရှိဖို့ လိုပါတယ်။
အင်အားမရှိရင် မခံနိုင်ဘူးပေါ့။
ရောဂါများတဲ့ ခေတ်ကာလမှာ ကိုယ်ခံအားကောင်းဖို့ လိုတယ်။
ကိုယ်ခံအားမကောင်းဘူးဆိုရင် ရောဂါနှိပ်စက်တာကို ခံရမယ်။
ကိုယ်ခံအားကောင်းနေရင်တော့
ရောဂါဘယ်လောက်ပဲ များများ ခံနိုင်ရည်ရှိတယ်။
ခံနိုင်ရည်ရှိရင်ပြဿနာ မဟုတ်ဘူး ။
စွန့် လွှတ် အဆုံးရှုံးခံနိုင်တဲ့အင်အားကြီးတယ်ဆိုရင်
ဆုံးရှုံးမှုက ပြဿနာမဟုတ်တော့ဘူး။
စွန့် လွှတ်ရတယ်ဆိုတာက အသက်ကို စွန့်ရ- စွန့် ရ။
ဥစ္စာပစ္စည်းကို စွန့် ရ-စွန့် ရ။
စွန့် လွှတ်နိုင်တဲ့ အင်အားရှိရင် စွန့် လွှတ်ခြင်းက ပြဿနာမဟုတ်ဘူး။
တရားအလုပ်ဆိုတာကတော့
ခံနိုင်ရည်ရှိဖို့  ကြိုးစားတာပါပဲ။
ဖယ်ရှားပစ်လို့ တော့မရဘူး။
သေမင်းကို လူ့လောကထဲကနေ
ဆွဲထုတ်လိုက်လို့တော့မရဘူး။
ရှင်သန်ခြင်း-သေခြင်း တရားတွေနဲ့ ၊
အမှားတွေ-အမှန်တွေနဲ့၊
အကောင်းတွေအဆိုးတွေနဲ့  ၊
ပုဂ္ဂိုလ်တွေ သတ္တဝါတွေနဲ့ လောကကြီးကို ဖွဲ့ စည်းထားတာဆိုတော့
လောကကြီးရဲ့ တစ်စိတ် တစ်ဒေသဖြစ်တဲ့
အိုခြင်း၊ နာခြင်း၊ သေခြင်းတရားတွေကို
လောကကြီးထဲက ဆွဲထုတ်ပစ်လို့မရပါဘူး။
ဒါတွေကိုက လောကကြီးပဲ ဆိုတော့
ဒါတွေကို မတွေ့ ကြုံချင်လို့မရဘူး။
အပြတ်ရှင်း-ဖယ်ရှားပစ်လို့ မရဘူး။
အပြတ်ရှင်းလို့ မရတော့ ခံနိုင်ရည်ရှိဖို့ ပဲ ကြိုးစားရမယ်။
မခံနံနိုင်ရင် ပြဿနာပါပဲ။ဲ။
ခံနိုင်ရင် ပြဿနာမဟုတ်ပါဘူးး။
အပြောခံနိုင်ရင် အပြောခံရတာ ပြဿနာမဟုတ်ဘူး။
မခံနိုင်ရင်တော့ အပြောအဆိုခံရတာက
အကြီးအကျယ် ပြဿနာပေါ့။
စွန့်လွှတ်နိုင်ရင် စွန့်လွှတ်ရတာ ပြဿနာမဟုတ်ဘူး။
ခွဲခွာရတာ ပြဿနာမဟုတ်ဘူး။
မစွန့် လွှတ်နိုင်ရင်တော့ ခဏလေးခွဲရင်တောင်
အင်မတန်ကြီးကျယ်တဲ့ ပြဿနာဖြစ်တယ်။
အဲ့တာ ကြောင့်လည်း ဒါနဆိုတာက သက်ရှိသက်မဲ့ မှန်သမျှ၊
သက်မဲ့ အရာဝတ္ထုမှန်သမျှကို စွန့်လွှတ်စရာအဖြစ်နဲ့သုံးခြင်းပါပဲ ၊
ဒါဟာ လောကရဲ့ ထုံးတမ်းစဉ်လာကို ချိုးတာပါပဲ။
ဒါမှ ကိုယ်လို-သူလို မဟုတ်တဲ့ စွမ်းအင်သတ္တိတွေရှိလာမယ်။
