
(၇) မေတ္တာတရားကိုပွားများ၍မီး
မလောင်ရာ၌ ဝတ္ထု ပုံစံသက်သေ
သော်ကား -
သူဌေးသမီး ဥတ္တရာဝတ္ထု
ရာဇဂြိုဟ်ပြည်၌ ပုဏ္ဏသူဌေး၏
သမီး ဥတ္တရာသည် သုဝဏ္ဏသူဌေး
သား၏ အိမ်၌ အလုပ်အကျွေးပြု
၍နေရာ တစ်နေ့တစ်ရက်မျှ ဥပုသ်
သီလကိုဆောက်တည်ခြင်းငှာ အ
ခွင့်မရသည်ဖြစ်၏။ ထိုအခါသိရိမာ
မည်သော ပြည့်တန်ဆာမကို ခေါ်
စေ၍ မိမိလင်၌ ပြုရာဝတ်တို့ကို ပြု
စေခြင်းငှာ တစ်သောင်းငါးထောင်
သောအသပြာပေး၍လခွဲပတ်လုံး ဥပုသ်သီတင်း ဆောက်တည်နေ၏။
လခွဲလွန်၍ ဥပုသ်ထွက်သောနေ့၌
သူဌေးသားသည် မြတ်သောပြသာ
ဒ်ထက်က နေလျှက် ကြည့်ရှုသော်
ထမင်းအိုး ဟင်းအိုးကြား မီးသွေး
ရောယှက်နေသော ကျေးကျွန်တို့
ကို စေခိုင်းလျှက် ကျွန်မတို့၏ အ
လယ်၌ ဆင်းရဲငြိုငြင် မြင်မကောင်း
မလှမပ ဒုက္ခရောက်နေသော အိမ်
ပြည့်ဝက ကုဋေရှစ်ဆယ် ဖြင့် နှစ်
သက်မွေ့လျော်ပျော်ပါး၍နေသော
သူဌေးသားကဘုရားရှင်သာသနာ
နှင့် ကြုံရပါလျှက် မိမိအားသာလျှင်
သနားစရာရှိသည်ကို မိမိကိုယ်ကို
မြင့်မြတ်ရာ၌ထား၍ သူဌေးသမီး
ဥတ္တရာကို နှိမ့်ချ သနားဟန်ဖြင့်ပြုံး
ယောင်ပြုဘိ၏။
ထိုအခါ ဥတ္တရာက ဤသူဌေး
သားကား ဘုရားသခင် သာသနာ
တော်နှင့် ကြုံရပါလျက် မေ့လျော့
သည်ကား အလွန်သနားဖွယ် ရှိ၏။
ဤလောက၌မလိမ္မာသောသူသည်
မိမိ၏ စည်းစိမ်ကို အမြဲတည်အံ့ဟု
ထင်တတ်၏။ လူ့ဘုံဘဝ ကို ရပါ
လျက် အကျိုးမနပ်ဘဲရှိရလေသည်
ဟု ဥတ္တရာက တစ်ဖန် ပြုံးရယ်ပြန်၏။
ထိုအခါသိရိမာက ဘဝမေ့ကာ
ငါထင်ရှားရှိလျှက် သူဌေးသား
နှင့်တကွ ပြုံးရယ်ခြင်းအမှုကို ပြုဘိ
၏ဟု အမျက်ထွက်ကာ ပြာသာဒ်
အထက်မှ ဆင်းသက်လာ၏။ ဥတ္တ
ရာလည်းသိရီမာလာဟန်မြင်လျှင်
ဤသူယုတ်မာသည် လခွဲမျှဤအိမ်
၌နေလေလျှင် ငါ့အိမ် ငါ့ယာဟု တ
ဏှာ မာန ဒိဋ္ဌိ ဖြင့် စွဲလမ်းဘိ၏ ဟု
မေတ္တာဈာန်ကိုဝင်စား၍နေလေ၏။
သိရိမာလည်း ကျွန်မတို့ကြားရှိ
ရေမှုတ်ကို ယူပြီးမုန့်ကြော်ရာအိုး
ကင်း၌ ကျိုက်ကျိုက်ဆူသော ဆီပူ
ကို ခပ်၍ ဥတ္တရာ၏ ဦးခေါင်းပေါ်မှ
သွန်းလောင်း၏။ ဥတ္တရာလည်း မေ
တ္တာ၏ အာနုဘော်ကြောင့် ဆီပူ
သည်ပဒုမ္မာကြာရွက်၌ကျသောရေ
ကဲ့သို့ လိမ့်၍ ကျလေ၏။
ထိုခဏ၌အနီးမှကျွန်မတို့သည် သိရိမာကိုဆဲ
ရေးရေရွတ်ကြကုန်၏။ ထိုခဏ၌
သိရိမာ သတိရ၍ အဆောတလျှင်
ဥတ္တရာ၏ ခြေရင်းဝယ်ဝပ်စင်း
လျှက် တောင်းပန်လေသော် "ငါ
ကားဤအရပ်၌ သည်းမခံလို။
ငါကား အဘထင်ရှားရှိသော သမီး
တည်း။ မြတ်စွာဘုရား သည်းခံ
တော်မူလျှင်ငါသည်းခံမည်ဟုဆို၏
ထိုအခါ မြတ်စွာဘုရားသခင်
အား သိရိမာ မှ "ဘုန်းတော်ကြီး
မြတ်သောမြတ်စွာဘုရားအကျွန်ုပ်
သည် အရှင်မဥတ္တရာအား ပြစ်မှား
မိပေ၏။
မြတ်စွာဘုရားသခင်
သည်းခံတော်မူမှ သည်းခံမည်ဟု
ဆိုပါသည်။ အရှင်ဘုရား သည်းခံ
တော်မူပါ"ဟုလျှောက်၏။ဘုရားရှင်
မှ "သိရိမာ သည်းခံ၏"ဟုမိန့်တော်
မူ၏။ ထိုအခါ သိရိမာလည်းဥတ္တရာ
၏အထံလာလတ်၍ သည်းခံစေ၏။
ဤသို့လျှင် မေတ္တာ၏ အစွမ်းအာနု
ဘော်ကြောင့် မီးမလောင်နိုင်ဟန်
ကို သိအပ်၏။
~~~~~~~~~~~~~~~~~~
••မောင်းထောင်ဆရာတော်ဘုရား
ကြီးရေးသား စီရင်တော်မူသော
ဒေါသကထာမှ ~~
No comments:
Post a Comment