သူများလုပ်သလို လိုက်လုပ်နေရင် (အပြန်အလှန်သိမ်းပိုက်နေမယ်ဆိုရင်)
မိဘနဲ့ သားသမီး၊ ဆရာနဲ့ တပည့်၊
လင်နဲ့မယား အပြန်အလှန်သိမ်းပိုက်တဲ့အလုပ်ကိုသာ
လုပ်နေမယ် ဆိုရင် အပြန်အလှန်ပူပန်ရရုံပဲရှိမယ်။
အဲဒီတော့ သုံးတဲ့အပိုင်းကိုပြောစရာမရှိပါဘူး။
ဘဝကိုပယ်တာမဟုတ်ပါဘူး။
ဘဝက သုံးစရာတော့ဟုတ်တယ်။
ဆုပ်ကိုင်စရာတော့ မဟုတ်ဘူး။
အဲဒါကြောင့် ဒါနကို ပီပြင်အောင်ပြုလုပ်ရမယ်။
သီလဆိုတာကျတော့ ကိုယ့်ခန္ဓာကြီးနဲ့ ပတ်သက်ပြီး ပြုလုပ်မှုမှန်သမျှကို၊
စကားလုံးတွေသုံးစွဲမှုမှန်သမျှကို စွန့်လွှတ်ဖို့ ပါပဲ။
ဒါနအစစ်ရဲ့ သဘောတရားကတော့
ကာယကံ၊ ဝစီကံကို စွန့်လွှတ်တာပါပဲ။
ကိုယ်နားလည်တဲ့ဒါန-သီလဆိုတာမျိုးကျတော့
ဟုတ်တာလေးပဲပြော၊ မဟုတ်တာမပြောနဲ့၊
မှန်တာပဲလုပ်၊ အမှားမလုပ်နဲ့၊
သတ်မှတ်ထားတဲ့ကောင်းတာလုပ်၊
သတ်မှတ်ထားတဲ့ မကောင်းတာမလုပ်နဲ့ ဆိုပြီး
ကိုယ်နားလည်တဲ့ သီလကိုပဲဆောက်တည်တဲ့အလုပ် မျိုးကျတော့ သေးသိမ်ပါတယ်။
တကယ့်သီလအစစ်ရဲ့ သဘောတရားကတော့ ကိုယ့်ခန္ဓာနဲ့ပတ်သက်တဲ့
ပြုလုပ်မှုမှန်သမျှကိုစွန့် လွှတ်တာ။
''စကားလုံးတွေသုံးပြီးတော့မှ ဟိုထိုးနှက်-ဒီထိုးနှက်၊
ဟိုစွပ်စွဲ-ဒီစွပ်စွဲ၊ဟိုမြှောက်ပင့်-ဒီမြှောက်ပင့်နဲ့ 
စကားလုံးတွေသုံးစွဲတဲ့ပြုမူမှုမှန်သမျှကိုစွန့်လွှတ်ခြင်းပါ။
ကာယကံ၊ ဝစီကံတွေကို စွန့်လွှတ်ခြင်းပါ။
အဲဒီလို စွန့်လွှတ်နိုင်ဖို့ကကုသိုလ်ကံအင်အား လိုတယ်။
အဲဒါကြောင့်လုပ်လို့ ရသမျှ အကုန်လျှောက်မလုပ်တော့ဘဲ
ကောင်းတဲ့အလုပ် အကျိုးရှိတဲ့အလုပ်ကိုပဲ လုပ်ရမယ်။
ပါးစပ်ရှိတိုင်းသာ ပြောခွင့်ဆိုခွင့်ရှိတယ်ဆိုပြီး ပြောလို့ ရသမျှ
အကုန်လျှောက်ပြီးတော့ ပြောမနေတော့ပဲအကျိုးရှိတာ
အဓိပ္ပါယ်ရှိတာကိုပဲ ပြောဆိုခြင်းအားဖြင့်
ကိုယ်ခန္ဓာကြီးကို အကျိုးရှိရှိ သုံးဖို့ လိုပါတယ်။
စကားတွေကိုလည်း အဓိပ္ပါယ်ရှိရှိ အကျိုးရှိရှိ သုံးခြင်းအားဖြင့်
ကုသိုလ်ကံ အင်အားတွေ ကြီးသထက် ကြီးမာလာမယ်။
အဲ့ဒီလိုကြီးလာမှ သူများလုပ်သလို လိုက်လုပ်မှု၊
သူများနေသလို လိုက်နေမှု ၊
သူများပြောသလို လိုက်ပြောမှုတွေ စွန့် လွှတ်နိုင်လာမယ်။
သူများလုပ်ချင်တာ လုပ်တာကို လက်မခံနိုင်တာ
ကိုယ့်မှာ အနစ်နာခံနိုင်တဲ့စွမ်းအားနည်းလို့ ပါပဲ။
ပြဿနာဆိုတာက အနစ်နာမခံနိုင်လို့ 
ပြဿနာဖြစ်ရပါတယ်။
အနစ်နာခံနိုင်တဲ့ စွမ်းအားကြီးရင်တော့
ပြဿနာဆိုတာ ပြဿနာမဟုတ်ပါဘူး။
နစ်နာတယ်- ဆုံးရှုံးရတယ်- စွန့် လွှတ်ရတယ်ဆိုတာကို
ဘယ်လိုမှ လက်မခံနိုင်ဘူးဆိုတာ အမှန်တကယ်က
လောဘ -ဒေါသ- မောဟ မကင်းတဲ့ အတွက်ကြောင့်ပါ။
သိမ်းပိုက်ချင်နေလို့ သာ ဆုံးရှုံးရတာ စွန့် လွှတ်ရတာကို
လက်မခံချင်ဖြစ်တောပါ။ကိုယ့်ရဲ့ လိုအင်ဆန္ဒကို စွန့် လွှတ်နိုင်ရင်
ဆုံးရှုံးရခြင်းဆိုတာ ပြဿနာမဟုတ်ပါဘူး။
ကိုယ်က အသာလိုချင်နေလို့ သာ (အသာစီးရချင်နေလို့ သာ)
နစ်နာတယ်ဆိုပြီး ပြဿနာတက်နေရတာ။
ကိုယ့်ရဲ့လိုအင် ဆန္ဒကို စွန့် လွှတ်နိုင်မယ်ဆိုရင်
နစ်နာတာက ပြဿနာမဟုတ်တော့ပါဘူး။
“ လောက ကြီးထဲမှာ သာတာလည်းရှိမယ်၊
နာတာလည်းရှိမယ်၊
အောင်မြင်တာလည်းရှိမယ်၊
စွန့် လွှတ်ရတာလည်းရှိမယ်။
တွေ့ ဆုံရတာဆိုရှိမယ်။
ခွဲခွာရတာလည်းရှိမယ်။ ”
ဒါတွေက သဘာဝကျပါတယ်။
ကိုယ်က တရားလက်လွတ်ဖြစ်နေလို့ သာ
ပြဿနာဖြစ်နေရပါတယ်။ အဲ့ဒါကြောင့် ဒါန၊သီလ၊ဘာဝနာအလုပ်ကို
မစွမ်းကုန်ကြိုးစားပြီးတော့မှ ပြုလုပ်ခြင်းအားဖြင့် အဆုံးရှုံးခံနိုင်- အနစ်နာခံနိုင်တဲ့
အင်မတန်အားကြီးတဲ့ စွမ်းအင်သတ္တိတွေ ပြည့်ဝလာစေဖို့ ကြိုးစားရပါမယ်။
တကယ်တော့ တရားကလွဲရင် အားကိုးစရာမရှိပါဘူး။
တရားဆိုတာကလည်း ဒါန၊သီလ၊ဘာဝနာ ဆိုတဲ့
“ စွန့် လွှတ်တဲ့ အဆုံးရှုံးခံတဲ့ အနစ်နာခံတဲ့ အလုပ်တွေပါပဲ ”
လောဘ ၊ဒေါသ ၊မောဟ ကင်းစေတဲ့ အလုပ်တွေပါပဲ။
ပြဿနာအစစ်က လောဘ ၊ဒေါသ ၊မောဟ မကင်းတာပါ။
လောက ကြီးက ပြဿနာမဟုတ်။
လောက ကြီးက ကောင်းတာလည်းမဟုတ်၊
မကောင်းတာလည်း မဟုတ်။
လောက ကြီးက သုံးစရာသက်သက်ပါပဲ။
ပြဿနာအစစ်က
ကောင်းတာကြိုက်-
မကောင်းတာ မကြိုက်တဲ့ သဘောထားပါပဲ။
“ကောင်းတာပဲလိုချင်တယ် -မကောင်းတာမလိုချင်ဘူး
အသာသာ စံချင်တယ်- အနစ်နာ မခံချင်တဲ့ သဘောထားကသာ
တကယ့် ပြဿနာအစစ်ပါ။”
(သဘာဝဆရာတော် ဦးဥတ္တမသာရ-သဘာဝတရားရိပ်သာ)
အဆုံးရှုံးခံနိုင်တဲ့ အင်အားလိုအပ်ပါတယ်။
စွန့်လွှတ်ရမှာတွေကို သုံးနေတာဖြစ်တဲ့ အတွက်လည်း
စွန့် လွှတ်နိုင်တဲ့ အင်အားရှိဖို့ လိုပါတယ်။
အင်အားမရှိရင် မခံနိုင်ဘူးပေါ့။
ရောဂါများတဲ့ ခေတ်ကာလမှာ ကိုယ်ခံအားကောင်းဖို့ လိုတယ်။
ကိုယ်ခံအားမကောင်းဘူးဆိုရင်
ကိုယ်ခံအားကောင်းနေရင်တော့
ရောဂါဘယ်လောက်ပဲ များများ ခံနိုင်ရည်ရှိတယ်။
ခံနိုင်ရည်ရှိရင်ပြဿနာ မဟုတ်ဘူး ။
စွန့် လွှတ် အဆုံးရှုံးခံနိုင်တဲ့အင်အာြး
ဆုံးရှုံးမှုက ပြဿနာမဟုတ်တော့ဘူး။
စွန့် လွှတ်ရတယ်ဆိုတာက အသက်ကို စွန့်ရ- စွန့် ရ။
ဥစ္စာပစ္စည်းကို စွန့် ရ-စွန့် ရ။
စွန့် လွှတ်နိုင်တဲ့ အင်အားရှိရင် စွန့် လွှတ်ခြင်းက ပြဿနာမဟုတ်ဘူး။
တရားအလုပ်ဆိုတာကတော့
ခံနိုင်ရည်ရှိဖို့  ကြိုးစားတာပါပဲ။
ဖယ်ရှားပစ်လို့ တော့မရဘူး။
သေမင်းကို လူ့လောကထဲကနေ
ဆွဲထုတ်လိုက်လို့တော့မရဘူး။
ရှင်သန်ခြင်း-သေခြင်း တရားတွေနဲ့ ၊
အမှားတွေ-အမှန်တွေနဲ့၊
အကောင်းတွေအဆိုးတွေနဲ့  ၊
ပုဂ္ဂိုလ်တွေ သတ္တဝါတွေနဲ့ လောကကြီးကို ဖွဲ့ စည်းထားတာဆိုတော့
လောကကြီးရဲ့ တစ်စိတ် တစ်ဒေသဖြစ်တဲ့
အိုခြင်း၊ နာခြင်း၊ သေခြင်းတရားတွေကို
လောကကြီးထဲက ဆွဲထုတ်ပစ်လို့မရပါဘူး။
ဒါတွေကိုက လောကကြီးပဲ ဆိုတော့
ဒါတွေကို မတွေ့ ကြုံချင်လို့မရဘူး။
အပြတ်ရှင်း-ဖယ်ရှားပစ်လို့ မရဘူး။
အပြတ်ရှင်းလို့ မရတော့ ခံနိုင်ရည်ရှိဖို့ ပဲ ကြိုးစားရမယ်။
မခံနံနိုင်ရင် ပြဿနာပါပဲ။ဲ။
ခံနိုင်ရင် ပြဿနာမဟုတ်ပါဘူးး။
အပြောခံနိုင်ရင် အပြောခံရတာ ပြဿနာမဟုတ်ဘူး။
မခံနိုင်ရင်တော့ အပြောအဆိုခံရတာက
အကြီးအကျယ် ပြဿနာပေါ့။
စွန့်လွှတ်နိုင်ရင် စွန့်လွှတ်ရတာ ပြဿနာမဟုတ်ဘူး။
ခွဲခွာရတာ ပြဿနာမဟုတ်ဘူး။
မစွန့် လွှတ်နိုင်ရင်တော့ ခဏလေးခွဲရင်တောင်
အင်မတန်ကြီးကျယ်တဲ့ ပြဿနာဖြစ်တယ်။
အဲ့တာ ကြောင့်လည်း ဒါနဆိုတာက သက်ရှိသက်မဲ့ မှန်သမျှ၊
သက်မဲ့ အရာဝတ္ထုမှန်သမျှကို စွန့်လွှတ်စရာအဖြစ်နဲ့သုံးခြ
ဒါဟာ လောကရဲ့ ထုံးတမ်းစဉ်လာကို ချိုးတာပါပဲ။
ဒါမှ ကိုယ်လို-သူလို မဟုတ်တဲ့ စွမ်းအင်သတ္တိတွေရှိလာမယ်။
သူများလုပ်သလို လိုက်လုပ်နေရင် (အပြန်အလှန်သိမ်းပိုက်နေမယ်
မိဘနဲ့ သားသမီး၊ ဆရာနဲ့ တပည့်၊
လင်နဲ့မယား အပြန်အလှန်သိမ်းပိုက်တဲ့အလု
လုပ်နေမယ် ဆိုရင် အပြန်အလှန်ပူပန်ရရုံပဲရှိမယ
အဲဒီတော့ သုံးတဲ့အပိုင်းကိုပြောစရာမရ
ဘဝကိုပယ်တာမဟုတ်ပါဘူး။
ဘဝက သုံးစရာတော့ဟုတ်တယ်။
ဆုပ်ကိုင်စရာတော့ မဟုတ်ဘူး။
အဲဒါကြောင့် ဒါနကို ပီပြင်အောင်ပြုလုပ်ရမယ်။
သီလဆိုတာကျတော့ ကိုယ့်ခန္ဓာကြီးနဲ့ ပတ်သက်ပြီး ပြုလုပ်မှုမှန်သမျှကို၊
စကားလုံးတွေသုံးစွဲမှုမှန်သမ
ဒါနအစစ်ရဲ့ သဘောတရားကတော့
ကာယကံ၊ ဝစီကံကို စွန့်လွှတ်တာပါပဲ။
ကိုယ်နားလည်တဲ့ဒါန-သီလဆိုတာ
ဟုတ်တာလေးပဲပြော၊ မဟုတ်တာမပြောနဲ့၊
မှန်တာပဲလုပ်၊ အမှားမလုပ်နဲ့၊
သတ်မှတ်ထားတဲ့ကောင်းတာလုပ်၊
သတ်မှတ်ထားတဲ့ မကောင်းတာမလုပ်နဲ့ ဆိုပြီး
ကိုယ်နားလည်တဲ့ သီလကိုပဲဆောက်တည်တဲ့အလုပ် မျိုးကျတော့ သေးသိမ်ပါတယ်။
တကယ့်သီလအစစ်ရဲ့ သဘောတရားကတော့ ကိုယ့်ခန္ဓာနဲ့ပတ်သက်တဲ့
ပြုလုပ်မှုမှန်သမျှကိုစွန့် လွှတ်တာ။
''စကားလုံးတွေသုံးပြီးတော့မ
ဟိုစွပ်စွဲ-ဒီစွပ်စွဲ၊ဟိြုေ
စကားလုံးတွေသုံးစွဲတဲ့ပြုမူ
ကာယကံ၊ ဝစီကံတွေကို စွန့်လွှတ်ခြင်းပါ။
အဲဒီလို စွန့်လွှတ်နိုင်ဖို့ကကုသိုလ်
အဲဒါကြောင့်လုပ်လို့ ရသမျှ အကုန်လျှောက်မလုပ်တော့ဘဲ
ကောင်းတဲ့အလုပ် အကျိုးရှိတဲ့အလုပ်ကိုပဲ လုပ်ရမယ်။
ပါးစပ်ရှိတိုင်းသာ ပြောခွင့်ဆိုခွင့်ရှိတယ်ဆို
အကုန်လျှောက်ပြီးတော့ ပြောမနေတော့ပဲအကျိုးရှိတာ
အဓိပ္ပါယ်ရှိတာကိုပဲ ပြောဆိုခြင်းအားဖြင့်
ကိုယ်ခန္ဓာကြီးကို အကျိုးရှိရှိ သုံးဖို့ လိုပါတယ်။
စကားတွေကိုလည်း အဓိပ္ပါယ်ရှိရှိ အကျိုးရှိရှိ သုံးခြင်းအားဖြင့်
ကုသိုလ်ကံ အင်အားတွေ ကြီးသထက် ကြီးမာလာမယ်။
အဲ့ဒီလိုကြီးလာမှ သူများလုပ်သလို လိုက်လုပ်မှု၊
သူများနေသလို လိုက်နေမှု ၊
သူများပြောသလို လိုက်ပြောမှုတွေ စွန့် လွှတ်နိုင်လာမယ်။
သူများလုပ်ချင်တာ လုပ်တာကို လက်မခံနိုင်တာ
ကိုယ့်မှာ အနစ်နာခံနိုင်တဲ့စွမ်းအားနည
ပြဿနာဆိုတာက အနစ်နာမခံနိုင်လို့ 
ပြဿနာဖြစ်ရပါတယ်။
အနစ်နာခံနိုင်တဲ့ စွမ်းအားကြီးရင်တော့
ပြဿနာဆိုတာ ပြဿနာမဟုတ်ပါဘူး။
နစ်နာတယ်- ဆုံးရှုံးရတယ်- စွန့် လွှတ်ရတယ်ဆိုတာကို
ဘယ်လိုမှ လက်မခံနိုင်ဘူးဆိုတာ အမှန်တကယ်က
လောဘ -ဒေါသ- မောဟ မကင်းတဲ့ အတွက်ကြောင့်ပါ။
သိမ်းပိုက်ချင်နေလို့ သာ ဆုံးရှုံးရတာ စွန့် လွှတ်ရတာကို
လက်မခံချင်ဖြစ်တောပါ။ကိုယ့်
ဆုံးရှုံးရခြင်းဆိုတာ ပြဿနာမဟုတ်ပါဘူး။
ကိုယ်က အသာလိုချင်နေလို့ သာ (အသာစီးရချင်နေလို့ သာ)
နစ်နာတယ်ဆိုပြီး ပြဿနာတက်နေရတာ။
ကိုယ့်ရဲ့လိုအင် ဆန္ဒကို စွန့် လွှတ်နိုင်မယ်ဆိုရင်
နစ်နာတာက ပြဿနာမဟုတ်တော့ပါဘူး။
“ လောက ကြီးထဲမှာ သာတာလည်းရှိမယ်၊
နာတာလည်းရှိမယ်၊
အောင်မြင်တာလည်းရှိမယ်၊
စွန့် လွှတ်ရတာလည်းရှိမယ်။
တွေ့ ဆုံရတာဆိုရှိမယ်။
ခွဲခွာရတာလည်းရှိမယ်။ ”
ဒါတွေက သဘာဝကျပါတယ်။
ကိုယ်က တရားလက်လွတ်ဖြစ်နေလို့ သာ
ပြဿနာဖြစ်နေရပါတယ်။ အဲ့ဒါကြောင့် ဒါန၊သီလ၊ဘာဝနာအလုပ်ကို
မစွမ်းကုန်ကြိုးစားပြီးတော့
အင်မတန်အားကြီးတဲ့ စွမ်းအင်သတ္တိတွေ ပြည့်ဝလာစေဖို့ ကြိုးစားရပါမယ်။
တကယ်တော့ တရားကလွဲရင် အားကိုးစရာမရှိပါဘူး။
တရားဆိုတာကလည်း ဒါန၊သီလ၊ဘာဝနာ ဆိုတဲ့
“ စွန့် လွှတ်တဲ့ အဆုံးရှုံးခံတဲ့ အနစ်နာခံတဲ့ အလုပ်တွေပါပဲ ”
လောဘ ၊ဒေါသ ၊မောဟ ကင်းစေတဲ့ အလုပ်တွေပါပဲ။
ပြဿနာအစစ်က လောဘ ၊ဒေါသ ၊မောဟ မကင်းတာပါ။
လောက ကြီးက ပြဿနာမဟုတ်။
လောက ကြီးက ကောင်းတာလည်းမဟုတ်၊
မကောင်းတာလည်း မဟုတ်။
လောက ကြီးက သုံးစရာသက်သက်ပါပဲ။
ပြဿနာအစစ်က
ကောင်းတာကြိုက်-
မကောင်းတာ မကြိုက်တဲ့ သဘောထားပါပဲ။
“ကောင်းတာပဲလိုချင်တယ် -မကောင်းတာမလိုချင်ဘူး
အသာသာ စံချင်တယ်- အနစ်နာ မခံချင်တဲ့ သဘောထားကသာ
တကယ့် ပြဿနာအစစ်ပါ။”
(သဘာဝဆရာတော် ဦးဥတ္တမသာရ-သဘာဝတရားရိပ်သာ)
No comments:
Post a Comment